Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

မေလးရွားေရာက္ ျမန္မာအမ်ိဳးသမီးကို အခန္းေဖာ္က သတ္ျဖတ္

သတင္း  ေဒသႏၱရ
သည္စတား

မေလးရွားႏိုင္ငံတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦးကို အလုပ္အတူတူလုပ္သည့္ အခန္းေဖာ္အမ်ိဳးသားတစ္ဦးက လည္ပင္းလွီးျဖတ္ကာ ဓားျဖင့္ အခ်က္မ်ားစြာထိုး၍ ေသဆုံးေၾကာင္း သည္စတား သတင္းတြင္ ေဖာ္ျပထားသည္။

ေဖေဖာ္၀ါရီ ၁၆ ရက္ နံနက္ ၁၁ နာရီေက်ာ္ခန္႔တြင္ ျမန္မာအမ်ိဳးသမီး အသက္ ၃၁ ႏွစ္ရွိ ခ်န္းဟိုင္ယန္းကို အိပ္ခန္းအတြင္း ေသဆုံးေနသည္ကို ေတြ႔ရွိျခင္းျဖစ္သည္။ ယင္းအခန္းေဖာ္အမ်ိဳးသားက ၎၏ပိုက္ဆံအား ခ်န္းက ခိုးယူသည္ဟု စြပ္စြဲထားေၾကာင္းလည္း သိရသည္။

အနီးနာရွိ စားေသာက္ဆိုင္တြင္ လုပ္ကုိင္ၾကသည့္ ခ်န္းႏွင့္ ၎၏ ခင္ပြန္းတို႔ႏွင့္အတူ သတ္ျဖတ္သူအခန္းေဖာ္တို႔က အလုပ္သမားတန္းလ်ားတြင္ အတူေနထိုင္သူမ်ားျဖစ္သည္။ အသတ္ခံရသည့္ ေန႔က အလုပ္မသြားမီ မနက္စာခ်က္ျပဳတ္ေနခ်ိန္၌ အသတ္ခံရျခင္းျဖစ္သည္။

ခ်န္းႏွင့္ အသက္ ၃၁ ႏွစ္အရြယ္ရွိ သတ္ျဖတ္သူတို႔ႏွစ္ဦးသည္ ဇန္န၀ါရီလအတြင္းက ရင္းဂစ္ ၅၀၀၀ ကို ခိုးယူမႈျဖင့္ ခ်န္းအား စြပ္စြဲရာမွ အခ်င္းမ်ားထားၾကေၾကာင္း ရဲတာ၀န္ရွိသူက ေျပာသည္။

“အသတ္ခံရသူက မခိုးေၾကာင္း ျငင္းပါတယ္။ အလုပ္ရွင္က သူတုိ႔ႏွစ္ဦးကို ေျပလည္ေအာင္ ေစ့စပ္ေပးတယ္။ ဒါေပမယ့္ ေနာက္ထပ္အျငင္းပြားမႈထပ္ျဖစ္ျပီး ခုလို လူသတ္မႈ ျဖစ္လာရတယ္လို႔ ကၽြန္ေတာ္တို႔ထင္ပါတယ္။”ဟု ရဲတာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အခင္းျဖစ္ပြားရာတြင္ ေသြးေပေနေသာ မီးဖိုေခ်ာင္သုံးဓားတစ္ေခ်ာင္းကိုလည္း အတူေတြ႕ရွိရသည္။ ခ်န္၏ လက္တြင္ ဓားရာမ်ား ေတြ႔ရွိသျဖင့္ အသတ္ခံရစဥ္က ျပန္လည္ခုခံခဲ့ပုံျဖစ္သည္။ သံသယရွိသတ္ျဖတ္သူမွာ လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သတင္းတြင္ ေဖာ္ျပသည္။

- See more at: http://mizzimaburmese.com/article/11262#sthash.LiSOb25L.VzSSUS79.dpuf
...............
မလေးရှားရောက် မြန်မာအမျိုးသမီးကို အခန်းဖော်က သတ်ဖြတ်
သတင်း  ဒေသန္တရ
သည်စတား


မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦးကို အလုပ်အတူတူလုပ်သည့် အခန်းဖော်အမျိုးသားတစ်ဦးက လည်ပင်းလှီးဖြတ်ကာ ဓားဖြင့် အချက်များစွာထိုး၍ သေဆုံးကြောင်း သည်စတား သတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၁ နာရီကျော်ခန့်တွင် မြန်မာအမျိုးသမီး အသက် ၃၁ နှစ်ရှိ ချန်းဟိုင်ယန်းကို အိပ်ခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။ ယင်းအခန်းဖော်အမျိုးသားက ၎င်း၏ပိုက်ဆံအား ချန်းက ခိုးယူသည်ဟု စွပ်စွဲထားကြောင်းလည်း သိရသည်။

အနီးနာရှိ စားသောက်ဆိုင်တွင် လုပ်ကိုင်ကြသည့် ချန်းနှင့် ၎င်း၏ ခင်ပွန်းတို့နှင့်အတူ သတ်ဖြတ်သူအခန်းဖော်တို့က အလုပ်သမားတန်းလျားတွင် အတူနေထိုင်သူများဖြစ်သည်။ အသတ်ခံရသည့် နေ့က အလုပ်မသွားမီ မနက်စာချက်ပြုတ်နေချိန်၌ အသတ်ခံရခြင်းဖြစ်သည်။

ချန်းနှင့် အသက် ၃၁ နှစ်အရွယ်ရှိ သတ်ဖြတ်သူတို့နှစ်ဦးသည် ဇန်နဝါရီလအတွင်းက ရင်းဂစ် ၅၀၀၀ ကို ခိုးယူမှုဖြင့် ချန်းအား စွပ်စွဲရာမှ အချင်းများထားကြကြောင်း ရဲတာဝန်ရှိသူက ပြောသည်။

“အသတ်ခံရသူက မခိုးကြောင်း ငြင်းပါတယ်။ အလုပ်ရှင်က သူတို့နှစ်ဦးကို ပြေလည်အောင် စေ့စပ်ပေးတယ်။ ဒါပေမယ့် နောက်ထပ်အငြင်းပွားမှုထပ်ဖြစ်ပြီး ခုလို လူသတ်မှု ဖြစ်လာရတယ်လို့ ကျွန်တော်တို့ထင်ပါတယ်။”ဟု ရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာတွင် သွေးပေနေသော မီးဖိုချောင်သုံးဓားတစ်ချောင်းကိုလည်း အတူတွေ့ရှိရသည်။ ချန်၏ လက်တွင် ဓားရာများ တွေ့ရှိသဖြင့် အသတ်ခံရစဉ်က ပြန်လည်ခုခံခဲ့ပုံဖြစ်သည်။ သံသယရှိသတ်ဖြတ်သူမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

- See more at: http://mizzimaburmese.com/article/11262#sthash.LiSOb25L.VzSSUS79.dpuf

No comments:

Post a Comment