မႏၱေလးတိုင္းေဒသႀကီးအတြင္း၌ အပူလြန္ကဲလာပါက သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမ်ားက ေဒသႏၱရ အမိန္႔ျဖင့္ အရက္ဆိုင္မ်ား ပိတ္ခိုင္းသြားမည္ျဖစ္ေၾကာင္း အဆိုပါ ဦးစီးဌာနထံက သိရသည္။
ယခုႏွစ္သည္ အယ္လ္နီညိဳရာသီျဖစ္ သည့္အတြက္ အပူခ်ိန္လြန္ကဲမႈမ်ားျဖစ္ေပၚ မည္ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗ ညႊန္ၾကားမႈ ဦးစီးဌာနကလည္း သတိေပး ခ်က္ထုတ္ျပန္ထားၿပီးျဖစ္သည္။
''အရင္ႏွစ္ေတြတုန္းကလည္း ဒီလို ပိတ္တာေတြ လုပ္ခဲ့တယ္။ ဒီႏွစ္က အယ္လ္ နီညိဳႏွစ္ဆိုေတာ့ ပိုပူမယ္ဆိုတာ သိေနရ တယ္။ အပူခ်ိန္ေပၚၾကည့္ၿပီး လုပ္ရမွာ''ဟု မႏၱေလးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။
ယင္းသို႔ ေဒသၲရအမိန္႔မ်ားထုတ္ရာ တြင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ ဆံုး ျဖတ္ခ်က္ျဖင့္ လုပ္ေဆာင္သြားရမည္ ျဖစ္ ၿပီး အပူခ်ိန္အေနအထားႏွင့္ ျပည္သူ လူထု၏ က်န္းမာေရး အေျခအေနမ်ားကို က်န္းမာေရး ဦးစီးဌာနမ်ားက အခ်ိန္ႏွင့္ တေျပးညီ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံ အစီရင္ခံရမည္ ျဖစ္သည္။
''တကယ္လို႔ ေနေတြပူၿပီး လူေတြ လည္း အပူလွ်ပ္ေသတာေတြမ်ားရင္ ေသ တဲ့လူစာရင္းေတြကို တိုင္းေဒသႀကီး အစိုးရ အဖြဲ႔ကို တင္ျပထားေတာ့ ဒီအခ်က္ေတြကို ၾကည့္ၿပီး အရက္ဆိုင္ေတြ ပိတ္မယ္၊ မပိတ္ ဘူးဆိုတာ ေျပာရမွာ။ ဒီကိစၥက ဌာနဆိုင္ရာ အသီးသီး ပူးေပါင္းလုပ္ေဆာင္ရမွာ။ အရမ္းပူလာရင္ အရက္သမားေတြ အရက္ ေသာက္မ်ားရာကေနတစ္ဆင့္ ဦးေႏွာက္ ေသြးေၾကာျပတ္တာေတြ ႀကံဳရႏိုင္တယ္''ဟု မႏၱေလးခ႐ိုင္ က်န္းမာေရးဦးစီးဌာန ခ႐ိုင္က်န္းမာေရးမွဴး ေဒါက္တာေက်ာ္ စိုးက ေျပာသည္။
ထို႔အျပင္ က်န္းမာေရးဦးစီးဌာန အေနျဖင့္ အပူေရွာင္စခန္းမ်ားဖြင့္လွစ္၍ ယင္း အပူေရွာင္စခန္းမ်ားတြင္ ေရခဲမ်ား၊ ပန္ကာမ်ား ထားရွိေပးသြားမည္ျဖစ္ၿပီး သက္ႀကီး ရြယ္အိုမ်ား၊ ကေလးသူငယ္မ်ား ႏွင့္ ဆီးခ်ဳိ ေသြးတိုး၊ ႏွလံုးေရာဂါစသည့္ နာတာရွည္ ေရာဂါရွိသူမ်ားအား အဓိက ထား ကူညီရန္ စီစဥ္ေနသည္။
မႏၱေလးအလင္း ေန႔စဥ္သတင္းစာ
.............
အပူလွန်ကဲလာပါက မန်းအရက်ဆိုင်များပိတ်ရန် အမိန့်ထုတ်မည်"
မန္တလေးတိုင်းဒေသကြီးအတွင်း၌ အပူလွန်ကဲလာပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများက ဒေသန္တရ အမိန့်ဖြင့် အရက်ဆိုင်များ ပိတ်ခိုင်းသွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံက သိရသည်။
ယခုနှစ်သည် အယ်လ်နီညိုရာသီဖြစ် သည့်အတွက် အပူချိန်လွန်ကဲမှုများဖြစ်ပေါ် မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေ ညွှန်ကြားမှု ဦးစီးဌာနကလည်း သတိပေး ချက်ထုတ်ပြန်ထားပြီးဖြစ်သည်။
''အရင်နှစ်တွေတုန်းကလည်း ဒီလို ပိတ်တာတွေ လုပ်ခဲ့တယ်။ ဒီနှစ်က အယ်လ် နီညိုနှစ်ဆိုတော့ ပိုပူမယ်ဆိုတာ သိနေရ တယ်။ အပူချိန်ပေါ်ကြည့်ပြီး လုပ်ရမှာ''ဟု မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ယင်းသို့ ဒေသ္တရအမိန့်များထုတ်ရာ တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံး ဖြတ်ချက်ဖြင့် လုပ်ဆောင်သွားရမည် ဖြစ် ပြီး အပူချိန်အနေအထားနှင့် ပြည်သူ လူထု၏ ကျန်းမာရေး အခြေအနေများကို ကျန်းမာရေး ဦးစီးဌာနများက အချိန်နှင့် တပြေးညီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အစီရင်ခံရမည် ဖြစ်သည်။
''တကယ်လို့ နေတွေပူပြီး လူတွေ လည်း အပူလျှပ်သေတာတွေများရင် သေ တဲ့လူစာရင်းတွေကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြထားတော့ ဒီအချက်တွေကို ကြည့်ပြီး အရက်ဆိုင်တွေ ပိတ်မယ်၊ မပိတ် ဘူးဆိုတာ ပြောရမှာ။ ဒီကိစ္စက ဌာနဆိုင်ရာ အသီးသီး ပူးပေါင်းလုပ်ဆောင်ရမှာ။ အရမ်းပူလာရင် အရက်သမားတွေ အရက် သောက်များရာကနေတစ်ဆင့် ဦးနှောက် သွေးကြောပြတ်တာတွေ ကြုံရနိုင်တယ်''ဟု မန္တလေးခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး ဒေါက်တာကျော် စိုးက ပြောသည်။
ထို့အပြင် ကျန်းမာရေးဦးစီးဌာန အနေဖြင့် အပူရှောင်စခန်းများဖွင့်လှစ်၍ ယင်း အပူရှောင်စခန်းများတွင် ရေခဲများ၊ ပန်ကာများ ထားရှိပေးသွားမည်ဖြစ်ပြီး သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များ နှင့် ဆီးချို သွေးတိုး၊ နှလုံးရောဂါစသည့် နာတာရှည် ရောဂါရှိသူများအား အဓိက ထား ကူညီရန် စီစဉ်နေသည်။
မန္တလေးအလင်း နေ့စဉ်သတင်းစာ
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, February 15, 2016
အပူလြန္ကဲလာပါက မန္းအရက္ဆိုင္မ်ားပိတ္ရန္ အမိန္႔ထုတ္မည္
အပူလြန္ကဲလာပါက မန္းအရက္ဆိုင္မ်ားပိတ္ရန္ အမိန္႔ထုတ္မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 15, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 15, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment