Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 22, 2016

အိုင္ဖုန္းတြင္း အခ်က္အလက္ Apple ကုမၼဏီ ထုတ္ယူခြင့္မျပဳ


ၿပီးခဲ့တဲ့ႏွစ္က ကယ္လီဖိုးနီးယားျပည္နယ္ San Bernardino မွာ လူ ၁၄ ေယာက္ေသဆုံးတဲ့ ပစ္ခတ္မႈကို က်ဳးလြန္သူ ကိုင္ခဲ့တဲ့ လ်ဳိ႕၀ွက္သကၤတနဲ႔ ပိတ္ထားတဲ့ iPhone ထဲက မွတ္တမ္းေတြ ဖြင့္ၾကည့္ႏုိင္ေအာင္ လုပ္ေပးဖို႔ အေမရိကန္ အစိုးရက ေတာင္းဆိုထားတာဟာ စိုးရိမ္ ေျခာက္ျခား စရာေကာင္းတဲ့ အေၾကာင္း Apple ကုမၼဏီရဲ႕ အလုပ္အမႈေဆာင္အႀကီးအကဲ Tim Cook က Apple ထုတ္ကုန္ ၀ယ္ယူသူေတြကို မေန႔က ေျပာၾကားလိုက္ပါတယ္။

ထိတ္တန္း နည္းပညာကုမၼဏီႀကီးျဖစ္တဲ့ Apple အေနနဲ႔ အၾကမ္းဖက္သမားေတြ အေပၚ စာနာစိတ္ မရွိတဲ့ အေၾကာင္း၊ သန္းနဲ႔ခ်ီတဲ့ ၀ယ္ယူသူေတြကို ေပးတဲ့ အိပ္ဖြင့္ေပးစာမွာ Tim Cook က ေရးသားထားပါတယ္။ ဒါေပမယ့္လည္း အေမရိကန္ ဥပေဒ စိုးမိုးေရးအရာရွိေတြ ေတာင္းဆုိသလို ပစ္ခတ္မႈက်ဳးလြန္ခဲ့သူ Syed Rizwan Farrok ရဲ႕iPhone ထဲက အခ်က္အလက္ေတြ ယူႏုိင္ေအာင္ လုပ္ေပးလိုက္မယ္ဆုိရင္၊ ေနာင္ iPhone ကိုင္သူေတြရဲ႕ ကိုယ္ေရး အခ်က္အလက္ေတြကို လိုခ်င္တဲ့ တျခားႏုိင္ငံေတြကိုလည္း ယူႏုိင္ေအင္ လမ္းဖြင့္ေပးသလို ျဖစ္သြားလိမ့္မယ္လို႔ မစၥတာ Cook က ေျပာပါတယ္။

ဒီလိုသူတပါးရဲ႕ အခ်က္အလက္ေတြကို ေဖါက္ၾကည့္ႏုိင္ၿပီဆုိရင္ အုိင္ဖုန္း ၀ယ္ယူသုံးစြဲသူေတြရဲ႕ ေငြေၾကးဆိုင္ရာနဲ႔ က်န္းမာေရးဆုိင္ရာ အခ်က္အလက္ေတြနဲ႔ သူတို႔ ဘယ္ေနရာ ေရာက္ေနတယ္ဆုိတာ၊ ေနာက္ ရိုက္ထားတဲ့ ဓာတ္ပုံေတြ၊ ရွာေဖြခ်င္တဲ့ လူေတြလက္ထဲ ပါသြားႏုိင္တာမ်ဳိး စုိးရိမ္ရတဲ့အေၾကာင္း မစၥတာ Cook က ေျပာပါတယ္။

က်ဳိးေၾကာင္း ဆင္ဆင္ျခင္ျခင္ေတြးတဲ့သူတုိင္း ဒါကို လက္ခံမွာ မဟုတ္ပါဘူးလို႔လည္း Tin Cook က ေျပာဆုိထားပါတယ္။

ပစ္ခတ္မႈက်ဳးလြန္ခဲ့သူ Farook ကို သူ႔ အလုပ္ရွင္က ေပးထားတဲ့ဖုန္း ဗဟိုအစိုးရ တရားရုံးမွာ မေန႔က အပ္ႏွံခဲ့ၿပီး ဒီဖုန္းထဲက အခ်က္အလက္ေတြ ၾကည့္ႏုိင္ေအာင္ လုပ္ေပးဖို႔ အေမရိကန္ တရားေရးဌာနရဲ႕ ေတာင္းဆုိခ်က္ကို Apple ကုမၼဏီက လက္မခံဘဲ ျပန္ၿပီး ခုခံေျပာဆုိေနပါတယ္။ Apple ကုမၼဏီအေနနဲ႔ Farrok သုံးခဲ့တဲ့ Passsword ကို ခန္႔မွန္းႏုိင္မယ့္ Software ဗဟိုအစိုးရ စုံစမ္းစစ္ေဆးေရး ဗ်ဳရိုကို ေပးရမယ္ဆုိၿပီး ခရိုင္တရားရုံး တရားသူႀကီးက ၿပီးခဲ့တဲ့ အပတ္က ေတာင္းဆုိထားတာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........


ပြီးခဲ့တဲ့နှစ်က ကယ်လီဖိုးနီးယားပြည်နယ် San Bernardino မှာ လူ ၁၄ ယောက်သေဆုံးတဲ့ ပစ်ခတ်မှုကို ကျုးလွန်သူ ကိုင်ခဲ့တဲ့ လျို့ဝှက်သင်္ကတနဲ့ ပိတ်ထားတဲ့ iPhone ထဲက မှတ်တမ်းတွေ ဖွင့်ကြည့်နိုင်အောင် လုပ်ပေးဖို့ အမေရိကန် အစိုးရက တောင်းဆိုထားတာဟာ စိုးရိမ် ခြောက်ခြား စရာကောင်းတဲ့ အကြောင်း Apple ကုမ္မဏီရဲ့ အလုပ်အမှုဆောင်အကြီးအကဲ Tim Cook က Apple ထုတ်ကုန် ၀ယ်ယူသူတွေကို မနေ့က ပြောကြားလိုက်ပါတယ်။

ထိတ်တန်း နည်းပညာကုမ္မဏီကြီးဖြစ်တဲ့ Apple အနေနဲ့ အကြမ်းဖက်သမားတွေ အပေါ် စာနာစိတ် မရှိတဲ့ အကြောင်း၊ သန်းနဲ့ချီတဲ့ ၀ယ်ယူသူတွေကို ပေးတဲ့ အိပ်ဖွင့်ပေးစာမှာ Tim Cook က ရေးသားထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ဥပဒေ စိုးမိုးရေးအရာရှိတွေ တောင်းဆိုသလို ပစ်ခတ်မှုကျုးလွန်ခဲ့သူ Syed Rizwan Farrok ရဲ့iPhone ထဲက အချက်အလက်တွေ ယူနိုင်အောင် လုပ်ပေးလိုက်မယ်ဆိုရင်၊ နောင် iPhone ကိုင်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို လိုချင်တဲ့ တခြားနိုင်ငံတွေကိုလည်း ယူနိုင်အေင် လမ်းဖွင့်ပေးသလို ဖြစ်သွားလိမ့်မယ်လို့ မစ္စတာ Cook က ပြောပါတယ်။

ဒီလိုသူတပါးရဲ့ အချက်အလက်တွေကို ဖေါက်ကြည့်နိုင်ပြီဆိုရင် အိုင်ဖုန်း ၀ယ်ယူသုံးစွဲသူတွေရဲ့ ငွေကြေးဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေနဲ့ သူတို့ ဘယ်နေရာ ရောက်နေတယ်ဆိုတာ၊ နောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ရှာဖွေချင်တဲ့ လူတွေလက်ထဲ ပါသွားနိုင်တာမျိုး စိုးရိမ်ရတဲ့အကြောင်း မစ္စတာ Cook က ပြောပါတယ်။

ကျိုးကြောင်း ဆင်ဆင်ခြင်ခြင်တွေးတဲ့သူတိုင်း ဒါကို လက်ခံမှာ မဟုတ်ပါဘူးလို့လည်း Tin Cook က ပြောဆိုထားပါတယ်။

ပစ်ခတ်မှုကျုးလွန်ခဲ့သူ Farook ကို သူ့ အလုပ်ရှင်က ပေးထားတဲ့ဖုန်း ဗဟိုအစိုးရ တရားရုံးမှာ မနေ့က အပ်နှံခဲ့ပြီး ဒီဖုန်းထဲက အချက်အလက်တွေ ကြည့်နိုင်အောင် လုပ်ပေးဖို့ အမေရိကန် တရားရေးဌာနရဲ့ တောင်းဆိုချက်ကို Apple ကုမ္မဏီက လက်မခံဘဲ ပြန်ပြီး ခုခံပြောဆိုနေပါတယ်။ Apple ကုမ္မဏီအနေနဲ့ Farrok သုံးခဲ့တဲ့ Passsword ကို ခန့်မှန်းနိုင်မယ့် Software ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေး ဗျုရိုကို ပေးရမယ်ဆိုပြီး ခရိုင်တရားရုံး တရားသူကြီးက ပြီးခဲ့တဲ့ အပတ်က တောင်းဆိုထားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment