Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ကိုယ္စားလွယ္ေလာင္း ၇ဝ နီးပါးကုိ အရည္အခ်င္းပ်က္ယြင္းသူ အျဖစ္ ေၾကညာမည္

ေနျပည္ေတာ္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရုံးမွာ ဇူလိုင္လ ၂ ရက္ေန႔က ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးတင္ေအးနဲ႔ ႏိုင္ငံေရးပါတီ ၆၅ ပါတီတို႔ ေတြ႔ဆံုစဥ္။ Photo: Myo Thant Khaing/RFA
ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမဲဆြယ္စည္းရံုးေရး အသံုးစရိတ္တင္သြင္းဖို႔ ပ်က္ကြက္တဲ့ ကိုယ္စားလွယ္ေလာင္း ၁၇၅ ဦးထဲက ၇ဝ နီးပါးကို ကိုယ္စားလွယ္ေလာင္း အရည္အခ်င္း ပ်က္ယြင္းသူအျဖစ္ သတ္မွတ္ေၾကညာဖို႔ ျပည္ေထာင္ စုေရြးေကာက္ပြဲ ေကာ္မရွင္က အမိန္႔ခ်လိုက္ပါတယ္။

အ့ဲဒီကိုယ္စားလွယ္ေလာင္း ၇ဝ နီးပါးထဲမွာ ဧရာဝတီနဲ႔ ရန္ကုန္တိုင္းေဒသႀကီးက ကိုယ္စားလွယ္ေလာင္းေတြ မ်ားတယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ဝင္ ဦးညြန္႔တင္ က ေျပာပါတယ္။

"ေရြးေကာက္ပြဲကုန္က်ေငြစရိတ္ ေငြစာရင္းပ်က္ကြက္တဲ့ကိစၥက ဧရာဝတီဘက္က ၂ဝ ထင္တယ္၊ သူတို႔ကို အေၾကာင္းျပခိုင္းတာေပါ့ေနာ္၊ ဘာေၾကာင့္ ေငြစာရင္းမတင္တာလဲဆိုတာ အေၾကာင္းၾကားတဲ့အခါက်ေတာ့ သူတို႔က အေၾကာင္းၾကားစာရရဲ႕သားနဲ႔ သူတို႔က မလာၾကဘူး တစ္ေယာက္မွ၊ မလာဘူးဆိုေတာ့ သူတို႔မ်က္ကြယ္မွာပဲ ပ်က္ကြက္တဲ့အတြက္ အားလံုးက အရည္အခ်င္းပ်က္ယြင္းတယ္လို႔ပဲ ဆံုးျဖတ္လိုက္ၿပီ၊ အေၾကာင္းမျပတဲ့လူကေတာ့ စဥ္းစားစရာကိုမရွိေတာ့ဘူး၊ သူတို႔က ေငြစာရာင္းကိုက ဟိုမွာတင္မွမတင္ပဲ၊ ရန္ကုန္က မလာတဲ့ဟာေတာ့ အမိန္႔ခ်လိုက္ၿပီေပါ့၊ သူတို႔လည္း မျငင္းဘူးေလ၊ တင္ပါတယ္လို႔မွ မေျပာၾကပဲ၊ ပ်က္ကြက္ရင္ေတာ့ ႏိုင္ငံေတာ္ျပန္တမ္းထဲမွာကိုက ထုတ္ျပန္ေၾကညာေပးမယ္"

ခ်င္း၊ စစ္ကိုင္း၊ ပဲခူး၊ မႏၱေလး၊ ရန္ကုန္နဲ႔ ဧရာဝတီ စတဲ့တိုင္းေဒသႀကီးနဲ႔ ျပည္နယ္က ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၇ဝ နီးပါးကို အရည္အခ်င္းပ်က္ယြင္းသူအျဖစ္ သတ္မွတ္ၿပီး ျမန္မာႏုိင္ငံျပန္တမ္းမွာ ထည့္သြင္းေၾကညာ မွာျဖစ္ပါတယ္။

အရည္အခ်င္းပ်က္ယြင္းေၾကာင္း ေၾကညာခံရတဲ့ ကိုယ္စားလွယ္ေလာင္း ၇ဝ နီးပါးထဲမွာ အမ်ဳိးသားဒီမိုကေရစီ အင္အားစုက အမ်ားဆံုးျဖစ္ၿပီး အမ်ဳိးသားတိုးတက္ေရးပါတီက ဒုတိယအမ်ားဆံုးျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလကစၿပီး တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ အသံုးစရိတ္တင္သြင္းဖို႔ ပ်က္ကြက္တဲ့ ကိုယ္စားလွယ္ေလာင္းေတြကို ေန႔စဥ္ေခၚယူစစ္ေဆးေနတာျဖစ္ပါတယ္။

တစ္နိုင္ငံလံုးအတိုင္းအတာအရ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၂ ခုက ကိုယ္စားလွယ္ေလာင္း ၁၇ဝ ေက်ာ္ဟာ မဲဆြယ္စည္းရံုးေရး အသံုးစရိတ္တင္သြင္းဖို႔ ပ်က္ကြက္ခဲ့ၿပီး ကရင္ျပည္နယ္နဲ႔ ေနျပည္ေတာ္ေကာင္စီ မွာ ေရြးေကာက္ပဲြအသံုးစရိတ္ တင္သြင္းဖို႔ ပ်က္ကြက္တဲ့ ကိုယ္စားလွယ္ေလာင္း မရွိဘူးလို႔ သိရပါတယ္။

အရည္အခ်င္း ပ်က္ယြင္းတဲ့စာရင္းမွာ ပါသြားတဲ့သူေတြဟာ ေနာက္ေရြးေကာက္ပဲြတစ္ႀကိမ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ ခြင့္ မရွိေတာ့ဘူးလို႔ ေရြးေကာက္ပဲြဥပေဒမွာ ပါရွိပါတယ္။

RFA Burmese
http://www.rfa.org/burmese
.......

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁၇၅ ဦးထဲက ရဝ နီးပါးကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က အမိန့်ချလိုက်ပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်း ရဝ နီးပါးထဲမှာ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးက ကိုယ်စားလှယ်လောင်းတွေ များတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင် က ပြောပါတယ်။

"ရွေးကောက်ပွဲကုန်ကျငွေစရိတ် ငွေစာရင်းပျက်ကွက်တဲ့ကိစ္စက ဧရာဝတီဘက်က ၂ဝ ထင်တယ်၊ သူတို့ကို အကြောင်းပြခိုင်းတာပေါ့နော်၊ ဘာကြောင့် ငွေစာရင်းမတင်တာလဲဆိုတာ အကြောင်းကြားတဲ့အခါကျတော့ သူတို့က အကြောင်းကြားစာရရဲ့သားနဲ့ သူတို့က မလာကြဘူး တစ်ယောက်မှ၊ မလာဘူးဆိုတော့ သူတို့မျက်ကွယ်မှာပဲ ပျက်ကွက်တဲ့အတွက် အားလုံးက အရည်အချင်းပျက်ယွင်းတယ်လို့ပဲ ဆုံးဖြတ်လိုက်ပြီ၊ အကြောင်းမပြတဲ့လူကတော့ စဉ်းစားစရာကိုမရှိတော့ဘူး၊ သူတို့က ငွေစာရာင်းကိုက ဟိုမှာတင်မှမတင်ပဲ၊ ရန်ကုန်က မလာတဲ့ဟာတော့ အမိန့်ချလိုက်ပြီပေါ့၊ သူတို့လည်း မငြင်းဘူးလေ၊ တင်ပါတယ်လို့မှ မပြောကြပဲ၊ ပျက်ကွက်ရင်တော့ နိုင်ငံတော်ပြန်တမ်းထဲမှာကိုက ထုတ်ပြန်ကြေညာပေးမယ်"

ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီ စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်စားလှယ်လောင်း စုစုပေါင်း ရဝ နီးပါးကို အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံပြန်တမ်းမှာ ထည့်သွင်းကြေညာ မှာဖြစ်ပါတယ်။

အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်း ရဝ နီးပါးထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုက အများဆုံးဖြစ်ပြီး အမျိုးသားတိုးတက်ရေးပါတီက ဒုတိယအများဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို နေ့စဉ်ခေါ်ယူစစ်ဆေးနေတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက ကိုယ်စားလှယ်လောင်း ၁၇ဝ ကျော်ဟာ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့ပြီး ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ မှာ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း မရှိဘူးလို့ သိရပါတယ်။

အရည်အချင်း ပျက်ယွင်းတဲ့စာရင်းမှာ ပါသွားတဲ့သူတွေဟာ နောက်ရွေးကောက်ပွဲတစ်ကြိမ်မှာ ဝင်ရောက်ယှဉ်ပြိုင် ခွင့် မရှိတော့ဘူးလို့ ရွေးကောက်ပွဲဥပဒေမှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment