သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် မြဝတ်ရည်လမ်းတွင် ဇန်နဝါရီလ ၁၀ ရက် ည ၁၁ နာရီက သူရဘွဲ့ရအငြိမ်းစားဒုတိယဗိုလ်မှူးကြီး၏သား အသက် ၃၀ အရွယ်ရှိ အမျိုးသားက Tomorrow ဂျာနယ်တိုက်မှ ပင်တိုင်ဆောင်းပါးရှင် ဦးကျော်စွာမြင့်နှင့် မိသားစုဝင်သုံးဦးကို နေအိမ်ပေါ်တက်ကာ ကတ်ကြေးဖြင့် အချက်ပေါင်းများစွာဆင့်ထိုးခဲ့ကြောင်း သုဝဏ္ဏနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
ဦးကျော်စွာမြင့်နှင့်လုပ်ငန်းတူလုပ်ကိုင်သော အငြိမ်းစားဒုဗိုလ်မှူးကြီး၏သားဖြစ်သူ ဦးရဲသူဝင်းက ဦးကျော်စွာမြင့်၏ နေအိမ်သို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ရောက်လာပြီး မီးဖိုချောင်သုံး ကတ်ကြေးဖြင့် ဦးကျော်စွာမြင့်၊ ၎င်း၏ ဇနီးနှင့် အမဝမ်းကွဲတို့ကို အချက်ပေါင်း ၄၉ ချက် ဆင့်ထိုးခဲ့ကြောင်း ဒဏ်ရာရရှိသူမိသားစုနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
ကတ်ကြေးဖြင့်ထိုးသည့်အမျိုးသားမှာ အိမ်ရှင်ဦးကျော်စွာမြင့်နှင့် လွန်ခဲ့သော ၁၀ နှစ်ခန့်မှစတင်ပြီး လက်ရှိအထိလုပ်ငန်းတူလုပ်ကိုင်ကာ နေအိမ်ဝင်ထွက်သွားလာနေသူဖြစ်ကြောင်း၊ အဆိုပါအမျိုးသားမှာ ဇန်နဝါရီလ ၁၀ရက်နေ့က ဦးကျော်စွာမြင့်၏နေအိမ်သို့ ရောက်ရှိလာပြီး မုန့်ဝယ်ရန် ဦးကျော်စွာမြင့်အိမ်မှ ဆွေမျိုးနီးစပ်တော်သူ အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားစဉ် လမ်းခုလတ်၌ အဓမ္မကျင့်ရန် ကြံစည်ခဲ့ကြောင်း ဦးကျော်စွာမြင့် နှင့် ရင်းနှီးသူ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။
“ကောင်မလေးကို ကားထဲမှာ အဓမ္မပြုကျင့်ဖို့ ကြံစည်ချိန် ကောင်မလေးက အတင်းရုန်းကန်ပြီး ကိုကျော်စွာမြင့်တို့ အိမ်ကိုထွက်ပြေးတာ၊ အိမ်ရောက်တော့ ကိုကျော်စွာမြင့်ဇနီးကို သူ့ကို အဓမ္မကျင့်တယ်လို့ ပြန်တိုင်နေတုန်း သူ(ဦးရဲသူဝင်း)က ကားနဲ့လိုက်လာပြီး ကိုကျော်စွာမြင့်ဇနီးနဲ့ စကားစများရာက တစ်မိသားစုလုံးကို ကတ်ကြေးနဲ့ မသေရုံတမယ် ထိုးပြီး ထွက်ပြေးသွားတာ ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နေအိမ်ထဲ ကျူးကျော်ဝင်ရောက်ကာ မိသားစုဝင်သုံးဦးကို ကတ်ကြေးဖြင့် အချက်ပေါင်းများစွာဆင့်ထိုးခဲ့သူ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး၏သားဦးရဲသူဝင်းကို ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
.............................
Tomorrow ၀ိုင်းတော်သားဖြစ်သူ၊
facebook တွင် အွန်လိုင်း မင်းသားကြီးဟု နံမည်ကြီးသူ ဆရာကျော်စွာမြင့်၊ဇနီးနှင့် ယောက်ခမနှစ်ဦး စုစုပေါင်း လေးဦးကို အိမ်သို့လာရောက်လည်ပတ်သော ဧည့်သည်ဦးရဲသူဝင်းမှ တနင်္ဂနွေနေ့ည၁၀း၃၀နာရီတွင်ကတ်ကြေုးဖြင့်၄၉ချက်ထိုးသွားခဲ့။ယခု သင်္ကန်းကျွန်းစံပြဆေးရုံတွင်ကုသခံနေရပြီး တိုက်ခိုက်သူကိုရဲစခန်းတွင်ပုဒ်မ ၃၂၆ဖြင့်အမှုဖွင့်ထား
.....................................
ဆိုသည့်ဆရာမာဂျေ တင်ထားသည့် သတင်းကြောင့် ကိုကျော်စွာမြင့်အား ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ
ကိုကျော်စွာ - ကိုကျော်စွာ့ဇနီး - ကိုကျော်စွာ ဖခင်နဲ့ ကိုကျော်စွာ အမတို့ လေးဦးကို ထိုသူမှ ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း ဘယ်နှချက်ထိုးခဲ့မှန်းမသိပေမယ့် ကိုကျော်စွာ နဲ့ဇနီးသည်မှာ တစ်ဦးလျှင်
ချူပ်ရိုး အချက် ၂၀ ကျော်ဆီ ချူပ်ခဲ့ရကြောင်း အမလည်း အနည်းငယ်ထိကြောင်း အဖေကတော့
တင်ပဆုံရိုးကျိုးသွားကြောင်း - ၄၉ ချက်ဆိုသည်မှာချူပ်ရိုး ချူပ်တာကို ဆိုလိုကြောင်း ဇနီးသည်မှာ
မျက်နှာမှာ အထိများခဲ့ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားလုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်
July Moe
....
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 12, 2016
Tomorrow ဂျာနယ်တိုက်မှ ဦးကျော်စွာမြင့်နှင့်မိသားစုဝင်သုံးဦးကို အငြိမ်းစားဒုဗိုလ်မှူးကြီး၏သားက ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ဆင့်ထိုး
Tomorrow ဂျာနယ်တိုက်မှ ဦးကျော်စွာမြင့်နှင့်မိသားစုဝင်သုံးဦးကို အငြိမ်းစားဒုဗိုလ်မှူးကြီး၏သားက ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ဆင့်ထိုး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment