Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 15, 2016

NLD သည္ တပ္မေတာ္ႏွင့္အတူ တေလွတည္းစီး တခရီးတည္းသြားမည္

ေဒၚေအာင္ဆန္းစုၾကည္သည္ သူမသမၼတျဖစ္ေရး တားဆီးပိတ္ပင္ထားေသာဖြဲ႔စည္းပံုအေျခခံဥပေဒကို ခ်က္ခ်င္း ျပင္ဆင္ရန္ ၾကိဳးပမ္းမည္မဟုတ္ဘဲ ႏိုင္ငံ့ေခါင္းေဆာင္ေနရာအတြက္ အျခားသူတဦးကို သမၼတတင္ေျမွာက္မည္ျဖစ္ေၾကာင္း ပါတီထိပ္ပိုင္းေခါင္းေဆာင္တဦးက ဇန္န၀ါရီ ၁၃ ရက္က ေျပာသည္။ ထို႔ျပင္ အစိုးရအဖြဲ႔သစ္တြင္ ျပည္ခိုင္ျဖိဳးပါတီဘက္မွ တဦးထက္မနည္းကိုလည္း ေခၚယူထည့္သြင္းမည့္အျပင္ တိုင္းရင္းသား တတ္သိပညာရွင္မ်ားကိုလည္း ထည့္သြင္းမည္ျဖစ္သည္။

ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္သည္ တပ္မေတာ္ႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈကို အတက္နိုင္ဆံုး ေရွာင္လႊဲမည္ျဖစ္သည္။ သို႔ရာတြင္ NLD အေနျဖင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးကို စြန္႔လႊတ္မည္မဟုတ္ေၾကာင္း၊ ပါတီႏွင့္တပ္မေတာ္အၾကား ဖြဲ႔စည္းပံုျပင္ ဆင္ေရးကိစၥရပ္မ်ားကိုေဆြးေႏြးရန္ က်န္ရွိေနေသးေၾကာင္း ပါတီ၀င္တဦးက ႐ုိက္တာသတင္းဌာနသို႔ ေျပာသည္။

“ကြ်န္ေတာ္တို႔က လုပ္ထံုးလုပ္နည္းအရသာ သမၼတတင္ေျမွာက္မွာျဖစ္ျပီး ဆံုးျဖတ္ခ်က္ေတြကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကပဲ ခ်မွတ္မွာပါ”ဟု အမည္နာမ မေဖာ္လိုသူအဆိုပါ ပါတီ၀င္က ေျပာသည္။
သမၼတ အထက္တြင္ သူမရွိေနမည္ဆိုေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ေျပာၾကားခ်က္ကို ၎က ထပ္ေလာင္းေျပာၾကားသည္။

ထိုသို႔ အမည္ခံ၊ ႐ုပ္ျပ သမၼတတဦးေရြးခ်ယ္တင္ေျမွာက္ျခင္းျဖင့္ လက္ရွိဖြဲ႔စည္းပံုအေျခခံဥပေဒသည္ မည္မွ် ရယ္စရာေကာင္းေၾကာင္း ျပည္သူလူထုကို ျပသရာေရာက္မည္ျဖစ္သည္ဟု ၎က ဆိုသည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ ေရြးေကာက္ပြဲကာလကတည္းက အာဏာလႊဲေျပာင္းေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လႈိင္ႏွင့္ တံခါးပိတ္ ေဆြးေႏြးမႈအခ်ဳိ႕ ျပဳလုပ္ခဲ့သည္ဟု ၎က ေျပာသည္။ တပ္မေတာ္ႏွင့္ပါတီ အၾကားယံုၾကည္မႈ တည္ေဆာက္ေရး ၾကိဳးပမ္းအားထုတ္သည့္အေနႏွင့္ တပ္ႏွင့္ဆက္ဆံေရးအတြက္ ပါတီ၀င္တဦး သီးျခားခန္႔အပ္ထားေၾကာင္းလည္း ၎က ေျပာသည္။ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္လည္း ဒီဇင္ဘာလအတြင္းက တိုင္းျပည္ကို ႏွစ္ ၂၀ ေက်ာ္ အုပ္ခ်ဳပ္ခဲ့ေသာ စစ္အာဏာရွင္ေဟာင္း ဗိုလ္ခ်ဳပ္ မွဴးၾကီး(ျငိမ္း)ဦးသန္းေရႊႏွင့္ ေတြ႔ဆံုခဲ့ျပီး NLD အေနႏွင့္ ပိုမိုေတာက္ပေသာ အနာဂတ္အတြက္သာ ဦးတည္ေဆာင္ရြက္မည္ျဖစ္၍ အတိတ္ကိုအာ႐ုံထားမည္မဟုတ္ေၾကာင္း ကတိျပဳခဲ့သည္။

တပ္မေတာ္ႏွင့္ ျပန္လည္ရင္ၾကားေစ့ေရးအတြက္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္၏ ႀကိဳးပမ္းမႈသည္ ၂၀၁၁ က အစျပဳခဲ့ေသာ အရပ္သားတပိုင္းအစိုးရစနစ္ကို ဆက္လက္ ျပဳျပင္ေျပာင္းလဲရန္ အတြက္ လက္ေတြ႔က်ေသာ ခ်ဥ္းကပ္နည္းျဖစ္သည္။ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒီမိုကေရစီခ်န္ပီယံေဒၚေအာင္ဆန္းစုၾကည္ႏွင့္ နိုင္ငံေရးသမား ေဒၚေအာင္ဆန္းစုၾကည္အၾကား မၾကာခဏဆိုသလို ႐ႈပ္ေထြးေ၀၀ါးမႈမ်ားရွိခဲ့၍ ေ၀ဖန္မႈအခ်ဳိ႕ ထြက္ေပၚခဲ့သည္။ အထူးသျဖင့္ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးဆင္းခ်ိန္အတြင္းဘဂၤါလီအေရးႏွင့္ပတ္သက္၍ သူမ၏ ႏႈတ္ဆိတ္မႈကိုႏိုင္ငံတကာမွ ေလ့လာသူအခ်ဳိ႕က ေ၀ဖန္ခဲ့ၾကသည္။ နိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈႏွင့္ပတ္သက္လွ်င္ ေဒၚေအာင္ဆန္း စုၾကည္က ယခင္စစ္အစိုးရအဖြဲ႔၀င္မ်ားႏွင့္ပင္ျဖစ္ေစ ညွိႏႈိင္းေဆြးေႏြမည္ပင္ျဖစ္ေၾကာင္း ျမန္မာ့အေရး ကြ်မ္းက်င္သူမ်ားက ဆိုသည္။

“တပ္မေတာ္ကို ပစ္ပယ္တာေသာ္လည္းေကာင္း၊ တပ္ရဲ႕ အရွိန္အ၀ါ ေမွးမိွန္ေအာင္ေသာ္လည္းေကာင္း ေဒၚေအာင္ဆန္းစုၾကည္က လုပ္မွာ မဟုတ္ဘူး။ တပ္ကိုအရပ္သားအစိုးရထိန္းခ်ဳပ္မႈေအာက္ ျပန္ေရာက္ ေအာင္ပဲ လုပ္မွာ။ ဒါကလည္း ျဖည္းျဖည္းခ်င္း လုပ္ယူမွရမယ္ဆိုတာ အားလံုးအသိပါ။ ေန႔ခ်င္းညခ်င္း ျဖစ္လာမွာ မဟုတ္ဘူး။ တပ္ရဲ႕ တရား၀င္သေဘာမဟုတ္တဲ့ ၾသဇာနဲ႔ အာဏာကို အသိအမွတ္ျပဳမွသာလွ်င္ တပ္ကလည္း အရပ္သားအစိုးရေအာက္ရွိေနဖို႔ လက္ခံလာမွာပါ”ဟု ကုလသမဂၢအဆင့္ျမင့္အရာရွိေဟာင္း ရန္ကုန္အေျခစိုက္ ေလ့လာဆန္းစစ္သူ ရစ္ခ်တ္ေဟာစီက ေျပာသည္။

NLD ကိုယ္စားလွယ္မ်ားႏွင့္တပ္မေတာ္အရာရွိမ်ား တပတ္လွ်င္ ႏွစ္ၾကိမ္သံုးၾကိမ္ ေတြ႔ဆံုလ်က္ရွိသည္။ ၎ေတြ႔ဆံုေဆြးေႏြးပြဲမ်ားတြင္ အလယ္အလတ္အဆင့္ႏွင့္ အထက္တန္းအဆင့္ ပါတီ၀င္မ်ား ပါ၀င္ေၾကာင္း သိရသည္။
“သူတို႔ဘက္ကစိုးရိမ္စိတ္လႈပ္ရွားေနၾကတယ္။ ကြ်န္ေတာ္တို႔က သူတို႔ေလွကို လႈပ္လားရမ္းလား လုပ္မလားဆိုတာကို သူတို႔က သိခ်င္ေနတယ္”ဟု အဆိုပါ ပါတီ၀င္က ေျပာသည္။

သမၼတ႐ုံးညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးကလည္း ယင္းေတြ႔ဆံုမႈမ်ားကို ၾကိဳဆိုသည္။
“ယံုၾကည္မႈနဲ႔ပူးေပါင္းေဆာင္ရြက္နိုင္မႈဆိုတာ အျပန္အလွန္ နားလည္မႈအေပၚမွာ မူတည္တယ္။ ဒါေၾကာင့္ ႏွစ္ဦးႏွစ္ဘက္ ၾကားခံလူမပါဘဲ တိုက္႐ုိက္ေျပာဆိုေဆြးေႏြးတာမ်ဳိး လုပ္ဖို႔လိုတယ္”ဟု ၎က ေျပာသည္။

NLD အစိုးရလက္ထက္တြင္ လက္ရွိ အစိုးရ၀န္ၾကီးဌာန ၃၆ ခုမွ ၂၅ ခုေအာက္အထိ ေလ်ာ့ခ်မည္ျဖစ္ေၾကာင္း NLD သတင္းရပ္ကြက္မွ သိရသည္။ လက္ရွိ NLD ေခါင္းေဆာင္မ်ားအၾကား ေဆြးေႏြးျငင္းခံုလ်က္ရွိေသာသမၼတေနရာႏွင့္ ၀န္ၾကီးေနရာမ်ားကို ေဖေဖာ္၀ါရီ ၁ ရက္ ဒုတိယအၾကိမ္ ျပည္သူ႕လႊတ္ေတာ္မစတင္မီ ထုတ္ျပန္ေၾကျငာမည္ဟု အဆိုပါ ပါတီ၀င္က ေျပာၾကားသည္။
NLD အစိုးရအဖြဲ႔အတြင္း အေတြ႔အၾကံဳ အားနည္းမႈသည္ စိုးရိမ္ဖြယ္ရာျဖစ္ေသာ္လည္း အစိုးရသစ္သည္ လက္ရွိ အစိုးရအဖြဲ႕၀န္ၾကီမ်ားထဲမွ ၀န္ၾကီးတဦးတေလကိုမွ် ဆက္လက္တာ၀န္ေပးမည္မဟုတ္ဟု ဆိုသည္။

သို႔ရာတြင္ အစိုးသစ္အဖြဲ႔အတြင္း USDP မွ အနည္းဆံုးပုဂၢိဳလ္တဦး ပါ၀င္လာမည္ျဖစ္ျပီး ယင္းႏွင့္ပတ္သက္၍ ဦးေဇာ္ေဌးက “ဒါ ေကာင္းတာေပါ့ဗ်ာ။ NLD ဟာ အနိုင္ရသူပါ။ ဒါေပမယ့္ သူတို႔က အကုန္သိမ္းက်ဳံးယူတာမ်ဳိး မလုပ္ဘူးဆိုေတာ့ ဒါဟာ အမ်ဳိးသားရင္ၾကားေစ့ေရးအတြက္ အေပါင္းလကၡဏာေဆာင္တဲ့ ေျခလွမ္းတခုေပါ့”ဟုေျပာသည္။

Ref;Reuters
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
...................
NLD သည် တပ်မတော်နှင့်အတူ တလှေတည်းစီး တခရီးတည်းသွားမည်

ဒေါ်အောင်ဆန်းစုကြည်သည် သူမသမ္မတဖြစ်ရေး တားဆီးပိတ်ပင်ထားသောဖွဲ့စည်းပုံအခြေခံဥပဒေကို ချက်ချင်း ပြင်ဆင်ရန် ကြိုးပမ်းမည်မဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်နေရာအတွက် အခြားသူတဦးကို သမ္မတတင်မြှောက်မည်ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးက ဇန်နဝါရီ ၁၃ ရက်က ပြောသည်။ ထို့ပြင် အစိုးရအဖွဲ့သစ်တွင် ပြည်ခိုင်ဖြိုးပါတီဘက်မှ တဦးထက်မနည်းကိုလည်း ခေါ်ယူထည့်သွင်းမည့်အပြင် တိုင်းရင်းသား တတ်သိပညာရှင်များကိုလည်း ထည့်သွင်းမည်ဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်မှုကို အတက်နိုင်ဆုံး ရှောင်လွှဲမည်ဖြစ်သည်။ သို့ရာတွင် NLD အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို စွန့်လွှတ်မည်မဟုတ်ကြောင်း၊ ပါတီနှင့်တပ်မတော်အကြား ဖွဲ့စည်းပုံပြင် ဆင်ရေးကိစ္စရပ်များကိုဆွေးနွေးရန် ကျန်ရှိနေသေးကြောင်း ပါတီဝင်တဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအရသာ သမ္မတတင်မြှောက်မှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ ချမှတ်မှာပါ”ဟု အမည်နာမ မဖော်လိုသူအဆိုပါ ပါတီဝင်က ပြောသည်။
သမ္မတ အထက်တွင် သူမရှိနေမည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ၎င်းက ထပ်လောင်းပြောကြားသည်။

ထိုသို့ အမည်ခံ၊ ရုပ်ပြ သမ္မတတဦးရွေးချယ်တင်မြှောက်ခြင်းဖြင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်မျှ ရယ်စရာကောင်းကြောင်း ပြည်သူလူထုကို ပြသရာရောက်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲကာလကတည်းက အာဏာလွှဲပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တံခါးပိတ် ဆွေးနွေးမှုအချို့ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။ တပ်မတော်နှင့်ပါတီ အကြားယုံကြည်မှု တည်ဆောက်ရေး ကြိုးပမ်းအားထုတ်သည့်အနေနှင့် တပ်နှင့်ဆက်ဆံရေးအတွက် ပါတီဝင်တဦး သီးခြားခန့်အပ်ထားကြောင်းလည်း ၎င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီဇင်ဘာလအတွင်းက တိုင်းပြည်ကို နှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ် မှူးကြီး(ငြိမ်း)ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ပြီး NLD အနေနှင့် ပိုမိုတောက်ပသော အနာဂတ်အတွက်သာ ဦးတည်ဆောင်ရွက်မည်ဖြစ်၍ အတိတ်ကိုအာရုံထားမည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။

တပ်မတော်နှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုသည် ၂၀၁၁ က အစပြုခဲ့သော အရပ်သားတပိုင်းအစိုးရစနစ်ကို ဆက်လက် ပြုပြင်ပြောင်းလဲရန် အတွက် လက်တွေ့ကျသော ချဉ်းကပ်နည်းဖြစ်သည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီချန်ပီယံဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်အကြား မကြာခဏဆိုသလို ရှုပ်ထွေးဝေဝါးမှုများရှိခဲ့၍ ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။ အထူးသဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းချိန်အတွင်းဘင်္ဂါလီအရေးနှင့်ပတ်သက်၍ သူမ၏ နှုတ်ဆိတ်မှုကိုနိုင်ငံတကာမှ လေ့လာသူအချို့က ဝေဖန်ခဲ့ကြသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်လျှင် ဒေါ်အောင်ဆန်း စုကြည်က ယခင်စစ်အစိုးရအဖွဲ့ဝင်များနှင့်ပင်ဖြစ်စေ ညှိနှိုင်းဆွေးနွေမည်ပင်ဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူများက ဆိုသည်။

“တပ်မတော်ကို ပစ်ပယ်တာသော်လည်းကောင်း၊ တပ်ရဲ့ အရှိန်အဝါ မှေးမှိန်အောင်သော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်က လုပ်မှာ မဟုတ်ဘူး။ တပ်ကိုအရပ်သားအစိုးရထိန်းချုပ်မှုအောက် ပြန်ရောက် အောင်ပဲ လုပ်မှာ။ ဒါကလည်း ဖြည်းဖြည်းချင်း လုပ်ယူမှရမယ်ဆိုတာ အားလုံးအသိပါ။ နေ့ချင်းညချင်း ဖြစ်လာမှာ မဟုတ်ဘူး။ တပ်ရဲ့ တရားဝင်သဘောမဟုတ်တဲ့ သြဇာနဲ့ အာဏာကို အသိအမှတ်ပြုမှသာလျှင် တပ်ကလည်း အရပ်သားအစိုးရအောက်ရှိနေဖို့ လက်ခံလာမှာပါ”ဟု ကုလသမဂ္ဂအဆင့်မြင့်အရာရှိဟောင်း ရန်ကုန်အခြေစိုက် လေ့လာဆန်းစစ်သူ ရစ်ချတ်ဟောစီက ပြောသည်။

NLD ကိုယ်စားလှယ်များနှင့်တပ်မတော်အရာရှိများ တပတ်လျှင် နှစ်ကြိမ်သုံးကြိမ် တွေ့ဆုံလျက်ရှိသည်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲများတွင် အလယ်အလတ်အဆင့်နှင့် အထက်တန်းအဆင့် ပါတီဝင်များ ပါ၀င်ကြောင်း သိရသည်။
“သူတို့ဘက်ကစိုးရိမ်စိတ်လှုပ်ရှားနေကြတယ်။ ကျွန်တော်တို့က သူတို့လှေကို လှုပ်လားရမ်းလား လုပ်မလားဆိုတာကို သူတို့က သိချင်နေတယ်”ဟု အဆိုပါ ပါတီဝင်က ပြောသည်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ယင်းတွေ့ဆုံမှုများကို ကြိုဆိုသည်။
“ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုတာ အပြန်အလှန် နားလည်မှုအပေါ်မှာ မူတည်တယ်။ ဒါကြောင့် နှစ်ဦးနှစ်ဘက် ကြားခံလူမပါဘဲ တိုက်ရိုက်ပြောဆိုဆွေးနွေးတာမျိုး လုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

NLD အစိုးရလက်ထက်တွင် လက်ရှိ အစိုးရဝန်ကြီးဌာန ၃၆ ခုမှ ၂၅ ခုအောက်အထိ လျော့ချမည်ဖြစ်ကြောင်း NLD သတင်းရပ်ကွက်မှ သိရသည်။ လက်ရှိ NLD ခေါင်းဆောင်များအကြား ဆွေးနွေးငြင်းခုံလျက်ရှိသောသမ္မတနေရာနှင့် ၀န်ကြီးနေရာများကို ဖေဖော်ဝါရီ ၁ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မစတင်မီ ထုတ်ပြန်ကြေငြာမည်ဟု အဆိုပါ ပါတီဝင်က ပြောကြားသည်။
NLD အစိုးရအဖွဲ့အတွင်း အတွေ့အကြုံ အားနည်းမှုသည် စိုးရိမ်ဖွယ်ရာဖြစ်သော်လည်း အစိုးရသစ်သည် လက်ရှိ အစိုးရအဖွဲ့ဝန်ကြီများထဲမှ ၀န်ကြီးတဦးတလေကိုမျှ ဆက်လက်တာဝန်ပေးမည်မဟုတ်ဟု ဆိုသည်။

သို့ရာတွင် အစိုးသစ်အဖွဲ့အတွင်း USDP မှ အနည်းဆုံးပုဂ္ဂိုလ်တဦး ပါ၀င်လာမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ဦးဇော်ဌေးက “ဒါ ကောင်းတာပေါ့ဗျာ။ NLD ဟာ အနိုင်ရသူပါ။ ဒါပေမယ့် သူတို့က အကုန်သိမ်းကျုံးယူတာမျိုး မလုပ်ဘူးဆိုတော့ ဒါဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတခုပေါ့”ဟုပြောသည်။

Ref;Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment