Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 15, 2016

အလုိအေလ်ာက္ သန္႔ရွင္းေရးလုပ္ႏိုင္တဲ့ ဂ်ပန္နည္းပညာျမင့္အိမ္သာ လက္ဗီးဂတ္စ္အီလက္ထေရာနစ္ျပပြဲမွာ လူအမ်ားအာရံုကို ဖမ္းစားေန



ဘန္ေကာက္ပို႔စ္
လက္ဗီးဂတ္စ္၊

ဂ်ပန္ႏိုင္ငံက ဖန္တီးထုတ္လုပ္လုိက္တဲ့ နည္းပညာျမင့္ ဘိုထုိင္အိမ္သာအမ်ဳိးအစားတစ္မ်ဳိးဟာ လက္စ္ဗီးဂတ္စ္မွာ က်င္းပေနတဲ့ လူသုံးကုန္ အီလက္ထေရာနစ္ျပပြဲမွာ လူႀကိဳက္မ်ားေနတာကိုေတြ႕ရပါတယ္။

ပံုမွန္အားျဖင့္ေတာ့ အိမ္သာေတြဟာ အီလက္ထေရာနစ္ပစၥည္းေတြလို လုပ္
ငန္းတာ၀န္ေတြ လုပ္ေဆာင္နိုင္တဲ့ အရာေတာ့မဟုတ္ပါဘူး။ အထက္ပါအိမ္သာရဲ႕ ကိုယ္တိုင္လုပ္ေဆာင္နိုင္စြမ္းရွိတဲ့ သန္႔စင္မႈစနစ္ဟာ သဘာ၀ပတ္၀န္းက်င္အတြက္ေရာ ေရခ်ဳိးခန္းအတြင္းက လူေတြရဲ႕ကိုယ္လက္သန္႔စင္ေရး
အေတြ႕အႀကံဳေတြကိုပါ တုိးတက္ေစႏိုင္မွာျဖစ္တယ္လို႔ အိမ္သာကမုတ္ထုတ္လုပ္တဲ့ Toto ကုမၼဏီက စိတ္လိုလက္ရ ရွင္းျပထားပါတယ္။

ဒါဆို ဒီအိမ္သာက ဘာေတြ ဘယ္လိုမ်ဳိးေကာင္းေနၿပီလဲ?

“ ခင္ဗ်ား သန္႔စင္ခန္း၀င္တဲ့အခါ ဒီအိမ္သာခြက္ဆီသြားၿပီး ဖြင့္ထုိင္လိုက္ပါ။ ေနာက္ၿပီး ခင္ဗ်ားရဲ႕ကိစၥ၀ိစၥေတြၿပီးလို႔ သူ႔ကိုပိတ္လိုက္တဲ့အခ်ိန္မွာ အလိုအေလ်ာက္ သူ႔ဘာသာေရဆြဲခ်တာကို ေတြ႕ရပါလိမ့္မယ္” လို႔ Toto ကုမၼဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကမ္ပို႔စ္က ရွင္းျပပါတယ္။

အဲနည္းပညာျမင့္အိမ္သာဟာ အိမ္သာသံုးစကၠဴ သံုးစြဲစရာမလိုေအာင္လုပ္ေပးဦးမွာျဖစ္တယ္။

“သံုးစြဲတဲ့သူကို အိမ္သာက သူ႔ဘာသာသူ႔ အလုိအေလ်ာက္ စကင္ဖတ္ၿပီး သန္႔ရွင္းတဲ့ ေရေႏြးေႏြးေလးကိုလဲ ထုတ္ေပးမွာပါ၊ သူ႔ကအဲဒီေရနဲ႔ ေဆးေၾကာေပးမယ္၊ ၿပီးရင္ေတာ့ သင့္ကိုေျခာက္ေသြ႔ေအာင္ လုပ္ေပးဦးမွာပါ” လို႔
ကမ္ပို႔စ္က ေျပာသြားပါတယ္၊ စကၠဴသံုးစရာမလိုပဲ သန္႔ရွင္းသြားနိုင္တယ္လို႔ သိရပါတယ္။

အသံုးျပဳၿပီးတဲ့အခါမွာလည္း အိမ္သာခြက္ထဲမွာ က်န္ခဲ့တဲ့ အညစ္အေၾကးေတြကို ဓါတုနည္းအရ သန္႔စင္ထားတဲ့ေရနဲ႔ သူ႔ဘာသာသူ႔ အလိုအေလ်ာက္ ရွင္းလင္းသြားမွာျဖစ္ပါတယ္။

Titanium dioxide နဲ႔ zirconium တို႔လို ဓါတုပစၥည္းေတြနဲ႔ သန္႔ရွင္းေပးတာေၾကာင့္ အိမ္သာခြက္ထဲမွာ တစ္ခုခုစြဲက်န္ေနတာမ်ဳိး ရွိမွာမဟုတ္ေတာ့ပါဘူး။ သဘာ၀ပတ္၀န္းက်င္ကို ထိခိုက္ေစတဲ့ ဓါတုပစၥည္းေတြ မသံုးထားတာေၾကာင့္ အဲဒီအိမ္သာက တစ္ႏွစ္ေလာက္အထိ လူကသန္႔ရွင္းေပးစရာမလိုပဲ အသံုးျပဳသြားနိုင္မွာျဖစ္တယ္လို႔ Toto က ေျပာပါတယ္။

ဒါေပမယ့္လည္း ဒီအိမ္သာအမ်ဳိးအစားက ဂ်ပန္ႏိုင္ငံကို လာေရာက္တဲ့ ဧည့္သည္ေတြနဲ႔ ဂ်ပန္ႏိုင္ငံသားေတြအတြက္ကေတာ့ အထူးအဆန္းေတာ့မဟုတ္ေတာ့ပါဘူး၊ ဂ်ပန္မွာရွိတဲ့ ေနအိမ္ ၇၀ ရာခုိင္ႏႈန္းေလာက္က ဒီလိုမ်ဳိးအလုိအေလ်ာက္ ေရသန္႔စင္တဲ့စနစ္ကို သံုးစြဲေနၾကၿပီလို႔ ကမ္ပို႔စ္က ဆိုပါတယ္။

လက္ရွိ ျပသေနတဲ့ ေမာ္ဒယ္အမ်ဳိးအစားကုိ ဥေရာပမွာလည္း ဒီႏွစ္ထဲမွာပဲ စတင္မိတ္ဆက္ေပးေနၿပီျဖစ္ပါတယ္။ လာမယ့္ ၂၀၁၇ မွာ အေမရိကန္ေစ်းကြက္မွာ ေရာင္းခ်ႏိုင္ဖို႔လည္း ရည္ရြယ္ထားပါေသးတယ္။

Toto ကုမၼဏီက Neorest ေမာ္ဒယ္အမ်ဳိးအစားကို အေမရိကန္နဲ႔ ဥေရာပမွာ ေရာင္းခ်ေနခဲ့ၿပီျဖစ္ပါတယ္၊ လက္ဗီးဂတ္စ္မွာ မိတ္ဆက္ခဲ့တဲ့ ဗားရွင္းအသစ္ဟာဆိုရင္ နံရံမွာ ဆြဲထားလို႔ရတဲ့အတြက္ေၾကာင့္ ေရတုိင္ကီနဲ႔ ေရပိုက္ေျမာင္းေတြအတြက္ ေနရာအမ်ားအျပားလဲ ယူစရာမလိုပဲ ေရအသံုးျပဳပိုင္းမွာလဲ ပိုမုိသက္သာလြယ္ကူေစႏိုင္မွာျဖစ္တယ္လုိ႔သိရပါတယ္။

ဓာတ္ပံု-opendoormultimedia.com(ဂ်ပန္ႏိုင္ငံရဲ႕အဆင့္ျမင့္္အိမ္သာကမုတ္
တစ္ခုကိုေတြ႔ရစဥ္)
@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဥ္
တင္ဆက္ေနတာျဖစ္ၿပီး Facebook Page ကို Like လုပ္ၿပီး Follow
လုပ္ထားမယ္ဆိုရင္ ေန႔စဥ္ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ျပည္တြင္း၊ ျပည္ပ
သတင္းနဲ႔ အထူးတင္ဆက္မွုေတြကို ဖတ္ရွုနိုင္မွာျဖစ္ပါတယ္။

SFJ Strategy First Journal

-----------

အလိုအလျောက် သန့်ရှင်းရေးလုပ်နိုင်တဲ့ ဂျပန်နည်းပညာမြင့်အိမ်သာ လက်ဗီးဂတ်စ်အီလက်ထရောနစ်ပြပွဲမှာ လူအများအာရုံကို ဖမ်းစားနေ

ဘန်ကောက်ပို့စ်
လက်ဗီးဂတ်စ်၊

ဂျပန်နိုင်ငံက ဖန်တီးထုတ်လုပ်လိုက်တဲ့ နည်းပညာမြင့် ဘိုထိုင်အိမ်သာအမျိုးအစားတစ်မျိုးဟာ လက်စ်ဗီးဂတ်စ်မှာ ကျင်းပနေတဲ့ လူသုံးကုန် အီလက်ထရောနစ်ပြပွဲမှာ လူကြိုက်များနေတာကိုတွေ့ရပါတယ်။

ပုံမှန်အားဖြင့်တော့ အိမ်သာတွေဟာ အီလက်ထရောနစ်ပစ္စည်းတွေလို လုပ်
ငန်းတာဝန်တွေ လုပ်ဆောင်နိုင်တဲ့ အရာတော့မဟုတ်ပါဘူး။ အထက်ပါအိမ်သာရဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ သန့်စင်မှုစနစ်ဟာ သဘာဝပတ်ဝန်းကျင်အတွက်ရော ရေချိုးခန်းအတွင်းက လူတွေရဲ့ကိုယ်လက်သန့်စင်ရေး
အတွေ့အကြုံတွေကိုပါ တိုးတက်စေနိုင်မှာဖြစ်တယ်လို့ အိမ်သာကမုတ်ထုတ်လုပ်တဲ့ Toto ကုမ္မဏီက စိတ်လိုလက်ရ ရှင်းပြထားပါတယ်။

ဒါဆို ဒီအိမ်သာက ဘာတွေ ဘယ်လိုမျိုးကောင်းနေပြီလဲ?

“ ခင်ဗျား သန့်စင်ခန်းဝင်တဲ့အခါ ဒီအိမ်သာခွက်ဆီသွားပြီး ဖွင့်ထိုင်လိုက်ပါ။ နောက်ပြီး ခင်ဗျားရဲ့ကိစ္စဝိစ္စတွေပြီးလို့ သူ့ကိုပိတ်လိုက်တဲ့အချိန်မှာ အလိုအလျောက် သူ့ဘာသာရေဆွဲချတာကို တွေ့ရပါလိမ့်မယ်” လို့ Toto ကုမ္မဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကမ်ပို့စ်က ရှင်းပြပါတယ်။

အဲနည်းပညာမြင့်အိမ်သာဟာ အိမ်သာသုံးစက္ကူ သုံးစွဲစရာမလိုအောင်လုပ်ပေးဦးမှာဖြစ်တယ်။

“သုံးစွဲတဲ့သူကို အိမ်သာက သူ့ဘာသာသူ့ အလိုအလျောက် စကင်ဖတ်ပြီး သန့်ရှင်းတဲ့ ရေနွေးနွေးလေးကိုလဲ ထုတ်ပေးမှာပါ၊ သူ့ကအဲဒီရေနဲ့ ဆေးကြောပေးမယ်၊ ပြီးရင်တော့ သင့်ကိုခြောက်သွေ့အောင် လုပ်ပေးဦးမှာပါ” လို့
ကမ်ပို့စ်က ပြောသွားပါတယ်၊ စက္ကူသုံးစရာမလိုပဲ သန့်ရှင်းသွားနိုင်တယ်လို့ သိရပါတယ်။

အသုံးပြုပြီးတဲ့အခါမှာလည်း အိမ်သာခွက်ထဲမှာ ကျန်ခဲ့တဲ့ အညစ်အကြေးတွေကို ဓါတုနည်းအရ သန့်စင်ထားတဲ့ရေနဲ့ သူ့ဘာသာသူ့ အလိုအလျောက် ရှင်းလင်းသွားမှာဖြစ်ပါတယ်။

Titanium dioxide နဲ့ zirconium တို့လို ဓါတုပစ္စည်းတွေနဲ့ သန့်ရှင်းပေးတာကြောင့် အိမ်သာခွက်ထဲမှာ တစ်ခုခုစွဲကျန်နေတာမျိုး ရှိမှာမဟုတ်တော့ပါဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေ မသုံးထားတာကြောင့် အဲဒီအိမ်သာက တစ်နှစ်လောက်အထိ လူကသန့်ရှင်းပေးစရာမလိုပဲ အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့ Toto က ပြောပါတယ်။

ဒါပေမယ့်လည်း ဒီအိမ်သာအမျိုးအစားက ဂျပန်နိုင်ငံကို လာရောက်တဲ့ ဧည့်သည်တွေနဲ့ ဂျပန်နိုင်ငံသားတွေအတွက်ကတော့ အထူးအဆန်းတော့မဟုတ်တော့ပါဘူး၊ ဂျပန်မှာရှိတဲ့ နေအိမ် ရ၀ ရာခိုင်နှုန်းလောက်က ဒီလိုမျိုးအလိုအလျောက် ရေသန့်စင်တဲ့စနစ်ကို သုံးစွဲနေကြပြီလို့ ကမ်ပို့စ်က ဆိုပါတယ်။

လက်ရှိ ပြသနေတဲ့ မော်ဒယ်အမျိုးအစားကို ဥရောပမှာလည်း ဒီနှစ်ထဲမှာပဲ စတင်မိတ်ဆက်ပေးနေပြီဖြစ်ပါတယ်။ လာမယ့် ၂၀၁၇ မှာ အမေရိကန်စျေးကွက်မှာ ရောင်းချနိုင်ဖို့လည်း ရည်ရွယ်ထားပါသေးတယ်။

Toto ကုမ္မဏီက Neorest မော်ဒယ်အမျိုးအစားကို အမေရိကန်နဲ့ ဥရောပမှာ ရောင်းချနေခဲ့ပြီဖြစ်ပါတယ်၊ လက်ဗီးဂတ်စ်မှာ မိတ်ဆက်ခဲ့တဲ့ ဗားရှင်းအသစ်ဟာဆိုရင် နံရံမှာ ဆွဲထားလို့ရတဲ့အတွက်ကြောင့် ရေတိုင်ကီနဲ့ ရေပိုက်မြောင်းတွေအတွက် နေရာအများအပြားလဲ ယူစရာမလိုပဲ ရေအသုံးပြုပိုင်းမှာလဲ ပိုမိုသက်သာလွယ်ကူစေနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

SFJ Strategy First Journal

No comments:

Post a Comment