Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 1, 2016

၀ိညာဥ္မ်ားႏွင့္ ဆက္သြယ္စကားေျပာသူ Ghost Whisperer ေဒၚေအးေအးျမင့္ႏွင့္ စကားေျပာျခင္း




“သုသာန္မွာ ပိုင္ဆိုင္တဲ့ ပုဂၢိဳလ္ရိွပါတယ္။ ဒီစာရင္း အ၀င္ အထြက္က သိရသေလာက္ ေျပာရရင္ ဘာေတြ႕လဲဆိုေတာ့ လူေတြဟာ မေသခင္တလေလာက္အလိုမွာ ေသစာရင္းက သုသာန္မွာေရာက္ေနပါတယ္။ လူသားဘယ္ေလာက္ ေနေကာင္းသည္ျဖစ္ေစ ဒီလူေသေတာ့ မယ္ဆို သုသာန္မွာ စာရင္းက တလၾကိဳျပီးေရာက္တဲ့ ထံုးစံရိွပါတယ္…”
------ ------ ------ ------ ------

''၀ိညာဥ္ေတြရဲ႕ ဘ၀က ေလ့လာမိသေလာက္ေျပာရရင္ အရမ္းဒုကၡေရာက္ေနၾကတာ မ်ားတယ္။ ေသေသခ်ာခ်ာ ျပန္ၾကည့္ေတာ့လည္း ေသဆံုးသြားတဲ့ လူေတြ ၉၀ ရာခိုင္နႈန္းက မေကာင္းတဲ့ ဘံုဘ၀ကိုေရာက္ေနၾက တာေတြ႕ရတယ္''ဟု ဆိုသူသည္ အသက္ (၄၀) ေက်ာ္ခန္႔ရိွသည့္ သန္လ်င္ျမိဳ႕နယ္ေန ၀ိညာဥ္မ်ားႏွင့္ ဆက္သြယ္ေမးျမန္းေပးသည့္ ေဒၚေအးေအးျမင့္ ျဖစ္သည္။

ေဒၚေအးေအးျမင့္သည္ လက္ရိွအခိ်န္၌ ၀ိညာဥ္အျမင္ေဟာျခင္းအား လုပ္ေဆာင္လ်က္ရိွျပီး ၀ိညာဥ္ေမးလို သူမ်ားဘက္မွ ေဆာင္ရန္ ေရွာင္ရန္ မ်ားစြာရိွသည္ကိုလည္း ရွင္းျပသည္။ 'ရာဇ၀တ္မႈနဲ႔ ပတ္သက္တာရယ္၊ အေမြဆိုင္ျပႆနာရိွသူေတြအတြက္ ၀ိညာဥ္ေမး မေပးပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ေတြဟာ အစဲြ အလမ္းဥပါဒါန္ေၾကာင့္ ဒီဘံုဘ၀ကိုေရာက္ေနတာ သူတို႔လည္း ေနာက္ေၾကာင္းျပန္လုပ္ေပးႏိုင္တာ မဟုတ္ဘူး။ သူတို႔လည္း ဘ၀တခုကို လြတ္လပ္စြာသြားေတာ့မယ့္ဟာကို ကြ်န္မတို႔က ကိုယ္က်ဳိးအတြက္ သူတို႔ကို အသံုးခ် ျပီး ေမးလိုက္ရင္ သူတို႔က ဒါေတြကို ျပန္စဲြလမ္းျပီး ဒုကၡကို ထပ္ႏိႈးဆြသလို ျဖစ္ေနမယ္။ သူတို႔ေတြ ထပ္စိတ္ ဆင္းရဲမယ္။ ေလာဘ၊ ေဒါသေတြ ထပ္ျဖစ္လာရင္ အပါယ္ဘံုလို႔ေျပာတဲ့ တိရစၧာန္ကို ေရာက္သြားမွာစိုးလို႔ ေဟာမေပးတာ''ဟု ရွင္းျပသည္။

၀ိညာဥ္မ်ားႏွင့္ ဆက္သြယ္ေမးျမန္းရန္အတြက္ အဓိကက်သည့္အခ်က္မွာ ေသဆံုးသူ ေသစာရင္း သုသာန္မွ ယူေဆာင္လာရန္ျဖစ္သည္ဟု ဆိုသည္။ ၀ိညာဥ္ေမးလိုသူက တိက်သည့္ အေထာက္အထားမျပဘဲ ေမးျမန္းမိ ပါက ေထာင္ေသာင္းႏွင့္ခီ်ေသာ ၀ိညာဥ္မ်ားထဲမွ ေရြးခ်ယ္ေခၚယူရန္ အခက္အခဲရိွေသာေၾကာင့္ျဖစ္သည္ဟု ဆိုသည္။ ယင္းအခ်က္ကို အေသအခ်ာမသိေသာ ၀ိညာဥ္ေမးသူမ်ားက ေသဆံုးသူ၏ ေန႔ရက္၊ အမည္သာ ယူလာျခင္း၊ နာေရးမိတၱဴစာရြက္၊ နာေရးယပ္ေတာင္ စသည္တို႔အား ယူေဆာင္လာ၍ေမးျမန္းေလ့ရိွသည္ဟု ဆိုသည္။ ''နာေရးဖိတ္စာတို႔၊ ယပ္ေတာင္တို႔ဆိုတာ မရိွ၊ ရိွတဲ့ဟာကိုေတာင္းရတဲ့ သေဘာပါ။ ကြ်န္မတို႔က ကိုယ္ပိုင္ဥာဏ္စြမ္းအင္နဲ႔လုပ္ရတာ မဟုတ္ဘူး။ သုသာန္မွာ ပိုင္ဆိုင္တဲ့ ပုဂၢိဳလ္ရိွပါတယ္။ ဒီစာရင္း အ၀င္ အထြက္က သိရသေလာက္ ေျပာရရင္ ဘာေတြ႕လဲဆိုေတာ့ လူေတြဟာ မေသခင္တလေလာက္အလိုမွာ ေသစာရင္းက သုသာန္မွာေရာက္ေနပါတယ္။ လူသားဘယ္ေလာက္ ေနေကာင္းသည္ျဖစ္ေစ ဒီလူေသေတာ့ မယ္ဆို သုသာန္မွာ စာရင္းက တလၾကိဳျပီးေရာက္တဲ့ ထံုးစံရိွပါတယ္။ အဲဒီေတာ့ လူေတြလာေမးတဲ့ စာရင္းနဲ႔ တိုက္ျပီး ၀ိညာဥ္ကိုေခၚရပါတယ္။ ဒီလိုမဟုတ္ဘဲ မတိက်ရင္ ေထာင္ေသာင္းခီ်တဲ့ ၀ိညာဥ္ေတြက ေရာက္လာ တတ္လို႔ပါ''ဟု ရွင္းျပသည္။

၀ိညာဥ္ေလာကတြင္လည္း ႀကီးနိုင္ငယ္ညွဥ္းရိွတတ္ျပီး အလွဴဒါနလိုခ်င္သည့္ ၀ိညာဥ္မွေခၚသူဘက္မွ မတိက် မႈကို အခြင့္ေကာင္းယူကာေခၚယူသည့္ ၀ိညာဥ္ပံုစံျဖင့္ လိမ္လည္မႈလည္းရိွသည္ဟု ဆိုသည္။ ''ကြ်န္မတို႔က တိတိက်က်မေခၚခဲ့ရင္ ေထာင္ေသာင္းခီ်တဲ့ ၀ိညာဥ္ေတြနဲ႔ ေရြးရခက္တယ္။ သူတို႔လိမ္တာလည္း ခံရတတ္ တယ္။ ကိုယ္ေခၚတဲ့ ၀ိညာဥ္အေယာင္ေဆာင္ၿပီး ေကာင္းမႈကုသိုလ္လုပ္ခိုင္းတာရိွတယ္။ ကြ်န္မအတြက္ မနစ္နာ ေပမယ့္ ကာယကံရွင္အတြက္ နစ္နာတယ္။ ဒါေၾကာင့္ ေသစာရင္းယူခဲ့ရင္ သုသာန္ေစာင့္တဲ့ပုဂၢိဳလ္က တေယာက္ပဲလႊတ္ေပးတဲ့အတြက္ အဆင္ေျပတယ္ေလ၊ ၀ိညာဥ္မ်ား အမ်ားဆံုးေတာင္းဆိုေလ့ရိွသည့္အရာမွာ ေသာက္ေရႏွင့္ ဖိနပ္''ဟု ဆိုသည္။ ေသဆံုးခဲ့သူမွာ မေသခင္ ခံစားခဲ့ရသည့္ ေ၀ဒနာအား စဲြလမ္း၍ ရုပ္ခႏၶာရိွေန သည္ဟု အထင္ျဖင့္ ေတာင္းဆိုေလ့ရိွျခင္းျဖစ္သည္။ မေသခင္စဲြလမ္းခဲ့သည့္ ရုပ္ခႏၶာကိုယ္အား စဲြလမ္းျခင္းေၾကာင့္ ၀ိညာဥ္မ်ားသည္ ရွည္လ်ားသည့္ အေၾကာင္းအရာမ်ားအား မမွတ္ႏိုင္ဘဲ မေသခင္မွ ရိွေနသည့္ ေ၀ဒနာေဇာအရ စဲြလမ္းသည့္အရာအား ေတာင္းဆိုသည္ဟု ဆိုသည္။
''တခါက ဂတ္စ္အိုးေပါက္လို႔ မိသားစုလိုက္ ေသသြားတဲ့သူေတြကို ေမးျမန္းျဖစ္ေတာ့ ကေလးေလး တေယာက္ ကို ကြ်န္မ ေမးၾကည့္တယ္။ သူက ေရာက္လာ,လာျခင္းမွာပဲ အန္တီ အန္တီ သားကို ေခါင္းရွာေပး၊ အဲဒါပဲ ေျပာတယ္။ ဂတ္စ္အိုးကဲြ တုန္းက သူေခါင္းျပဳတ္ျပီး ဆံုးတာကို စိတ္ထဲစဲြျပီး အပါယ္ကိုလည္း ေရာက္ေရာ ေခါင္းရွာတဲ့ အလုပ္က သူ႔အတြက္ျဖစ္ေနတာ သူ႔အတြက္စားဖို႔၊ ေသာက္ဖို႔ မိသားစုအေရးကို မေမးနိုင္ဘူး''ဟု ဆရာမက အေတြ႕အၾကံဳကို ေျပာျပသည္။

ေဒၚေအးေအးျမင့္က ၀ိညာဥ္ေဟာျခင္းနွင့္ သူမ၏ အေတြ႕အၾကံဳမ်ားကို ရွင္းျပရာတြင္ အကိ်ဳးေၾကာင္း မဆီ ေလ်ာ္ေသာစကားမ်ား မေျပာ၊ လိွမ့္လံုး ေျခာက္လံုးမပါ၊ ရိုးရိုးရွင္းရွင္းနွင့္ သူမ ေတြ႕ၾကံဳခဲ့ဖူးသည္မ်ားအား စိတ္ရွည္လက္ရွည္ ရွင္းျပသည္။ ၀ိညာဥ္ေဟာျခင္းအလုပ္သည္ကား စီးပြားေရးတခုအျဖစ္ သတ္မွတ္မထားဘဲရရိွသည့္ ေငြေၾကးျဖင့္ အလွဴအတန္း ပိုမိုလုပ္နိုင္ရန္နွင့္ ၀ိညာဥ္တို႔၏ အခက္အခဲအား တတ္နိုင္သည့္ဘက္မွကူညီရန္အျပင္ က်န္ရစ္သူမိသားစုအတြက္ ေကာင္းမႈကုသိုလ္ ပိုမိုလုပ္ေဆာင္နိုင္ရန္သာ အေလးေပးေဆာင္ရြက္ေနသူ ျဖစ္သည္။ ၀ိညာဥ္ေမးျမန္းရန္အတြက္ တဦးလွ်င္ က်ပ္ ၅၀၀၀ လူတိုင္းတတ္နိုင္သည့္ ပမာဏသာ သတ္မွတ္ထားျပီး ေမးျမန္းသူ အလြန္မ်ားသည့္ စေန၊ တနဂၤေႏြမ်ားတြင္ ၾကိဳတင္စာရင္းေပးျပီးမွသာ ေမးျမန္းခြင့္ရနိုင္ျပီး က်န္ရက္မ်ားတြင္ လူအနည္းငယ္ကဲ်ပါးတတ္သည္။

၀ိညာဥ္ေခၚယူေမးျမန္းျခင္း၏ အဓိကအခ်က္မ်ားမွာ ၀ိညာဥ္မ်ား အေ၀းသို႔ ေရာက္ေနျခင္းအား ျပန္ေခၚျခင္း၊ ၀ိညာဥ္ဘ၀၌ စားေသာက္ေနထိုင္မႈဆိုင္ရာ အခက္အခဲမ်ားအား ေကာင္းမႈကုသိုလ္ျပဳလုပ္ေပးလိုျခင္း၊ အပါယ္ဘံုက်ေရာက္ျခင္းထက္ ဆိုးရြားသည့္ ဘံုဘ၀မ်ား သို႔မေရာက္ေစရန္နွင့္ ေကာင္းမြန္သည့္ဘ၀ထံ ကူးေျပာင္းေစရန္ ေမးျမန္းျခင္း၊ ေဟာေျပာျခင္းမ်ားျဖစ္သည္ဟု ဆိုသည္။ ယင္းသို႔ ျပဳလုပ္ေပးေသာ္လည္း ၀ိညာဥ္၏ ေကာင္းမႈ၊ မေကာင္းမႈ ျပဳလုပ္ခဲ့သည့္ ကံနွင့္လည္း မ်ားစြာသက္ဆိုင္ေလ့ရိွသည္ဟု ဆိုသည္။ ၀ိညာဥ္ေလာကသို႔ ေရာက္ရိွေနသူမ်ား၏ ဒုကၡအခက္အခဲမ်ားအား က်န္ရစ္သူမိသားစုက ေကာင္းမႈကုသိုလ္ ျပဳလုပ္ေပးျခင္းနွင့္အတူ ၎၏ အတိတ္ကံနွင့္ တိုက္ရိုက္သက္ဆိုင္သည္ဟု ဆိုသည္။

''တခ်ဳိ႕၀ိညာဥ္ေတြက သူေရာက္ေနတဲ့ ဘံုဘ၀ကေန ေကာင္းတဲ့ဘ၀ကို ေရာက္ခ်င္တာတို႔ ေရာက္ေနတဲ့ ဘံုဘ၀က အခက္အခဲေၾကာင့္ အလွဴအတန္းျပဳေစခ်င္တာေတြ က်န္ရစ္သူ မိသားစုကလည္း လုပ္ေပးတာကို သာဓုေခၚခ်င္တယ္။ ဒါေပမဲ့ ဒီလိုလုပ္ေပးလို႔လည္း သူ႕ဆီကို ျပည့္စံုတဲ့ အေထာက္အပံ့မရတဲ့ဟာမ်ဳိး ႀကံဳဖူးတယ္။ ဘယ္လိုလဲဆိုေတာ့ က်န္ရစ္သူက အကုန္လုပ္ေပးတယ္။ သူကိုယ္တိုင္လည္း သာဓုေခၚခြင့္ရခဲ့ တယ္။ ဒီအတြက္ ေသခ်ာျပန္ဆန္းစစ္ေတာ့ သူကမိဘကို ျပစ္မွားခဲ့တာရိွတယ္။ ဆိုးခဲ့တာေတြ၊ ေသာက္စား တာေတြ သြားေတြ႕တယ္။ ဒါ သူ႕ရဲ႕ကံေၾကာင့္ အေထာက္အပံ့ေကာင္း မရနိုင္တာေပါ့''ဟု ရွင္းျပသည္။

၀ိညာဥ္မ်ားနွင့္ ေတြ႕ဆံုရန္ အခိ်န္ကို မြန္းတည့္ ၁၂ နာရီမွ ညေန ၆ နာရီထိ သတ္မွတ္ထားသည္။ နံနက္ေစာေစာ ေတြ႕ဆံု၍ရေသာ္လည္း ၀ိညာဥ္မ်ားလာရာလမ္း၌ ျမင့္ျမတ္သည့္ ရဟန္းသံဃာမ်ား ဆြမ္းခံၾကြ ခိ်န္ျဖစ္ေသာေၾကာင့္ ၀ိညာဥ္မ်ား၌ အခက္အခဲရိွသည္ဟု ဆိုသည္။ ၀ိညာဥ္ ေခၚရာ၌ ၾကာခိ်န္သည္ နိုင္ငံရပ္ျခား ေရာက္ေနသူမ်ားႏွင့္ မလာေရာက္လိုသည့္ ၀ိညာဥ္မ်ားသာ အခိ်န္နွစ္မိနစ္ခန္႔ ၾကာျမင့္တတ္ျပီး ပံုမွန္ဆိုလွ်င္ အာရံုျပဳလိုက္လွ်င္ပင္ ေရာက္လာသည္ဟု ဆိုသည္။ ''တခ်ဳိ႕ ၀ိညာဥ္ေတြက ကိုယ့္ကိုယ္ကိုယ္ေသတယ္လို႔ မခံယူဘူး။ သူတို႔ကိုေခၚရင္ နွစ္မိနစ္ေလာက္ၾကာတယ္။ ပံုမွန္ကေတာ့ သူတို႔စိတ္ကေလးပဲဆိုေတာ့ အာရံုျပဳ တာနဲ႔တင္ေရာက္လာပါတယ္''

သို႔ေသာ္လည္း အာရံုျပဳျပီး လာေရာက္ရန္ အခက္အခဲရိွသည့္ ၀ိညာဥ္မ်ားလည္းရိွတတ္ရာ ၎တို႔၏ စဲြလမ္းမႈ ကံေၾကာင့္ ေကာင္းမႈျပဳလုပ္ရမည့္ ေနရာသို႔ေရာက္ေအာင္မလာႏိုင္ဘဲ ရိွတတ္သည္ ဆိုသည္။
မ်ားေသာအားျဖင့္ ၀ိညာဥ္မ်ားသည္ ၎တို႔အတြက္ ေကာင္းမႈကုသိုလ္ျပဳလုပ္ေစလိုျပီး ေကာင္းမြန္သည့္ ဘံုဘ၀သို႔ေရာက္လိုသည့္ ၀ိညာဥ္ရိွသလို လက္ရိွေရာက္ရိွေနေသာ ဘံုဘ၀၌ ေပ်ာ္ရႊင္ေနသည့္ ၀ိညာဥ္မ်ား လည္း ရိွတတ္ေလသည္။ ''ၾကံဳဖူးတာ တခုေျပာရရင္ ၀ိညာဥ္ ကိုေခၚလိုက္ေတာ့ သူ႕မွာ မိန္းမနဲ႔ ကေလးနွစ္ ေယာက္ရေနျပီ၊ သူ႕အတြက္ ေကာင္းမႈကုသိုလ္ျပဳေပးဖို႔ဆိုေတာ့ သူက လက္မခံဘူး။ ကိုယ္ကလည္း က်န္တဲ့ မိန္းမနဲ႔ ကေလးနာမည္လည္းမသိေတာ့ ရမ္းသန္းျပီး သာဓုေခၚ ခိုင္းလို႔မရနိုင္ဘူး။ ဒါကို ေလ့လာမိရင္ သူတို႔ ဘံုဘ၀မွာ အိမ္ေထာင္သား ေမြးလုပ္တာေတြလည္း ရိွတယ္ဆိုတဲ့ သေဘာေပါ့''

ေတြ႕ၾကံဳဖူးသည့္၀ိညာဥ္မ်ားထဲမွ လူလတ္ပိုင္းအရြယ္ရိွ ၀ိညာဥ္တခုကို ေမးျမန္းရာ ထို၀ိညာဥ္က ရပ္တန္႔၍ အေျဖမေပးႏိုင္ဘဲ ေျပးလႊားေနမွသာ သက္သာရာရသည္ဟုဆိုသည္။ ''သူကရပ္ျပီး အေျဖေပးရင္ ေနာက္က လိုက္လာတဲ့ မီးလံုးၾကီးက သူ႕ကို ေလာင္ေတာ့မယ္၊ ဒါေၾကာင့္ ရပ္လို႔မရဘူးလို႔ ျပန္ေျပာတယ္။ ဒါနဲ႔ ဘာလို႔ အဲဒီလို ျဖစ္လဲလို႔ေမးေတာ့ သူကျပန္ မေျပာဘဲ ကုန္းျပတယ္။ အဲဒီမွာ ေတြ႕တာက သူ႕တင္ပါးမွာ ဘာေရးထား လဲဆိုေတာ့ ၀င္လာမစဲ တသဲသဲလို႔ ေရးထားတယ္။ ဒါဟာ အမ်ားသူငါက ေကာင္းတဲ့ အတိတ္နိမိတ္နဲ႔ ေရးတဲ့စာကို သူကဖင္မွာေရးထားေတာ့ အဲဒီ၀ဋ္ဆင္းရဲကို ခံေနရတာ''ဟု ရွင္းျပသည္။

ထို႔ျပင္ ၀ိညာဥ္မ်ား၏ ကံအဆင့္ အတန္းေပၚမူတည္ကာ အဆင္းသဏၭာန္လည္း ကြာျခားေၾကာင္း၊ အခ်ဳိ႕ေသာ ၀ိညာဥ္မ်ားသည္ သိုက္သို႔ေရာက္သြားေသာ္လည္း ကံအဆင့္ဆင့္ေပၚ မူတည္၍ ပါးစပ္၊ မ်က္လံုးမ်ား မပါရိွဘဲ မ်က္ႏွာျပားျပားေပၚတြင္ ႏွာေခါင္းဘုၾကီးသာပါသည့္ ၀ိညာဥ္အားလည္း ေတြ႕ဖူးသည္ဟု ဆိုသည္။
ေကာင္းမႈကုသိုလ္ျပဳေပးရာ၌လည္း ေကာင္းရာမြန္ရာသို႔ေရာက္ေစလိုသည့္ ၀ိညာဥ္အား သတ္သတ္မွတ္မွတ္ အမည္နာမေခၚ၊ ေနရာထိုင္ခင္းေပးၿပီး အလွဴအတန္းလုပ္မွ ထိေရာက္မႈရိွသည္ဟု ဆိုသည္။

ေဒၚေအးေအးျမင့္သည္ ယခုကဲ့သို႔၀ိညာဥ္မ်ားနွင့္ ေတြ႕ဆံုေဟာေျပာႏိုင္ရန္ ဘယ္တုန္းကမွ် ထင္မွတ္မထား ေၾကာင္း ေဟာေျပာနိုင္ရန္အတြက္ ေလ့လာခဲ့ျခင္းလည္း မရိွဟု ဆိုသည္။ သူမအသက္ (၁၈) နွစ္အရြယ္ခန့္ တြင္ သူမ၏ဖခင္မွ ဘုရားဂုဏ္ေတာ္ကိုးပါးအား ရြတ္ဖတ္ခိုင္းရာမွ အစဥ္အျမဲ ရြတ္ဖတ္ျခင္း ေန႔စဥ္ ဂုဏ္ေတာ္ ကိုးပါးနွင့္ တရားထိုင္ျခင္း စဥ္ဆက္မျပတ္ လုပ္လာရာမွ ထူးျခားမႈမ်ားေတြ႕လာခဲ့သည္ဟု ဆိုသည္။ ''အဲဒါကိုတစိုက္ မတ္မတ္လုပ္လာရင္းက ထူးျခားတဲ့အသိေတြ၊ နိမိတ္ပံုေတြရလာတယ္။ အဲဒီကေနစၿပီး အၾကား အျမင္ေဟာတာ အဲဒါလည္း သိလို႔ရယ္လည္း မဟုတ္ဘူး။ အၾကားအျမင္ေဟာရင္း အမ်ဳိးသမီးတေယာက္က သူ႕အမ်ဳိးသားနဲ႔ စကားမ်ားတာ ကြ်န္မနဲ႔ေတြ႕တယ္။ အဲဒီအခိ်န္ ဘာျမင္လဲဆိုေတာ့ သူ႕ရင္ဘတ္ထဲမွာ ဒီကျပန္ရင္ ေသာက္မယ့္ အဆိပ္ပုလင္းကို ကြ်န္မ အာရံုကေန သိတယ္။ အဲဒီလို သိတာကေန တျဖည္းျဖည္း ပိုပိုျပီး တရားထိုင္တာ၊ က်င့္တာေတြလုပ္ရင္း ဒီ၀ိညာဥ္ေဟာတာကို လုပ္ျဖစ္သြားတယ္''ဟု ၀ိညာဥ္အျမင္ေဟာ ဆရာမျဖစ္ လာပံုအား ေျပာျပသည္။

၀ိညာဥ္ေဟာဆရာမအျဖစ္ ယံုၾကည္ျခင္း၊ မယံုၾကည္ျခင္း၊ လက္ခံျခင္း၊ လက္မခံျခင္းထက္ ၀ိညာဥ္ေလာက၌ ၾကံဳေတြ႕ေနေသာ အခက္အခဲ ဒုကၡမ်ားအား ေန႔စဥ္ျမင္ေတြ႕ေနရေသာေၾကာင့္ လက္ရိွလူ႕ေလာကတြင္ က်င္ လည္ေနသူမ်ားအား ငါးပါးသီလ ေစာင့္ထိန္းရန္၊ ေလာဘ၊ ေဒါသ၊ ေမာဟမ်ားအား သည္းခံစိတ္ေမြးနိုင္ရန္၊ ေကာင္းမႈကုသိုလ္မ်ားကို ပိုမိုျပဳလုပ္နိုင္ရန္ အမ်ားသူငါအား ပိုမိုသိရိွေစလို၍ ယခုကဲ့သို႔ News Watch မွတဆင့္ ေျပာၾကားရျခင္း ျဖစ္သည္ဟု ဆိုသည္။ ထို႔ျပင္ ၀ိညာဥ္ေလာက၊ ပရေလာကအေပၚ ယံုၾကည္သူမ်ားရိွသကဲ့သို႔ မယံုၾကည္သူမ်ားလည္းရိွရာ ယင္းအေပၚ၌ အျငင္းပြားလိုျခင္းလည္း မရိွေပ။ မိသားစု၀င္တစံု တေယာက္ လူ႕ေလာကအား စြန္႔ခြာသြားခဲ့သည့္အခိ်န္၌ က်န္ရစ္သူမ်ားသည္ ၾကီးစြာေသာ ပူေဆြးေသာကျဖင့္ အားကိုးရွာ တတ္၏။ သြားေလသူအတြက္လည္း ေကာင္းမြန္သည့္ ဘံုဘ၀အား ေရာက္ရိွေစလိုတတ္ၾကရာ ၀ိညာဥ္ေမးျမန္း ျခင္းသည္ စိတ္ေျဖရာတခုျဖစ္သကဲ့သို႔ ေကာင္းမႈကုသိုလ္ျပဳလုပ္ခိုင္းသည့္ ၀ိညာဥ္ေမးျမန္းျခင္းသည္ ကြယ္လြန္ သြားသူ ေကာင္းက်ဳိးခံစားရျခင္း၊ မရျခင္းထက္ လတ္တေလာ ေကာင္းမႈကုသိုလ္ေတြျပဳျဖစ္ျခင္းသည္လည္း ကုသိုလ္အလုပ္ျဖစ္ေၾကာင္း ေရးသားလိုက္ရပါသည္။

ကိုခက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

...............................................................

၀ိညာဉ်များနှင့် ဆက်သွယ်စကားပြောသူ Ghost Whisperer ဒေါ်အေးအေးမြင့်နှင့် စကားပြောခြင်း



“သုသာန်မှာ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ ဒီစာရင်း အဝင် အထွက်က သိရသလောက် ပြောရရင် ဘာတွေ့လဲဆိုတော့ လူတွေဟာ မသေခင်တလလောက်အလိုမှာ သေစာရင်းက သုသာန်မှာရောက်နေပါတယ်။ လူသားဘယ်လောက် နေကောင်းသည်ဖြစ်စေ ဒီလူသေတော့ မယ်ဆို သုသာန်မှာ စာရင်းက တလကြိုပြီးရောက်တဲ့ ထုံးစံရှိပါတယ်…”
------ ------ ------ ------ ------

''၀ိညာဉ်တွေရဲ့ ဘဝက လေ့လာမိသလောက်ပြောရရင် အရမ်းဒုက္ခရောက်နေကြတာ များတယ်။ သေသေချာချာ ပြန်ကြည့်တော့လည်း သေဆုံးသွားတဲ့ လူတွေ ၉၀ ရာခိုင်နှုန်းက မကောင်းတဲ့ ဘုံဘဝကိုရောက်နေကြ တာတွေ့ရတယ်''ဟု ဆိုသူသည် အသက် (၄၀) ကျော်ခန့်ရှိသည့် သန်လျင်မြို့နယ်နေ ၀ိညာဉ်များနှင့် ဆက်သွယ်မေးမြန်းပေးသည့် ဒေါ်အေးအေးမြင့် ဖြစ်သည်။

ဒေါ်အေးအေးမြင့်သည် လက်ရှိအချိန်၌ ၀ိညာဉ်အမြင်ဟောခြင်းအား လုပ်ဆောင်လျက်ရှိပြီး ၀ိညာဉ်မေးလို သူများဘက်မှ ဆောင်ရန် ရှောင်ရန် များစွာရှိသည်ကိုလည်း ရှင်းပြသည်။ 'ရာဇဝတ်မှုနဲ့ ပတ်သက်တာရယ်၊ အမွေဆိုင်ပြဿနာရှိသူတွေအတွက် ၀ိညာဉ်မေး မပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ အစွဲ အလမ်းဥပါဒါန်ကြောင့် ဒီဘုံဘဝကိုရောက်နေတာ သူတို့လည်း နောက်ကြောင်းပြန်လုပ်ပေးနိုင်တာ မဟုတ်ဘူး။ သူတို့လည်း ဘဝတခုကို လွတ်လပ်စွာသွားတော့မယ့်ဟာကို ကျွန်မတို့က ကိုယ်ကျိုးအတွက် သူတို့ကို အသုံးချ ပြီး မေးလိုက်ရင် သူတို့က ဒါတွေကို ပြန်စွဲလမ်းပြီး ဒုက္ခကို ထပ်နှိုးဆွသလို ဖြစ်နေမယ်။ သူတို့တွေ ထပ်စိတ် ဆင်းရဲမယ်။ လောဘ၊ ဒေါသတွေ ထပ်ဖြစ်လာရင် အပါယ်ဘုံလို့ပြောတဲ့ တိရစ္ဆာန်ကို ရောက်သွားမှာစိုးလို့ ဟောမပေးတာ''ဟု ရှင်းပြသည်။

၀ိညာဉ်များနှင့် ဆက်သွယ်မေးမြန်းရန်အတွက် အဓိကကျသည့်အချက်မှာ သေဆုံးသူ သေစာရင်း သုသာန်မှ ယူဆောင်လာရန်ဖြစ်သည်ဟု ဆိုသည်။ ၀ိညာဉ်မေးလိုသူက တိကျသည့် အထောက်အထားမပြဘဲ မေးမြန်းမိ ပါက ထောင်သောင်းနှင့်ချီသော ၀ိညာဉ်များထဲမှ ရွေးချယ်ခေါ်ယူရန် အခက်အခဲရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ယင်းအချက်ကို အသေအချာမသိသော ၀ိညာဉ်မေးသူများက သေဆုံးသူ၏ နေ့ရက်၊ အမည်သာ ယူလာခြင်း၊ နာရေးမိတ္တူစာရွက်၊ နာရေးယပ်တောင် စသည်တို့အား ယူဆောင်လာ၍မေးမြန်းလေ့ရှိသည်ဟု ဆိုသည်။ ''နာရေးဖိတ်စာတို့၊ ယပ်တောင်တို့ဆိုတာ မရှိ၊ ရှိတဲ့ဟာကိုတောင်းရတဲ့ သဘောပါ။ ကျွန်မတို့က ကိုယ်ပိုင်ဉာဏ်စွမ်းအင်နဲ့လုပ်ရတာ မဟုတ်ဘူး။ သုသာန်မှာ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ ဒီစာရင်း အဝင် အထွက်က သိရသလောက် ပြောရရင် ဘာတွေ့လဲဆိုတော့ လူတွေဟာ မသေခင်တလလောက်အလိုမှာ သေစာရင်းက သုသာန်မှာရောက်နေပါတယ်။ လူသားဘယ်လောက် နေကောင်းသည်ဖြစ်စေ ဒီလူသေတော့ မယ်ဆို သုသာန်မှာ စာရင်းက တလကြိုပြီးရောက်တဲ့ ထုံးစံရှိပါတယ်။ အဲဒီတော့ လူတွေလာမေးတဲ့ စာရင်းနဲ့ တိုက်ပြီး ၀ိညာဉ်ကိုခေါ်ရပါတယ်။ ဒီလိုမဟုတ်ဘဲ မတိကျရင် ထောင်သောင်းချီတဲ့ ၀ိညာဉ်တွေက ရောက်လာ တတ်လို့ပါ''ဟု ရှင်းပြသည်။

၀ိညာဉ်လောကတွင်လည်း ကြီးနိုင်ငယ်ညှဉ်းရှိတတ်ပြီး အလှူဒါနလိုချင်သည့် ၀ိညာဉ်မှခေါ်သူဘက်မှ မတိကျ မှုကို အခွင့်ကောင်းယူကာခေါ်ယူသည့် ၀ိညာဉ်ပုံစံဖြင့် လိမ်လည်မှုလည်းရှိသည်ဟု ဆိုသည်။ ''ကျွန်မတို့က တိတိကျကျမခေါ်ခဲ့ရင် ထောင်သောင်းချီတဲ့ ၀ိညာဉ်တွေနဲ့ ရွေးရခက်တယ်။ သူတို့လိမ်တာလည်း ခံရတတ် တယ်။ ကိုယ်ခေါ်တဲ့ ၀ိညာဉ်အယောင်ဆောင်ပြီး ကောင်းမှုကုသိုလ်လုပ်ခိုင်းတာရှိတယ်။ ကျွန်မအတွက် မနစ်နာ ပေမယ့် ကာယကံရှင်အတွက် နစ်နာတယ်။ ဒါကြောင့် သေစာရင်းယူခဲ့ရင် သုသာန်စောင့်တဲ့ပုဂ္ဂိုလ်က တယောက်ပဲလွှတ်ပေးတဲ့အတွက် အဆင်ပြေတယ်လေ၊ ၀ိညာဉ်များ အများဆုံးတောင်းဆိုလေ့ရှိသည့်အရာမှာ သောက်ရေနှင့် ဖိနပ်''ဟု ဆိုသည်။ သေဆုံးခဲ့သူမှာ မသေခင် ခံစားခဲ့ရသည့် ဝေဒနာအား စွဲလမ်း၍ ရုပ်ခန္ဓာရှိနေ သည်ဟု အထင်ဖြင့် တောင်းဆိုလေ့ရှိခြင်းဖြစ်သည်။ မသေခင်စွဲလမ်းခဲ့သည့် ရုပ်ခန္ဓာကိုယ်အား စွဲလမ်းခြင်းကြောင့် ၀ိညာဉ်များသည် ရှည်လျားသည့် အကြောင်းအရာများအား မမှတ်နိုင်ဘဲ မသေခင်မှ ရှိနေသည့် ဝေဒနာဇောအရ စွဲလမ်းသည့်အရာအား တောင်းဆိုသည်ဟု ဆိုသည်။
''တခါက ဂတ်စ်အိုးပေါက်လို့ မိသားစုလိုက် သေသွားတဲ့သူတွေကို မေးမြန်းဖြစ်တော့ ကလေးလေး တယောက် ကို ကျွန်မ မေးကြည့်တယ်။ သူက ရောက်လာ,လာခြင်းမှာပဲ အန်တီ အန်တီ သားကို ခေါင်းရှာပေး၊ အဲဒါပဲ ပြောတယ်။ ဂတ်စ်အိုးကွဲ တုန်းက သူခေါင်းပြုတ်ပြီး ဆုံးတာကို စိတ်ထဲစွဲပြီး အပါယ်ကိုလည်း ရောက်ရော ခေါင်းရှာတဲ့ အလုပ်က သူ့အတွက်ဖြစ်နေတာ သူ့အတွက်စားဖို့၊ သောက်ဖို့ မိသားစုအရေးကို မမေးနိုင်ဘူး''ဟု ဆရာမက အတွေ့အကြုံကို ပြောပြသည်။

ဒေါ်အေးအေးမြင့်က ၀ိညာဉ်ဟောခြင်းနှင့် သူမ၏ အတွေ့အကြံုများကို ရှင်းပြရာတွင် အကျိုးကြောင်း မဆီ လျော်သောစကားများ မပြော၊ လှိမ့်လုံး ခြောက်လုံးမပါ၊ ရိုးရိုးရှင်းရှင်းနှင့် သူမ တွေ့ကြံုခဲ့ဖူးသည်များအား စိတ်ရှည်လက်ရှည် ရှင်းပြသည်။ ၀ိညာဉ်ဟောခြင်းအလုပ်သည်ကား စီးပွားရေးတခုအဖြစ် သတ်မှတ်မထားဘဲရရှိသည့် ငွေကြေးဖြင့် အလှူအတန်း ပိုမိုလုပ်နိုင်ရန်နှင့် ၀ိညာဉ်တို့၏ အခက်အခဲအား တတ်နိုင်သည့်ဘက်မှကူညီရန်အပြင် ကျန်ရစ်သူမိသားစုအတွက် ကောင်းမှုကုသိုလ် ပိုမိုလုပ်ဆောင်နိုင်ရန်သာ အလေးပေးဆောင်ရွက်နေသူ ဖြစ်သည်။ ၀ိညာဉ်မေးမြန်းရန်အတွက် တဦးလျှင် ကျပ် ၅၀၀၀ လူတိုင်းတတ်နိုင်သည့် ပမာဏသာ သတ်မှတ်ထားပြီး မေးမြန်းသူ အလွန်များသည့် စနေ၊ တနင်္ဂနွေများတွင် ကြိုတင်စာရင်းပေးပြီးမှသာ မေးမြန်းခွင့်ရနိုင်ပြီး ကျန်ရက်များတွင် လူအနည်းငယ်ကျဲပါးတတ်သည်။

၀ိညာဉ်ခေါ်ယူမေးမြန်းခြင်း၏ အဓိကအချက်များမှာ ၀ိညာဉ်များ အဝေးသို့ ရောက်နေခြင်းအား ပြန်ခေါ်ခြင်း၊ ၀ိညာဉ်ဘဝ၌ စားသောက်နေထိုင်မှုဆိုင်ရာ အခက်အခဲများအား ကောင်းမှုကုသိုလ်ပြုလုပ်ပေးလိုခြင်း၊ အပါယ်ဘုံကျရောက်ခြင်းထက် ဆိုးရွားသည့် ဘုံဘဝများ သို့မရောက်စေရန်နှင့် ကောင်းမွန်သည့်ဘဝထံ ကူးပြောင်းစေရန် မေးမြန်းခြင်း၊ ဟောပြောခြင်းများဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ ပြုလုပ်ပေးသော်လည်း ၀ိညာဉ်၏ ကောင်းမှု၊ မကောင်းမှု ပြုလုပ်ခဲ့သည့် ကံနှင့်လည်း များစွာသက်ဆိုင်လေ့ရှိသည်ဟု ဆိုသည်။ ၀ိညာဉ်လောကသို့ ရောက်ရှိနေသူများ၏ ဒုက္ခအခက်အခဲများအား ကျန်ရစ်သူမိသားစုက ကောင်းမှုကုသိုလ် ပြုလုပ်ပေးခြင်းနှင့်အတူ ၎င်း၏ အတိတ်ကံနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ဆိုသည်။

''တချို့ဝိညာဉ်တွေက သူရောက်နေတဲ့ ဘုံဘဝကနေ ကောင်းတဲ့ဘဝကို ရောက်ချင်တာတို့ ရောက်နေတဲ့ ဘုံဘဝက အခက်အခဲကြောင့် အလှူအတန်းပြုစေချင်တာတွေ ကျန်ရစ်သူ မိသားစုကလည်း လုပ်ပေးတာကို သာဓုခေါ်ချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးလို့လည်း သူ့ဆီကို ပြည့်စုံတဲ့ အထောက်အပံ့မရတဲ့ဟာမျိုး ကြံုဖူးတယ်။ ဘယ်လိုလဲဆိုတော့ ကျန်ရစ်သူက အကုန်လုပ်ပေးတယ်။ သူကိုယ်တိုင်လည်း သာဓုခေါ်ခွင့်ရခဲ့ တယ်။ ဒီအတွက် သေချာပြန်ဆန်းစစ်တော့ သူကမိဘကို ပြစ်မှားခဲ့တာရှိတယ်။ ဆိုးခဲ့တာတွေ၊ သောက်စား တာတွေ သွားတွေ့တယ်။ ဒါ သူ့ရဲ့ကံကြောင့် အထောက်အပံ့ကောင်း မရနိုင်တာပေါ့''ဟု ရှင်းပြသည်။

၀ိညာဉ်များနှင့် တွေ့ဆုံရန် အချိန်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီထိ သတ်မှတ်ထားသည်။ နံနက်စောစော တွေ့ဆုံ၍ရသော်လည်း ၀ိညာဉ်များလာရာလမ်း၌ မြင့်မြတ်သည့် ရဟန်းသံဃာများ ဆွမ်းခံကြွ ချိန်ဖြစ်သောကြောင့် ၀ိညာဉ်များ၌ အခက်အခဲရှိသည်ဟု ဆိုသည်။ ၀ိညာဉ် ခေါ်ရာ၌ ကြာချိန်သည် နိုင်ငံရပ်ခြား ရောက်နေသူများနှင့် မလာရောက်လိုသည့် ၀ိညာဉ်များသာ အချိန်နှစ်မိနစ်ခန့် ကြာမြင့်တတ်ပြီး ပုံမှန်ဆိုလျှင် အာရုံပြုလိုက်လျှင်ပင် ရောက်လာသည်ဟု ဆိုသည်။ ''တချို့ ၀ိညာဉ်တွေက ကိုယ့်ကိုယ်ကိုယ်သေတယ်လို့ မခံယူဘူး။ သူတို့ကိုခေါ်ရင် နှစ်မိနစ်လောက်ကြာတယ်။ ပုံမှန်ကတော့ သူတို့စိတ်ကလေးပဲဆိုတော့ အာရုံပြု တာနဲ့တင်ရောက်လာပါတယ်''

သို့သော်လည်း အာရုံပြုပြီး လာရောက်ရန် အခက်အခဲရှိသည့် ၀ိညာဉ်များလည်းရှိတတ်ရာ ၎င်းတို့၏ စွဲလမ်းမှု ကံကြောင့် ကောင်းမှုပြုလုပ်ရမည့် နေရာသို့ရောက်အောင်မလာနိုင်ဘဲ ရှိတတ်သည် ဆိုသည်။
များသောအားဖြင့် ၀ိညာဉ်များသည် ၎င်းတို့အတွက် ကောင်းမှုကုသိုလ်ပြုလုပ်စေလိုပြီး ကောင်းမွန်သည့် ဘုံဘဝသို့ရောက်လိုသည့် ၀ိညာဉ်ရှိသလို လက်ရှိရောက်ရှိနေသော ဘုံဘဝ၌ ပျော်ရွှင်နေသည့် ၀ိညာဉ်များ လည်း ရှိတတ်လေသည်။ ''ကြံုဖူးတာ တခုပြောရရင် ၀ိညာဉ် ကိုခေါ်လိုက်တော့ သူ့မှာ မိန်းမနဲ့ ကလေးနှစ် ယောက်ရနေပြီ၊ သူ့အတွက် ကောင်းမှုကုသိုလ်ပြုပေးဖို့ဆိုတော့ သူက လက်မခံဘူး။ ကိုယ်ကလည်း ကျန်တဲ့ မိန်းမနဲ့ ကလေးနာမည်လည်းမသိတော့ ရမ်းသန်းပြီး သာဓုခေါ် ခိုင်းလို့မရနိုင်ဘူး။ ဒါကို လေ့လာမိရင် သူတို့ ဘုံဘဝမှာ အိမ်ထောင်သား မွေးလုပ်တာတွေလည်း ရှိတယ်ဆိုတဲ့ သဘောပေါ့''

တွေ့ကြံုဖူးသည့်ဝိညာဉ်များထဲမှ လူလတ်ပိုင်းအရွယ်ရှိ ၀ိညာဉ်တခုကို မေးမြန်းရာ ထိုဝိညာဉ်က ရပ်တန့်၍ အဖြေမပေးနိုင်ဘဲ ပြေးလွှားနေမှသာ သက်သာရာရသည်ဟုဆိုသည်။ ''သူကရပ်ပြီး အဖြေပေးရင် နောက်က လိုက်လာတဲ့ မီးလုံးကြီးက သူ့ကို လောင်တော့မယ်၊ ဒါကြောင့် ရပ်လို့မရဘူးလို့ ပြန်ပြောတယ်။ ဒါနဲ့ ဘာလို့ အဲဒီလို ဖြစ်လဲလို့မေးတော့ သူကပြန် မပြောဘဲ ကုန်းပြတယ်။ အဲဒီမှာ တွေ့တာက သူ့တင်ပါးမှာ ဘာရေးထား လဲဆိုတော့ ၀င်လာမစဲ တသဲသဲလို့ ရေးထားတယ်။ ဒါဟာ အများသူငါက ကောင်းတဲ့ အတိတ်နိမိတ်နဲ့ ရေးတဲ့စာကို သူကဖင်မှာရေးထားတော့ အဲဒီဝဋ်ဆင်းရဲကို ခံနေရတာ''ဟု ရှင်းပြသည်။

ထို့ပြင် ၀ိညာဉ်များ၏ ကံအဆင့် အတန်းပေါ်မူတည်ကာ အဆင်းသဏ္ဌာန်လည်း ကွာခြားကြောင်း၊ အချို့သော ၀ိညာဉ်များသည် သိုက်သို့ရောက်သွားသော်လည်း ကံအဆင့်ဆင့်ပေါ် မူတည်၍ ပါးစပ်၊ မျက်လုံးများ မပါရှိဘဲ မျက်နှာပြားပြားပေါ်တွင် နှာခေါင်းဘုကြီးသာပါသည့် ၀ိညာဉ်အားလည်း တွေ့ဖူးသည်ဟု ဆိုသည်။
ကောင်းမှုကုသိုလ်ပြုပေးရာ၌လည်း ကောင်းရာမွန်ရာသို့ရောက်စေလိုသည့် ၀ိညာဉ်အား သတ်သတ်မှတ်မှတ် အမည်နာမခေါ်၊ နေရာထိုင်ခင်းပေးပြီး အလှူအတန်းလုပ်မှ ထိရောက်မှုရှိသည်ဟု ဆိုသည်။

ဒေါ်အေးအေးမြင့်သည် ယခုကဲ့သို့ဝိညာဉ်များနှင့် တွေ့ဆုံဟောပြောနိုင်ရန် ဘယ်တုန်းကမျှ ထင်မှတ်မထား ကြောင်း ဟောပြောနိုင်ရန်အတွက် လေ့လာခဲ့ခြင်းလည်း မရှိဟု ဆိုသည်။ သူမအသက် (၁၈) နှစ်အရွယ်ခန့် တွင် သူမ၏ဖခင်မှ ဘုရားဂုဏ်တော်ကိုးပါးအား ရွတ်ဖတ်ခိုင်းရာမှ အစဉ်အမြဲ ရွတ်ဖတ်ခြင်း နေ့စဉ် ဂုဏ်တော် ကိုးပါးနှင့် တရားထိုင်ခြင်း စဉ်ဆက်မပြတ် လုပ်လာရာမှ ထူးခြားမှုများတွေ့လာခဲ့သည်ဟု ဆိုသည်။ ''အဲဒါကိုတစိုက် မတ်မတ်လုပ်လာရင်းက ထူးခြားတဲ့အသိတွေ၊ နိမိတ်ပုံတွေရလာတယ်။ အဲဒီကနေစပြီး အကြား အမြင်ဟောတာ အဲဒါလည်း သိလို့ရယ်လည်း မဟုတ်ဘူး။ အကြားအမြင်ဟောရင်း အမျိုးသမီးတယောက်က သူ့အမျိုးသားနဲ့ စကားများတာ ကျွန်မနဲ့တွေ့တယ်။ အဲဒီအချိန် ဘာမြင်လဲဆိုတော့ သူ့ရင်ဘတ်ထဲမှာ ဒီကပြန်ရင် သောက်မယ့် အဆိပ်ပုလင်းကို ကျွန်မ အာရုံကနေ သိတယ်။ အဲဒီလို သိတာကနေ တဖြည်းဖြည်း ပိုပိုပြီး တရားထိုင်တာ၊ ကျင့်တာတွေလုပ်ရင်း ဒီဝိညာဉ်ဟောတာကို လုပ်ဖြစ်သွားတယ်''ဟု ၀ိညာဉ်အမြင်ဟော ဆရာမဖြစ် လာပုံအား ပြောပြသည်။

၀ိညာဉ်ဟောဆရာမအဖြစ် ယုံကြည်ခြင်း၊ မယုံကြည်ခြင်း၊ လက်ခံခြင်း၊ လက်မခံခြင်းထက် ၀ိညာဉ်လောက၌ ကြံုတွေ့နေသော အခက်အခဲ ဒုက္ခများအား နေ့စဉ်မြင်တွေ့နေရသောကြောင့် လက်ရှိလူ့လောကတွင် ကျင် လည်နေသူများအား ငါးပါးသီလ စောင့်ထိန်းရန်၊ လောဘ၊ ဒေါသ၊ မောဟများအား သည်းခံစိတ်မွေးနိုင်ရန်၊ ကောင်းမှုကုသိုလ်များကို ပိုမိုပြုလုပ်နိုင်ရန် အများသူငါအား ပိုမိုသိရှိစေလို၍ ယခုကဲ့သို့ News Watch မှတဆင့် ပြောကြားရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ၀ိညာဉ်လောက၊ ပရလောကအပေါ် ယုံကြည်သူများရှိသကဲ့သို့ မယုံကြည်သူများလည်းရှိရာ ယင်းအပေါ်၌ အငြင်းပွားလိုခြင်းလည်း မရှိပေ။ မိသားစုဝင်တစုံ တယောက် လူ့လောကအား စွန့်ခွာသွားခဲ့သည့်အချိန်၌ ကျန်ရစ်သူများသည် ကြီးစွာသော ပူဆွေးသောကဖြင့် အားကိုးရှာ တတ်၏။ သွားလေသူအတွက်လည်း ကောင်းမွန်သည့် ဘုံဘဝအား ရောက်ရှိစေလိုတတ်ကြရာ ၀ိညာဉ်မေးမြန်း ခြင်းသည် စိတ်ဖြေရာတခုဖြစ်သကဲ့သို့ ကောင်းမှုကုသိုလ်ပြုလုပ်ခိုင်းသည့် ၀ိညာဉ်မေးမြန်းခြင်းသည် ကွယ်လွန် သွားသူ ကောင်းကျိုးခံစားရခြင်း၊ မရခြင်းထက် လတ်တလော ကောင်းမှုကုသိုလ်တွေပြုဖြစ်ခြင်းသည်လည်း ကုသိုလ်အလုပ်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment