Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ႐ံုးရဲ႕ ႐ံုးအဖြဲ႔မႉး (Chief of Staff) တာဝန္ ဦးမိုးေဇာ္ဦးကို ခန္႔အပ္

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ႐ံုးရဲ႕ ႐ံုးအဖြဲ႔မႉး (Chief of Staff) တာဝန္ကို မနက္ျဖန္ ေဖေဖာ္ဝါရီ ၁ရက္ေန႔စၿပီး ဦးမိုးေဇာ္ဦးကို ခန္႔အပ္တဲ့အေၾကာင္း ပါတီက ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ပါတယ္။

ဦးမိုးေဇာ္ဦးဟာ NLD ဥကၠဌ႐ံုးရဲ႕ တာဝန္ခံ ေဒါက္တာတင္မာေအာင္ရဲ႕လက္ေအာက္မွာ တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး အခုအခါမွာ ေဒါက္တာတင္မာေအာင္ရဲ႕တာဝန္ကို လႊဲေျပာင္းရယူဖို႔ တာဝန္ေပးျခင္းခံရသူျဖစ္ပါတယ္။

ဦးမိုးေဇာ္ဦးဟာ ၁၉၈၈ခုႏွစ္ စက္တင္ဘာလ ပါတီထူေထာင္ခဲ့စဥ္ကတည္းက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို ဝင္ေရာက္ခဲ့သူျဖစ္ၿပီး ၁၉၉ဝမွာ ျမန္မာစစ္အစိုးရရဲ႕ဖမ္းဆီးမႈကိုခံခဲ့ရၿပီး ေထာင္ ၁ဝႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္။ ဦးမိုးေဇာ္ဦးဟာ NLD ပါတီလူငယ္အဖြဲ႔ေခါင္းေဆာင္ထဲမွာ အသက္အငယ္ဆံုးျဖစ္ခဲ့ၿပီး အဂၤလိပ္ဘာသာ အဓိကသင္ၾကားခဲ့သူ တကၠသိုလ္ေက်ာင္းသားလည္းျဖစ္ခဲ့ပါတယ္။

ဦးမိုးေဇာ္ဦးဟာ ထိုင္းႏိုင္ငံ ခ်ဳလာေလာင္ကြန္းတကၠသိုလ္မွာ ဘြဲ႔လြန္ပညာကို သင္ၾကားခဲ့ၿပီး ၂ဝ၁၂ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲၿပီးကတည္းက NLD ဥကၠဌ႐ံုးမွာ တာဝန္ယူခဲ့တာ ျဖစ္ပါတယ္။

(ဓာတ္ပံု - James Mackay)
Kamayut Media
..............................
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရုံးရဲ့ ရုံးအဖွဲ့မှူး (Chief of Staff) တာဝန်ကို မနက်ဖြန် ဖေဖော်ဝါရီ ၁ရက်နေ့စပြီး ဦးမိုးဇော်ဦးကို ခန့်အပ်တဲ့အကြောင်း ပါတီက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပါတယ်။

ဦးမိုးဇော်ဦးဟာ NLD ဥက္ကဌရုံးရဲ့ တာဝန်ခံ ဒေါက်တာတင်မာအောင်ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အခုအခါမှာ ဒေါက်တာတင်မာအောင်ရဲ့တာဝန်ကို လွှဲပြောင်းရယူဖို့ တာဝန်ပေးခြင်းခံရသူဖြစ်ပါတယ်။

ဦးမိုးဇော်ဦးဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလ ပါတီထူထောင်ခဲ့စဉ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၉၉ဝမှာ မြန်မာစစ်အစိုးရရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီး ထောင် ၁ဝနှစ် ချမှတ်ခံခဲ့ရပါတယ်။ ဦးမိုးဇော်ဦးဟာ NLD ပါတီလူငယ်အဖွဲ့ခေါင်းဆောင်ထဲမှာ အသက်အငယ်ဆုံးဖြစ်ခဲ့ပြီး အင်္ဂလိပ်ဘာသာ အဓိကသင်ကြားခဲ့သူ တက္ကသိုလ်ကျောင်းသားလည်းဖြစ်ခဲ့ပါတယ်။

ဦးမိုးဇော်ဦးဟာ ထိုင်းနိုင်ငံ ချုလာလောင်ကွန်းတက္ကသိုလ်မှာ ဘွဲ့လွန်ပညာကို သင်ကြားခဲ့ပြီး ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းက NLD ဥက္ကဌရုံးမှာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ - James Mackay)
Kamayut Media

No comments:

Post a Comment