Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚ ဌာနသို႔ ေရာက္ရွိလာေသာ လူနာမ်ား အဆင္႔ ၃ ဆင္႔ျဖင္႔ေျပာင္းလဲကုသမည္

ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးအား ေတြ႔ရစဥ္ (ဓာတ္ပုံ- အင္တာနက္)
    ရန္ကုန္၊ ဇန္နဝါရီ ၁၉ ရက္ (ဆင္ဟြာ)

    ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚ ဌာနသို႔ ေရာက္ရွိလာေသာ လူနာမ်ား အား  မလိုလားအပ္ေသာ အသက္ဆုံး႐ႈံးမႈမ်ား မျဖစ္ေပၚေစရန္ ႏုိင္ငံတကာ ကုသမႈပုံစံ အတိုင္း အဆင့္(၃)ဆင့္ျဖင့္ ေျပာင္းလဲကုသ မႈအား ယခုႏွစ္တြင္ စတင္ေျပာင္းလဲကုသသြားမည္ျဖစ္ေၾကာင္း  ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနမွ တာဝန္ရွိသူ တစ္ဦး ကေျပာသည္။

အေရးေပၚဌာနသို႔ ေရာက္ရွိလာေသာ လူနာမ်ားအား အဆင့္(၃)ဆင့္ျဖင့္ ခဲြျခား ကုသေပးမည္ျဖစ္ၿပီး လူနာမ်ား အေနျဖင့္ ယင္းဌာနသို႔ စတင္ေရာက္ရွိ လာပါက ေရာဂါ ျပင္းထန္မႈ စစ္ေဆးေသာ ေနရာ၌ ဦးစြာျပသ ရမည္ျဖစ္ၿပီး ထုိမွတစ္ဆင့္ ေရာဂါျပင္းထန္မႈ အေပၚမူတည္၍ အဆင့္ခဲြျခား ကုသေပး သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ကုသရာတြင္ ပထမဦးစားေပး အေနျဖင့္ အသက္အႏၲရာယ္  ရွိေသာ လူနာမ်ားအား လူနာခန္းသို႔ ခ်က္ခ်င္းပို႔ေဆာင္ ကုသေပးျခင္း၊ ဒုတိယဦးစားေပး အေနျဖင့္ ေခါင္းမူး၊ လက္က်ဳိး စေသာ အသက္အႏၲရာယ္ မစိုးရိမ္ ရသည့္ လူနာမ်ားအား ဦးစားေပးနံပါတ္ (၂) ေနရာ၌ ဆရာဝန္၊ ဆရာမအဖဲြ႕ ႏွင့္ ကုသေပးျခင္း၊ တတိယဦးစားေပး အေနျဖင့္ တန္းစီစနစ္ျဖင့္ ကုသေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ပုံစံေျပာင္း ကုသျခင္းကို ယခုႏွစ္တြင္ စတင္ေဆာင္ရြက္မည္ ျဖစ္ၿပီး ယင္း အေရးေပၚဌာနသည္ လူနာ ေဆးမွတ္တမ္း၊ ဓာတ္မွန္၊ ေသြးစစ္ခ်က္ႏွင့္ ကုသခ်က္မ်ားအား မွတ္ပုံတင္စနစ္ကို အုိင္တီစနစ္ျဖင့္ ေဆာင္ရြက္ရန္ စီစဥ္ထားၿပီး အေရးေပၚဌာနသို႔ ေန႔စဥ္ လူနာဦးေရ ၄၅ဝ ခန္႔ လာေရာက္ ျပသၾကကာ အမ်ားစုမွာ ဖ်ားနာျခင္းႏွင့္ သက္ဆုိင္ေသာ လူနာမ်ားႏွင့္ မေတာ္တဆ ထိခိုက္ဒဏ္ရာရ လူနာမ်ား လာေရာက္ျပသ ၾကေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
.............
 ရန်ကုန် ပြည်သူ့ဆေးရုံကြီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

    ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ရောက်ရှိလာသော လူနာများ အား  မလိုလားအပ်သော အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် နိုင်ငံတကာ ကုသမှုပုံစံ အတိုင်း အဆင့်(၃)ဆင့်ဖြင့် ပြောင်းလဲကုသ မှုအား ယခုနှစ်တွင် စတင်ပြောင်းလဲကုသသွားမည်ဖြစ်ကြောင်း  ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အရေးပေါ်ဌာနသို့ ရောက်ရှိလာသော လူနာများအား အဆင့်(၃)ဆင့်ဖြင့် ခွဲခြား ကုသပေးမည်ဖြစ်ပြီး လူနာများ အနေဖြင့် ယင်းဌာနသို့ စတင်ရောက်ရှိ လာပါက ရောဂါ ပြင်းထန်မှု စစ်ဆေးသော နေရာ၌ ဦးစွာပြသ ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရောဂါပြင်းထန်မှု အပေါ်မူတည်၍ အဆင့်ခွဲခြား ကုသပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ကုသရာတွင် ပထမဦးစားပေး အနေဖြင့် အသက်အန္တရာယ်  ရှိသော လူနာများအား လူနာခန်းသို့ ချက်ချင်းပို့ဆောင် ကုသပေးခြင်း၊ ဒုတိယဦးစားပေး အနေဖြင့် ခေါင်းမူး၊ လက်ကျိုး စသော အသက်အန္တရာယ် မစိုးရိမ် ရသည့် လူနာများအား ဦးစားပေးနံပါတ် (၂) နေရာ၌ ဆရာဝန်၊ ဆရာမအဖွဲ့ နှင့် ကုသပေးခြင်း၊ တတိယဦးစားပေး အနေဖြင့် တန်းစီစနစ်ဖြင့် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံစံပြောင်း ကုသခြင်းကို ယခုနှစ်တွင် စတင်ဆောင်ရွက်မည် ဖြစ်ပြီး ယင်း အရေးပေါ်ဌာနသည် လူနာ ဆေးမှတ်တမ်း၊ ဓာတ်မှန်၊ သွေးစစ်ချက်နှင့် ကုသချက်များအား မှတ်ပုံတင်စနစ်ကို အိုင်တီစနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားပြီး အရေးပေါ်ဌာနသို့ နေ့စဉ် လူနာဦးရေ ၄၅ဝ ခန့် လာရောက် ပြသကြကာ အများစုမှာ ဖျားနာခြင်းနှင့် သက်ဆိုင်သော လူနာများနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရ လူနာများ လာရောက်ပြသ ကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment