Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ (ၿငိမ္း)ရဲ႕ သားမက္ျဖစ္သူ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တက္ေရာက္မည္


 လာမယ့္ေဖေဖၚ၀ါရီလ ၁ ရက္ေန႔မွာ စတင္မယ့္ လႊတ္ေတာ္အသီးသီးအတြက္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္စာရင္းကို ထုတ္ျပန္ရာမွာ ရန္ကုန္တုိင္းေဒသႀကီးအတြက္ ကိုယ္စားလွယ္စာရင္းထဲမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊရဲ႕ သားမက္ျဖစ္သူ ဗိုလ္မွဴးခ်ဳပ္သိန္းနုိင္ လည္း ပါ၀င္တယ္လို႔ သိရပါတယ္။

အရင္က တုိင္းေဒသႀကီးလႊတ္ေတာ္ေတြမွာ ဗိုလ္မွဴးႀကီးအဆင့္ တာ၀န္ယူထားသူသာ အျမင့္ဆံုးျဖစ္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ အစိုးရတာ၀န္ယူမယ့္ ဒီလႊတ္ေတာ္သက္တမ္းမွာ တပ္မေတာ္က တာဝန္ႀကီးတဲ့သူေတြ ပါ၀င္လာတာ ျဖစ္ပါတယ္။

ရန္ကုန္တုိင္းလႊတ္ေတာ္မွာ ဗိုလ္မွဴးခ်ဳပ္သိန္္းနိုင္ဟာ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊရဲ႕သားမက္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္ ဒဂံုၿမိဳ႕နယ္ကေန ေရြးေကာက္ပဲြနုိင္ခဲ့တဲ့ အၿငိိိမ္းစားဒုတိယဗိုလ္မွဴးႀကီး ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

ဒုတိယအႀကိမ္ လႊတ္ေတာ္အသီးသီးမွာ တက္ေရာက္မယ့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္အသီးသီးအတြက္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၃၈၆ ဦး အမည္စာရင္းကို ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္က ဒီကေန႔ ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။

တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခန္႔အပ္တာျဖစ္ၿပီး အခုထုတ္ျပန္တဲ့ စာရင္းအရ ျပည္သူ႔လႊတ္ေတာ္အတြက္ ၁၁၀ ၊ အမ်ဳိးသားလႊတ္ေတာ္အတြက္ ၅၆ ၊ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္အတြက္ ၂၂၀ ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္အတြက္ ဗိုလ္ခ်ဳပ္အဆင့္ရိွသူ ၂ဦး၊ ဗိုလ္မွဴးခ်ဳပ္အဆင့္ ၆ဦးနဲ႔ ဒုတိယဗိုလ္မွဴးႀကီးအဆင့္ရွိတဲ့ အမ်ဳိးသမီးကိုယ္စားလွယ္ ၂ဦးလည္း ပါ၀င္ပါတယ္။
အမ်ဳိးသားလႊတ္ေတာ္မွာ ဗိုလ္ခ်ဳပ္ ၁ဦး၊ ဗိုလ္မွဴးခ်ဳပ္ ၆ဦး ပါ၀င္ၿပီး အမ်ဳိးသမီးလႊတ္ေတာ္ ကိုယ္စားလွယ္ ပါ၀င္တာ မေတြ႕ရပါဘူး။

အရင္ပထမအႀကိမ္ လႊတ္ေတာ္ေတြစတင္ခဲ့စဥ္က ျပည္သူ႔လႊတ္ေတာ္နဲ႕ အမ်ိဳးသားလႊတ္ေတာ္ေတြမွာ ဗိုလ္ခ်ဳပ္အဆင့္ တာ၀န္ထမ္းေဆာင္သူပါခဲ့ျခင္းမရိွပါဘူး။

၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒအရ လႊတ္ေတာ္အသီးသီးမွာ ကိုယ္စားလွယ္အားလံုးရဲ့ ၂၅ ရာခိုင္ႏႈန္းစီ ပါ၀င္မယ့္ တပ္မေတာ္သားကိုယ္စားလွယ္အစုအဖဲြ႔စာရင္းကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ထံ တင္သြင္းရတာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
.....................


 လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်စာရင်းထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင် လည်း ပါ၀င်တယ်လို့ သိရပါတယ်။

အရင်က တိုင်းဒေသကြီးလွှတ်တော်တွေမှာ ဗိုလ်မှူးကြီးအဆင့် တာဝန်ယူထားသူသာ အမြင့်ဆုံးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူမယ့် ဒီလွှတ်တော်သက်တမ်းမှာ တပ်မတော်က တာဝန်ကြီးတဲ့သူတွေ ပါ၀င်လာတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ ဗိုလ်မှူးချုပ်သိန််းနိုင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သားမက်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ်ကနေ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အငြိိိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျက ပြောပါတယ်။

ဒုတိယအကြိမ် လွှတ်တော်အသီးသီးမှာ တက်ရောက်မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီးသီးအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၈၆ ဦး အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဖြစ်ပြီး အခုထုတ်ပြန်တဲ့ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ၊ အမျိုးသားလွှတ်တော်အတွက် ၅၆ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂၂၀ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ်အဆင့်ရှိသူ ၂ဦး၊ ဗိုလ်မှူးချုပ်အဆင့် ၆ဦးနဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အမျိုးသမီးကိုယ်စားလှယ် ၂ဦးလည်း ပါ၀င်ပါတယ်။
အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ် ၁ဦး၊ ဗိုလ်မှူးချုပ် ၆ဦး ပါ၀င်ပြီး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ပါ၀င်တာ မတွေ့ရပါဘူး။

အရင်ပထမအကြိမ် လွှတ်တော်တွေစတင်ခဲ့စဉ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်သူပါခဲ့ခြင်းမရှိပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းစီ ပါ၀င်မယ့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment