Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 12, 2016

သုတ္ပုိးထုတ္လႊတ္မွုကိုအဖြင့္အပိတ္လုပ္ျပီး သားဆက္ျခားႏိုင္တဲ့ပစၥည္း

သားေၾကာျဖတ္ခြဲစိတ္မွဳကိုလည္းမခံယူခ်င္၊ အျမဲတမ္းစိတ္မခ်ရတဲ့ကြန္ဒုံးကိုလည္း မသုံးခ်င္တဲ့အမ်ိဳးသားေတြအတြက္ အသုံး၀င္မယ့္ ပစၥည္းတစ္ခုထြက္ေပၚလာပါျပီ။

ဂ်ာမနီလူမ်ိဳး၊ တီထြင္သူပညာရွင္ Clemens Bismek ဟာ Bismek SLV လုိ ့အမည္ေပးထားတဲ့ ေခတ္မီအမ်ိဳးသား၊ သားဆက္ျခားပစၥည္းတစ္ခုကို တီထြင္လုိက္ပါတယ္။ ဒီပစၥည္းကို သုတ္လႊတ္ေၾကာမွာတပ္ဆင္ျပီး အဖြင့္၊အပိတ္ ခလုတ္ကို အျပင္က ႏွိပ္ေပးရုံနဲ ့သုတ္စီးဆင္းမွဳကိုတားဆီးေပးကာ၊ ကေလးရႏိုင္ေျခမရွိေတာ့မွာျဖစ္ပါတယ္။

Clemens Bimek ဟာ ဒီပစၥည္းကိုတီထြင္ဖုိ ့စိတ္ကူးကို လြန္ခဲ့တဲ့ႏွစ္ ၂၀ ေက်ာ္က သားဆက္ျခားျခင္းအေၾကာင္း ရုပ္သံမွတ္တမ္း ဗီဒီယိုတစ္ခုကို ၾကည့္ေနစဥ္မွာ ရခဲ့တာျဖစ္ျပီး ရိုးရွင္းတဲ့အဆုိ ့ရွင္တစ္ခုနဲ ့ သုတ္ေကာင္ပါ၀င္မွဳကို ထိန္းခ်ဳပ္ဖုိ ့ျဖစ္ႏိုင္မလားဆုိတာကို ေတြးေတာမိခဲ့တာျဖစ္တယ္လုိ ့Spiegel မဂၢဇင္းကို ရွင္းျပခဲ့ပါတယ္။

Bismek SLV ဆုိတဲ့ အဆုိ ့ရွင္ပစၥည္းေလးဟာ တစ္လက္မေလာက္ေတာင္မရွိဘဲ၊ အေလးခ်ိန္ကလည္း တစ္ေအာင္စရဲ့ ဆယ္ပုံတစ္ပုံမွ်သာရွိပါတယ္။ ဒီအဆုိ ့ရွင္ေလးေတြကို ေ၀ွးေစ့ကေန သုတ္ပုိ ့လႊတ္ေပးတဲ့ vas deferens ဆုိတဲ့ သုတ္လႊတ္ေၾကာ မွာ ခြဲစိတ္တပ္ဆင္ရတာျဖစ္ပါတယ္။ ခြဲစိတ္မွဳတစ္ခုလုံးရဲ့ၾကာျမင့္ခ်ိန္ဟာ နာရီ၀က္သာရွိတယ္လုိ ့သိရပါတယ္။

ထုိ ့ေနာက္ ကေလးရယူခ်င္တယ္ဆုိရင္ ဒီပစၥည္းေလးရဲ့ခလုတ္ကို ေယာက်ၤားကပ္ပယ္အိတ္ေနရာကေန ဖြင့္ထားႏိုင္ျပီး၊ ကေလးမယူခ်င္ရင္ေတာ့ သုတ္ေကာင္စီးဆင္းမွဳကိုတားဆီးဖုိ ့အတြက္ ခလုတ္ကို ပိတ္ထားႏိုင္မွာျဖစ္ပါတယ္။

အခုအခ်ိန္ထိေတာ့ ဒီအဆုိ ့ရွင္ကို Mr Bimek တစ္ေယာက္ဆီမွာပဲ တပ္ဆင္စမ္းသပ္ထားတာျဖစ္ျပီး ဒီႏွစ္အေစာပုိင္းအတြင္း ေနာက္ထပ္အမ်ိဳးသား ၂၅ ဦးမွာ ထပ္မံခြဲစိတ္ထည့္သြင္းေပးသြားဖုိ ့ရွိပါတယ္။


(YeWint)

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

 Ref: telegraph
..................
သုတ်ပိုးထုတ်လွှတ်မှုကိုအဖွင့်အပိတ်လုပ်ပြီး သားဆက်ခြားနိုင်တဲ့ပစ္စည်း

သားကြောဖြတ်ခွဲစိတ်မှုကိုလည်းမခံယူချင်၊ အမြဲတမ်းစိတ်မချရတဲ့ကွန်ဒုံးကိုလည်း မသုံးချင်တဲ့အမျိုးသားတွေအတွက် အသုံးဝင်မယ့် ပစ္စည်းတစ်ခုထွက်ပေါ်လာပါပြီ။

ဂျာမနီလူမျိုး၊ တီထွင်သူပညာရှင် Clemens Bismek ဟာ Bismek SLV လို ့အမည်ပေးထားတဲ့ ခေတ်မီအမျိုးသား၊ သားဆက်ခြားပစ္စည်းတစ်ခုကို တီထွင်လိုက်ပါတယ်။ ဒီပစ္စည်းကို သုတ်လွှတ်ကြောမှာတပ်ဆင်ပြီး အဖွင့်၊အပိတ် ခလုတ်ကို အပြင်က နှိပ်ပေးရုံနဲ ့သုတ်စီးဆင်းမှုကိုတားဆီးပေးကာ၊ ကလေးရနိုင်ခြေမရှိတော့မှာဖြစ်ပါတယ်။

Clemens Bimek ဟာ ဒီပစ္စည်းကိုတီထွင်ဖို ့စိတ်ကူးကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သားဆက်ခြားခြင်းအကြောင်း ရုပ်သံမှတ်တမ်း ဗီဒီယိုတစ်ခုကို ကြည့်နေစဉ်မှာ ရခဲ့တာဖြစ်ပြီး ရိုးရှင်းတဲ့အဆို ့ရှင်တစ်ခုနဲ ့ သုတ်ကောင်ပါ၀င်မှုကို ထိန်းချုပ်ဖို ့ဖြစ်နိုင်မလားဆိုတာကို တွေးတောမိခဲ့တာဖြစ်တယ်လို ့Spiegel မဂ္ဂဇင်းကို ရှင်းပြခဲ့ပါတယ်။

Bismek SLV ဆိုတဲ့ အဆို ့ရှင်ပစ္စည်းလေးဟာ တစ်လက်မလောက်တောင်မရှိဘဲ၊ အလေးချိန်ကလည်း တစ်အောင်စရဲ့ ဆယ်ပုံတစ်ပုံမျှသာရှိပါတယ်။ ဒီအဆို ့ရှင်လေးတွေကို ဝှေးစေ့ကနေ သုတ်ပို ့လွှတ်ပေးတဲ့ vas deferens ဆိုတဲ့ သုတ်လွှတ်ကြော မှာ ခွဲစိတ်တပ်ဆင်ရတာဖြစ်ပါတယ်။ ခွဲစိတ်မှုတစ်ခုလုံးရဲ့ကြာမြင့်ချိန်ဟာ နာရီဝက်သာရှိတယ်လို ့သိရပါတယ်။

ထို ့နောက် ကလေးရယူချင်တယ်ဆိုရင် ဒီပစ္စည်းလေးရဲ့ခလုတ်ကို ယောကျင်္ားကပ်ပယ်အိတ်နေရာကနေ ဖွင့်ထားနိုင်ပြီး၊ ကလေးမယူချင်ရင်တော့ သုတ်ကောင်စီးဆင်းမှုကိုတားဆီးဖို ့အတွက် ခလုတ်ကို ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

အခုအချိန်ထိတော့ ဒီအဆို ့ရှင်ကို Mr Bimek တစ်ယောက်ဆီမှာပဲ တပ်ဆင်စမ်းသပ်ထားတာဖြစ်ပြီး ဒီနှစ်အစောပိုင်းအတွင်း နောက်ထပ်အမျိုးသား ၂၅ ဦးမှာ ထပ်မံခွဲစိတ်ထည့်သွင်းပေးသွားဖို ့ရှိပါတယ်။


(YeWint)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

 Ref: telegraph

No comments:

Post a Comment