Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 12, 2016

အစိုးရစက္မႈလက္မႈသိပၸံ (GTI) ေက်ာင္းသစ္ကို အရက္ခ်က္စက္႐ံုအနီး ဖြင့္လွစ္ထား၍ ေ၀ဖန္မႈထြက္ေပၚ

 ၂၀၁၆ ဇန္န၀ါရီ ၂၅ ရက္တြင္ စတင္ဖြင့္လွစ္မည့္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္း (GTI) ေရႊျပည္သာကို အရက္ခ်က္စက္႐ံု ႏွင့္ ဖူဂ်ီဆပ္ျပာစက္႐ံုအနီးတြင္ တည္ေဆာက္ထားရာ အနံ႔အသက္ဆိုးရြားမႈရွိသျဖင့္ ေ၀ဖန္မႈမ်ားထြက္ေပၚလ်က္ရွိသည္။
ယင္းေက်ာင္းႏွင့္ပတ္သက္၍ `ဇန္န၀ါရီ ၁၈ ရက္မွာ ေက်ာင္းအပ္လက္ခံမွာ ျဖစ္ၿပီး ၂၅ ရက္မွာ စဖြင့္မယ္။ အခု ေက်ာင္းက အရက္ခ်က္စက္ရံုနဲ႔နီးေတာ့ တခါေလ ေလတိုက္ရင္ အနံ႔အသက္ဆိုးတယ္`ဟု ယင္းေက်ာင္းတြင္ တာ၀န္က်သည့္ ဆရာမတဦးက News Watch သို႔ ဇန္န၀ါရီ ၁၂ ရက္က ေျပာၾကားခဲ့သည္။ ယင္းေက်ာင္းတြင္ ေက်ာင္းသား ၁၆၀ တက္ေရာက္ပညာသင္ၾကားခြင့္ရရွိၿပီး ဆရာအင္အား ၂၄ ဦးအထိ ရွိသည္ဟု ၎က ဆိုသည္။
ေရႊျပည္သာ စက္မႈလက္မႈသိပၸံအထက္တန္းေက်ာင္း၏ ေဘးဘက္တလမ္း ေက်ာ္တြင္ ေရႊအိုးအရက္ခ်က္စက္႐ံုႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဖူဂ်ီဆပ္ျပာ စက္႐ံုတည္ရွိေသာေၾကာင့္ အနံ႔အသက္ဆိုးရြားမႈမ်ား ႀကံဳေတြ႕ေနရသည္ဟု ဆိုသည္။ ` အရက္ခ်က္စက္႐ံုက မီးခိုးေခါင္းတိုင္ျမင့္ေပမယ့္ အရက္စိမ္တဲ့ စိမ္ရည္နံ႔ေတြက ေလသင့္ရင္ နံတယ္။ GTI ေက်ာင္းကို ဒီလို စက္႐ံုေတြၾကားေဆာက္လုပ္ထားတာကိုက သိပ္မဟုတ္ဘူး’ဟု တာ၀န္က် ဆရာမတဦးက ေျပာၾကားသည္။
အဆိုပါေက်ာင္းသည္ ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမိဳ႕နယ္ ေရႊျပည္သာစက္မႈဇုန္ (၁)ထဲတြင္ တည္ရွိၿပီး အဓိက ဘာသာရပ္ေလးခု သင္ၾကားမည္ဟု သိရသည္။ သင္ၾကားမည့္ ဘာသာရပ္မ်ားမွာ Civil, Ec, Ep, Machine ဘာသာရပ္ေလးခုျဖစ္ၿပီး နည္းပညာအထက္တန္းေက်ာင္း ေအာင္ျမင္သူအခ်ဳိ႕ႏွင့္ တကၠသိုလ္၀င္တန္း ေအာင္ျမင္ၿပီး သတ္မွတ္ အရည္အခ်င္းႏွင့္ ကိုက္ညီသူမ်ားတက္ေရာက္ခြင့္ရရွိမည္ျဖစ္သည္ဟု ဆိုသည္။ လက္ရွိ ျမန္မာႏိုင္ငံတြင္ GTI ေက်ာင္းေပါင္း ၂၂ ေက်ာင္းရွိၿပီး ဇန္န၀ါရီ ၂၅ ရက္တြင္ အဆိုပါ GTI ေက်ာင္းအားလံုး ဖြင့္လွစ္သြားမည္ဟု သိရွိရသည္။
ကိုခက္

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္
...................


အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ကျောင်းသစ်ကို အရက်ချက်စက်ရုံအနီး ဖွင့်လှစ်ထား၍ ဝေဖန်မှုထွက်ပေါ်
------ ------ ------ ------
၂၀၁၆ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ဖွင့်လှစ်မည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI) ရွှေပြည်သာကို အရက်ချက်စက်ရုံ နှင့် ဖူဂျီဆပ်ပြာစက်ရုံအနီးတွင် တည်ဆောက်ထားရာ အနံ့အသက်ဆိုးရွားမှုရှိသဖြင့် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။
ယင်းကျောင်းနှင့်ပတ်သက်၍ `ဇန်နဝါရီ ၁၈ ရက်မှာ ကျောင်းအပ်လက်ခံမှာ ဖြစ်ပြီး ၂၅ ရက်မှာ စဖွင့်မယ်။ အခု ကျောင်းက အရက်ချက်စက်ရုံနဲ့နီးတော့ တခါလေ လေတိုက်ရင် အနံ့အသက်ဆိုးတယ်`ဟု ယင်းကျောင်းတွင် တာဝန်ကျသည့် ဆရာမတဦးက News Watch သို့ ဇန်နဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။ ယင်းကျောင်းတွင် ကျောင်းသား ၁၆၀ တက်ရောက်ပညာသင်ကြားခွင့်ရရှိပြီး ဆရာအင်အား ၂၄ ဦးအထိ ရှိသည်ဟု ၎င်းက ဆိုသည်။
ရွှေပြည်သာ စက်မှုလက်မှုသိပ္ပံအထက်တန်းကျောင်း၏ ဘေးဘက်တလမ်း ကျော်တွင် ရွှေအိုးအရက်ချက်စက်ရုံနှင့် မျက်နှာချင်းဆိုင်တွင် ဖူဂျီဆပ်ပြာ စက်ရုံတည်ရှိသောကြောင့် အနံ့အသက်ဆိုးရွားမှုများ ကြုံတွေ့နေရသည်ဟု ဆိုသည်။ ` အရက်ချက်စက်ရုံက မီးခိုးခေါင်းတိုင်မြင့်ပေမယ့် အရက်စိမ်တဲ့ စိမ်ရည်နံ့တွေက လေသင့်ရင် နံတယ်။ GTI ကျောင်းကို ဒီလို စက်ရုံတွေကြားဆောက်လုပ်ထားတာကိုက သိပ်မဟုတ်ဘူး’ဟု တာဝန်ကျ ဆရာမတဦးက ပြောကြားသည်။
အဆိုပါကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် (၁)ထဲတွင် တည်ရှိပြီး အဓိက ဘာသာရပ်လေးခု သင်ကြားမည်ဟု သိရသည်။ သင်ကြားမည့် ဘာသာရပ်များမှာ Civil, Ec, Ep, Machine ဘာသာရပ်လေးခုဖြစ်ပြီး နည်းပညာအထက်တန်းကျောင်း အောင်မြင်သူအချို့နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် GTI ကျောင်းပေါင်း ၂၂ ကျောင်းရှိပြီး ဇန်နဝါရီ ၂၅ ရက်တွင် အဆိုပါ GTI ကျောင်းအားလုံး ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။
ကိုခက်

News Watch(စောင့်ကြည့်သတင်းဂျာနယ်


No comments:

Post a Comment