လူ၀င္မႈႀကီးႀကပ္ေရးႏွင့္ ျပည္သူ႕အင္အား၀န္ႀကီးဌာနႏွင့္ သာသနာေရး ၀န္ႀကီးဌာနတို႕ကို ျပည္ထဲေရး၀န္ႀကီး ဌာနလက္ေအာက္သို႕ ေျပာင္းေရႊ႕ ရန္ ႏိုင္ငံေရးပါတီကိုယ္စားလွယ္ မ်ားသေဘာတူေသာ္လည္း အခ်ိန္အခါ မသင့္ဟု ဆႏၵျပဳခဲ့ၾကေၾကာင္းသိရသည္။
ျပည္ထဲေရး၀န္ႀကီး ဌာနလက္ေအာက္သို႕ လူ၀င္မႈႀကီးႀကပ္ေရးႏွင့္ ျပည္သူ႕ အင္အား၀န္ႀကီးဌာနႏွင့္ သာသနာေရး၀န္ႀကီးဌာနတို႕ကို ေျပာင္းေရႊ႕ ရန္ လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီႏွင့္ ႏိုင္ငံေရးပါတီကိုယ္စားလွယ္မ်ား ဇန္န၀ါရီ ၂၆ ရက္တြင္ အစည္းအေ၀းျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။
လူ၀င္မႈႀကီးႀကပ္ေရးႏွင့္ ျပည္သူ႕အင္အား၀န္ႀကီးဌာနႏွင့္ သာသနာေရး ၀န္ႀကီးဌာနတို႕ကို ျပည္ထဲေရး၀န္ႀကီး ဌာနလက္ေအာက္သို႕ ေျပာင္းေရႊ႕ရန္ ကိစၥ ႏွင့္ပတ္သက္၍ လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီႏွင့္ ႏိုင္ငံေရး ပါတီ ကိုယ္စားလွယ္မ်ား အစည္းအေ၀းတြင္ သေဘာတူေၾကာင္း မွတ္ခ်က္ျပဳသူ မ်ားျပားခဲ့ေသာ္လည္း ယခုအခ်ိန္ေျပာင္းေရႊ႕ရန္အခ်ိန္အခါသင့္မသင့္ကို ဆႏၵျပဳရာတြင္ အခ်ိန္အခါမသင့္ဟု ဆႏၵျပဳသူမ်ားျပားခဲ့ေၾကာင္း အစည္းအေ၀း တက္ေရာက္ခဲ့သည့္ကိုယ္စားလွယ္တစ္ဦးက The Ladies သို႕ေျပာသည္။
“ႏိုင္ငံေရးပါတီေတြက တက္ေရာက္ခြင့္ရွိတာ တစ္သီးပုဂၢလအပါ ၂၃ ဖြဲ႕ ရွိတဲ့ အထဲမွာ ၁၈ဖြဲ႕တက္တယ္ ေပါင္းဖို႕သေဘာတူမတူ ဆုံးျဖတ္တဲ့အခါမွာ သေဘာတူတာ ၁၂ဖြဲ႕ မတူတာ၆ဖြဲ႕၊ ေပါင္းဖို႕ အခ်ိန္အခါ သင့္၊ မသင့္ ဆုံးျဖတ္တဲ့ အခါမွာ အခ်ိန္အခါမသင့္ဘူးဆိုတာက ၁၁ဖြဲ႕ သင့္တယ္လို႕ ဆႏၵျပဳတာက ၇ဖြဲ႕ ရွိတယ္”ဟု အစည္းအေ၀းသို႕ တက္ေရာက္ခဲ့သည့္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေမာင္တင္က The Ladies သို႕ေျပာသည္။
“အခုအစိုးရသစ္လက္ထက္မွာ ျပည္ထဲေရးကို ကာကြယ္ေရးက ကိုင္တယ္ ဆိုေတာ့ လ၀ကနဲ႕ သာသနာေရးက အရပ္သား အစိုးရျဖစ္ေကာင္းျဖစ္ သြားႏိုင္တယ္ အဲ့ဒါေၾကာင့္ ေပါင္းလိုက္ျခင္းအားျဖင့္ လ၀ကေကာ သာသနာေရးေကာ အရပ္သား အစိုးရအျဖစ္မခံဘဲ ကာကြယ္ေရး လက္ေအာက္ေရာက္ေအာင္ ထည့္တယ္လို႕ပဲျမင္ပါတယ္” ဟု ဦးစိုင္းေမာင္တင္ က ၎၏ အျမင္ကိုေျပာသည္။
‘‘အစိုးရသစ္တက္ေတာ့မယ္ ဆိုမွ ကပ္ၿပီးလုပ္တဲ့သေဘာ၊ အႏုိင္ရပါတီရဲ႕ သမၼတက သူဝန္ႀကီးခန္႔ရမယ့္ ဝန္ႀကီး ဌာန တစ္ခုကို တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ကို ေပးလိုက္ရမယ့္ သေဘာျဖစ္ေနတယ္။ အရပ္သား အစိုးရ ရရမယ့္ ဝန္ႀကီးဌာနတစ္ခု ေလ်ာ့သြားတာေပါ့’’ဟု တစ္သီးပုဂၢလ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဖုန္းျမင့္က ေျပာသည္။
‘‘ျပည္ထဲေရးလက္ေအာက္ကို ထည့္မွာကို မူသေဘာ အရ ေထာက္ခံၾကတယ္။ လက္ရွိ အခ်ိန္မွာေတာ့ ခ်က္ခ်င္းႀကီး အေကာင္အထည္ေဖာ္ဖို႔ကိုေတာ့ သေဘာမတူဘူး’’ ဟု မြန္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စား လွယ္ ေဒါက္တာ ဗညားေအာင္မုိး ကေျပာသည္။
‘‘တစ္မ်ိဳးသားလံုး လံုၿခံဳမႈနဲ႔ပတ္ သက္တဲ့ ၀န္ႀကီးဌာနဆိုေတာ့ ခိုင္ ခိုင္မာမာ အားေကာင္းတဲ့ အဖြဲ႕ အစည္းႀကီးတစ္ခုကႀကီးၾကပ္တာ အမ်ိဳးသားေရး လံုၿခံဳမႈပိုရွိတယ္’’ ဟု ရခိုင္အမ်ဳိးသားပါတီ ဥကၠ႒၊ အမ်ဳိးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေအး ေမာင္ကေျပာ ၾကားသည္။
ဥပေဒၾကမ္းေကာ္မတီ၏ သေဘာထားႏွင့္ပတ္သက္၍ ေကာ္မတီ၏ အတြင္းေရးမႈးျဖစ္သူ ေဒါက္တာျမတ္ဉာဏစိုးအား The Ladies ဂ်ာနယ္မွ ဆက္သြယ္ေမးျမန္းရာ ေျဖၾကား၍ မရေၾကာင္း ေျပာဆို ခဲ့ၿပီး အစီရင္ခံစာ တင္ျပသည့္ အခါမွသာ ေစာင့္ၾကည့္ ရန္ေျပာၾကားခဲ့သည္။
ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္ တာေဇာ္ျမင့္ေမာင္က ‘‘ကြၽန္ေတာ္တို႔ သေဘာထားက ေပါင္းတာ သေဘာမတူဘူး။ လက္ရွိ အေျခအေနရ မသင့္ေသးဘူး’’ဟု ေျပာ ၾကားသည္။
ေဇာ္မင္းထြန္း
The Ladies News
...................................
လဝကနှင့် သာသနာရေးကို ပြည်ထဲရေး လက်အောက်ပြောင်းရွှေ့ရန် အချိန်အခါမသင့်ဟု ပါတီကိုယ်စားလှယ်များဆန္ဒပြု
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့ကို ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ပြောင်းရွှေ့ ရန် နိုင်ငံရေးပါတီကိုယ်စားလှယ် များသဘောတူသော်လည်း အချိန်အခါ မသင့်ဟု ဆန္ဒပြုခဲ့ကြကြောင်းသိရသည်။
ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့ကို ပြောင်းရွှေ့ ရန် လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဇန်နဝါရီ ၂၆ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့ကို ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ပြောင်းရွှေ့ရန် ကိစ္စ နှင့်ပတ်သက်၍ လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ အစည်းအဝေးတွင် သဘောတူကြောင်း မှတ်ချက်ပြုသူ များပြားခဲ့သော်လည်း ယခုအချိန်ပြောင်းရွှေ့ရန်အချိန်အခါသင့်မသင့်ကို ဆန္ဒပြုရာတွင် အချိန်အခါမသင့်ဟု ဆန္ဒပြုသူများပြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့်ကိုယ်စားလှယ်တစ်ဦးက The Ladies သို့ပြောသည်။
“နိုင်ငံရေးပါတီတွေက တက်ရောက်ခွင့်ရှိတာ တစ်သီးပုဂ္ဂလအပါ ၂၃ ဖွဲ့ ရှိတဲ့ အထဲမှာ ၁၈ဖွဲ့တက်တယ် ပေါင်းဖို့သဘောတူမတူ ဆုံးဖြတ်တဲ့အခါမှာ သဘောတူတာ ၁၂ဖွဲ့ မတူတာ၆ဖွဲ့၊ ပေါင်းဖို့ အချိန်အခါ သင့်၊ မသင့် ဆုံးဖြတ်တဲ့ အခါမှာ အချိန်အခါမသင့်ဘူးဆိုတာက ၁၁ဖွဲ့ သင့်တယ်လို့ ဆန္ဒပြုတာက ရဖွဲ့ ရှိတယ်”ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က The Ladies သို့ပြောသည်။
“အခုအစိုးရသစ်လက်ထက်မှာ ပြည်ထဲရေးကို ကာကွယ်ရေးက ကိုင်တယ် ဆိုတော့ လဝကနဲ့ သာသနာရေးက အရပ်သား အစိုးရဖြစ်ကောင်းဖြစ် သွားနိုင်တယ် အဲ့ဒါကြောင့် ပေါင်းလိုက်ခြင်းအားဖြင့် လဝကကော သာသနာရေးကော အရပ်သား အစိုးရအဖြစ်မခံဘဲ ကာကွယ်ရေး လက်အောက်ရောက်အောင် ထည့်တယ်လို့ပဲမြင်ပါတယ်” ဟု ဦးစိုင်းမောင်တင် က ၎င်း၏ အမြင်ကိုပြောသည်။
‘‘အစိုးရသစ်တက်တော့မယ် ဆိုမှ ကပ်ပြီးလုပ်တဲ့သဘော၊ အနိုင်ရပါတီရဲ့ သမ္မတက သူဝန်ကြီးခန့်ရမယ့် ဝန်ကြီး ဌာန တစ်ခုကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို ပေးလိုက်ရမယ့် သဘောဖြစ်နေတယ်။ အရပ်သား အစိုးရ ရရမယ့် ဝန်ကြီးဌာနတစ်ခု လျော့သွားတာပေါ့’’ဟု တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်က ပြောသည်။
‘‘ပြည်ထဲရေးလက်အောက်ကို ထည့်မှာကို မူသဘော အရ ထောက်ခံကြတယ်။ လက်ရှိ အချိန်မှာတော့ ချက်ချင်းကြီး အကောင်အထည်ဖော်ဖို့ကိုတော့ သဘောမတူဘူး’’ ဟု မွန် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ဗညားအောင်မိုး ကပြောသည်။
‘‘တစ်မျိုးသားလုံး လုံခြုံမှုနဲ့ပတ် သက်တဲ့ ၀န်ကြီးဌာနဆိုတော့ ခိုင် ခိုင်မာမာ အားကောင်းတဲ့ အဖွဲ့ အစည်းကြီးတစ်ခုကကြီးကြပ်တာ အမျိုးသားရေး လုံခြံုမှုပိုရှိတယ်’’ ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေး မောင်ကပြော ကြားသည်။
ဥပဒေကြမ်းကော်မတီ၏ သဘောထားနှင့်ပတ်သက်၍ ကော်မတီ၏ အတွင်းရေးမှုးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးအား The Ladies ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာ ဖြေကြား၍ မရကြောင်း ပြောဆို ခဲ့ပြီး အစီရင်ခံစာ တင်ပြသည့် အခါမှသာ စောင့်ကြည့် ရန်ပြောကြားခဲ့သည်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာဇော်မြင့်မောင်က ‘‘ကျွန်တော်တို့ သဘောထားက ပေါင်းတာ သဘောမတူဘူး။ လက်ရှိ အခြေအနေရ မသင့်သေးဘူး’’ဟု ပြော ကြားသည်။
ဇော်မင်းထွန်း
The Ladies News
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 27, 2016
လ၀ကႏွင့္ သာသနာေရးကို ျပည္ထဲေရး လက္ေအာက္ေျပာင္းေရႊ႕ရန္ အခ်ိန္အခါမသင့္ဟု ပါတီကိုယ္စားလွယ္မ်ားဆႏၵျပဳ
လ၀ကႏွင့္ သာသနာေရးကို ျပည္ထဲေရး လက္ေအာက္ေျပာင္းေရႊ႕ရန္ အခ်ိန္အခါမသင့္ဟု ပါတီကိုယ္စားလွယ္မ်ားဆႏၵျပဳ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 27, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 27, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment