Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 4, 2016

အားလံုးပါ၀င္သည့္ၿငိမ္းခ်မ္းေရး အစိုးရသစ္ကဦးစားေပးလုပ္မည္


သတင္း  ျပည္တြင္း  ႏိုင္ငံေရး
ဟိန္းကိုစိုး
အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ဒၚေအာင္ဆန္းစုၾကည္၏ ၂၀၁၅ခုႏွစ္ေရြးေကာက္ပြဲမဲဆြယ္စည္းရံုးေရးကာလအတြင္း ရန္ကုန္လူထုေတြ႔ဆံုပြဲကိုျပဳလုပ္ခဲ့စဥ္။ ဓါတ္ပံု။ မဇၥ်ိမ။

ရန္ကုန္၊ ဇန္န၀ါရီ ၄။          ။ပင္လံုစိတ္ဓါတ္ကိုအေျခခံၿပီး အားလံုးပါ၀င္သည့္ အပစ္အခတ္ရပ္စဲေရးႏွင့္ ၿငိမ္းခ်မ္းေရးကို အစိုးရသစ္အေနျဖင့္ ဦးစားေပးေဆာင္ရြက္မည္ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ဥကၠ႒၊ ေဒၚေအာင္ဆန္းစုၾကည္က ဇန္န၀ါရီလ ၄ရက္ေန႔တြင္ ေျပာၾကားလုိက္သည္။

ဗဟန္းၿမိဳ႕နယ္အတြင္းရွိ NLDရံုးခ်ဳပ္တြင္က်င္းပသည့္ ဇန္န၀ါရီလ ၄ရက္၊ ၆၈ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ အခမ္းအနားတြင္ ေျပာဆိုလိုက္ျခင္းလည္းျဖစ္သည္။

"ေနာင္တက္လာမယ့္အစိုးရရဲ႕ပထမဦးဆံုးတာ၀န္တစ္ခုကေတာ့ ၿငိမ္းခ်မ္းေရးတည္ေဆာက္ဖို႔ပဲ။ တစ္ကယ့္ ထိေရာက္တဲ့ၿငိမ္းခ်မ္းေရးညီလာခံႀကီးက်င္းပၿပီး အပစ္ရပ္စာခ်ဳပ္မွာအားလံုးပါ၀င္လာ ႏိုင္ေအာင္ ကြ်န္မတို႔ လုပ္ရမယ္။ စစ္မွန္တဲ့ဒီမို ကေရစီဖက္ဒရယ္ ျပည္ေထာင္စု အျဖစ္အမွန္ဆံုးေလ်ာက္ႏိုင္ဖို႔ ႀကိဳးစားမယ္။" ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုျခင္းလည္းျဖစ္သည္။

၆၈ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အထိမ္းအမွတ္ NLD ပါတီကထုတ္ျပန္သည့္ သ၀ဏ္လႊာတြင္လည္း အတိတ္အေမြဆိုးမ်ားကို ပစ္ပယ္စြန္႔လႊတ္ၿပီး ေကာင္းမြန္ေလ်ာ္ကန္ေသာအေတြ႔အႀကံဳမ်ားကို ရယူကာ ညီညြတ္ေရး၊ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီအေရးကို ဦးထိပ္ထားသည့္ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုႀကီး ကိုတက္ညီလက္ညီ၊ တည္ေဆာက္ရမည့္ အခ်ိန္ျဖစ္သည္ဟု ထည့္သြင္းေရးသားထုတ္ျပန္ခဲ့သည္။

ယင္းအျပင္ ႏိုင္ငံအနာဂတ္အတြက္ တူညီသည့္စိုးရိမ္စိတ္ႏွင့္ ညီညြတ္ေပါင္းစည္း၊ ယံုၾကည္မႈ တည္ေဆာက္ ႏိုင္ပါက အျငင္းပြားမႈႏွင့္ သေဘာထားကြဲလဲြမႈနည္းပါးလာရစျမဲျဖစ္ကာ စိန္ေခၚမႈမ်ားမွ အခြင့္အလမ္းမ်ားကို ရွာေဖြေတြ႔ရိွႏိုင္မည္ဟုလည္း ပါရိွသည္။
လက္ရိွတြင္ ဦးသိန္းစိန္အစိုးရက တစ္ႏုိင္ငံလံုးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ ၈ခုျဖင့္လက္မွတ္ေရးထိုးကာ၊ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားကို ဇန္န၀ါရီ ၁၂ရက္ေန႔တြင္ က်င္းပေဆြးေႏြးရန္ ျပင္ဆင္ေနသည္။

ဦးသိန္းစိန္အစိုးရသက္တမ္းမွာ မတ္လ ၃၁ရက္တြင္ကုန္ဆံုးမည္ျဖစ္ၿပီး၊ ယင္းအခ်ိန္မွစတင္၍ ႏိုင္ငံတာ၀န္ကို ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲအႏိုင္ရပါတီ NLD က ဆက္လက္တာ၀န္ယူရမည္ျဖစ္သည္။

NLD အစိုးရတာ၀န္ယူပါက တုိင္းရင္းသားမ်ားအေနျဖင့္လည္း ဦးသိန္းစိန္အစိုးရထက္ ၿငိမ္းခ်မ္းေရးလုပ္ငန္း မ်ားကိုေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားၾကသည္။

အပစ္ရပ္လက္မွတ္ေရးထုိးခဲ့သည္ ကရင္အမ်ိဳးသားအစည္းအရံုး KNU အေထြေထြအတြင္းေရးမွဴး ပဒိုေစာကြယ္ထူး၀င္းကလည္း "ဖက္ဒရယ္ဒီမိုကေရစီကိုေဖာ္ေဆာင္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ျခင္းေတာ့ တူတယ္။ ဒါေပမယ့္ တစ္ကယ္လုပ္ေဆာင္တဲ့အခ်ိန္ကိုၾကည့္ၿပီးမွပဲ ေသခ်ာေတာ့ေျပာလို႔ရမယ္။" ဟု NLD တာ၀န္ယူပါက ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္မႈအေျခအေနကို သံုးသပ္ေျပာၾကားသည္။

ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ ဒု- စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ဂြမ္ေမာ္ကလည္း NLD အစိုးရသာမက မည္သည့္အစိုးရ ျဖစ္ေစ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ အသင့္ရိွေနၿပီး၊ NLD၏ ေရြးေကာက္ပြဲစာတမ္း၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ ေကာင္းသည့္အရာမ်ာကိုယူေဆာင္ကာ ပိုမိုေကာင္းမြန္ေရးအတြက္ လုပ္ေဆာင္မည္ဟုဆိုသည့္အတြက္ NLDအစိုးရႏွင့္ ေဆြးေႏြးရမည့္ၿငိမ္းခ်မ္းေရးျဖစ္စဥ္က ပိုမိုအဆင္ေျပႏိုင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း မဇၥ်ိမကို ေျပာထားသည္။

ဦးသိန္းစိန္းအစိုးရက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၈ဖြဲ႔ျဖင့္ အပစ္အခတ္ရပ္စဲေရးလက္မွတ္ေရးထိုးထားႏိုင္ၿပီး  ယင္းလက္မွတ္ေရးထိုးၿပီးေနာက္ ျမန္မာႏိုင္ငံ၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔အတြင္း တိုက္ပြဲမ်ားျဖစ္ေပၚလက္ရိွေနသည္။

၂၀၁၅ခုႏွစ္ေရြးေကာက္ပြဲတြင္ ၈၀ရာခိုင္ႏႈန္းေက်ာ္အႏိုင္ရထားသည့္ NLD ပါတီသည္ ဖြဲ႔စည္းပံု အေျခခံ ဥပေဒအရ ဇန္န၀ါရီ ၁ရက္တြင္လႊတ္ေတာ္ေခၚယူကာ၊ မတ္လ ၃၁ရက္တြင္ အစိုးရအဖြဲ႔ဖြဲ႔စည္းၿပီး ႏိုင္ငံေတာ္ အာဏာကိုလႊဲေျပာင္းရယူရမည္ျဖစ္သည္။

- See more at: http://mizzimaburmese.com/article/9384#sthash.BfbWCMxy.dpuf
.......................
အားလုံးပါ၀င်သည့်ငြိမ်းချမ်းရေး အစိုးရသစ်ကဦးစားပေးလုပ်မည်
သတင်း  ပြည်တွင်း  နိုင်ငံရေး
ဟိန်းကိုစိုး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ရန်ကုန်လူထုတွေ့ဆုံပွဲကိုပြုလုပ်ခဲ့စဉ်။ ဓါတ်ပုံ။ မဇ္စျိမ။

ရန်ကုန်၊ ဇန်နဝါရီ ၄။          ။ပင်လုံစိတ်ဓါတ်ကိုအခြေခံပြီး အားလုံးပါ၀င်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အစိုးရသစ်အနေဖြင့် ဦးစားပေးဆောင်ရွက်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၄ရက်နေ့တွင် ပြောကြားလိုက်သည်။

ဗဟန်းမြို့နယ်အတွင်းရှိ NLDရုံးချုပ်တွင်ကျင်းပသည့် ဇန်နဝါရီလ ၄ရက်၊ ၆၈နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

"နောင်တက်လာမယ့်အစိုးရရဲ့ပထမဦးဆုံးတာဝန်တစ်ခုကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ပဲ။ တစ်ကယ့် ထိရောက်တဲ့ငြိမ်းချမ်းရေးညီလာခံကြီးကျင်းပပြီး အပစ်ရပ်စာချုပ်မှာအားလုံးပါ၀င်လာ နိုင်အောင် ကျွန်မတို့ လုပ်ရမယ်။ စစ်မှန်တဲ့ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စု အဖြစ်အမှန်ဆုံးလျောက်နိုင်ဖို့ ကြိုးစားမယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်းလည်းဖြစ်သည်။

၆၈နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် NLD ပါတီကထုတ်ပြန်သည့် သဝဏ်လွှာတွင်လည်း အတိတ်အမွေဆိုးများကို ပစ်ပယ်စွန့်လွှတ်ပြီး ကောင်းမွန်လျော်ကန်သောအတွေ့အကြုံများကို ရယူကာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးကို ဦးထိပ်ထားသည့်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ကိုတက်ညီလက်ညီ၊ တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ထည့်သွင်းရေးသားထုတ်ပြန်ခဲ့သည်။

ယင်းအပြင် နိုင်ငံအနာဂတ်အတွက် တူညီသည့်စိုးရိမ်စိတ်နှင့် ညီညွတ်ပေါင်းစည်း၊ ယုံကြည်မှု တည်ဆောက် နိုင်ပါက အငြင်းပွားမှုနှင့် သဘောထားကွဲလွဲမှုနည်းပါးလာရစမြဲဖြစ်ကာ စိန်ခေါ်မှုများမှ အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိနိုင်မည်ဟုလည်း ပါရှိသည်။
လက်ရှိတွင် ဦးသိန်းစိန်အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ခုဖြင့်လက်မှတ်ရေးထိုးကာ၊ နိုင်ငံရေးဆွေးနွေးပွဲများကို ဇန်နဝါရီ ၁၂ရက်နေ့တွင် ကျင်းပဆွေးနွေးရန် ပြင်ဆင်နေသည်။

ဦးသိန်းစိန်အစိုးရသက်တမ်းမှာ မတ်လ ၃၁ရက်တွင်ကုန်ဆုံးမည်ဖြစ်ပြီး၊ ယင်းအချိန်မှစတင်၍ နိုင်ငံတာဝန်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီ NLD က ဆက်လက်တာဝန်ယူရမည်ဖြစ်သည်။

NLD အစိုးရတာဝန်ယူပါက တိုင်းရင်းသားများအနေဖြင့်လည်း ဦးသိန်းစိန်အစိုးရထက် ငြိမ်းချမ်းရေးလုပ်ငန်း များကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည် ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကလည်း "ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ခြင်းတော့ တူတယ်။ ဒါပေမယ့် တစ်ကယ်လုပ်ဆောင်တဲ့အချိန်ကိုကြည့်ပြီးမှပဲ သေချာတော့ပြောလို့ရမယ်။" ဟု NLD တာဝန်ယူပါက ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှုအခြေအနေကို သုံးသပ်ပြောကြားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း NLD အစိုးရသာမက မည်သည့်အစိုးရ ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိနေပြီး၊ NLD၏ ရွေးကောက်ပွဲစာတမ်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကောင်းသည့်အရာမျာကိုယူဆောင်ကာ ပိုမိုကောင်းမွန်ရေးအတွက် လုပ်ဆောင်မည်ဟုဆိုသည့်အတွက် NLDအစိုးရနှင့် ဆွေးနွေးရမည့်ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုမိုအဆင်ပြေနိုင်မည်ဟု မျှော်လင့်ကြောင်း မဇ္စျိမကို ပြောထားသည်။

ဦးသိန်းစိန်းအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားနိုင်ပြီး  ယင်းလက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အတွင်း တိုက်ပွဲများဖြစ်ပေါ်လက်ရှိနေသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်းကျော်အနိုင်ရထားသည့် NLD ပါတီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဇန်နဝါရီ ၁ရက်တွင်လွှတ်တော်ခေါ်ယူကာ၊ မတ်လ ၃၁ရက်တွင် အစိုးရအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံတော် အာဏာကိုလွှဲပြောင်းရယူရမည်ဖြစ်သည်။

- See more at: http://mizzimaburmese.com/article/9384#sthash.BfbWCMxy.dpuf

No comments:

Post a Comment