Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 20, 2016

သီးသန္႔ရန္ပံုေငြသံုးစြဲမႈ လႊတ္ေတာ္ကုိ သမၼတ အသိေပး

ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္နဲ႔ ႏိုင္ငံေရးပါတီ ၈၆ ပါတီက ေခါင္းေဆာင္ေတြ ရန္ကုန္တိုင္းေဒသႀကီး အစိုးရရံုးခန္းမမွာ ႏိုဝင္ဘာလ ၁၅ ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးၾကစဥ္။ Photo: Thiha Tun/RFA

ၿပီးခဲ့တဲ့ႏွစ္အတြက္ ျပည္ေထာင္စုအစိုးရအဖဲြ႔ရဲ႕ သီးသန္႔ရန္ပုံေငြကေန က်ပ္သန္းေပါင္း ႏွစ္ေသာင္းနီးပါး သံုးစဲြခဲ့ေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္က ျပည္ေထာင္စုလႊတ္ေတာ္နာယကထံ သ၀ဏ္လႊာ ေပးပုိ႔လုိက္ပါတယ္။

ကာကြယ္ေရး၀န္ႀကီးဌာန၊ လယ္ယာစိုက္ပ်ဳိးေရးနဲ႔ ဆည္ေျမာင္း၀န္ႀကီးဌာန စတဲ့ အစိုးရအဖဲြ႔ေတြက က်ပ္သန္းေပါင္း ၂ေသာင္းနီးပါး ကို သံုးစဲြခဲ့တာျဖစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ မေန႔ကေပးပု႔ိလုိက္တဲ့ သ၀ဏ္လႊာမွာပါရွိတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက သူရဦးေရႊမန္းက ဒီေန႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ ေျပာပါတယ္။

"၂ဝ၁၅ ခုႏွစ္ ျပည္ေထာင္စု၏ ဘ႑ာေငြရသံုးဆိုင္ရာ ဥပေဒပါ သီးသန္႔ရန္ပံုေငြမွ ကာကြယ္ေရးဝန္ႀကီးဌာနဆိုင္ရာ လုပ္ငန္း ၁ ခု၊ လယ္ယာစိုက္ပ်ဳိးေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနဆိုင္ရာ လုပ္ငန္း ၇ ခု၊ ေမြးျမဴေရး၊ ေရလုပ္ငန္းနဲ႔ ေက်းလက္ေဒသ ဖြံၿဖိဳးေရးဝန္ႀကီးဌာနဆိုင္ရာ လုပ္ငန္း ၂ ခု၊ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဆိုင္ရာ လုပ္ငန္း ၁ ခု၊ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ဆိုင္ရာ လုပ္ငန္း ၁ ခု၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဆိုင္ရာ လုပ္ငန္း ၁ ခုနဲ႔ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဆိုင္ရာ လုပ္ငန္း ၁ ခု စုစုေပါင္းလုပ္ငန္း ၁၄ ခုအတြက္ ရန္ပံုေငြစုစုေပါင္း က်ပ္သန္း ၁၂၈၁ဝ.၇၃၁ ကို ခြဲေဝသံုးစြဲထားရွိမႈကို လႊတ္ေတာ္က မွတ္တမ္းတင္ေၾကာင္း အသိေပးေၾကညာပါတယ္"

လယ္ယာစုိက္ပ်ဳိးေရးနဲ႔ ဆည္ေျမာင္း၀န္ႀကီးဌာနက က်ပ္သန္းေပါင္း ရွစ္ေထာင္နီးပါး သံုးစြဲခဲ့ၿပီး ကာကြယ္ေရး၀န္ႀကီးဌာန လက္ေအာက္မွာရွိတဲ့ တပ္မေတာ္ ( ၾကည္း၊ ေရ၊ ေလ ) တပ္ရင္း/တပ္ဖြဲ႔ ၂၁၁ ခု အတြက္ က်ပ္သန္းေပါင္း သုံးေထာင္ သံုးစဲြခဲ့တယ္လို႔ သိရပါတယ္။

လယ္ယာစုိက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္း၀န္ႀကီးဌာနက တုိင္းနဲ႔ဲျပည္နယ္ေတြမွာရွိတဲ့ ဆည္ေျမာင္းတာတမံေတြ၊ ေရးႀကီးေရလွ်ံမႈ ကာကြယ္ေရးလုပ္ငန္းေတြ၊ အင္းေလးကန္ အစဥ္အၿမဲသာယာလွပေရးနဲ႔ ေရရွည္တည္တံံ့ေရးတုိ႔အတြက္ သုံးစြဲခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ပဲခူးတုိင္း၊ ရန္ကုန္တုိင္း၊ ဧရာ၀တီတုိင္းနဲ႔ ရခုိင္ျပည္နယ္အတြင္းက ေခ်ာင္းေျမာင္းေတြ ျပန္လည္တူးေဖာ္ေရးနဲ႔ ေျမထိန္းနံရံ တည္ေဆာက္ေရးတုိ႔အတြက္လည္း က်ပ္သန္းေပါင္း တစ္ေထာင္႔ႏွစ္ရာေက်ာ္ အသုံးျပဳခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.................................................................

သီးသန့်ရန်ပုံငွေသုံးစွဲမှု လွှတ်တော်ကို သမ္မတ အသိပေး


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီက ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးခန်းမမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်။ Photo: Thiha Tun/RFA
ပြီးခဲ့တဲ့နှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သီးသန့်ရန်ပုံငွေကနေ ကျပ်သန်းပေါင်း နှစ်သောင်းနီးပါး သုံးစွဲခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန စတဲ့ အစိုးရအဖွဲ့တွေက ကျပ်သန်းပေါင်း ၂သောင်းနီးပါး ကို သုံးစွဲခဲ့တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မနေ့ကပေးပို့လိုက်တဲ့ သဝဏ်လွှာမှာပါရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောပါတယ်။

"၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း ၁ ခု၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း ရ ခု၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း ၂ ခု၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခုနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခု စုစုပေါင်းလုပ်ငန်း ၁၄ ခုအတွက် ရန်ပုံငွေစုစုပေါင်း ကျပ်သန်း ၁၂၈၁ဝ.၇၃၁ ကို ခွဲဝေသုံးစွဲထားရှိမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း အသိပေးကြေညာပါတယ်"

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကျပ်သန်းပေါင်း ရှစ်ထောင်နီးပါး သုံးစွဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ တပ်မတော် ( ကြည်း၊ ရေ၊ လေ ) တပ်ရင်း/တပ်ဖွဲ့ ၂၁၁ ခု အတွက် ကျပ်သန်းပေါင်း သုံးထောင် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တိုင်းနဲဲ့ပြည်နယ်တွေမှာရှိတဲ့ ဆည်မြောင်းတာတမံတွေ၊ ရေးကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်းတွေ၊ အင်းလေးကန် အစဉ်အမြဲသာယာလှပရေးနဲ့ ရေရှည်တည်တံံ့ရေးတို့အတွက် သုံးစွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းက ချောင်းမြောင်းတွေ ပြန်လည်တူးဖော်ရေးနဲ့ မြေထိန်းနံရံ တည်ဆောက်ရေးတို့အတွက်လည်း ကျပ်သန်းပေါင်း တစ်ထောင့်နှစ်ရာကျော် အသုံးပြုခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment