Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 20, 2016

ထိပ္တန္းျမန္မာ ဆႏၵျပလုပ္သားေတြ ေတာင္းဆုိလစာ က်ပ္သိန္း ၃၃၀ ေက်ာ္ ရရွိ

လိႈင္သာယာၿမိဳ႕နယ္ ကေနာင္ခန္းမမွာ ဇန္နဝါရီလ ၂ဝ ရက္ေန႔က ထိပ္တန္းျမန္မာ စက္ရံုအလုပ္သမား ၂ဝဝ ေက်ာ္အတြက္ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာလ တစ္လစာကို အလုပ္ရွင္ဘက္က ျပန္ေပးစဥ္။ Photo: Htet Arkar/RFA

ရန္ကုန္တုိင္း လိႈင္သာယာစက္မႈဇုန္မွာရိွတဲ့ ထိပ္တန္းျမန္မာ အထည္ခ်ဳပ္စက္ရံုက အလုပ္သမား ၂၀၀ ေက်ာ္ဟာ လုပ္ခတစ္လစာရဖို႔အတြက္ ႏွစ္လေက်ာ္ၾကာ ဆႏၵျပေတာင္းဆိုရာမွာ အလုပ္သမားေတြရဲ႕ ေတာင္းဆိုမႈ ေအာင္ျမင္ခဲ့ၿပီး၊ ကုမၸဏီက ေငြက်ပ္သိန္း ၃၃၀ ေက်ာ္ ေပးအပ္လုိက္ပါတယ္။

အဲဒီလို ကုမၸဏီက တစ္လစာေပးဖို႔ ဥပေဒနဲ႔အညီေျဖရွင္းခဲ့တာေၾကာင့္ အလုပ္သမားေတြဟာ လုပ္ခတစ္လစာျပန္ရတာ ျဖစ္တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖဲြ႔က အလုပ္သမားေရးရာ၀န္ႀကီး ဦးေဇာ္ေအးေမာင္က ေျပာပါတယ္။

အလုပ္သမား ၂၀၀ ေက်ာ္အတြက္ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာလ တစ္လစာေပးအပ္ပြဲကို လိႈင္သာယာၿမိဳ႕နယ္က ကေနာင္ခန္းမမွာ ဒီကေန႔ က်င္းပခဲ့တာျဖစ္ၿပီး ထိပ္တန္းျမန္မာစက္ရံုဘက္က အလုပ္ရွင္ကိုယ္စား အေထြေထြမန္ေနဂ်ာ ဦးေအာင္မ်ိဳးက တက္ေရာက္ေပးအပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ႏုိဝင္ဘာလအတြက္ လုပ္အားခ တစ္လစာရရွိဖို႔ အလုပ္သမားေတြက ၂လေက်ာ္ၾကာ ဆႏၵျပေတာင္းဆိုခဲ့တာျဖစ္ၿပီး ခံုသမာဓိေကာင္စီက ဆံုးျဖတ္ေပးခဲ့တာျဖစ္ပါတယ္။

အလုပ္သမား ၂၀၀ ေက်ာ္အတြက္ တစ္ဦးကို က်ပ္တစ္သိန္း ေျခာက္ေသာင္းႏႈန္းရရိွမွာျဖစ္ၿပီး ဆႏၵျပတဲ့ အလုပ္သမား၂၀၀ေက်ာ္ဟာ ထိပ္တန္းျမန္မာစက္ရံုမွာပဲ ျပန္လည္အလုပ္လုပ္ကုိင္ၾကမွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.........................................................................

ထိပ်တန်းမြန်မာ ဆန္ဒပြလုပ်သားတွေ တောင်းဆိုလစာ ကျပ်သိန်း ၃၃၀ ကျော် ရရှိ

လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ဇန်နဝါရီလ ၂ဝ ရက်နေ့က ထိပ်တန်းမြန်မာ စက်ရုံအလုပ်သမား ၂ဝဝ ကျော်အတွက် ပြီးခဲ့တဲ့နှစ် နို၀င်ဘာလ တစ်လစာကို အလုပ်ရှင်ဘက်က ပြန်ပေးစဉ်။ Photo: Htet Arkar/RFA
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ လုပ်ခတစ်လစာရဖို့အတွက် နှစ်လကျော်ကြာ ဆန္ဒပြတောင်းဆိုရာမှာ အလုပ်သမားတွေရဲ့ တောင်းဆိုမှု အောင်မြင်ခဲ့ပြီး၊ ကုမ္ပဏီက ငွေကျပ်သိန်း ၃၃၀ ကျော် ပေးအပ်လိုက်ပါတယ်။

အဲဒီလို ကုမ္ပဏီက တစ်လစာပေးဖို့ ဥပဒေနဲ့အညီဖြေရှင်းခဲ့တာကြောင့် အလုပ်သမားတွေဟာ လုပ်ခတစ်လစာပြန်ရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

အလုပ်သမား ၂၀၀ ကျော်အတွက် ပြီးခဲ့တဲ့နှစ် နို၀င်ဘာလ တစ်လစာပေးအပ်ပွဲကို လှိုင်သာယာမြို့နယ်က ကနောင်ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့တာဖြစ်ပြီး ထိပ်တန်းမြန်မာစက်ရုံဘက်က အလုပ်ရှင်ကိုယ်စား အထွေထွေမန်နေဂျာ ဦးအောင်မျိုးက တက်ရောက်ပေးအပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွက် လုပ်အားခ တစ်လစာရရှိဖို့ အလုပ်သမားတွေက ၂လကျော်ကြာ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပြီး ခုံသမာဓိကောင်စီက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

အလုပ်သမား ၂၀၀ ကျော်အတွက် တစ်ဦးကို ကျပ်တစ်သိန်း ခြောက်သောင်းနှုန်းရရှိမှာဖြစ်ပြီး ဆန္ဒပြတဲ့ အလုပ်သမား၂၀၀ကျော်ဟာ ထိပ်တန်းမြန်မာစက်ရုံမှာပဲ ပြန်လည်အလုပ်လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment