Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 19, 2016

စက်သုံးဆီဈေးနှုန်းများ လျှော့ချသတ်မှတ်




 အများပြည်သူများ စက်သုံးဆီ ၀ယ်ယူသုံးစွဲမှု အဆင်ပြေရေးနှင့် လက်လီ အရောင်းဆိုင်များ စက်သုံးဆီဈေးနှုန်းများ ညှိနှိုင်းရောင်းချ နိုင်ရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ဈေးနှုန်းများ လျှော့ချ သတ်မှတ်ပေးပြီး ဇန်န၀ါရီ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းက သတ်မှတ်ပေးသည့် ဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာလျှင် ၅၀၀ ကျပ်၊ RON 92 တစ်လီတာ ၅၅၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ၅၆၀ ကျပ်နှင့် RON 95 တစ်လီတာလျှင် ၆၆၀ ကျပ်ဖြင့် ညှိနှိုင်းရောင်းချနိုင်ရန် သတ်မှတ် ထုတ်ပြန်လိုက်ပြီး မန္တလေးတိုင်း အတွင်းရှိ
အရောင်းဆိုင်များ အနေဖြင့်လည်း ရန်ကုန်ဈေးနှုန်းနှင့် ထိန်းညှိရောင်းချသွားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီအနေဖြင့် နေ့စဉ်ဖြစ်ပေါ်နေသည့် MOPS (Singapore Platt) ဈေးနှုန်း၊ Premium ၊ ငွေလွှဲနှုန်းများနှင့် ပြည်တွင်းဝယ်လိုအား အစရှိသည်တို့ အပေါ်မူတည်ပြီး ဖြစ်သင့် ဖြစ်ထိုက်သော ရောင်းဈေးနှုန်းအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အတွက်ညှိနှိုင်း စည်းဝေးမှုများ ပြုလုပ်ကာ တစ်ပတ်အတွင်းပျှမ်းမျှ MOPS ဈေးနှုန်း၊ ပျှမ်းမျှငွေလွှဲနှုန်းနှင့် စက်သုံးဆီ တင်သွင်းသူများ ပေးသွင်းရလျက်ရှိသည့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကြိုတင်ပေးခွန်များ တွက်ချက်ကာ နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံမီဒီယာများက ထုတ်ပြန်ပေးလျက်ရှိ သော်လည်း အရောင်းဆိုင်များတွင်
ရောင်းချလျက်ရှိသည့် ဈေးနှုန်းနှင့် လက်လီဈေးနှုန်းမှာ များစွာကွာဟလျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ညှိနှိုင်းရောင်းချနိုင်ရန် အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးမှုနှင့် ပတ်သက်၍ စနစ်တကျရှိစေရေး၊ ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများနှင့်အညီ ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်းဖြစ်စေရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းအနေဖြင့် အဖွဲ့ဝင် ၁၂ ဦးပါ စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းရေးအဖွဲ့ အားရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင်သယ်ယူ ချက်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရေနံ ဈေးကွက်အတွင်း အီရန်ရေနံများ ၀င်ရောက်တော့မည်ဖြစ်ရာ အာရှတွင်ဘဲရင့်ရေနံ အညွန်းကိန်းသည် ၁၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် ရေနံတစ်စည်လျှင် ၂၈ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

နျူကလီးယား သဘောတူညီချက်အရ အမေရိကန်နှင့် ဥရောပခေါင်းဆောင်များက အီရန်အပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပေးလိုက်သည့် အတွက် အီရန်ရေနံ အမြောက်အမြား ဈေးကွက်အတွင်း ၀င်ရောက်လာတော့မည် ဖြစ်ခြင်းကြောင့်ကမ္ဘာ့ရေနံဈေးနှုန်းမှာ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

သတင်း - ဇော်မင်းထွန်း
...............


 အများပြည်သူများ စက်သုံးဆီ ၀ယ်ယူသုံးစွဲမှု အဆင်ပြေရေးနှင့် လက်လီ အရောင်းဆိုင်များ စက်သုံးဆီစျေးနှုန်းများ ညှိနှိုင်းရောင်းချ နိုင်ရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက  စျေးနှုန်းများ လျှော့ချ သတ်မှတ်ပေးပြီး ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းက သတ်မှတ်ပေးသည့် စျေးနှုန်းများမှာ ဒီဇယ်တစ်လီတာလျှင် ၅၀၀ ကျပ်၊ RON 92 တစ်လီတာ ၅၅၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ၅၆၀ ကျပ်နှင့် RON 95 တစ်လီတာလျှင် ၆၆၀ ကျပ်ဖြင့် ညှိနှိုင်းရောင်းချနိုင်ရန် သတ်မှတ် ထုတ်ပြန်လိုက်ပြီး မန္တလေးတိုင်း အတွင်းရှိ
အရောင်းဆိုင်များ အနေဖြင့်လည်း ရန်ကုန်စျေးနှုန်းနှင့် ထိန်းညှိရောင်းချသွားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်သုံးဆီစျေးနှုန်း ထိန်းသိမ်းရေး ကော်မတီအနေဖြင့် နေ့စဉ်ဖြစ်ပေါ်နေသည့် MOPS (Singapore Platt) စျေးနှုန်း၊ Premium ၊ ငွေလွှဲနှုန်းများနှင့် ပြည်တွင်းဝယ်လိုအား အစရှိသည်တို့ အပေါ်မူတည်ပြီး ဖြစ်သင့် ဖြစ်ထိုက်သော ရောင်းစျေးနှုန်းအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အတွက်ညှိနှိုင်း စည်းဝေးမှုများ ပြုလုပ်ကာ တစ်ပတ်အတွင်းပျှမ်းမျှ MOPS စျေးနှုန်း၊ ပျှမ်းမျှငွေလွှဲနှုန်းနှင့် စက်သုံးဆီ တင်သွင်းသူများ ပေးသွင်းရလျက်ရှိသည့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကြိုတင်ပေးခွန်များ တွက်ချက်ကာ နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံမီဒီယာများက ထုတ်ပြန်ပေးလျက်ရှိ သော်လည်း အရောင်းဆိုင်များတွင်
ရောင်းချလျက်ရှိသည့် စျေးနှုန်းနှင့် လက်လီစျေးနှုန်းမှာ များစွာကွာဟလျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ညှိနှိုင်းရောင်းချနိုင်ရန် အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးမှုနှင့် ပတ်သက်၍ စနစ်တကျရှိစေရေး၊ ဖြစ်ပေါ်လျက်ရှိသော ကမ္ဘာ့ရေနံစိမ်း စျေးနှုန်းများနှင့်အညီ ဖြစ်သင့် ဖြစ်ထိုက်သော စျေးနှုန်းဖြစ်စေရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းအနေဖြင့် အဖွဲ့ဝင် ၁၂ ဦးပါ စက်သုံးဆီစျေးနှုန်း ထိန်းသိမ်းရေးအဖွဲ့ အားရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင်သယ်ယူ ချက်လုပ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရေနံ စျေးကွက်အတွင်း အီရန်ရေနံများ ၀င်ရောက်တော့မည်ဖြစ်ရာ အာရှတွင်ဘဲရင့်ရေနံ အညွန်းကိန်းသည် ၁၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် ရေနံတစ်စည်လျှင် ၂၈ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

နျူကလီးယား သဘောတူညီချက်အရ အမေရိကန်နှင့် ဥရောပခေါင်းဆောင်များက အီရန်အပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပေးလိုက်သည့် အတွက် အီရန်ရေနံ အမြောက်အမြား စျေးကွက်အတွင်း ၀င်ရောက်လာတော့မည် ဖြစ်ခြင်းကြောင့်ကမ္ဘာ့ရေနံစျေးနှုန်းမှာ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment