Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

ကမၻာ့တရားခံေျပး ၀က္ဘ္ဆုိက္ ဥေရာပသမဂၢ ရဲတပ္ဖဲြ႕လႊင့္တင္

www.eumostwanted.eu

www.eumostwanted.eu

ပဲရစ္ ၊ ၃၀-၁-၂၀၁၆

၂ဝ၁၅ ခုႏွစ္ ပါရီ အၾကမ္းဖက္ တုိက္ခုိက္မႈ၌ အဓိက တရားခံတစ္ဦး အျဖစ္ ယူဆရေသာ ဘယ္လ္ဂ်ီယံ ႏုိင္ငံသား ဆာလားအက္ဘ္ ဒက္စ္လန္ အပါအဝင္ ကမၻာ့အလုိရွိဆံုး၊ နာမည္အဆုိးဆံုး အၾကမ္းဖက္ တရားခံေျပး ၄၅ ဦးစာရင္းကို တင္ျပထားသည့္ အင္တာနက္ ဝက္ဘ္ဆုိက္ တစ္ခုကို ဥေရာပသမဂၢ ရဲတပ္ဖြဲ႕ (ယူ႐ိုပိုလ္) က ယမန္ေန႔တြင္ လႊင့္တင္လုိက္ေၾကာင္း ေအအက္ဖ္ပီ သတင္းဌာနက ေဖာ္ျပခဲ့သည္။

အဆိုပါ ယူ႐ုိပိုလ္ဝက္ဘ္ဆုိက္ သည္ ကမၻာ့အလိုရွိဆံုး တရားခံမ်ား၊ တရားစြဲခံထား ရသူမ်ား၊ လက္မခံႏုိင္ ေလာက္သည့္ ရာဇဝတ္မႈမ်ား၊ အၾကမ္းဖက္မႈမ်ား၊ ျပစ္မႈ က်ဴးလြန္ေၾကာင္း ယူဆရသူမ်ား၏ သတင္း အခ်က္အလက္ မ်ားကို ျဖည့္ဆည္းေပးမည္ ျဖစ္ေၾကာင္း ယူ႐ိုပုိလ္က သတင္းထုတ္ျပန္ ခဲ့သည္။

ထို႔တူ ကမၻာ့အလုိရွိဆံုး တရားခံေျပးမ်ားႏွင့္ ပတ္သက္၍ သတင္းေပးလိုသူ ျပည္သူမ်ား အေနျဖင့္ အမည္ေဖာ္ျပ ရန္မလိုဘဲ www.eumostwanted.eu သုိ႔ ဆက္သြယ္ သတင္းေပးႏုိင္ ေၾကာင္း ယူ႐ုိပိုလ္က သတင္းထုတ္ ျပန္ခဲ့သည္။

ဥေရာပ၏ အလိုရွိဆံုး တရားခံေျပးမ်ားကို ရွာေဖြရာတြင္ အမ်ားျပည္သူ၏ အကူအညီမ်ား ရယူေရးအတြက္ ကမၻာ့ တရားခံေျပး သတင္းဝက္ဘ္ဆုိက္ ကို လႊင့္တင္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ အဆုိပါ ဝက္ဘ္ဆုိက္ေပၚတြင္ တရားခံေျပး မ်ား၏ ဓာတ္ပံုမ်ား၊ ယင္းတို႔ အေပၚ စြဲဆုိ ထားသည့္ စြဲခ်က္မ်ားႏွင့္ ရဲတပ္ဖြဲ႕ထံ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္ မ်ားကုိ ေဖာ္ျပခဲ့ေၾကာင္း ယူ႐ုိပိုလ္ သတင္းထုတ္ျပန္ ခ်က္၌ ေဖာ္ျပခဲ့သည္။

ယူ႐ုိပိုလ္၏ ကမၻာ့တရားခံေျပး ဝက္ဘ္ဆုိက္၌ ထူးထူးျခားျခား အမ်ဳိးသမီးတစ္ဦး ပါဝင္လ်က္ရွိၿပီး ယင္း အမ်ဳိးသမီးမွာ စီစီလီယာ ကတ္တူနန္ အမည္ရွိ အသက္ ၂၉ ႏွစ္အရြယ္ ဖင္လန္ႏိုင္ငံသူ ျဖစ္ၿပီး အတိုင္းအဆ က်ယ္ျပန္႔လွသည့္ ေငြေၾကး လိမ္လည္မႈျဖင့္ တရားစြဲ ခံထားရသူတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

အလားတူ ယူ႐ုိပိုလ္ ကမၻာ့ တရားခံေျပး ၀က္ဘ္ဆုိက္ ၌ အီတလီ ရဲတပ္ဖြဲ႕က အညႇာအတာ ကင္းမဲ့သည့္ လူသတ္သမား အျဖစ္ သတ္မွတ္၍ ဖမ္းဆီးရန္ ႀကိဳးပမ္းေနေသာ အားနက္စ္တို ဖက္ဇာလာရီ အမည္ရွိ အီတလီ မာဖီးယား အုပ္စု၀င္ တစ္ဦးလည္း ပါဝင္ေၾကာင္း သိရသည္။

#PyiChitThar

................................................

ကမ္ဘာ့တရားခံပြေး ၀က်ဘ်ဆိုက် ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့လွှင့်တင်

www.eumostwanted.eu

www.eumostwanted.eu

ပဲရစ် ၊ ၃၀-၁-၂၀၁၆

၂ဝ၁၅ ခုနှစ် ပါရီ အကြမ်းဖက် တိုက်ခိုက်မှု၌ အဓိက တရားခံတစ်ဦး အဖြစ် ယူဆရသော ဘယ်လ်ဂျီယံ နိုင်ငံသား ဆာလားအက်ဘ် ဒက်စ်လန် အပါအဝင် ကမ္ဘာ့အလိုရှိဆုံး၊ နာမည်အဆိုးဆုံး အကြမ်းဖက် တရားခံပြေး ၄၅ ဦးစာရင်းကို တင်ပြထားသည့် အင်တာနက် ဝက်ဘ်ဆိုက် တစ်ခုကို ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့ (ယူရိုပိုလ်) က ယမန်နေ့တွင် လွှင့်တင်လိုက်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ယူရိုပိုလ်ဝက်ဘ်ဆိုက် သည် ကမ္ဘာ့အလိုရှိဆုံး တရားခံများ၊ တရားစွဲခံထား ရသူများ၊ လက်မခံနိုင် လောက်သည့် ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ ပြစ်မှု ကျူးလွန်ကြောင်း ယူဆရသူများ၏ သတင်း အချက်အလက် များကို ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ယူရိုပိုလ်က သတင်းထုတ်ပြန် ခဲ့သည်။

ထို့တူ ကမ္ဘာ့အလိုရှိဆုံး တရားခံပြေးများနှင့် ပတ်သက်၍ သတင်းပေးလိုသူ ပြည်သူများ အနေဖြင့် အမည်ဖော်ပြ ရန်မလိုဘဲ www.eumostwanted.eu သို့ ဆက်သွယ် သတင်းပေးနိုင် ကြောင်း ယူရိုပိုလ်က သတင်းထုတ် ပြန်ခဲ့သည်။

ဥရောပ၏ အလိုရှိဆုံး တရားခံပြေးများကို ရှာဖွေရာတွင် အများပြည်သူ၏ အကူအညီများ ရယူရေးအတွက် ကမ္ဘာ့ တရားခံပြေး သတင်းဝက်ဘ်ဆိုက် ကို လွှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဝက်ဘ်ဆိုက်ပေါ်တွင် တရားခံပြေး များ၏ ဓာတ်ပုံများ၊ ယင်းတို့ အပေါ် စွဲဆို ထားသည့် စွဲချက်များနှင့် ရဲတပ်ဖွဲ့ထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို ဖော်ပြခဲ့ကြောင်း ယူရိုပိုလ် သတင်းထုတ်ပြန် ချက်၌ ဖော်ပြခဲ့သည်။

ယူရိုပိုလ်၏ ကမ္ဘာ့တရားခံပြေး ဝက်ဘ်ဆိုက်၌ ထူးထူးခြားခြား အမျိုးသမီးတစ်ဦး ပါဝင်လျက်ရှိပြီး ယင်း အမျိုးသမီးမှာ စီစီလီယာ ကတ်တူနန် အမည်ရှိ အသက် ၂၉ နှစ်အရွယ် ဖင်လန်နိုင်ငံသူ ဖြစ်ပြီး အတိုင်းအဆ ကျယ်ပြန့်လှသည့် ငွေကြေး လိမ်လည်မှုဖြင့် တရားစွဲ ခံထားရသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

အလားတူ ယူရိုပိုလ် ကမ္ဘာ့ တရားခံပြေး ၀က်ဘ်ဆိုက် ၌ အီတလီ ရဲတပ်ဖွဲ့က အညှာအတာ ကင်းမဲ့သည့် လူသတ်သမား အဖြစ် သတ်မှတ်၍ ဖမ်းဆီးရန် ကြိုးပမ်းနေသော အားနက်စ်တို ဖက်ဇာလာရီ အမည်ရှိ အီတလီ မာဖီးယား အုပ်စုဝင် တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment