Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

လႊတ္ေတာ္ကုိယ္စားလွယ္သစ္ေတြ အစမ္းေလ့က်င့္

အမ်ိဳးသား ဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ပါတီ အႏုိင္ရ ကုိယ္စားလွယ္ေတြကုိ ဇန္နဝါရီလ ၃ဝ ရက္ေန႔က ျပည္သူ႕လႊတ္ေတာ္ အစည္းအေဝး ခန္းမမွာ လႊတ္ေတာ္ဆုိင္ရာ သင္တန္းေပးေနစဥ္။ Photo:Win Ko Ko Latt/RFA
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စတင္က်င္းပမယ့္ လႊတ္ေတာ္ အစည္းအေဝးေတြမွာ လႊတ္ေတာ္ဥကၠဌနဲ႔ ဒုတိယဥကၠဌေတြ ေရြးခ်ယ္ႏိုင္ဖို႔အတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္ အသစ္ေတြက ဒီေန႔ျပည္သူ႔ လႊတ္ေတာ္ အစည္းအေဝးခန္းမမွာ အစမ္းေလ့က်င့္ခဲ့ၾကပါတယ္။

လႊတ္ေတာ္ရံုးဝန္ထမ္းေတြက အမ်ိဳးသားလႊတ္္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ဖိတ္ၾကားၿပီး အစမ္းေလ့က်င့္ေပးခဲ့တာျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ခင္ေဆာင္က ေျပာပါတယ္။

"ကိုယ္စားလွယ္ေတြကို ဖိတ္လိုက္တယ္၊ ဖိတ္ၿပီးေတာ့ အဲ့ဒီမွာ လႊတ္ေတာ္ရံုးဝန္ထမ္းေတြကေနၿပီးေတာ့ က်ေနာ္တို႔ကို သဘာပတိေရြးတာ၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ေရြးတာ၊ ဒု-ဥကၠဌေတြေရြးတာ၊ မဲေပးတဲ့ပံုစံ မဲပံုႏိႈက္တာကအစ အကုန္လံုး သူတို႔က အေသးစိတ္ရွင္းျပတာေပါ့"

လာမယ့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးကို စတင္က်င္းပမွာျဖစ္ၿပီး အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။

လႊတ္ေတာ္အစည္းအေဝးစတင္က်င္းပမယ့္ရက္မွာ လႊတ္ေတာ္က်င္းပႏိုင္ေရးအတြက္ သဘာပတိတစ္ဦးကို ကိုယ္စားလွယ္ေတြက ေရြးခ်ယ္ရပါတယ္။

သဘာပတိေရြးခ်ယ္ၿပီးေနာက္မွာ လႊတ္ေတာ္ ဥကၠဌနဲ႔ ဒုတိယဥကၠဌ အျဖစ္ခန္႔အပ္လိုသူေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အမည္စာရင္းတင္သြင္းခြင့္ရွိၿပီး အမည္ကြဲလြဲမႈေတြရွိလာမယ္ဆိုရင္ မဲစနစ္နဲ႔ေရြးခ်ယ္ရမွာျဖစ္ပါတယ္။

လႊတ္ေတာ္အတြင္း ကိုယ္စားလွယ္အမ်ားစုအႏိုင္ရထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ ျပည္သူ႔လႊတ္ေတာ္ဥကၠဌအျဖစ္ ဦးဝင္းျမင့္၊ ဒုတိယဥကၠဌအျဖစ္ ဦးတီခြန္ျမတ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌအျဖစ္ ဦးမန္းဝင္းခိုင္သန္း၊ ဒုတိယဥကၠဌအျဖစ္ ဦးေအးသာေအာင္ တို႔ကိုလ်ာထားၿပီးျဖစ္တယ္လို႔ ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

ဒီေန႔ျပည္သူ႔လႊတ္ေတာ္မွာ က်င္းပတဲ့လႊတ္ေတာ္အစမ္းေလ့က်င့္တဲ့ဲ့ပြဲကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ မတက္ေရာက္ခဲ့ေပမယ့္ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေနျပည္ေတာ္စည္ပင္ဧည့္ရိပ္သာမွာ ေတြ႔ဆံုခဲ့တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............................
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရ ကိုယ်စားလှယ်တွေကို ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမမှာ လွှတ်တော်ဆိုင်ရာ သင်တန်းပေးနေစဉ်။ Photo:Win Ko Ko Latt/RFA
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေမှာ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေ ရွေးချယ်နိုင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ် အသစ်တွေက ဒီနေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမမှာ အစမ်းလေ့ကျင့်ခဲ့ကြပါတယ်။

လွှတ်တော်ရုံးဝန်ထမ်းတွေက အမျိုးသားလွှတ််တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အစမ်းလေ့ကျင့်ပေးခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်က ပြောပါတယ်။

"ကိုယ်စားလှယ်တွေကို ဖိတ်လိုက်တယ်၊ ဖိတ်ပြီးတော့ အဲ့ဒီမှာ လွှတ်တော်ရုံးဝန်ထမ်းတွေကနေပြီးတော့ ကျနော်တို့ကို သဘာပတိရွေးတာ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ရွေးတာ၊ ဒု-ဥက္ကဌတွေရွေးတာ၊ မဲပေးတဲ့ပုံစံ မဲပုံနှိုက်တာကအစ အကုန်လုံး သူတို့က အသေးစိတ်ရှင်းပြတာပေါ့"

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးကို စတင်ကျင်းပမှာဖြစ်ပြီး အမျိုးသားလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေးစတင်ကျင်းပမယ့်ရက်မှာ လွှတ်တော်ကျင်းပနိုင်ရေးအတွက် သဘာပတိတစ်ဦးကို ကိုယ်စားလှယ်တွေက ရွေးချယ်ရပါတယ်။

သဘာပတိရွေးချယ်ပြီးနောက်မှာ လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ အဖြစ်ခန့်အပ်လိုသူတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက အမည်စာရင်းတင်သွင်းခွင့်ရှိပြီး အမည်ကွဲလွဲမှုတွေရှိလာမယ်ဆိုရင် မဲစနစ်နဲ့ရွေးချယ်ရမှာဖြစ်ပါတယ်။

လွှတ်တော်အတွင်း ကိုယ်စားလှယ်အများစုအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးဝင်းမြင့်၊ ဒုတိယဥက္ကဌအဖြစ် ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ် ဦးအေးသာအောင် တို့ကိုလျာထားပြီးဖြစ်တယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားထားပါတယ်။

ဒီနေ့ပြည်သူ့လွှတ်တော်မှာ ကျင်းပတဲ့လွှတ်တော်အစမ်းလေ့ကျင့်တဲဲ့့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခဲ့ပေမယ့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment