Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 30, 2016

ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှ ကျောင်းသူများ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသော နိုက်ကလပ်အား ၀င်ရောက်ဖမ်းဆီး



ဇန်န၀ါရီ ၃၀ ရက် ၂၀၁၆






.............................


ဇန်နဝါရီ ၃၀ ရက် ၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ်Pattaya ပတ္တရား ပင်လယ်ကမ်းစပ်မြိုမှာဖွင့်လှစ်ထားတဲ့ Bali Hai နိုက်ကလပ် ကပွဲရုံ အား ယနေ ့မနက် (၆) နာရီမှာ (သောကြာနေ ့ပါတီမှာ မနက်မိုးလင်းအထိ ကခုံကြသည်) ရဲတပ်ဖွဲ ့ဝင်တွေ ၀င်ရောက် စစ်ဆေးခဲ့ပါတယ်။

ကလပ်အတွင်း မှာ ကျောင်းဝတ်စုံတွေနဲ ့ ကခုံနေကြတဲ့ လူငယ် ၂၀၀ ကျော် တွေ ့ရပါတယ်။
ရဲတွေက မီးတွေဖွင့်ခိုင်းလိုက်ပြီး ကနေသူအားလုံးကို ရပ်ခိုင်းလိုက်ပါတယ်။ ကလပ် အတွင်းမှ အမျိုးသမီး အမျိုးသားများ အားလုံးအား အုပ်စု နှစ်စုခွဲပြီး မှတ်ပုံတင်နဲ ့ ဆီးစစ်ဆေး မှုတွေ ပြုလုပ်ခဲ့တဲ့အခါမှာ အယောက် (၃၀)ကျော်ဟာ မူးယစ်ဆေး ၀ါးသုံးစွဲထားတာတွေ ့ရပြီး မိန်းခလေး (၇)ယောက်က အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကျောင်းသူတွေပါ။


ဆိုင်မန်နေဂျနဲ ့ ပိုင်ရှင်ကိုတော့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်၊ ယခင်က လည်း တစ်ကြိမ် ၀င်ရောက်ဖမ်းဆီးခဲ့ဘူးပြီး ဆိုင်ဖွင့်ခွင့် ငါးနှစ်ပိတ်ပင်ထားရာမှ တလအကြာ နံမည်တမျိုးပြောင်းပြီး ထပ်ဖွင့်ခဲ့တာပါ။

ယခုဝင်ရောက်ဖမ်းဆီးခဲ့တဲ့ နိုက်ကလပ်မှာ ကျောင်းသူလေးတွေ ပြည်တန်ဆာ အဖြစ် လုပ်ကိုင်နေတာကို ကြိုတင် သတင်းပေးခဲ့လို ့ ရဲတပ်ဖွဲ ့ဝင် ၅၀ က ၀င်ရောက်ရှာဖွေ ဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆေးသုံးဆွဲထားတဲ့ လူငယ်တွေကိုတော့ လူငယ်ပြုပြင်ရေး စခန်းဆီပို ့မှာဖြစ်ကြောင်း သိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

No comments:

Post a Comment