Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 29, 2016

ဘိန္းစုိက္ပ်ိဳးမႈနဲ႔ မပတ္သက္ေၾကာင္း ဦးတီခြန္ျမတ္ တုန္႔ျပန္ေျပာၾကား

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတီခြန္ျမတ္ ကို ေတြ႕ရစဥ္။ Photo: Myo Thant Khaing/RFA
လာမယ့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္မွာ ဒုတိယ ဥကၠဌရာထူးအတြက္ အဆိုျပဳခံထားရတဲ့ ႀကံ့ခိုင္ဖံ႔ြၿဖိဳးေရးပါတီ ကိုယ္စားလွယ္ ဦးတီခြန္ျမတ္က သူဟာ ဘိန္းခ်က္စခန္းေတြကို တုိက္ဖ်က္ခဲ့သူသာျဖစ္ေၾကာင္း၊ ဘိန္းစိုက္ပ်ဳိးမႈနဲ႔ ပတ္သက္ဆက္ႏြယ္ေနတယ္လို႔ ေ၀ဖန္ေနသူေတြအေနနဲ႔လည္း သူ႔ေဒသကုိ သြားေရာက္ေလ့လာသင့္ေၾကာင္း ေျပာလိုက္ပါတယ္။

အန္အယ္လ္ဒီပါတီက ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠဌေနရာအတြက္ ဦးတီခြန္ျမတ္ကို ေရြးခ်ယ္ထားေၾကာင္း သတင္းထြက္ေပၚလာခ်ိန္မွာ ဦးတီခြန္ျမတ္ဟာ ကြတ္ခိုင္ၿမိဳ႕ အထူးျပည္သူ႔စစ္အဖဲြ႔ေခါင္းေဆာင္ေဟာင္း တစ္ေယာက္ျဖစ္ၿပီး ဘိန္းစိုက္ပ်ဳိးမႈေတြမွာ ပါ၀င္ပတ္သက္ေနတယ္လို႔ ေ၀ဖန္မႈေတြ ရွိေနတာျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လုိ႔ ဦးတီခြန္ျမတ္ကို ေမးျမန္းရာမွာ အခုလို တုန္႔ျပန္ေျပာၾကားလုိက္တာျဖစ္ပါတယ္။

"အဲ့ဒီေဒသမွာ ဘိန္းခ်က္စခန္းဆိုတာရွိခဲ့တယ္၊ အဲ့ဘိန္းခ်က္စခန္းကို အန္ကယ္ကိုယ္တိုင္ သြားတိုက္ခဲ့တာပဲ၊ တစ္ခုတင္မကဘူး အမ်ားႀကီးပါ၊ အဲ့လိုဖမ္းဆီးအေရးယူတဲ့ကိစၥေတြ လုပ္ခဲ့တဲ့အပိုင္းေတြ ဒါေတြက မေဖာ္ျပဘဲနဲ႔ အခုက်ေတာ့ ေျပာင္းျပန္ျပန္ေျပာေတာ့ စဥ္းစားၾကည့္ပါ၊ အမွန္သိခ်င္ရင္ အဲ့ေဒသကို သြားေမးၾကည့္ပါ၊ ဒါကေတာ့ အမွန္ဆံုးျဖစ္ပါလိမ့္မယ္၊ အကုန္မေျပာခ်င္ဘူး၊ ေျပာရင္အခုအခ်ိန္က ၿငိမ္းခ်မ္းေရး တည္ေဆာက္ေနတဲ့ကာလဆိုေတာ့ ေျပာလိုက္ရင္ အဲ့ဒီအတြက္ အမ်ားႀကီးဟိုဟာျဖစ္မွာစိုးလို႔ ေအာင့္အီးထားတာ"

ဦးတီခြန္ျမတ္ဟာ ၅ႏွစ္တာကာလအတြင္း ပထမအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ ဥကၠဌ တာ၀န္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးမွာ ညႊန္ၾကားေရးမွဴးတာ၀န္ကို ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၀၁၀ ေရြးေကာက္ပဲြမွာ ကြတ္ခိုင္ၿမိဳ႕နယ္ကေန ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.....................
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် ကို တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
လာမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ဒုတိယ ဥက္ကဌရာထူးအတွက် အဆိုပြုခံထားရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ်က သူဟာ ဘိန်းချက်စခန်းတွေကို တိုက်ဖျက်ခဲ့သူသာဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ဝေဖန်နေသူတွေအနေနဲ့လည်း သူ့ဒေသကို သွားရောက်လေ့လာသင့်ကြောင်း ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌနေရာအတွက် ဦးတီခွန်မြတ်ကို ရွေးချယ်ထားကြောင်း သတင်းထွက်ပေါ်လာချိန်မှာ ဦးတီခွန်မြတ်ဟာ ကွတ်ခိုင်မြို့ အထူးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေမှာ ပါ၀င်ပတ်သက်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးတီခွန်မြတ်ကို မေးမြန်းရာမှာ အခုလို တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။

"အဲ့ဒီဒေသမှာ ဘိန်းချက်စခန်းဆိုတာရှိခဲ့တယ်၊ အဲ့ဘိန်းချက်စခန်းကို အန်ကယ်ကိုယ်တိုင် သွားတိုက်ခဲ့တာပဲ၊ တစ်ခုတင်မကဘူး အများကြီးပါ၊ အဲ့လိုဖမ်းဆီးအရေးယူတဲ့ကိစ္စတွေ လုပ်ခဲ့တဲ့အပိုင်းတွေ ဒါတွေက မဖော်ပြဘဲနဲ့ အခုကျတော့ ပြောင်းပြန်ပြန်ပြောတော့ စဉ်းစားကြည့်ပါ၊ အမှန်သိချင်ရင် အဲ့ဒေသကို သွားမေးကြည့်ပါ၊ ဒါကတော့ အမှန်ဆုံးဖြစ်ပါလိမ့်မယ်၊ အကုန်မပြောချင်ဘူး၊ ပြောရင်အခုအချိန်က ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလဆိုတော့ ပြောလိုက်ရင် အဲ့ဒီအတွက် အများကြီးဟိုဟာဖြစ်မှာစိုးလို့ အောင့်အီးထားတာ"

ဦးတီခွန်မြတ်ဟာ ၅နှစ်တာကာလအတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကွတ်ခိုင်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment