Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

ဆလိုေဗနီးယားတြင္ ယာဥ္ စီးေရ ၇၀ ပါဝင္သည့္ အစုလိုက္အျပံဳလိုက္ ယာဥ္ဆင့္ကဲတိုက္မႈ ျဖစ္ပြား၊ ေလးဦးေသဆံုး ၂၉ ဦးဒဏ္ရာရ

ယာဥ္ဆင့္ကဲတိုက္မႈအား ေတြ႕ရစဥ္ (အင္တာနက္)
    လူဘီအာနာ (LJUBLJANA)၊ ဇန္နဝါရီ ၃၁ ရက္ (ဆင္ဟြာ)

    ဆလိုေဗးနီးယားႏိုင္ငံ အေနာက္ပိုင္းတြင္ ဇန္နဝါရီလ ၃၀ ရက္က အစုလိုက္အျပံဳလိုက္ ယာဥ္ဆင့္ကဲတိုက္မႈ ျဖစ္ပြားခဲ႔ရာ လူ ေလးဦး ေသဆံုးၿပီး ၂၉ ဦး ဒဏ္ရာရရွိခဲ႔ၿပီး ဆလိုေဗးနီးယား သမိုင္းတေလွ်ာက္ အဆိုးဝါး ဆံုး ယာဥ္တိုက္မႈျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆင့္ကဲ ယာဥ္တိုက္မႈတြင္ ဘတ္စ္ကားႏွင့္ ထရပ္ကား အပါအဝင္ ယာဥ္ေပါင္း ၇၀ ပါဝင္ၿပီး Koper ၿမိဳ႕ ႏွင့္ အေရွ႕ေျမာက္ ကီလိုမီတာ ၄၀ အကြာ A1 အေဝးေျပး လမ္းမႀကီးေပၚရွိ Senozece ဂိတ္ေပါက္အနီးတြင္ ျဖစ္ပြားခဲ႔ျခင္း ျဖစ္ေၾကာင္း ရဲအရာရွိ ေျပာစကားအား ကိုးကား၍ ဆလိုေဗးနီးယား သတင္း ေအဂ်င္စီ (STA) က ေဖာ္ျပထားသည္။

အခင္းျဖစ္စဥ္မွာ ရွိေနသည့္ ရဲအရာရွိမ်ားက မေတာ္တဆမႈတြင္ လူေလးဦး ေသဆံုးၿပီး ၂၉ ဦး ဒဏ္ရာရရွိ ေၾကာင္း ေဒသခံ ပုဂၢလိက အသံလႊင့္႒ာန POP TV အရ သိရသည္။ ဒဏ္ရာရရွိသူမ်ားအား လူဘီအာနာ၊ ပို႔စ္တိုနာ ႏွင့္ အစ္ဇိုလာရွိ ေဆးရံုမ်ားသို႔ ပို႔ေဆာင္ခဲ႔ရေၾကာင္း သိရသည္။

ယာဥ္ေမာင္းမ်ားသည္ ယာဥ္တိုက္မႈမ်ားအား ေရွာင္ရွားရန္ ႀကိဳးစားစဥ္ ရုတ္တရက္ေတြ႕လိုက္ရသည့္ ထူထပ္စြာ က်ဆင္းေနေသာ ျမဴခိုးထုေၾကာင့္ မေတာ္တဆမႈ ျဖစ္ပြားရျခင္း ျဖစ္ေၾကာင္း သိိရသည္။

ကယ္ဆယ္ေရး လုပ္ငန္းစဥ္တြင္ မီးသတ္ကားမ်ား၊ အေပ်ာ္တမ္း ေဆးဘက္အကူမ်ားႏွင့္ ရဲအရာရွိ ဒါဇင္ေပါင္း မ်ားစြာ ပါဝင္ခဲ႔သည္။

အခင္း ျဖစ္စဥ္တြင္ ရိုက္ကူးထားသည့္ ဗီဒီယိုတြင္ ယာဥ္တိုက္မႈမ်ား ျဖစ္ပြားၿပီးေနာက္ အပ်က္အစီးမ်ားအား ေတြ႕ရသလို အခ်ိဳ႕မွာ ထရပ္ကားမ်ားေအာက္သို႔ ေရာက္ရွိေနေၾကာင္း ျပသထားသည္။

အကယ္၍ ငါးေယာက္ေျမာက္ ေသဆံုးသူ ေပၚထြက္လာခဲ႔လွ်င္ ယင္း ယာဥ္တိုက္မႈသည္ ဆလိုေဗးနီးယား သမိုင္းတြင္ ေသဆံုးသူ အမ်ားဆံုးႏွင့္ အႀကီးဆံုး ယာဥ္တိုက္မႈျဖစ္လာႏိုင္ၿပီး ကားပါဝင္မႈ အေရအတြက္ အမ်ား ဆံုး ျဖစ္လာမည္ ျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com
.......................
 ယာဉ်ဆင့်ကဲတိုက်မှုအား တွေ့ရစဉ် (အင်တာနက်)
    လူဘီအာနာ (LJUBLJANA)၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

    ဆလိုဗေးနီးယားနိုင်ငံ အနောက်ပိုင်းတွင် ဇန်နဝါရီလ ၃၀ ရက်က အစုလိုက်အပြုံလိုက် ယာဉ်ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့ရာ လူ လေးဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆလိုဗေးနီးယား သမိုင်းတလျှောက် အဆိုးဝါး ဆုံး ယာဉ်တိုက်မှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင့်ကဲ ယာဉ်တိုက်မှုတွင် ဘတ်စ်ကားနှင့် ထရပ်ကား အပါအဝင် ယာဉ်ပေါင်း ရ၀ ပါဝင်ပြီး Koper မြို့ နှင့် အရှေ့မြောက် ကီလိုမီတာ ၄၀ အကွာ A1 အဝေးပြေး လမ်းမကြီးပေါ်ရှိ Senozece ဂိတ်ပေါက်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ ပြောစကားအား ကိုးကား၍ ဆလိုဗေးနီးယား သတင်း အေဂျင်စီ (STA) က ဖော်ပြထားသည်။

အခင်းဖြစ်စဉ်မှာ ရှိနေသည့် ရဲအရာရှိများက မတော်တဆမှုတွင် လူလေးဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိ ကြောင်း ဒေသခံ ပုဂ္ဂလိက အသံလွှင့်ဋ္ဌာန POP TV အရ သိရသည်။ ဒဏ်ရာရရှိသူများအား လူဘီအာနာ၊ ပို့စ်တိုနာ နှင့် အစ်ဇိုလာရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ယာဉ်မောင်းများသည် ယာဉ်တိုက်မှုများအား ရှောင်ရှားရန် ကြိုးစားစဉ် ရုတ်တရက်တွေ့လိုက်ရသည့် ထူထပ်စွာ ကျဆင်းနေသော မြူခိုးထုကြောင့် မတော်တဆမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိိရသည်။

ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် မီးသတ်ကားများ၊ အပျော်တမ်း ဆေးဘက်အကူများနှင့် ရဲအရာရှိ ဒါဇင်ပေါင်း များစွာ ပါဝင်ခဲ့သည်။

အခင်း ဖြစ်စဉ်တွင် ရိုက်ကူးထားသည့် ဗီဒီယိုတွင် ယာဉ်တိုက်မှုများ ဖြစ်ပွားပြီးနောက် အပျက်အစီးများအား တွေ့ရသလို အချို့မှာ ထရပ်ကားများအောက်သို့ ရောက်ရှိနေကြောင်း ပြသထားသည်။

အကယ်၍ ငါးယောက်မြောက် သေဆုံးသူ ပေါ်ထွက်လာခဲ့လျှင် ယင်း ယာဉ်တိုက်မှုသည် ဆလိုဗေးနီးယား သမိုင်းတွင် သေဆုံးသူ အများဆုံးနှင့် အကြီးဆုံး ယာဉ်တိုက်မှုဖြစ်လာနိုင်ပြီး ကားပါဝင်မှု အရေအတွက် အများ ဆုံး ဖြစ်လာမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment