Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္း၌ ယာဥ္ႏွစ္စီးၿပိဳင္ေမာင္းရာမွ အရွိန္လြန္တိမ္းေမွာက္


ေက်ာက္တံခါး ဇန္နဝါရီ ၃ဝ

ပဲခူးတုိင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းရဲစခန္းအပုိင္ ေနျပည္ေတာ္-ရန္ကုန္ အျမန္လမ္းမ ႀကီး မုိင္တုိင္အမွတ္ ၁ဝ၂ အနီးတြင္ ဇန္နဝါရီ ၃ဝ ရက္ ညေန ၃ နာရီခြဲခန္႔က ယာဥ္ႏွစ္စီးယွဥ္ၿပိဳင္ ေမာင္းႏွင္ရာမွ အရွိန္လြန္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာေနရာသုိ႔ ၿမိဳ႕ေခ်ာင္းအျမန္လမ္းရဲစခန္းမွ တာဝန္ရွိသူမ်ားသြားေရာက္စစ္ေဆးခဲ့ရာ ရန္ကုန္မွ ေနျပည္ေတာ္သုိ႔ သထုံၿမိဳ႕နယ္ေနသူ ယာဥ္ေမာင္း ေကာင္းထက္သူ (၃ဝႏွစ္)ေမာင္းႏွင္ သည့္ ယာဥ္အမွတ္7K/----ပ႐ုိေဘာက္ယာဥ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္ေနသူ ယာဥ္ေမာင္း ေက်ာ္လင္း ထြန္း(၃ဝႏွစ္)ေမာင္းႏွင္သည့္ ယာဥ္အမွတ္ 9J/---- ဟြန္ဒါဖစ္တုိ႔ ယွဥ္ၿပိဳင္ေမာင္းႏွင္ရာမွ လမ္းေကြ႕၌ တစ္စီးႏွင့္တစ္စီးခ်ိတ္မိၿပီး အရွိန္လြန္ တိမ္းေမွာက္ခဲ့ျခင္္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ေၾကာင့္ ဟြန္ဒါဖစ္ယာဥ္တြင္ ယာဥ္ေမာင္းပါ အမ်ဳိးသား ေလးဦး၊ အမ်ဳိးသမီး ငါးဦးအနက္ အမ်ဳိးသမီးတစ္ဦး အခင္းျဖစ္ရာ ေနရာ တြင္ ေသဆုံးခဲ့ၿပီး အမ်ဳိးသားတစ္ဦး (စုိးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ရန္ကုန္ေဆး႐ုံႀကီးသုိ႔ ပို႔ေဆာင္ေဆးကုသမႈခံယူလ်က္ရွိသည္။ ယာဥ္ ေမာင္ေက်ာ္လင္းထြန္းႏွင့္ ပ႐ုိေဘာက္ယာဥ္ေပၚ ပါခရီးသည္မ်ားမွာ မစုိးရိမ္ရဒဏ္ရာမ်ား ရရွိခဲ့ ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းႏွစ္ဦးအား ၿမိဳ႕ေခ်ာင္းအျမန္လမ္းရဲစခန္းက အမႈဖြင့္ထား ေၾကာင္း သိရသည္။

 ခင္ကို(ေက်ာက္တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

.........................................................

ရန်ကုန်-နေပြည်တော်အမြန်လမ်း၌ ယာဉ်နှစ်စီးပြိုင်မောင်းရာမှ အရှိန်လွန်တိမ်းမှောက်
31 January 2016 

ကျောက်တံခါး ဇန်နဝါရီ ၃ဝ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းရဲစခန်းအပိုင် နေပြည်တော်-ရန်ကုန် အမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် ၁ဝ၂ အနီးတွင် ဇန်နဝါရီ ၃ဝ ရက် ညနေ ၃ နာရီခွဲခန့်က ယာဉ်နှစ်စီးယှဉ်ပြိုင် မောင်းနှင်ရာမှ အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မြို့ချောင်းအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ နေပြည်တော်သို့ သထုံမြို့နယ်နေသူ ယာဉ်မောင်း ကောင်းထက်သူ (၃ဝနှစ်)မောင်းနှင် သည့် ယာဉ်အမှတ်7K/----ပရိုဘောက်ယာဉ်နှင့် လှိုင်သာယာမြို့နယ်နေသူ ယာဉ်မောင်း ကျော်လင်း ထွန်း(၃ဝနှစ်)မောင်းနှင်သည့် ယာဉ်အမှတ် 9J/---- ဟွန်ဒါဖစ်တို့ ယှဉ်ပြိုင်မောင်းနှင်ရာမှ လမ်းကွေ့၌ တစ်စီးနှင့်တစ်စီးချိတ်မိပြီး အရှိန်လွန် တိမ်းမှောက်ခဲ့ခြင််းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဟွန်ဒါဖစ်ယာဉ်တွင် ယာဉ်မောင်းပါ အမျိုးသား လေးဦး၊ အမျိုးသမီး ငါးဦးအနက် အမျိုးသမီးတစ်ဦး အခင်းဖြစ်ရာ နေရာ တွင် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။ ယာဉ် မောင်ကျော်လင်းထွန်းနှင့် ပရိုဘောက်ယာဉ်ပေါ် ပါခရီးသည်များမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှစ်ဦးအား မြို့ချောင်းအမြန်လမ်းရဲစခန်းက အမှုဖွင့်ထား ကြောင်း သိရသည်။

 ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment