Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

အထက္တန္းျပဆရာ၊ ဆရာမ လိုအပ္ခ်က္ မ်ားျပားလ်က္ရွိ

ဘီအီးဒီေက်ာင္းသား၊ ေက်ာင္းသူမ်ား အားေတြ႕ရစဥ္ (ဓာတ္ပံု-- ျမ၀တီ) 
    ရန္ကုန္၊ဇန္န၀ါရီ၃၁ရက္(ဆင္ဟြာ)

    အထက္တန္းျပ ဆရာ၊ ဆရာမလုိအပ္ခ်က္ မ်ားျပားသျဖင့္ ဘီအီးဒီ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပိုမိုေခၚယူႏိုင္ရန္ စီစဥ္လ်က္ ရွိေၾကာင္း ပညာေရးဝန္ႀကီး ဌာနမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။

လက္ရွိတြင္ ရန္ကုန္ပညာေရး တကၠသိုလ္မွ ဘီအီးဒီ ေက်ာင္းသား၊ ေက်ာင္းသူ ၆ဝဝ ႏွင့္ စစ္ကိုင္းပညာေရး တကၠသုိလ္မွ ေက်ာင္းသား၊ ေက်ာင္းသူ ၆ဝဝ တစ္ႏွစ္လွ်င္ စုစုေပါင္း ၁၂ဝဝ ေမြးထုတ္ ေပးလ်က္ ရွိေၾကာင္း ၎တာ၀န္ရွိသူကဆိုသည္။

ပညာေရးတကၠသိုလ္ ႏွစ္ခု သည္ တစ္ႏွစ္လွ်င္ ဘီအီးဒီ ေက်ာင္းဆင္း ၁၂ဝဝ ႏွင္႔ ဆရာအတတ္သင္ ေက်ာင္း ဆင္း ၃ဝဝဝ ေက်ာ္ကို ေမြးထုတ္ေပး လ်က္ရွိေၾကာင္း သိရသည္။ ၂ဝ၁၅-၂ဝ၁၆ ပညာသင္ႏွစ္တြင္ မူလတန္းဆရာ၊ ဆရာမ ၅၁,၄၆၈ ဦး လိုအပ္လ်က္ ရွိၿပီး အေျခခံပညာ မူလတန္း၊ အေျခခံပညာ အလယ္တန္းႏွင့္ အေျခခံပညာ အထက္တန္း စုစုေပါင္း ဆရာ၊ ဆရာမ ၆ဝဝဝဝ ေက်ာ္ လုိအပ္ေနျခင္း ေၾကာင့္ မူလတန္းျပ ဆရာ၊ ဆရာမ မ်ားကို ေန႔စားလေပးမ်ား ခန္႔အပ္ထားရန္ အၿပီးသတ္စီမံ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

 (Xinhua)
http://www.xinhuamyanmar.com
............................
 ဘီအီးဒီကျောင်းသား၊ ကျောင်းသူများ အားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)
    ရန်ကုန်၊ဇန်နဝါရီ၃၁ရက်(ဆင်ဟွာ)

    အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်ချက် များပြားသဖြင့် ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူများကို ပိုမိုခေါ်ယူနိုင်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ တစ်နှစ်လျှင် စုစုပေါင်း ၁၂ဝဝ မွေးထုတ် ပေးလျက် ရှိကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

ပညာရေးတက္ကသိုလ် နှစ်ခု သည် တစ်နှစ်လျှင် ဘီအီးဒီ ကျောင်းဆင်း ၁၂ဝဝ နှင့် ဆရာအတတ်သင် ကျောင်း ဆင်း ၃ဝဝဝ ကျော်ကို မွေးထုတ်ပေး လျက်ရှိကြောင်း သိရသည်။ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် မူလတန်းဆရာ၊ ဆရာမ ၅၁,၄၆၈ ဦး လိုအပ်လျက် ရှိပြီး အခြေခံပညာ မူလတန်း၊ အခြေခံပညာ အလယ်တန်းနှင့် အခြေခံပညာ အထက်တန်း စုစုပေါင်း ဆရာ၊ ဆရာမ ၆ဝဝဝဝ ကျော် လိုအပ်နေခြင်း ကြောင့် မူလတန်းပြ ဆရာ၊ ဆရာမ များကို နေ့စားလပေးများ ခန့်အပ်ထားရန် အပြီးသတ်စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment