ဧရာ၀တီ| December 8, 2015 |
NLD , အေမရိကန္ , စီးပြားေရးပိတ္ဆုိ႔မႈ , ေအးရွားေ၀ါလ္ဆိပ္ကမ္း
ရန္ကုန္ၿမိဳ႕ရွိ သီလ၀ါ ဆိပ္ကမ္း လုပ္ငန္းခြင္ တေနရာ (ဓာတ္ပံု – ေဂ်ပိုင္ / ဧရာ၀တီ)
ႏုိ၀င္ဘာလ ၈ ရက္ေန႔ က်င္းပသည့္ ေရြးေကာက္ပြဲတြင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္က အျပတ္အသတ္ အႏုိင္ ရရွိၿပီးေနာက္ အေမရိကန္ျပည္ေထာင္စုက ျမန္မာႏုိင္ငံအေပၚ ကုန္သြယ္မႈပိတ္ပင္ထားမႈကို ၆ လတိတိ ယာယီ ေျဖေလွ်ာ့ေပးလုိက္ေၾကာင္း သိရွိရသည္။
ျမန္မာႏုိင္ငံရွိ ေအးရွာေ၀ါလ္ ဆိပ္ကမ္းအပါအ၀င္ ဆိပ္ကမ္းမ်ားႏွင့္ ေလဆိပ္မ်ားမွတဆင့္ ကုန္သြယ္ခြင့္ ပိတ္ပင္ထားမႈကို ေလွ်ာ့ခ်ေပးလိုက္ျခင္း ျဖစ္သည္။
အေမရိကန္ဘဏ္မ်ားျဖစ္ၾကေသာ Citigroup ၊ အေမရိကန္ဘဏ္ႏွင့္ PNC ကုမၸဏီတုိ႔သည္ အေမရိကန္စီးပြားေရး ပိတ္ဆို႔ထားေသာ ေအးရွားေ၀ါလ္ဆိပ္ကမ္းမွ တဆင့္ ကုန္သြယ္မႈႏွင့္ ပတ္သက္၍ ေငြေပးေငြယူ မ်ားရွိေနေၾကာင္း Reuters သတင္းဌာနက ယခင္လက သတင္းေရးသားေဖာ္ျပၿပီးေနာက္ ေငြေၾကးအေပးအယူႏွင့္ ကုန္သြယ္မႈ ျဖတ္ေတာက္ခဲ့ရာ အေမရိကန္စီးပြားေရးကုမၸဏီမ်ား အခက္အခဲမ်ား ႀကဳံေတြ႕ခဲ့ၾကသည္။
အေမရိကန္အစိုုးရ တာ၀န္ရွိသူတဦးက ျမန္မာႏုိင္ငံအေပၚ ကုန္သြယ္မႈပိတ္ဆုိ႔မႈ ယာယီေလွ်ာ့ခ်လုိက္ျခင္းသည္ NLD အစုိးရ ဖြဲ႕စည္းၿပီးေနာက္ စီးပြားေရးက်ပ္တည္းေနေသာ ျမန္မာႏုိင္ငံအတြက္ စီးပြားေရး အသက္ရႈေပါက္ဖြင့္လွစ္ေပးျခင္း ျဖစ္ေၾကာင္း ေျပာဆုိသည္။
(Ref: Reuters)
Irrawaddy
......................
NLD အနိုင်ရရှိပြီးနောက် အမေရိကန်က ကုန်သွယ်ခွင့်ပိတ်ပင်မှုလျှော့ချ
ဧရာဝတီ| December 8, 2015 |
NLD , အမေရိကန် , စီးပွားရေးပိတ်ဆို့မှု , အေးရှားဝေါလ်ဆိပ်ကမ်း
ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း လုပ်ငန်းခွင် တနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နို၀င်ဘာလ ၈ ရက်နေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရရှိပြီးနောက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ပင်ထားမှုကို ၆ လတိတိ ယာယီ ဖြေလျှော့ပေးလိုက်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ အေးရှာဝေါလ် ဆိပ်ကမ်းအပါအဝင် ဆိပ်ကမ်းများနှင့် လေဆိပ်များမှတဆင့် ကုန်သွယ်ခွင့် ပိတ်ပင်ထားမှုကို လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
အမေရိကန်ဘဏ်များဖြစ်ကြသော Citigroup ၊ အမေရိကန်ဘဏ်နှင့် PNC ကုမ္ပဏီတို့သည် အမေရိကန်စီးပွားရေး ပိတ်ဆို့ထားသော အေးရှားဝေါလ်ဆိပ်ကမ်းမှ တဆင့် ကုန်သွယ်မှုနှင့် ပတ်သက်၍ ငွေပေးငွေယူ များရှိနေကြောင်း Reuters သတင်းဌာနက ယခင်လက သတင်းရေးသားဖော်ပြပြီးနောက် ငွေကြေးအပေးအယူနှင့် ကုန်သွယ်မှု ဖြတ်တောက်ခဲ့ရာ အမေရိကန်စီးပွားရေးကုမ္ပဏီများ အခက်အခဲများ ကြုံတွေ့ခဲ့ကြသည်။
အမေရိကန်အစိုုးရ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ဆို့မှု ယာယီလျှော့ချလိုက်ခြင်းသည် NLD အစိုးရ ဖွဲ့စည်းပြီးနောက် စီးပွားရေးကျပ်တည်းနေသော မြန်မာနိုင်ငံအတွက် စီးပွားရေး အသက်ရှုပေါက်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
(Ref: Reuters)
Irrawaddy
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, December 8, 2015
NLD အႏိုင္ရရွိၿပီးေနာက္ အေမရိကန္က ကုန္သြယ္ခြင့္ပိတ္ပင္မႈေလွ်ာ့ခ်
NLD အႏိုင္ရရွိၿပီးေနာက္ အေမရိကန္က ကုန္သြယ္ခြင့္ပိတ္ပင္မႈေလွ်ာ့ခ်
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 08, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment