Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 30, 2015
အာရှတော်ဝင်ဆေးရုံတွင် ကျောက်တည်မှု ခွဲစိတ်ပြီးနောက် သေဆုံးသွားသည့်လူနာကိစ္စ စုံစမ်းမည်ဟုဆို
 အာရှတော်ဝင်ဆေးရုံ , ဒေါက်တာဦးသန်းအေး , ဒေါ်သင်းသင်းဟန်
ဒေါ်သင်းသင်းဟန်၏ နာရေး ဓာတ်ပုံများ။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ပုဂ္ဂလိကဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ ဦးသန်းအေး ၏ ခွဲစိတ်ကုသမှု ခံယူခဲ့သည့် အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းဟန်သည်  ခွဲစိတ်စဉ် ကျောက်ကပ်ရှိ ကျောက်ကို လေဆာပစ်သည့် အရှိန်များရာမှ သွေးကြောပေါက်၍ ခန္ဓာကိုယ် အတွင်း သွေးဆိပ်ပျံ့နှံ့ကာ သေဆုံးခဲ့ရသည်ဟု ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်  ဖြစ်စဉ်အပေါ် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ က  စုံစမ်းစစ်ဆေး မှုများပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကမာရွတ်မြို့နယ် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အဆင့်မြင့်အရာရှိအိမ်ရာတွင် နေထိုင်သည့် အသက် ၄၇ နှစ် အရွယ်ရှိ ဒေါ်သင်းသင်းဟန် သည် မွေးရာပါ ကျောက်ကပ် တစ်လုံး အားနည်းပြီး ကျန်တဖက်တွင် ကျောက်များဖြင့် ပိတ်ဆို့နေသဖြင့် ဆီး၊ ကျောက်နှင့်ကျောက်ကပ် သည်းခြေအိတ် အထူးကုဆရာဝန် နှင့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်း တွင် ခွဲစိတ် ကုသခဲ့ကြောင်း၊ ခွဲစိတ်ကုသမှုပြီးစီးသည့်နောက်ပိုင်းတွင် လူနာမှာ မသက်သာဘဲ ခန္ဓာကိုယ်၌ အနီစက်များ ထွက်ပေါ် လာကာ အသက်ရှုရကျပ်တည်းလာကာ ဒီဇင်ဘာလ ၂၅ ရက် ည တွင် သေဆုံးခဲ့ရကြောင်း နှင့် ဆရာဝန်ဖြစ်သူ ဒေါက်တာသန်းအေး က ကျောက်ကပ်ရှိ ကျောက်ကို  လေဆာပစ်သည့်အရှိန်များ သွား ရာ ကျောက်ကပ်ဘေးမှ သွေးကြော ကို ထိပြီး သွေးကြော ပေါက်သွား၍ သွေးဆိပ်ပျံ့နှံ့ သေဆုံးခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ကွယ်လွန်သူ ဒေါ်သင်းသင်းဟန်၏ သမီးဖြစ်သူမမေဇော် က သူ၏ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
အာရှတော်ဝင်ဆေးရုံ ၏ ဒါရိုက်တာအဖွဲ့ ကမူ အဆိုပါကိစ္စ ကို ကာယကံရှင်မိသားစုက ဆေးရုံသို့ တိုင်ကြားခြင်းမရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
၂၀၀၉ ခုနှစ်ကလည်း အသက် ၁၅ နှစ် အရွယ် အထက်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည်  အူအတက်ပေါက်သည် ဟုဆိုကာ အောက်တိုဘာလက  ရွှေဂုံတိုင်ရှိ SSC အထူးကု ဆေးခန်းတွင် ကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ပြီး ယင်းသတင်း ကို စာနယ်ဇင်းများတွင် ထိုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြကြပြီး နောက်တွင် မြန်မာနိုင်ငံ ဆေးကောင်စီက ထိုအမှုကို စုံစမ်း စစ်ဆေးခဲ့သည်။ ထို့နောက် ကုသမှုတွင် တာဝန်ရှိသည်ဟု ဆိုသည့် ဆရာဝန်ကြီးကို ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီး SSC ဆေးရုံကိုလည်း ပြင်းထန်စွာ သတိပေးခဲ့ကာ SSC ဆေးရုံက လူနာရှင်မိသားစုကို လျှော်ကြေး ငွေ ပေးအပ်ခဲ့သည်။
Irrawaddy
..............
May Zaw added 5 new photos — with Thethtet Zaw and 2 others.
27 December at 12:59 ·
ကျွန်မရဲ့ ဘဝ
နဲ့ရင်းပြီးရလိုက်ရတဲ့အသိတရားလေးတစ်ခုပါ
ကျွန်မမေမေခေါင်းချာချာမူးတယ်ကစတာပါ
မေမေက အထွေထွေဆရာဝန် ဒေါက်တာ____နဲ့စပြဖြစ်ပါတယ်
Dr.က သွေးစစ်ခိုင်းလို့ သွေးစစ်ရပါတယ်
သွေးအဖြေကြည့် လူနာရဲ့ feeling မေးပြီး သူ့ decisionကဦးနှောက်မှာ အရည်အိတ်တည်တယ်လို့ ပြောပါတယ်
တစ်ချို့ တွေဆိုခွဲရပါတယ်တဲ့
"ခင်ဗျား ကိုဆေးနဲ့ခမ်းအောင်လုပ်ပေးမယ်"တဲ့
အဲ့လိုနဲ့သူ့ ဆေး တစ်လလောက်သောက်လိုက်တာကောင်းသွားတယ်
နောက် ရှစ်လကြာတော့အဲ့လို ထပ်ဖြစ်တော့
မေမေ ကကောင်းသွားတဲ့ဆီပဲထပ်ပြတာပေါ့
သမီးကလဲမေမေပြချင်တဲ့ဆရာဝန်ဆီပဲလိုက်ပို့ ရတာပေါ့
sign ကလည်းအဲ့လိုပဲထပ်ဖြစ်တာဆိုတော့
သူကဆေးကိုအမြဲတစ်လပေးပါတယ် တစ်လပြည့်မှထပ်လာဆိုတဲ့သဘောပေါ့
(တနည်းအားဖြင့်ဆေးတစ်လစာရောင်းချင်တာပေါ့)
မေမေ မသက်သာတော့ နှစ်ပတ်လောက်နေပြန်ပြတော့ သွေးတွေဆီးတွေစစ်ခိုင်းတယ်
စစ်လိုက်တော့ ဆီးလမ်းကြောင်းရောင်နေတယ်
ရှေ့ကဆေးတွေလည်းဆက်သောက် ဆီးလမ်းကြောင်းနဲ့ပတ်သတ်တဲ့ဆေးတွေလည်း ထပ်ပေးတာပေါ့ အဲ့လိုနဲ့မေမေပြန်ကောင်းလိုက်မကောင်းလိုက် ဆေးခန်းသွားလိုက်နဲ့ ကြာလာတော့ မေမေ့ကိုဆရာဝန်ပြောင်းစေချင်တာပေါ့ မေမေ့ညီမတွေက ဆရာဝန်ပြောင့း်ဖို့  ဘိုကင်ယူပြီးပြီ မေမေ့ကိုဆရာဝန်ပြောင်းရအောင်လို့ ပြောတော့ မေမေက သက်သာတယ် ဆရာဝန်မပြောင်းတော့ဘူး အဲ့လိုနဲ့ မသက်သာရင်ဆရာဝန်ပြောင်းဖို့ လုပ်လိုက်သက်သာလိုက်နဲ့သုံးလလောက်ကြာသွားတယ် ကျွန်မတို့ကြားထားတဲ့Dr.____်းရဲ့သတင်းက သူမနိုင်ရင်ဖြစ်တဲ့ရောဂါကိုနောက်ဆရာဆီကိုလွဲတယ်လို့ ပေါ့ သူနိုင်လို့ ဆက်ကုနေတာပေါ့
အဲ့လိုနဲ့မေမေဆေးဒဏ်တွေပိလာတယ် မေမေလည်း ပြန်မထောင်လာနိုင်တော့ စိတ်ဓာတ်ပါကျလာတယ်။မေမေကိုယ်တိုင် ဦးနှောက်ကပိုအရေးကြီးတယ်ဆိုပြီး---ဆေးရုံ်မှာဦးနှောက်နှင့်အာရုံကြောဆရာဝန် Dr._____နဲ့ထပ်ပြပါတယ်။ Dr.__နဲ့ပြတုန်းကဆေးစစ်ချက်နဲ့ Dr.__ပေးတဲ့ဆေးတစ်ပွေ့တစ်ပိုက်နဲ့သွားပြတာပေါ့။
ဆရာမကိုဖြစ်စဉ်တွေပြောပြတော့ ဆေးမှတ်တမ်းကိုကြည့်ပြီး "သူက ကျောက်ကပ်လည်း မကောင်းဘူးနော်"တဲ့
Dr.__ဆေးတွေကိုပဲ နှစ်မျိုးလျှော့ပြီးသူ့ ဆေး နှစ်မျိုးထပ်ပေးပြီးတစ်ပတ်နေပြန်လာဖို့ ပြောတယ်
မေမေ့ညီမတွေကမေမေချူချာနေတော့ နဝင်းချေတာတွေလုပ်ကြတာပေါ့ ဇွဲစုံဆရာတော်ဆီလည်း မေမေ့အဒေါ်တွေသွားပေးပြီး ရေမန်းတွေယတြာတွေလည်း လုပ်ကြတယ်။ မေမေကကံညံ့နေတယ်ဆိုလို့ ကံတက်လာအောင်လုပ်တာ ဒါက ကံအတွက်လည်းလုပ်ရင်း တစ်ဖက်ကနေလည်း မေမေ့ညီမတွေက စိုးရိမ်ပြီး ဘန်ကောက်အထိမှာပါ treatment ယူဖို့ စုံစမ်းထား ဒီမှာလည်း ဘယ်ဆရာဝန်ကောင်းလဲ ချက်ချင်း စုံစမ်း ဘိုကင်တင်ပြီး Dr.___်နဲ့ရောဂါရှာလိုက်တော့ ကျောက်ကပ်တဲ့။ ကျောက်ကပ်က မွေးရာပါတစ်လုံးကအားနည်းပြီးကျန်တစ်လုံးက ကျောက်တွေပိတ်ဆို့ နေလို့ မြန်မြန်ရှင်းရမယ်တဲ့
Dr.____်ကနေ ကျောက်ကပ်အထူးကုDr.___ ကိုလွှဲတယ်
နောက်ဆုံးDr.____ဆီရောက်ခဲ့တယ်။ မေမေ့ကိုစမ်းသပ်ပြီး လေဆာနဲ့ချေလိုက်ရင်ကောင်းသွားမှာတဲ့
မေမေကလည်းနေမကောင်းဖြစ်တာကြာနေတော့ ကျောက်ချေလိုက်ရင်ကောင်းသွားမှာဆိုတာ သိတော့ပျော်နေတာ။ လေဆာနဲ့ချေတယ်ဆိုတာ minor case ဆိုတာလူတိုင်းသိပါတယ်။ မေမေကလည်း operation အကြီးစားတွေလုပ်ဖူးတော့ ကျောက်ချေတာ လောက်ကို worry အရမ်းမရှိပါဘူး။
ဒီလိုနဲ့(24.12.2015) Thu 10 နာရီ ____ဆေးရုံကို ရောက် Operation က လေးနာရီစမယ်လို့ပြောပြီး Dr---းက ခြောက်နာရီလောက်မှရောက်လာတယ်။ operation လုပ်ဖို့ လူနာကို အဝတ်တွေလဲ ကျောက်ချေဖို့  marking ပေးတာတောင် ဘယ်နဲ့ညာမှားပေးလို့  ဒေါသထွက်ခဲ့ရသေးတယ်။
Operation လုပ်ပြီးDr ---က လူနာရှင်တွေကို operation အောင်မြင်တယ် ဆိုလို့  ကျွန်မတို့ တွေလည်းရင်ထဲကအလုံးကြီးကျသွားရုံရှိသေး မေမေက oxygen ရှူနေရင်း အသက်ရှူမဝဘူး ကြပ်တယ်ဆိုလို့ တာဝန်ကျဆရာဝန်ကိုပြောတော့လာကြည့်ပြီး pressure ကျနေလို့ အသက်ရှူမဝတာတဲ့ တစ်ချိန်တည်းမှာပဲမေမေက fever ဝင်တော့ ကျွန်မတို့ တစ်တွေပျာယာခတ်သွားကြတယ် ဆရာဝန်တွေကလည်း သူ တို့ အဖျားကျအောင် ဆေးတွေ လုပ်ပေးပြီးပြီ လူနာကို ရေပတ်နိုင်နိုင်တိုက်ပေးရင်ပိုကောင်းတယ်ဆိုလို့  သူတို့ ညွှန်ကြားတဲ့အတိုင်းလုပ်ကြတယ်
တစ်ညလုံး မေမေ အသက်ရှူရခက်နေလို့ တာဝန်ကျဆရာဝန်ကို ကြိမ်ဖန်များစွာခေါ်ပြောလည်း အဖြေက pressure ပြန်တက်လာရင် ok ပြီဆိုတာပဲ မေမေက အသက်ရှူမဝတော့ အဒေါ်တွေက တာဝန်ကျဆရာဝန်ကို ကျွန်မတို့ နှလုံးအထူးကုကို ON CALL ခေါ်ချင်တယ် ပြောတော့ Dr.__ Case ဖြစ်တဲ့အတွက် သူ့ ကိုကျော်လုပ်လို့ မရဘူး လို့ ပြောတော့ ဒါဆိုDr.___နဲ့ ပြောချင်တယ် ဆိုပြန်တော့လည်း ဒီချိန်ဆရာကဖုန်းခေါ်ရင်မအဆင်မပြေဘူးတဲ့
ပြီးတော့ နှလုံးအထူးကုလည်းခေါ်စရာမလိုဘူးတဲ့
နှလုံးလည်းကောင်းတယ် အဆုတ်လည်းကောင်းတယ် Oxygen လည်း လက်ဖျားလေးတွေက စမ်းမရတော့ သွေးပြန်ကြောက သွေးယူပြီး oxygen ကောင်းတယ်တဲ့ "တော်လိုက်တဲ့ဆရာဝန်တွေပါ"
မေမေကိုလည်းချော့မော့ပြီး မေမေရယ် pressure တက်လာရင်ကောင်းသွားမှာ ဒီလိုနဲ့ မနက်ရောက်လည်းမသက်သာ pressure လည်းပြန်မတက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာလည်း spotတွေထွက်လာတယ် မေမေကို မနက်10 နာရီလောက် ICU ခန်းထဲစပြောင်းတယ်
ICU ခန်းရောက်မှ မေမေနေရတာပိုပြီးခက်ခဲလာတယ် Oxygen ပေးတဲ့စနစ်ပြောင်းသွားတယ် ပိုပြီးကြပ်တဲ့ Mask ဖြစ်သွားတယ် heartbeat, pressure အဲ့တာတွေကို monitor နဲ့စောင့်ကြည့်ပြီး ဆေးတွေတစ်မျိုးပြီးတစ်မျိုးလာသွင်းနေရောပဲ
ကျွန်မတို့ တစ်တွေလည်း ကောင်းဖို့ မျှော်လင့်ချက်နဲ့ ဆရာဝန်တွေကိုအားကိုးတကြီးပေါ့
မေမေက လုံးဝနေလို့ မကောင်းတာအသက်ရှူကြပ်တယ် spot တွေလည်းများလာတယ် ICU ခန်းက နှစ်ယောက်ပဲ ပေးဝင်တယ် အာလုံးဝင်လို့ မရတော့ နှစ်ယောက်တစ်လှည့် မေမေ့နားမှာ မေမေ Mask ဆွဲမဖြုတ်အောင်အသက် အန္တရာယ်ကင့်းပြီး နေရသက်သာအောင် ပရိတ်ရေတွေ မန်း မှုတ် ဘုရားစာတွေရွတ်ဖတ် နဲ့မေမေလည်းအသက်ရှူရခက်တယ်ဂျီကျရင်း
ကျွန်မတို့ ကလည်းICU ကတာဝန်ရှိဆရာမ ကို မေမေနေလို့ မကောင်းကြောင်း ပြောလည်း ဒါက ဒီလိုပဲနေရခက်မှာပဲတဲ့ ကျွန်မတို့ လည်း ပြောပါများတော့ ICU ကဆရာမ ကနောက်တစ်နည်းရှိတယ် လူနာကို မေ့ဆေးပေးပြီး neck ကနေ oxygen တိုက်ရိုက်ပေးတာလုပ်မလား ပိုက်ဆံတတ်နိုင်လား ဆိုတဲ့သဘောပေါ့ ကျွန်မတို့ ကလည်းမေမေသက်သာဖို့ အတွက် လုပ်ပါမယ်ဆိုပြီးလက်မှတ်ထိုးရတယ် အဲ့တာလုပ်ဖို့ နောက်ထပ်နှစ်နာရီလောက်ထပ်စောင့်ရတယ် မေမေကလုပ်ချင်နေပီ မေ့ဆေးဆရာဝန်ကို မလာသေးဘူးလား မလာသေးဘူးလားနဲ့မျှော်နေရရှာတာ
ရောက်လာတော့ မေ့ဆေးဆရာဝန်နဲ့ nurse တွေ ဆရာဝန်တွေ ICU ခန်းထဲမှာ မေမေ့ကို လုပ်နေကြတာပေါ့ ဆရာဝန်တွေဘာလုပ်ကြောင်း selfile တောင်ဆွဲလိုက်သေး
ကျွန်မတို့  တောအပြင်ကနေ့ဘုရားစာတွေ အဆက်မပြတ်ရွတ် ရင်ဘတ်ထဲမှာဗြောင်းဆန်
ဆရာဝန်တွေအပြင်ရောက်တော့ လူနာရှင်တွေ့ ကိုပြောတဲ့စကားက လူနာက ကံပေါ်မူတည်တယ်
ကျွန်မတို့ ဘက်က အကောင်းဆုံးTreatment တွေလုပ်ပြီးသွားပီ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ခရစ်ယာန်ပဲဖြစ်ဖြစ် ကိုယ်နဲ့ဆိုင်နဲ့ဘာသာတရားနဲ့လူနာကံကောင်းအောင်လုပ်ပေါ့နော်တဲ့
အဲ့ချိန်မှာပဲ monitor မှာ ဂဏန်းတွေမပေါ်တော့်မေမေ့အပေါ်တက်ပြီး နှလုံးပြန်ခုန်အောင်လုပ်နေ တဲ့သူကလုပ် ကျန်တဲ့ nurse တွေက တဟီးဟီးနဲ့ ICU ခန်းထဲက ဆရာဝန်တွေ nurse တွေက လူနာကို အရုပ်လေးတစ်ရုပ်လိုသဘောထားပေမယ့် အပြင်ကလူနာရှင်တွေ အတွက်က တစ်ကမ္ဘာပါ
နောက်ဆုံးမေမေ့ကို မရတော့ဘူးတဲ့
ကျွန်မတို့ က လုပ်ပါ ကြိုးစားပေးပါ ထပ်လုပ်ကြည့်ပေးပါဦးဆိုလို့  မေမေ့ကိုဆေးနှလုံးထပ်သွင်းတယ်
အဲ့အချိန်ထိမေမေနိုးလာဖို့ မျှော်လင့်ချက်တွေနဲ့ကျမ
နောက်ဆုံး တကယ်မရတော့ပါဘူး လည်းဆိုရော
ကျမ အခန်းရဲ့ဝေးဝေး မေမေမကြားနိုင်တဲ့နေရာမှာ သောကတွေနဲ့ပြည့်နေတဲ့ကျမနားကို ကြက်ပျောက်ဌက်ပျောက် အစရှာမရတဲ့ Dr. ___က " သမီး ဆရာတောင်းပန်ပါတယ် ဆေးရုံက ဆေးအကောင်းစား ပိုက်အကောင်းစားစက်ပစ္စည်းအကောင်းတွေနဲ့treatment လုပ်ပေးခဲ့တာပါ တဲ့ ဘေးက ကျမ အဒေါ်က ဘာကြောင့်ဆုံးတာလဲ နှလုံးကြောင့်လားဆိုပြီးမေးတော့မှ Dr.___က လေဆာပစ်တာအရှိန်နည်းနည်းများလို့ ကျောက်က ဘေးကသွေးကြော ထိပြီး သွေးကြောပေါက်သွားတယ် သွေးတွေတစ်ကိုယ်လုံးသွေးဆိပ်ပြန့်သွားတယ်ဆိုတဲ့ဖြေရှင်းချက်ကို အသက်ရှိတုန်းကြိုးစားပန်းစားမကုပဲ သူ့ အိတ်ကပ်ထဲရှစ်သိန်းထည့်ကာ ပြန်လည့်မကြည့်ဘဲလူနာကို စိတ်ချလက်ချထားခဲ့နိုင်တဲ့ စိတ်ဓာတ်ကိုလေးစားပါတယ် ____ဆေးရုံ်ကဆရာ ဆရာမတွေအရမ်းကိုတော်ကြပါတယ်
ကျမရဲ့မဟာတံတိုင်းကြီးပြိုကျသွားပေမယ့် ကျန်ရှိသေးတဲ့ကျမရဲ့ဖေဖေနဲ့မောင်လေးတွေအတွက်မေမေ့ကိုယ်စား အားတင်းရှေ့ဆက်ရဦးမည်
"ဒီစာကိုရေးတဲ့ကျမ ရဲ့ရည်ရွယ်ချက်က ရောဂါဖြစ်လာခဲ့လျှင် ပြည်ပမှာပဲသွားကုဖို့ တိုက်တွန်းချင်ပါတယ် စရိတ်ကလည်းမကွာပါဘူး လူကိုလူလို တန်ဖိုးထားပြီး တစ်စုံတစ်ခုဖြစ်လျှင်တရားစွဲဆိုခွင့်ရှိတဲ့ fair ဖြစ်တဲ့ law ရှိတာကြောင့် ဒီမှာလို ချည်ပြီးတုပ်ပြီး ပြန်လုပ်လို့ မရအောင် format တွေမဟုတ်လို့ ပါ"ကျမအသိတစ်ယောက်က ပြောတယ် အထူးကုဆေးရုံတွေကတရားဝင်လူသတ်ကွင်းနဲ့တူနေတယ် တဲ့ အဲ့ဒါကို ကျမကိုယ်တိုင်လည်း ကိုယ်တွေ့သိလိုက်ရလိုက်ရပါတယ် လူ့ အသက်ကိုတန်ဖိုးမထား ပေါ့ပေါ့ဆဆနဲ့ကိုယ်ချင်းစာတရားကင်းမဲ့ပြီး လောဘကိုရှေ့တန်းတင် အတ္တကြီးတဲ့ဆရာဝန်တွေလက်ကလွတ်မြောက်နိုင်ကြပါစေ
..................
အာရှတော်ဝင်ဆေးရုုံတွင် ကျောက်တည်မှု ခွဲစိတ်ပြီးနောက် သေဆုံးသွားသည့်လူနာကိစ္စ စုံစမ်းမည်ဟုုဆိုု
မေစစ်ပိုင်/ထွန်းထွန်း| December 30, 2015 |
 အာရှတော်ဝင်ဆေးရုုံ , ဒေါက်တာဦးသန်းအေး , ဒေါ်သင်းသင်းဟန်
ဒေါ်သင်းသင်းဟန်၏ နာရေး ဓာတ်ပုုံများ။
ရန်ကုုန်တုုိင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ပုုဂ္ဂလိကဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ ဦးသန်းအေး ၏ ခွဲစိတ်ကုသမှု ခံယူခဲ့သည့် အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းဟန်သည်  ခွဲစိတ်စဉ် ကျောက်ကပ်ရှိ ကျောက်ကုုိ လေဆာပစ်သည့် အရှိန်များရာမှ သွေးကြောပေါက်၍ ခန္ဓာကိုယ် အတွင်း သွေးဆိပ်ပျံ့နှံ့ကာ သေဆုုံးခဲ့ရသည်ဟု ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်  ဖြစ်စဉ်အပေါ် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ က  စုံစမ်းစစ်ဆေး မှုများပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကမာရွတ်မြို့နယ် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အဆင့်မြင့်အရာရှိအိမ်ရာတွင် နေထိုင်သည့် အသက် ၄၇ နှစ် အရွယ်ရှိ ဒေါ်သင်းသင်းဟန် သည် မွေးရာပါ ကျောက်ကပ် တစ်လုံး အားနည်းပြီး ကျန်တဖက်တွင် ကျောက်များဖြင့် ပိတ်ဆို့နေသဖြင့် ဆီး၊ ကျောက်နှင့်ကျောက်ကပ် သည်းခြေအိတ် အထူးကုဆရာဝန် နှင့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်း တွင် ခွဲစိတ် ကုသခဲ့ကြောင်း၊ ခွဲစိတ်ကုသမှုပြီးစီးသည့်နောက်ပိုင်းတွင် လူနာမှာ မသက်သာဘဲ ခန္ဓာကိုယ်၌ အနီစက်များ ထွက်ပေါ် လာကာ အသက်ရှုရကျပ်တည်းလာကာ ဒီဇင်ဘာလ ၂၅ ရက် ည တွင် သေဆုံးခဲ့ရကြောင်း နှင့် ဆရာဝန်ဖြစ်သူ ဒေါက်တာသန်းအေး က ကျောက်ကပ်ရှိ ကျောက်ကိုု  လေဆာပစ်သည့်အရှိန်များ သွား ရာ ကျောက်ကပ်ဘေးမှ သွေးကြော ကုုိ ထိပြီး သွေးကြော ပေါက်သွား၍ သွေးဆိပ်ပျံ့နှံ့ သေဆုုံးခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ကွယ်လွန်သူ ဒေါ်သင်းသင်းဟန်၏ သမီးဖြစ်သူမမေဇော် က သူ၏ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
အာရှတော်ဝင်ဆေးရုုံ၊ ဆေးဘက်ဆုုိင်ရာဌာနမှ အလုုပ်အမှုဆောင်ဒါရုုိက်တာ ဒေါက်တာကျော်ဇင်သန့်က “ဒီဖြစ်စဉ် ကို ဒီလောက်ထိဖြစ်မယ်လို့ မထင်ဘူး။ ပြန်လေ့လာဖို့လိုဦး မယ်ထင်တယ်။ ကုတာကတော့ ဒေါက်တာသန်းအေး နဲ့ကုတာပါ။ သူက အင်မတန်နာမည်ကြီးပြီး တော်တဲ့ဆရာဝန်ကြီးတယောက်ပါ။ ကျနော်တို့သိထားတာကတော့ ဘယ်ခွဲစိတ်မှုဖြစ်ဖြစ် အနည်းနဲ့အများတော့ စွန့်စားမှု ရှိတယ်။ ဒါကိုကာယကံရှင်တွေကိုလည်း ရှင်းပြပြီး ဖြစ်မယ်လို့တော့ မျှော်လင့်တယ် သေချာ တော့မသိဘူး။ ဖြစ်စဉ်တခု ကို သေချာအတိအကျသိမှရမယ်ဆိုတော့ အဖွဲ့နဲ့ စစ်ဆေး စုံစမ်းမယ်။ ဒါကြောင့် ကာယကံရှင်တွေကိုတော့ လောလောဆယ် ဆက်သွယ်ဖို့မရှိသေးဘူး”ဟု ဧရာဝတီသတင်းဌာနသုုိ့ ပြောသည်။
အာရှတော်ဝင်ဆေးရုံ ၏ ဒါရိုက်တာအဖွဲ့ ကမူ အဆိုပါကိစ္စ ကို ကာယကံရှင်မိသားစုုက ဆေးရုံသို့ တိုင်ကြားခြင်းမရှိကြောင်း ဧရာဝတီ သို့ ပြောသည်။
“ဘယ်လို ကွန်ပလိန်းတက်ရမှန်းမသိဘူး။ ကွန်ပလိန်းတက်မှ ဖြေရှင်းမှာလား။  အသက်ပြန်သွင်းပေးမှာလား။ အဲလောက် ထိတော့ မရည်ရွယ်ပါဘူး။ စတေးတပ်တင်တယ်ဆိုတာ နောက်လူတွေဆင်ခြင်နိုင်ဖို့ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း မဟုတ်ပါဘူး။ သွားတဲ့သူ အေးအေးချမ်းချမ်းသွားပါစေ”ဟု ကွယ်လွန်သူ ဒေါ်သင်းသင်းဟန်၏ မောင်ဖြစ်သူ ဦးညီညီဇော်ထက် က ဧရာဝတီသို့ပြောသည်။
၂၀၀၉ ခုနှစ်ကလည်း အသက် ၁၅ နှစ် အရွယ် အထက်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည်  အူအတက်ပေါက်သည် ဟုုဆိုုကာ အောက်တိုဘာလက  ရွှေဂုံတိုင်ရှိ SSC အထူးကု ဆေးခန်းတွင် ကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ပြီး ယင်းသတင်း ကို စာနယ်ဇင်းများတွင် ထိုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြကြပြီး နောက်တွင် မြန်မာနိုင်ငံ ဆေးကောင်စီက ထိုအမှုကို စုံစမ်း စစ်ဆေးခဲ့သည်။ ထို့နောက် ကုသမှုတွင် တာဝန်ရှိသည်ဟု ဆိုသည့် ဆရာဝန်ကြီးကို ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီး SSC ဆေးရုုံကိုလည်း ပြင်းထန်စွာ သတိပေးခဲ့ကာ SSC ဆေးရုံက လူနာရှင်မိသားစုုကုုိ လေ ျှာ်ကြေး ငွေ ပေးအပ်ခဲ့သည်။
No comments:
Post a Comment