Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

ရာမာဒီေျခကုပ္စခန္းမွ ISIS တို႔ဆုတ္ခြာေန အီရတ္တပ္ဖဲြ႕၀င္မ်ား ေအာင္ျမင္မႈရရန္ လက္တစ္ကမ္းသာလုိ


ဘဂၢဒက္ ၊ ၂၈-၁၂-၂၀၁၅

အီရတ္ႏုိင္ငံ ရာမာဒီၿမိဳ႕တြင္ အခုိင္အမာ ေျခကုပ္ ယူထားေသာ ISIS တို႔သည္ ယင္းစခန္းမွ ဆုတ္ခြာေနၿပီ ျဖစ္ရာ အီရတ္ တပ္ဖဲြ႕ဝင္မ်ား အတြက္ အဓိကက်သည့္ စစ္ေရး ေအာင္ျမင္မႈ ရရွိရန္ လက္တစ္ကမ္းသာ လိုေတာ့ေၾကာင္း ေအအက္ဖ္ပီ သတင္းဌာနက ယမန္ေန႔တြင္ ေဖာ္ျပခဲ့သည္။

အီရတ္ အၾကမ္းဖက္ဝါဒ ေခ်မႈန္းေရး အထူးတပ္ဖဲြ႕ဝင္ မ်ားသည္ ရာမာဒီၿမိဳ႕ အတြင္းရွိ ISIS စစ္ေသြးၾကြ  အုပ္စုဝင္မ်ား  အခုိင္အမာေျခကုပ္ ယူထားေသာ အစုိးရ အေဆာက္အအံု တစ္ခုအနီးသို႔ ထိုးေဖာက္ ဝင္ေရာက္ ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ISIS အုပ္စုဝင္ အားလံုးသည္ အဆုိပါ အေဆာက္ အအံုမွ ဆုတ္ခြာသြားၿပီ ျဖစ္ရာ အီရတ္လံုၿခံဳေရး တပ္ဖဲြ႕ဝင္ မ်ားက ယင္း အေဆာက္အအံုကုိ အခုအခံ မရွိ သိမ္းယူႏုိင္ခဲ့ၿပီး ရာမာဒီၿမိဳ႕သိမ္း တုိက္ပဲြ မၾကာမီ ၿပီးဆံုးေတာ့မည္ ျဖစ္ေၾကာင္း အီရတ္အစုိးရ ေျပာေရး ဆုိခြင့္ ရွိသူက ေျပာၾကားသည္။

ထို႔ျပင္ ISIS စစ္ေသြးၾကြ အုပ္စုဝင္ မ်ားသည္ ရာမာဒီၿမိဳ႕ ေနရာအႏွံ႔ အျပား၌ လမ္းေဘးဗံုးမ်ား၊ ဗံုးေထာင္ေျခာက္မ်ား ခ်ထားခဲ့ရာ ၿမိဳ႕သိမ္း တပ္ဖဲြ႕မ်ားဝင္မ်ား ဝင္ေရာက္ ႏိုင္ေရးအတြက္ နယ္ေျမ ရွင္းလင္းေရး လုပ္ငန္း လုပ္ေဆာင္ရန္ လုိအပ္ေနသည္။

ရာမာဒီ ၿမိဳ႕သိမ္းတုိက္ပဲြ ႏွင့္ ပတ္သက္၍ ေအာင္ပဲြရရွိ သည္ဟု အီရတ္စစ္ဘက္ ႏွင့္ အစုိးရတုိ႔က တရားဝင္ မေၾကညာ ေသးေသာ္လည္း ISIS စစ္ေသြးၾကြ အုပ္စုေနာက္ဆံုး ေျခကုပ္စခန္း က်ခဲ့ၿပီးေနာက္ အီရတ္ၿမိဳ႕ႀကီး အမ်ားအျပားရွိ ျပည္သူအခ်ိဳ႕က စစ္ေအာင္ပဲြ ဆင္ႏဲႊခဲ့ ၾကေၾကာင္း ေအအက္ဖ္ပီ သတင္းဌာနက ေျပာၾကားသည္။

ရာမာဒီၿမိဳ႕ကုိ ခံစစ္ယူ ကာကြယ္ေနေသာ ISIS စစ္ေသြးၾကြ တပ္ဖဲြ႕ဝင္ ဦးေရ ၄ဝဝ ခန္႔ထိရွိၿပီး အမ်ားအျပားသည္ ေနာက္ဆံုး ေျခကုပ္စခန္း ျဖစ္သည့္ ရာမာဒီၿမိဳ႕လယ္ အစုိးရ အေဆာက္အအံု ကုိ ကာကြယ္ ေနၾကျခင္း ျဖစ္ေၾကာင္း သတင္းမ်ား၌ ေဖာ္ျပခဲ့သည္ဟု သိရသည္။

Iraqi forces 'retake Islamic State Ramadi stronghold'

#PyiChitThar

..........................................................

ရာမာဒီခြေကုပ်စခန်းမှ ISIS တို့ဆုတ်ခွာနေ အီရတ်တပ်ဖွဲ့ဝင်များ အောင်မြင်မှုရရန် လက်တစ်ကမ်းသာလို



ဘဂ္ဂဒက် ၊ ၂၈-၁၂-၂၀၁၅

အီရတ်နိုင်ငံ ရာမာဒီမြို့တွင် အခိုင်အမာ ခြေကုပ် ယူထားသော ISIS တို့သည် ယင်းစခန်းမှ ဆုတ်ခွာနေပြီ ဖြစ်ရာ အီရတ် တပ်ဖွဲ့ဝင်များ အတွက် အဓိကကျသည့် စစ်ရေး အောင်မြင်မှု ရရှိရန် လက်တစ်ကမ်းသာ လိုတော့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အီရတ် အကြမ်းဖက်ဝါဒ ချေမှုန်းရေး အထူးတပ်ဖွဲ့ဝင် များသည် ရာမာဒီမြို့ အတွင်းရှိ ISIS စစ်သွေးကြွ  အုပ်စုဝင်များ  အခိုင်အမာခြေကုပ် ယူထားသော အစိုးရ အဆောက်အအုံ တစ်ခုအနီးသို့ ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်း သိရသည်။ သို့သော် ISIS အုပ်စုဝင် အားလုံးသည် အဆိုပါ အဆောက် အအုံမှ ဆုတ်ခွာသွားပြီ ဖြစ်ရာ အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင် များက ယင်း အဆောက်အအုံကို အခုအခံ မရှိ သိမ်းယူနိုင်ခဲ့ပြီး ရာမာဒီမြို့သိမ်း တိုက်ပွဲ မကြာမီ ပြီးဆုံးတော့မည် ဖြစ်ကြောင်း အီရတ်အစိုးရ ပြောရေး ဆိုခွင့် ရှိသူက ပြောကြားသည်။

ထို့ပြင် ISIS စစ်သွေးကြွ အုပ်စုဝင် များသည် ရာမာဒီမြို့ နေရာအနှံ့ အပြား၌ လမ်းဘေးဗုံးများ၊ ဗုံးထောင်ခြောက်များ ချထားခဲ့ရာ မြို့သိမ်း တပ်ဖွဲ့များဝင်များ ဝင်ရောက် နိုင်ရေးအတွက် နယ်မြေ ရှင်းလင်းရေး လုပ်ငန်း လုပ်ဆောင်ရန် လိုအပ်နေသည်။

ရာမာဒီ မြို့သိမ်းတိုက်ပွဲ နှင့် ပတ်သက်၍ အောင်ပွဲရရှိ သည်ဟု အီရတ်စစ်ဘက် နှင့် အစိုးရတို့က တရားဝင် မကြေညာ သေးသော်လည်း ISIS စစ်သွေးကြွ အုပ်စုနောက်ဆုံး ခြေကုပ်စခန်း ကျခဲ့ပြီးနောက် အီရတ်မြို့ကြီး အများအပြားရှိ ပြည်သူအချို့က စစ်အောင်ပွဲ ဆင်နွှဲခဲ့ ကြကြောင်း အေအက်ဖ်ပီ သတင်းဌာနက ပြောကြားသည်။

ရာမာဒီမြို့ကို ခံစစ်ယူ ကာကွယ်နေသော ISIS စစ်သွေးကြွ တပ်ဖွဲ့ဝင် ဦးရေ ၄ဝဝ ခန့်ထိရှိပြီး အများအပြားသည် နောက်ဆုံး ခြေကုပ်စခန်း ဖြစ်သည့် ရာမာဒီမြို့လယ် အစိုးရ အဆောက်အအုံ ကို ကာကွယ် နေကြခြင်း ဖြစ်ကြောင်း သတင်းများ၌ ဖော်ပြခဲ့သည်ဟု သိရသည်။

Iraqi forces 'retake Islamic State Ramadi stronghold'

#PyiChitThar

No comments:

Post a Comment