Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

ပထမဆံုးအႀကိမ္ ပစိဖိတ္သမုဒၵရာျဖတ္ေက်ာ္ မရပ္မနား ေလွေလွာ္ခရီးသြားမႈ ၿဗိတိန္ႏိုင္ငံသားတစ္ဦး ေအာင္ျမင္စြာ လုပ္ႏုိင္ခဲ့



လန္ဒန္ ၊ ၂၈-၁၂-၂၀၁၅

ၿဗိတိန္ႏုိင္ငံသား တစ္ဦးသည္ ပထမဆံုးအႀကိမ္ ပစိဖိတ္သမုဒၵရာ ကို ျဖတ္ေက်ာ္ကာ ေျမာက္အေမရိကမွ ၾသစေၾတးလ်သို႔ မရပ္မနား ေလွေလွာ္ ခရီးသြားမႈကို ဒီဇင္ဘာ ၂၇ ရက္တြင္ ေအာင္ျမင္ စြာ ျပဳလုပ္ ႏုိင္ခဲ့ေၾကာင္း သိရသည္။

အသက္ ၅၃ ႏွစ္အရြယ္ ဂြၽန္ဘီးဒန္း အမည္ရွိ အဆိုပါ အမ်ဳိးသားသည္ ဆန္ဖရန္စစၥကိုၿမိဳ႕ မွ ဇြန္ ၁ ရက္တြင္ စတင္ထြက္ခြာ ခဲ့ျခင္းျဖစ္ၿပီး ၄င္းသည္ တစ္ရက္လွ်င္ ပ်မ္းမွ် ၁၅ နာရီခန္႔ၾကာ ေလွေလွာ္ကာ ခရီးသြားခဲ့ျခင္း ျဖစ္သည္။

ဘီးဒန္း သည္ ရက္သတၱပတ္ အနည္းငယ္ျဖင့္ ၾသစေၾတးလ်ႏုိင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ကိန္းအရပ္သို႔ ေရာက္ရွိမည္ဟု ခန္႔မွန္းထားခဲ့ ေသာ္လည္း ရာသီဥတု ဆုိးဝါး မႈေၾကာင့္ ေႏွာင့္ေႏွး ခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေလးႏွစ္ခန္႔က အတၱလႏၲိတ္ သမုဒၵရာကို ေလွေလွာ္ျဖတ္ကူး ခဲ့သူ ဘီးဒန္း သည္ ၄င္းအေနျဖင့္ ယခုကဲ့သို႔ သြားေရာက္ ႏုိင္မည္ဟု မထင္ေသာ အခ်ိန္မ်ား ရွိခဲ့ေၾကာင္း၊ မည္သူမွ် စံခ်ိန္မတင္ ႏုိင္ေသးသည့္
အရာကို ပထမဆံုး လုပ္ေဆာင္ႏုိင္သူ ျဖစ္လိုေၾကာင္းႏွင့္ ယခုအခါ အမွန္ တကယ္ ျဖစ္ လာၿပီ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဘီးဒန္းသည္ ေျခာက္မီတာ အရွည္ရွိေသာ ေလွငယ္တစ္စင္း ျဖင့္ မုိင္ေပါင္း ၇ဝဝဝ ေက်ာ္ရွိေသာ ပစိဖိတ္သမုဒၵရာကို ျဖတ္ေက်ာ္ကာ မရပ္မနား ေလွေလွာ္ ခရီးသြားမႈကုိ ရက္ေပါင္း ၂ဝ၉ ရက္ျဖင့္ ေအာင္ျမင္စြာ လုပ္ေဆာင္ ႏုိင္ခဲ့ျခင္းျဖစ္ၿပီး ကိန္းအရပ္ရွိ ေဒသခံ ျပည္သူမ်ား အေနျဖင့္ ၄င္းကို လိႈက္လွဲစြာ ႀကိဳဆိုျခင္းအား ေက်းဇူး တင္ရွိေၾကာင္း ေျပာၾကား ထားသည္။

#PyiChitThar

........................................................................

ပထမဆုံးအကြိမ် ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော် မရပ်မနား လှေလှော်ခရီးသွားမှု ဗြိတိန်နိုင်ငံသားတစ်ဦး အောင်မြင်စွာ လုပ်နိုင်ခဲ့



လန်ဒန် ၊ ၂၈-၁၂-၂၀၁၅

ဗြိတိန်နိုင်ငံသား တစ်ဦးသည် ပထမဆုံးအကြိမ် ပစိဖိတ်သမုဒ္ဒရာ ကို ဖြတ်ကျော်ကာ မြောက်အမေရိကမှ သြစတြေးလျသို့ မရပ်မနား လှေလှော် ခရီးသွားမှုကို ဒီဇင်ဘာ ၂၇ ရက်တွင် အောင်မြင် စွာ ပြုလုပ် နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၅၃ နှစ်အရွယ် ဂျွန်ဘီးဒန်း အမည်ရှိ အဆိုပါ အမျိုးသားသည် ဆန်ဖရန်စစ္စကိုမြို့ မှ ဇွန် ၁ ရက်တွင် စတင်ထွက်ခွာ ခဲ့ခြင်းဖြစ်ပြီး ၄င်းသည် တစ်ရက်လျှင် ပျမ်းမျှ ၁၅ နာရီခန့်ကြာ လှေလှော်ကာ ခရီးသွားခဲ့ခြင်း ဖြစ်သည်။

ဘီးဒန်း သည် ရက်သတ္တပတ် အနည်းငယ်ဖြင့် သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကိန်းအရပ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားခဲ့ သော်လည်း ရာသီဥတု ဆိုးဝါး မှုကြောင့် နှောင့်နှေး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လေးနှစ်ခန့်က အတ္တလန္တိတ် သမုဒ္ဒရာကို လှေလှော်ဖြတ်ကူး ခဲ့သူ ဘီးဒန်း သည် ၄င်းအနေဖြင့် ယခုကဲ့သို့ သွားရောက် နိုင်မည်ဟု မထင်သော အချိန်များ ရှိခဲ့ကြောင်း၊ မည်သူမျှ စံချိန်မတင် နိုင်သေးသည့်
အရာကို ပထမဆုံး လုပ်ဆောင်နိုင်သူ ဖြစ်လိုကြောင်းနှင့် ယခုအခါ အမှန် တကယ် ဖြစ် လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘီးဒန်းသည် ခြောက်မီတာ အရှည်ရှိသော လှေငယ်တစ်စင်း ဖြင့် မိုင်ပေါင်း ရဝဝဝ ကျော်ရှိသော ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ မရပ်မနား လှေလှော် ခရီးသွားမှုကို ရက်ပေါင်း ၂ဝ၉ ရက်ဖြင့် အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ခြင်းဖြစ်ပြီး ကိန်းအရပ်ရှိ ဒေသခံ ပြည်သူများ အနေဖြင့် ၄င်းကို လှိုက်လှဲစွာ ကြိုဆိုခြင်းအား ကျေးဇူး တင်ရှိကြောင်း ပြောကြား ထားသည်။

#PyiChitThar

No comments:

Post a Comment