Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

ဦးေခါင္းကို ၁၈၀ ဒီဂရီအျပည့္လွည့္ျပႏုိင္တဲ့ ကေလးရဲ့ ဗီဒီယို Youtube မွာ ေရပန္းစားေန






ye wint

မယုံၾကည္ႏိုင္ဖြယ္ရာေကာင္းေလာက္ေအာင္ ဆန္းၾကယ္တဲ့ ဒီဗီဒီယိုမွာ ေကာင္ေလးတစ္ေယာက္ဟာ ေနာက္ေက်ာဘက္ကို မ်က္ႏွာတစ္ခုလုံးေရာက္တဲ့အထိ ဦးေခါင္းကို ၁၈၀ ဒီဂရီလွည့္ျပခဲ့တာကို ေတြ ့ျမင္ရပါတယ္။

အက်ၤ ီတစ္ထည္ကို ၀တ္ဆင္ထားတဲ့ေကာင္ေလးဟာ သူ ့ရဲ့ေခါင္းကို လူၾကီးတစ္ေယာက္က ျမဲျမဲကိုင္ထားေပးတုန္းမွာ ခႏၶာကိုယ္ကို ေနာက္ဘက္ျမန္ျမန္လွည့္ျပခဲ့ပါတယ္။ ထူးျခားတာက ကိုယ္လုံး တစ္ခုလုံးသာ ေနာက္ဘက္ လွည့္သြားေပမယ့္ ဦးေခါင္းကေတာ့ ေရွ ့ကို ၾကည့္လ်က္သားပဲ ေနသားတက်ရွိေနတာကို ေတြ ့ျမင္ရပါတယ္။

ေကာင္ေလးဟာ ဒီျပကြက္ကို ႏွစ္ၾကိမ္တုိင္တုိင္ အျပဳံးမပ်က္ ျပသခဲ့ျပီး နာက်င္ပုံမရေပမယ့္၊ ၾကည့္ရတဲ့ လူေတြကေတာ့ အထိတ္တလန္ ့ျဖစ္ခဲ့ရပါတယ္။ အဆုိပါဗီဒီယိုကို Boxing Day ေန ့ (ခရစ္စမတ္ျပီးေနာက္တစ္ေန ့ရုံးပိတ္ရက္) မွာ တင္ခဲ့တာျဖစ္ျပီး အခ်ိန္ ခဏေလးအတြင္းမွာပဲ ၾကည့္ရွဳသူေပါင္း ၂၃၂၀၀၀ ေက်ာ္ရရွိျပီးျဖစ္ပါတယ္။ ဗီဒီယိုကိုၾကည့္မိသူ အမ်ားစုကေတာ့ ဒါဟာ မယုံခ်င္စရာေကာင္းေလာက္ေအာင္ ဆန္းၾကယ္ျပီး လန္ ့စရာေကာင္းတယ္လုိ ့ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

User တစ္ေယာက္က “ လုပ္ႏိုင္တယ္ ဆုိတုိင္းလည္း လုပ္ဖုိ ့မသင့္ပါဘူး - အသက္ ၂၀ နဲ ့လည္ပင္းအထိန္းကို ေပ်ာ္ေပ်ာ္ၾကီး ၀တ္ေပေတာ့ကေလးေရ” လုိ ့ေရးသားခဲ့သလုိ ေနာက္တစ္ေယာက္ကလည္း “ ဘုရား၊သၾကားမလုိ ့ ကေလးေရာ၊ သူ ့မိသားစုေတြပါ ဒီလုိေခါင္းလွည့္ျပတာကို လုပ္ျပတာမ်ိဳး၊ ကိုယ္က်ိဳးစီးပြားအတြက္ အသုံးခ်တာမ်ိဳး မလုပ္မိပါေစနဲ ့။ တစ္ေန ့ကေလး ဇက္က်ိဳးသြားလိမ့္မယ္” လုိ ့မွတ္ခ်က္ေပးထားခဲ့ပါတယ္။

Ref:Mirror

http://www.trend.com.mm/2015/12/28/news-8435

...................................................

ဦးခေါင်းကို ၁၈၀ ဒီဂရီအပြည့်လှည့်ပြနိုင်တဲ့ ကလေးရဲ့ ဗီဒီယို Youtube မှာ ရေပန်းစားနေ


ye wint

မယုံကြည်နိုင်ဖွယ်ရာကောင်းလောက်အောင် ဆန်းကြယ်တဲ့ ဒီဗီဒီယိုမှာ ကောင်လေးတစ်ယောက်ဟာ နောက်ကျောဘက်ကို မျက်နှာတစ်ခုလုံးရောက်တဲ့အထိ ဦးခေါင်းကို ၁၈၀ ဒီဂရီလှည့်ပြခဲ့တာကို တွေ ့မြင်ရပါတယ်။

အကျင်္ ီတစ်ထည်ကို ၀တ်ဆင်ထားတဲ့ကောင်လေးဟာ သူ ့ရဲ့ခေါင်းကို လူကြီးတစ်ယောက်က မြဲမြဲကိုင်ထားပေးတုန်းမှာ ခန္ဓာကိုယ်ကို နောက်ဘက်မြန်မြန်လှည့်ပြခဲ့ပါတယ်။ ထူးခြားတာက ကိုယ်လုံး တစ်ခုလုံးသာ နောက်ဘက် လှည့်သွားပေမယ့် ဦးခေါင်းကတော့ ရှေ ့ကို ကြည့်လျက်သားပဲ နေသားတကျရှိနေတာကို တွေ ့မြင်ရပါတယ်။

ကောင်လေးဟာ ဒီပြကွက်ကို နှစ်ကြိမ်တိုင်တိုင် အပြုံးမပျက် ပြသခဲ့ပြီး နာကျင်ပုံမရပေမယ့်၊ ကြည့်ရတဲ့ လူတွေကတော့ အထိတ်တလန် ့ဖြစ်ခဲ့ရပါတယ်။ အဆိုပါဗီဒီယိုကို Boxing Day နေ ့ (ခရစ်စမတ်ပြီးနောက်တစ်နေ ့ရုံးပိတ်ရက်) မှာ တင်ခဲ့တာဖြစ်ပြီး အချိန် ခဏလေးအတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၂၃၂၀၀၀ ကျော်ရရှိပြီးဖြစ်ပါတယ်။ ဗီဒီယိုကိုကြည့်မိသူ အများစုကတော့ ဒါဟာ မယုံချင်စရာကောင်းလောက်အောင် ဆန်းကြယ်ပြီး လန် ့စရာကောင်းတယ်လို ့ မှတ်ချက်ပေးခဲ့ကြပါတယ်။

User တစ်ယောက်က “ လုပ်နိုင်တယ် ဆိုတိုင်းလည်း လုပ်ဖို ့မသင့်ပါဘူး - အသက် ၂၀ နဲ ့လည်ပင်းအထိန်းကို ပျော်ပျော်ကြီး ၀တ်ပေတော့ကလေးရေ” လို ့ရေးသားခဲ့သလို နောက်တစ်ယောက်ကလည်း “ ဘုရား၊သကြားမလို ့ ကလေးရော၊ သူ ့မိသားစုတွေပါ ဒီလိုခေါင်းလှည့်ပြတာကို လုပ်ပြတာမျိုး၊ ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာမျိုး မလုပ်မိပါစေနဲ ့။ တစ်နေ ့ကလေး ဇက်ကျိုးသွားလိမ့်မယ်” လို ့မှတ်ချက်ပေးထားခဲ့ပါတယ်။

Ref:Mirror
http://www.trend.com.mm/2015/12/28/news-8435

No comments:

Post a Comment