Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

ခ်ယ္လ္ဆီး နည္းၿပ ေမာ္ရင္ညိဳ အထုတ္ခံရ

ေမာ္ရင္ညိဳဟာ ၾသဂုတ္လကမွ ခ်ယ္လ္ဆီး အသင္းနဲ႔ ၄ႏွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ထား
ခ်ယ္လ္ဆီး နည္းၿပ ဂ်ိဳေဆး ေမာ္ရင္ညိဳကို ထုတ္ပယ္လိုက္ရတာဟာ အသင္း ကစားသမား ေတြနဲ႔ အဆင္မေျပမွုေတြ သိသာထင္ရွား လြန္းခဲ့တာေၾကာင့္လို႔ ခ်ယ္လ္ဆီးအသင္းရဲ့ ေၾကညာခ်က္ထဲမွာ ေဖၚၿပ ထားပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ ပရီးမီးယားလိဂ္ ဖလားကို ရယူေပးခဲ့ၿပီး ဩဂုတ္လကမွ အသင္းနဲ႔ ၄ႏွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆို ထားခဲ့တဲ့ ေမာ္ရင္ညိဳဟာ ပရီးမီးယားလိဂ္မွာ ခ်ယ္လ္ဆီးရဲ့ ကစားပြဲ ရလဒ္ေတြ ဆိုးရြား ေနခ်ိန္မွာပဲ အသင္းနည္းၿပ အျဖစ္ကေန ႐ုတ္တရက္ ထုတ္ပယ္ခံလိုက္ရတာ ျဖစ္ပါတယ္။

ခ်ယ္လ္ဆီး အသင္းရဲ့ လတ္တေလာ ပြဲရလဒ္ေတြ မေကာင္းဘူး ဆိုတာကို လက္ခံခဲ့အၿပီးမွာ ႏွစ္ဘက္ သေဘာတူညီခ်က္နဲ႔ နည္းျပအျဖစ္ကေန ေမာ္ရင္ညိဳ ထြက္သြားခဲ့တာ ျဖစ္တယ္လို႔ ခ်ယ္လ္ဆီး အသင္းရဲ့ ေၾကညာခ်က္ထဲမွာ ေဖၚျပထားပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ အမွတ္ေပးဇယားမွာ တန္းဆင္းဇုံေအာက္ ေရာက္ဖို႔ တမွတ္အကြာကို ေရာက္ခဲ့တဲ့အတြက္ ခ်ယ္လ္ဆီး အသင္းပိုင္ရွင္ ရိုမန္ အဘရာမိုဗစ္ခ်္ အေနနဲ႔ တခုခု လုပ္မွ ျဖစ္မယ္ဆိုၿပီး အခုလို ဆုံးျဖတ္လိုက္တာလို႔ အသင္းရဲ့ နည္းစနစ္ ညႊန္ၾကားေရးမွူးက ေျပာပါတယ္။

လစာ အမ်ားဆုံး ရထားၾကတဲ့ ခ်ယ္လ္ဆီး ကစားသမားေတြက ေမာ္ရင္ညိဳအေပၚ မေက်နပ္တာေတြကို ဖုံးကြယ္မထားပဲ ထုတ္ေျပာခဲ့ၾကပါတယ္။

အဲဒီ ကစားသမားတခ်ိဳ႕ဟာ သူ႔အေပၚမွာ သစၥာေဖာက္တယ္ ဆိုၿပီး ေမာ္ရင္ညိဳက စြပ္စြဲခဲ့ပါတယ္။

BBC Burmese
http://www.bbc.com
................
 မော်ရင်ညိုဟာ သြဂုတ်လကမှ ချယ်လ်ဆီး အသင်းနဲ့ ၄နှစ် သက်တမ်းတိုး စာချုပ် ချုပ်ထား
ချယ်လ်ဆီး နည်းပြ ဂျိုဆေး မော်ရင်ညိုကို ထုတ်ပယ်လိုက်ရတာဟာ အသင်း ကစားသမား တွေနဲ့ အဆင်မပြေမှုတွေ သိသာထင်ရှား လွန်းခဲ့တာကြောင့်လို့ ချယ်လ်ဆီးအသင်းရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ပရီးမီးယားလိဂ် ဖလားကို ရယူပေးခဲ့ပြီး ဩဂုတ်လကမှ အသင်းနဲ့ ၄နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို ထားခဲ့တဲ့ မော်ရင်ညိုဟာ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးရဲ့ ကစားပွဲ ရလဒ်တွေ ဆိုးရွား နေချိန်မှာပဲ အသင်းနည်းပြ အဖြစ်ကနေ ရုတ်တရက် ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းရဲ့ လတ်တလော ပွဲရလဒ်တွေ မကောင်းဘူး ဆိုတာကို လက်ခံခဲ့အပြီးမှာ နှစ်ဘက် သဘောတူညီချက်နဲ့ နည်းပြအဖြစ်ကနေ မော်ရင်ညို ထွက်သွားခဲ့တာ ဖြစ်တယ်လို့ ချယ်လ်ဆီး အသင်းရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားမှာ တန်းဆင်းဇုံအောက် ရောက်ဖို့ တမှတ်အကွာကို ရောက်ခဲ့တဲ့အတွက် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အဘရာမိုဗစ်ချ် အနေနဲ့ တခုခု လုပ်မှ ဖြစ်မယ်ဆိုပြီး အခုလို ဆုံးဖြတ်လိုက်တာလို့ အသင်းရဲ့ နည်းစနစ် ညွှန်ကြားရေးမှူးက ပြောပါတယ်။

လစာ အများဆုံး ရထားကြတဲ့ ချယ်လ်ဆီး ကစားသမားတွေက မော်ရင်ညိုအပေါ် မကျေနပ်တာတွေကို ဖုံးကွယ်မထားပဲ ထုတ်ပြောခဲ့ကြပါတယ်။

အဲဒီ ကစားသမားတချို့ဟာ သူ့အပေါ်မှာ သစ္စာဖောက်တယ် ဆိုပြီး မော်ရင်ညိုက စွပ်စွဲခဲ့ပါတယ်။

BBC Burmese
http://www.bbc.com

No comments:

Post a Comment