မင်းသမီးတစ်ယောက်ရဲ့ အင်္ကျီကိစ္စကို မပြောချင်လည်းတာဝန်သိတတ်တဲ့သုတစ်ယောက်အနေနဲ့ ပြောရပါဦးမယ်။ပိုးစအစစ်(100% Pure Silk)ဆိုတာချုပ်ရင် အတွင်းမှာ interlinen အထူ၊နဲ့ဝတ်တဲ့အခါ ချောမွေ့မှုရှိအောင် အတွင်းမှခံထားတဲ့ padding (ရင်ကိုကာကွယ်ထားသောဖော့ပါး) bone(plastic & wire ချောင်း)တို့ ကွယ်ဝှက်ထားနိုင်ဖို့ ခံပြီးချုပ်လုပ်ရပါတယ်။
ဒီလို၎လွှာလောက်ထူနေတဲ့ အင်္ကျီကိုအပြင်ကကြည့်ရင် ပါးသယောင်ဖြစ်အောက်ချုပ်လုပ်ရတာ haute couture sewing ဆိုတဲ့အတတ်ပညာပါအတွင်းကခံထားတဲ့ ချုပ်ရိုးလေးမှာ နင်းချုပ်ထားတဲ့ bone ရဲ့ထိပ်ဖျားကို လိုရာဆွဲတွေးပြီး ရေးမိ ပြောမိကြတာ အပြစ်မဟုတ်ပါဘူး။
ကျွန်မတို့တိုင်းပြည်မှာ စားဝတ်နေရေး၊ကျန်းမာရေးစတဲ့ အခြေခံ needs တွေအတွက် လုံးပန်းနေကြဆဲကာလမှာ ဖက်ရှင်လိုဇိမ်ခံပစ္စည်းမျိုးတွေအပေါ်မှာ ခံစားလေ့လာ သိရှိနားလည် သဘောပေါက်အမြင်ကျယ်မှု မရှိကြသေးတာကြောင့်ပါ။
ဖက်ရှင်ပညာနဲ့ကျွန်မကိုနားလည်ပေးနိုင်သော၊ နားလည်မပေးနိုင်သောသူများအားလုံးကို မေတ္တာအပြည့်အဝနဲ့ ဝေဖန်အကြံပြုသူများကို ချစ်ခင်နားလည်စွာဖြင့်မိုးကုတ်ပေါက်ပေါက်
Mogok Pauk Pauk


No comments:
Post a Comment