CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 23, 2015
လိပ္ကြ်န္းလူသတ္မႈျဖင္႔ စြပ္စြဲခံျမန္မာလုပ္သားႏွစ္ဦး၏ အမႈအား ယေန႔ အၿပီးသတ္အမိန္႔ခ်မည္
လိပ္ကြ်န္းလူသတ္မႈျဖင္႔ စြပ္စြဲခံျမန္မာလုပ္သားႏွစ္ဦး၏ အမႈအား ယေန႔ အၿပီးသတ္အမိန္႔ခ်မည္႔ ထိုင္းႏိုင္ငံေတာင္ပိုင္း ေကာ႔စမြီကြ်န္းရွိ တရားရုံးသို႔တက္ေရာက္နားေထာင္ရန္ ျမန္မာလုပ္သားႏွစ္ဦး၏ မိဘမ်ား၊ အမႈအားကူညီေဆာင္ရြက္ေပးေနေသာ ျမန္မာသံရုံးအဖြဲ႔မွတာဝန္ရွိသူ မ်ား၊ထိုင္းႏိုင္ငံေရွ႕ေန မ်ားေကာင္စီမွ ႏွင္႔ ျမန္မာအလုပ္သမားမ်ားအေရးေဆာင္ရြက္ေပးေနေသာ အဖြဲ႔အစည္းမ်ားမွ တာဝန္ရွိသူမ်ား စသည္တို႔ သည္ ယေန႔နံနက္ ၈နာရီခြဲအခ်ိန္တြင္ တရားရုံးသို႔ ေရာက္ရွိလာေၾကာင္း အဆိုပါ ေကာ႔စမြီတရားရုံသို႔ သြားေရာက္သတင္းယူေနေသာ 7Day Daily သတင္းေထာက္က သတင္းေပးပို႔သည္။
ျမန္မာလုပ္သားႏွစ္ဦး၏ အမႈကို ေအာက္တိုဘာ ၁၁ ရက္တြင္ စစ္ေဆးၿပီးစီးၿပီျဖစ္၍ ယေန႔(ဒီဇင္ဘာ ၂၄ ရက္)တြင္ အမိန္႔ခ်မည္ဟု ေကာ့စမြီ တရားသူႀကီးက ေျပာထားျခင္း ျဖစ္သည္။
နံနက္ ၉နာရီအခ်ိန္တြင္ တရားရုံးစတင္ေနၿပီျဖစ္သည္။
အမိန္႔ခ်ရာတြင္ ေသဆုံးသူႏွစ္ဦး၏ မိဘမ်ား၊အဂၤလန္သံရုံးမွ တာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ႔ၾကသည္။ျမန္မာလုပ္သားႏွစ္ဦးအမႈအား ႏိုင္ငံတကာမီဒီယာအမ်ားအျပားက လာေရာက္သတင္းယူေနလ်က္ရွိသည္။
ၿဗိတိန္ႏုိင္ငံသား ေဒးဗစ္မီလာ (၂၄) ႏွစ္ႏွင့္ ဟန္နာ၀စ္သာ ရစ္ခ်္(၂၃)ႏွစ္တုိ႔သည္ ၂၀၁၄ စက္တင္ဘာ ၁၄ ရက္ ညဥ့္သန္း ေခါင္တြင္ ထုိင္းႏုိင္ငံ လိပ္ကြၽန္း ၌ အသတ္ခံခဲ့ရျခင္းျဖစ္ၿပီး ျမန္မာ လုပ္သားႏွစ္ဦးျဖစ္သည့္ ေဇာ္လင္းႏွင့္ ၀င္းေဇာ္ထြန္းတို႔မွာ လူသတ္မႈက်ဴးလြန္ေၾကာင္း စြပ္စဲြဖမ္းဆီး ခံထားရသည္။
ဓါတ္ပုံ - ၿငိမ္းခ်မ္း
7Day News Journal
.................
လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲခံမြန်မာလုပ်သားနှစ်ဦး၏ အမှုအား ယနေ့ အပြီးသတ်အမိန့်ချမည့် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီကျွန်းရှိ တရားရုံးသို့တက်ရောက်နားထောင်ရန် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ၊ အမှုအားကူညီဆောင်ရွက်ပေးနေသော မြန်မာသံရုံးအဖွဲ့မှတာဝန်ရှိသူ များ၊ထိုင်းနိုင်ငံရှေ့နေ များကောင်စီမှ နှင့် မြန်မာအလုပ်သမားများအရေးဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စသည်တို့ သည် ယနေ့နံနက် ၈နာရီခွဲအချိန်တွင် တရားရုံးသို့ ရောက်ရှိလာကြောင်း အဆိုပါ ကော့စမွီတရားရုံသို့ သွားရောက်သတင်းယူနေသော 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။
မြန်မာလုပ်သားနှစ်ဦး၏ အမှုကို အောက်တိုဘာ ၁၁ ရက်တွင် စစ်ဆေးပြီးစီးပြီဖြစ်၍ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် အမိန့်ချမည်ဟု ကော့စမွီ တရားသူကြီးက ပြောထားခြင်း ဖြစ်သည်။
နံနက် ၉နာရီအချိန်တွင် တရားရုံးစတင်နေပြီဖြစ်သည်။
အမိန့်ချရာတွင် သေဆုံးသူနှစ်ဦး၏ မိဘများ၊အင်္ဂလန်သံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။မြန်မာလုပ်သားနှစ်ဦးအမှုအား နိုင်ငံတကာမီဒီယာအများအပြားက လာရောက်သတင်းယူနေလျက်ရှိသည်။
ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာ ရစ်ချ်(၂၃)နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဉ့်သန်း ခေါင်တွင် ထိုင်းနိုင်ငံ လိပ်ကျွန်း ၌ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး မြန်မာ လုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့မှာ လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲဖမ်းဆီး ခံထားရသည်။
ဓါတ်ပုံ - ငြိမ်းချမ်း
7Day News Journal
လိပ္ကြ်န္းလူသတ္မႈျဖင္႔ စြပ္စြဲခံျမန္မာလုပ္သားႏွစ္ဦး၏ အမႈအား ယေန႔ အၿပီးသတ္အမိန္႔ခ်မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 23, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)







No comments:
Post a Comment