Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

ေက်ာင္းသားသမဂၢ တရားဝင္ ရပ္တည္ေရး ဗကသ ေတာင္းဆိုမည္



ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေက်ာင္းသားသမဂၢ တရားဝင္ ဖြဲ႔စည္းရပ္တည္ႏိုင္ေရး အတြက္ ေတာင္းဆိုသြားမယ္လို႔ အထက္ျမန္မာျပည္ ဗ က သ အဖြဲ႔ဝင္ ေက်ာင္းသားေတြက ေျပာပါတယ္။

မႏၱေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကံတက္ကုန္း မစိုးရိမ္ေက်ာင္းတိုက္မွာ ဒီကေန႔ က်င္းပတဲ့ ဗ က သ မ်ား အဖြဲ႔ခ်ဳပ္ညီလာခံႀကီး ေပၚေပါက္လာဖို႔အတြက္ အႀကိဳေဆြးေႏြး ပြဲမွာ အထက္ျမန္မာျပည္ ဗ က သ ဒု-ဥကၠဌ ကိုဥာဏ္ထက္က အခုလို ေျပာၾကား ခဲ့ပါတယ္။

"ေတာင္းဆိုခ်က္ ၁၁ ခ်က္ကေတာ့ ခုခ်ိန္ထိဘာမွမရေသးဘူးေပါ့၊ မရေသးတဲ့အေပၚမွာ ႏိုင္ငံေရးေတာင္းဆိုခ်က္၊ ပညာေရးေတာင္းဆုိခ်က္ဆိုၿပီး က်ေနာ္တို႔ ထြက္ဖို႔ရွိတယ္၊ အဲ့ပညာေရးေတာင္းဆိုခ်က္ထဲမွာ ၁၁ ခ်က္နဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ရွင္းလင္း ဖို႔ရွိပါတယ္၊ ၁၁ ခ်က္ထဲမွာ က်ေနာ္တို႔အဓိကေတာင္းဆိုမယ့္ အရာေတြကေတာ့ သမဂၢတရားဝင္ေဖာ္ထုတ္ ရပ္တည္ခြင့္ရရွိေရးကို အဓိကေတာင္းသြားမွာျဖစ္ပါတယ္"

ညီလာခံမွာ ေရွ႕ဆက္လုပ္ေဆာင္မယ့္ ဒီမိုကေရစီပညာေရးေတာင္းဆိုမႈေတြ၊ ေက်ာင္းသားထု အခြင့္အေရးေတြနဲ႔ သာယာဝတီအက်ဥ္းေထာင္ကိုေရာက္ ရွိေနတဲ့ ေက်ာင္းသားေတြျပန္လႊတ္ေပးေရးေတြကို အဓိကထား ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။ မႏၱေလးခရိုင္၊ ျမင္းၿခံ၊ မေကြး၊ မံုရြာ၊ ဗန္းေမာ္၊ ျမစ္ႀကီးနား အပါအဝင္ ခရိုင္ ၁၁ ခုက ဗ က သ မ်ား အဖြဲ႔ခ်ဳပ္ အဖြဲ႔ဝင္ေတြအျပင္ ရွမ္းနဲ႔ ကယားျပည္နယ္က ကိုယ္စားျပဳ ေရာက္ရွိလာတဲ့ တကၠသိုလ္ ေက်ာင္းသား စုစုေပါင္း ၁၀၀ ခန္႔က ညႈိႏိႈင္းေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီ အႀကိဳညီလာခံကို ႏွစ္ရက္အၾကာျပဳလုပ္သြားမွာျဖစ္ၿပီး အဆံုးအျဖတ္ သေဘာ တူညီမႈေတြကို မနက္ျဖန္ ဒီဇင္ဘာ ၂၁ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာ သြားမယ္လို႔ သိရပါတယ္။

( RFA Burmese )

http://www.rfa.org/burmese
................


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းရပ်တည်နိုင်ရေး အတွက် တောင်းဆိုသွားမယ်လို့ အထက်မြန်မာပြည် ဗ က သ အဖွဲ့ဝင် ကျောင်းသားတွေက ပြောပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပတဲ့ ဗ က သ များ အဖွဲ့ချုပ်ညီလာခံကြီး ပေါ်ပေါက်လာဖို့အတွက် အကြိုဆွေးနွေး ပွဲမှာ အထက်မြန်မာပြည် ဗ က သ ဒု-ဥက္ကဌ ကိုဉာဏ်ထက်က အခုလို ပြောကြား ခဲ့ပါတယ်။

"တောင်းဆိုချက် ၁၁ ချက်ကတော့ ခုချိန်ထိဘာမှမရသေးဘူးပေါ့၊ မရသေးတဲ့အပေါ်မှာ နိုင်ငံရေးတောင်းဆိုချက်၊ ပညာရေးတောင်းဆိုချက်ဆိုပြီး ကျနော်တို့ ထွက်ဖို့ရှိတယ်၊ အဲ့ပညာရေးတောင်းဆိုချက်ထဲမှာ ၁၁ ချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ရှင်းလင်း ဖို့ရှိပါတယ်၊ ၁၁ ချက်ထဲမှာ ကျနော်တို့အဓိကတောင်းဆိုမယ့် အရာတွေကတော့ သမဂ္ဂတရားဝင်ဖော်ထုတ် ရပ်တည်ခွင့်ရရှိရေးကို အဓိကတောင်းသွားမှာဖြစ်ပါတယ်"

ညီလာခံမှာ ရှေ့ဆက်လုပ်ဆောင်မယ့် ဒီမိုကရေစီပညာရေးတောင်းဆိုမှုတွေ၊ ကျောင်းသားထု အခွင့်အရေးတွေနဲ့ သာယာဝတီအကျဉ်းထောင်ကိုရောက် ရှိနေတဲ့ ကျောင်းသားတွေပြန်လွှတ်ပေးရေးတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ မန္တလေးခရိုင်၊ မြင်းခြံ၊ မကွေး၊ မုံရွာ၊ ဗန်းမော်၊ မြစ်ကြီးနား အပါအဝင် ခရိုင် ၁၁ ခုက ဗ က သ များ အဖွဲ့ချုပ် အဖွဲ့ဝင်တွေအပြင် ရှမ်းနဲ့ ကယားပြည်နယ်က ကိုယ်စားပြု ရောက်ရှိလာတဲ့ တက္ကသိုလ် ကျောင်းသား စုစုပေါင်း ၁၀၀ ခန့်က ညှိုနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ အကြိုညီလာခံကို နှစ်ရက်အကြာပြုလုပ်သွားမှာဖြစ်ပြီး အဆုံးအဖြတ် သဘော တူညီမှုတွေကို မနက်ဖြန် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာ သွားမယ်လို့ သိရပါတယ်။

( RFA Burmese )


http://www.rfa.org/burmese

No comments:

Post a Comment