Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

စက္ဘီးျပိဳင္ပြဲတြင္ဘီးေပါက္ခဲ့ေသာ္လည္း စက္ဘီးကိုထမ္းကာ ပန္းတိုင္သို႔ေရာက္ေအာင္သြားခဲ့သူ



ျဗိတိန္ႏိုင္ငံ Daily Mail သတင္းဌာန၏ ဒီဇင္ဘာလ ၁၇ ရက္ေန႔သတင္းအရ စပိန္ႏိုင္ငံ Cantabria တြင္က်င္းပျပဳလုပ္ခဲ့ေသာ စက္ဘီးျပိဳင္ပြဲတစ္ခုတြင္ ျပိဳင္ပြဲ၀င္တစ္ဦးျဖစ္သူ Ismael Esteban မွ ပန္းတိုင္ႏွင့္မီတာ ၃၀၀ အကြာအေ၀းတြင္သူ၏စက္ဘီး၊ဘီးေပါက္သြားခဲ့ေသာ္လည္း ဇြဲမေလွ်ာ့ပဲ စက္ဘီးကိုထမ္း၍ပန္းတိုင္သို႔ ေရာက္ေအာင္သြားခဲ့သည္။

သူ႔ေနာက္္တြင္ က်န္ရွိေနသည့္ျပိဳင္ပြဲ၀င္မ်ားကလည္း ေလးစားသမႈျဖင့္ ေက်ာ္တက္ရန္မၾကိဳးစားခဲ့ေၾကာင္း သိရသည္။ ယင္း ဗီဒီယိုအား ၀က္ဆိုဒ္ေပၚသို႔တင္လိုက္ရာ တစ္ကမၻာလံုး share လုပ္သူေထာင္ေက်ာ္ခဲ့သည္ဟုသိရွိရသည္။ ဗီဒီယိုထဲတြင္ အသက္ ၃၂ ႏွစ္ရွိျပီျဖစ္ေသာ Esteban ၏ေနာက္မွ မိနစ္အနည္းငယ္အၾကာတြင္ အသက္ ၃၇ ခုႏွစ္အရြယ္Agustin Navarro မွလိုက္ပါလာခဲ့ကာ သူ႕အားလြယ္ကူစြာေက်ာ္ျဖတ္္၍ တတိယေနရာသို႔ရရွိႏိုင္ေသာ္လည္း Esteban၏အားကစား စိတ္ဓာတ ္အား ေလးစားေသာေၾကာင့္ ေက်ာ္တက္ျခင္းမျပဳပဲ ျပိဳင္ပြဲျပီးဆံုးသည္အထိေနာက္မွလိုက္ခဲ့ေၾကာင္း သိရွိရသည္။

ျပိဳင္ပြဲ၀င္ႏွစ္ဦးစလံုးပန္းတိုင္သို႔၀င္ေရာက္ခ်ိန္တြင္ ပရိသတ္မ်ား၏လက္ခုပ္ၾသဘာ အားေပးသံမ်ား ထြက္ေပၚလာခဲ့သည္။ Agustin Navarro ၏ လူၾကီးလူေကာင္းဆန္ေသာ လုပ္ရပ္အား ၀က္ဆိုဒ္ေပၚရွိသူမ်ားကခ်ီးမြမ္းမဆံုးျဖစ္ခဲ့ၾကသည္။ Agustin Navarro မွလည္းပန္းတိုင္သို႔မေရာက္ခင္ ေက်ာ္တက္ျခင္းသည္ က်င့္၀တ္ႏွင့္မညီေသာလုပ္ရပ္ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့သည္။ ထိုနည္းတူစြာပင္ပို၍အံ့ၾသေစသည္မွာ Esteban မွသူ၏ဆုတံဆိပ္အား Agustin Navarro အား ေပးရန္ၾကိဳးစားခဲ့ေသာ္လည္း ျငင္းပယ္ခဲ့ေၾကာင္းသိရသည္။

( China.com )

http://myanmar.china.com/
....................



ဗြိတိန်နိုင်ငံ Daily Mail သတင်းဌာန၏ ဒီဇင်ဘာလ ၁၇ ရက်နေ့သတင်းအရ စပိန်နိုင်ငံ Cantabria တွင်ကျင်းပပြုလုပ်ခဲ့သော စက်ဘီးပြိုင်ပွဲတစ်ခုတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ Ismael Esteban မှ ပန်းတိုင်နှင့်မီတာ ၃၀၀ အကွာအဝေးတွင်သူ၏စက်ဘီး၊ဘီးပေါက်သွားခဲ့သော်လည်း ဇွဲမလျှော့ပဲ စက်ဘီးကိုထမ်း၍ပန်းတိုင်သို့ ရောက်အောင်သွားခဲ့သည်။

သူ့နောက််တွင် ကျန်ရှိနေသည့်ပြိုင်ပွဲဝင်များကလည်း လေးစားသမှုဖြင့် ကျော်တက်ရန်မကြိုးစားခဲ့ကြောင်း သိရသည်။ ယင်း ဗီဒီယိုအား ၀က်ဆိုဒ်ပေါ်သို့တင်လိုက်ရာ တစ်ကမ္ဘာလုံး share လုပ်သူထောင်ကျော်ခဲ့သည်ဟုသိရှိရသည်။ ဗီဒီယိုထဲတွင် အသက် ၃၂ နှစ်ရှိပြီဖြစ်သော Esteban ၏နောက်မှ မိနစ်အနည်းငယ်အကြာတွင် အသက် ၃၇ ခုနှစ်အရွယ်Agustin Navarro မှလိုက်ပါလာခဲ့ကာ သူ့အားလွယ်ကူစွာကျော်ဖြတ််၍ တတိယနေရာသို့ရရှိနိုင်သော်လည်း Esteban၏အားကစား စိတ်ဓာတ ်အား လေးစားသောကြောင့် ကျော်တက်ခြင်းမပြုပဲ ပြိုင်ပွဲပြီးဆုံးသည်အထိနောက်မှလိုက်ခဲ့ကြောင်း သိရှိရသည်။

ပြိုင်ပွဲဝင်နှစ်ဦးစလုံးပန်းတိုင်သို့ဝင်ရောက်ချိန်တွင် ပရိသတ်များ၏လက်ခုပ်သြဘာ အားပေးသံများ ထွက်ပေါ်လာခဲ့သည်။ Agustin Navarro ၏ လူကြီးလူကောင်းဆန်သော လုပ်ရပ်အား ၀က်ဆိုဒ်ပေါ်ရှိသူများကချီးမွမ်းမဆုံးဖြစ်ခဲ့ကြသည်။ Agustin Navarro မှလည်းပန်းတိုင်သို့မရောက်ခင် ကျော်တက်ခြင်းသည် ကျင့်ဝတ်နှင့်မညီသောလုပ်ရပ်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ထိုနည်းတူစွာပင်ပို၍အံ့သြစေသည်မှာ Esteban မှသူ၏ဆုတံဆိပ်အား Agustin Navarro အား ပေးရန်ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်းသိရသည်။

( China.com )


http://myanmar.china.com/

No comments:

Post a Comment