Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 29, 2015

ေဟာ္လန္ႏိုင္ငံက ၿမိဳ ႔တစ္ၿမိဳ ႔ မွာ ႏိုင္ငံသားတိုင္းကို လစဥ္ ေဒၚလာ ၁၀၀၀ ေထာက္ပံ့ေပးသြားမည္




ေဟာ္လန္ ႏိုင္ငံမွာရွိတဲ့ ၿမိဳ ႔တစ္ၿမိဳ ႔ဟာ အစိုးရကေန ျပည္သူေတြကို အလုပ္ရွိသည္ျဖစ္ေစ/မရွိသည္ျဖစ္ေစ အေျခခံ၀င္ေငြ ေထက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။

Utrecht ၿမိဳ ႔ဟာ ပထမဆံုးအေနနဲ႔ အဖြဲ႔အစည္းအေသးေလး တစ္ခုကို လစဥ္ ၀င္ေငြေတြေပးသြားၿပီး ဒီစနစ္ဟာ ေအာင္ျမင္ႏိုင္လားဆိုတာကို စမ္းသပ္မွာပါ။

ဒီလိုလုပ္ရျခင္းဟာလည္း ၀င္ေငြတိုးျခင္းေၾကာင့္ ႏိုင္ငံ အက်ိဳးဆံုးရံႈးရၿပီး တစ္ကယ္တမ္း ဖြံ႔ၿဖိဳးတိုးတက္မႈ မရရွိႏိုင္သည့္ အေျခအေနကို ေျပာင္းလဲပစ္ဖို႔အတြက္ပဲျဖစ္ပါတယ္။ အျခား ၿမိဳ ႔ျပ ၁၉ ၿမိဳ ႔တို႔မွာလည္း ဒီလို ေျပာင္းလဲမႈမ်ိဳးကို လုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ The Guardian သတင္းဌာန ရဲ ႔တင္ျပခ်က္အရ သိရပါတယ္။

"ငါတို႔ဟာ ဒါကို Utrecht ရဲ ႔အေျခခံ၀င္ေငြ လို႔မေခၚပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုလုပ္ရင္ ျပည္သူေတြဟာ အိမ္မွာ တီဗြီထိုင္ၾကည့္ေနၿပီး ပိုက္ဆံေတြအလကားရေနလိမ့္မယ္ ထင္ကုန္ပါလိမ့္မယ္" လို႔ လႊတ္ေတာ္ အမတ္ Heleen de Boer က ဆိုပါတယ္။

ဒီ စနစ္ကို စတင္ဖို႔ အက်ိဳး အျမတ္ ကုမၼဏီ ေတြဟာ တစ္လကို စတာလင္ေပါင္ ၆၆၀ (ေဒၚလာ ၁၀၀၀) စီ လူတစ္ေယာက္ခ်င္းအတြက္ ေထာက္ပံ့ေငြရမွာျဖစ္ၿပီး အကယ္၍ ျပည္သူေတြမွာ အလုပ္မရွိေတာ့လို႔ အလုပ္ရွာေနတဲ့အခ်ိန္မ်ိဳးမွာ ထိုေထာက္ပံ့ေငြေတြကို ထုတ္ေပးသြားမွာ ျဖစ္တယ္လို႔သိရပါတယ္။ ထို ျပန္ထုတ္ေပးမယ့္ ေထာက္ပံ့ေငြ ေတြကိုေတာ့ Utrecht တကၠသိုလ္က စီးပြားေရး ပညာရွင္ Loek Groot က တြက္ခ်က္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ၿဗိတိန္ႏိုင္ငံဟာလည္း အလားတူ ေပၚလစီ မ်ိဳးကို မိတ္ဆက္ဖို႔ ႀကိဳးစားေနၿပီး ၿဗိတိန္ႏိုင္ငံမွာေတာ့ ထိုေထာက္ပံ့စနစ္ကို ႏိုင္ငံသား လုပ္အားခ လို႔ ေခၚမွာျဖစ္ပါတယ္။ လက္ရွိအေျခအေနမွာေတာ့ ေဟာ္လန္ႏိုင္ငံအေနနဲ႔ စိတ္ပူေနရတာက Utrecht တစ္ၿမိဳ ႔လံုးက ျပည္သူေတြအတြက္ ရန္ပံုေငြ လံုေလာက္ႏိုင္ပါ့မလားဆိုတာပဲ ျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Metro

.......................................................................................................

ဟော်လန်နိုင်ငံက မြို ့တစ်မြို ့ မှာ နိုင်ငံသားတိုင်းကို လစဉ် ဒေါ်လာ ၁၀၀၀ ထောက်ပံ့ပေးသွားမည်
 


ဟော်လန် နိုင်ငံမှာရှိတဲ့ မြို ့တစ်မြို ့ဟာ အစိုးရကနေ ပြည်သူတွေကို အလုပ်ရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ အခြေခံဝင်ငွေ ထေက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

Utrecht မြို ့ဟာ ပထမဆုံးအနေနဲ့ အဖွဲ့အစည်းအသေးလေး တစ်ခုကို လစဉ် ၀င်ငွေတွေပေးသွားပြီး ဒီစနစ်ဟာ အောင်မြင်နိုင်လားဆိုတာကို စမ်းသပ်မှာပါ။

ဒီလိုလုပ်ရခြင်းဟာလည်း ၀င်ငွေတိုးခြင်းကြောင့် နိုင်ငံ အကျိုးဆုံးရှုံးရပြီး တစ်ကယ်တမ်း ဖွံ့ဖြိုးတိုးတက်မှု မရရှိနိုင်သည့် အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက်ပဲဖြစ်ပါတယ်။ အခြား မြို ့ပြ ၁၉ မြို ့တို့မှာလည်း ဒီလို ပြောင်းလဲမှုမျိုးကို လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ The Guardian သတင်းဌာန ရဲ ့တင်ပြချက်အရ သိရပါတယ်။

"ငါတို့ဟာ ဒါကို Utrecht ရဲ ့အခြေခံဝင်ငွေ လို့မခေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ရင် ပြည်သူတွေဟာ အိမ်မှာ တီဗွီထိုင်ကြည့်နေပြီး ပိုက်ဆံတွေအလကားရနေလိမ့်မယ် ထင်ကုန်ပါလိမ့်မယ်" လို့ လွှတ်တော် အမတ် Heleen de Boer က ဆိုပါတယ်။

ဒီ စနစ်ကို စတင်ဖို့ အကျိုး အမြတ် ကုမ္မဏီ တွေဟာ တစ်လကို စတာလင်ပေါင် ၆၆၀ (ဒေါ်လာ ၁၀၀၀) စီ လူတစ်ယောက်ချင်းအတွက် ထောက်ပံ့ငွေရမှာဖြစ်ပြီး အကယ်၍ ပြည်သူတွေမှာ အလုပ်မရှိတော့လို့ အလုပ်ရှာနေတဲ့အချိန်မျိုးမှာ ထိုထောက်ပံ့ငွေတွေကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ထို ပြန်ထုတ်ပေးမယ့် ထောက်ပံ့ငွေ တွေကိုတော့ Utrecht တက္ကသိုလ်က စီးပွားရေး ပညာရှင် Loek Groot က တွက်ချက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံဟာလည်း အလားတူ ပေါ်လစီ မျိုးကို မိတ်ဆက်ဖို့ ကြိုးစားနေပြီး ဗြိတိန်နိုင်ငံမှာတော့ ထိုထောက်ပံ့စနစ်ကို နိုင်ငံသား လုပ်အားခ လို့ ခေါ်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဟော်လန်နိုင်ငံအနေနဲ့ စိတ်ပူနေရတာက Utrecht တစ်မြို ့လုံးက ပြည်သူတွေအတွက် ရန်ပုံငွေ လုံလောက်နိုင်ပါ့မလားဆိုတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment