Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 27, 2015

လိပ္ကၽြန္းျဖစ္ရပ္ ကန္႔ကြက္ဆႏၵျပပြဲနဲ႔ အမႈအေပၚ ထိုင္းရဲ ေျပာဆိုခ်က္ သေဘာမတူ

 ရန္ကုန္ၿမိဳ႕ ထိုင္းသံ႐ံုးေရွ႕ ဆႏၵထုတ္ေဖာ္မႈ

ျမန္မာလူငယ္ႏွစ္ဦးအေပၚ ေသဒဏ္ခ်တဲ့ကိစၥ ျမန္မာႏုိင္ငံသားေတြ ကန္႔ကြက္ဆႏၵျပတာဟာ ႏုိင္ငံေရးအရ အသံုး ခ်ခံရတာဆိုတဲ့သေဘာ ထုိင္းရဲတပ္ဖြဲ႔ အဆင့္ျမင့္ တာ၀န္ရွိသူေတြက ေျပာေပမယ့္ ဒီကိစၥကို ေစာင့္ၾကည့္ေလ့လာေနသူေတြက ေတာ့ အဲဒီလိုမျမင္ပါဘူး။ လူငယ္ႏွစ္ဦးအေပၚ စြပ္စြဲခ်က္ေတြ မခုိင္လံုဘူးဆိုတာကို တရား႐ံုး စစ္ေဆးမႈေတြမွာ အခုိင္အမာ ထြက္ဆိုခဲ့တယ္လို႔ အက်ဳိးေဆာင္ေရွ႕ေနကလည္း ေျပာပါတယ္။ အျပည့္အစံုကို ဆက္သြယ္ေမးျမန္းထားတဲ့ မေအးေအးမာက ေျပာျပပါမယ္။

လိပ္ကၽြန္းလူသတ္မႈနဲ႔ပတ္သက္လို ့ျမန္မာလူငယ္၂ ဦး ေသဒဏ္ခ်ခံရၿပီးတဲ့ေနာက္မွာေတာ့ ခြင္ျပဳမိန္႔မရဘဲ စီတန္းလွည့္လည္ရင္ ပုဒ္မ ၁၈နဲ႔ အေရးယူ ခံေနရတဲ့ျမန္မာႏိုင္ငံမွာ ဆႏၵျပမူေတြက ေန႔စဥ္ ရက္ဆက္ဆုိသလို ျဖစ္ပြားေနတာပါ။ လိပ္ကၽြန္း အေရး ဆႏၵျပပဲြေတြဟာ ထုိင္းရဲတပ္ဖြဲ႔ တာ၀န္ရွိသူေတြေျပာသလို ႏိုင္ငံေရးအရ အသံုးခ်ခံေနရတာလားဆိုတာကိုေတာ့ ျမန္မာႏုိင္ငံေရး ေစာင့္ၾကည့္ေလ့လာသူ ေဒါက္တာရန္မ်ိဳးသိန္းက အခုလိုသံုးသပ္ပါတယ္။

“ႏိုင္ငံေရးအရ အသံုးခ်ခံေနရတဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္လို႔ေတာ့ေျပာဖို႔ခက္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္ရွိႏိုင္ငံရဲ႕ အင္အားစုေတြေရာ၊ ႏိုင္ငံေရး အသိုင္းအ၀ိုင္းေကာ ၊ ႏိုင္ငံေရးတက္ၾကြလွဳပ္ရွားသူေတြေကာ၊ အရပ္ဖက္ အဖြဲ႔အစည္းေတြေရာက ဒီထိုင္းႏိုင္ငံအစိုးရရဲ႕ တရားရံုးကေန ဆံုးျဖတ္ခ်က္ အေပၚမွာ အျပည့္အ၀ သံသယရွိေနတဲ့ သေဘာရွိပါတယ္ခင္ဗ်။ ေနာက္ၿပီးေတာ့ ထိုင္းႏိုင္ငံတရားစီရင္ေရး ယႏၱရားရဲ႕ ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္ကိုလည္းပဲ ေထာက္ျပၿပီး ေ၀ဖန္ေနတဲ့ သေဘာမ်ိဳးလည္းရွိပါတယ္။”

ထုိင္းႏုိင္ငံသံရံုးေရွ႕ ဆႏၵျပပဲြေတြကုိေတာ့ ၄ ရက္ေျမာက္ေန႔ အျဖစ္ ျမန္မာ အာဏာပုိင္ေတြက ဆက္လက္ခြင့္ျပဳထားပါတယ္။ အလားတူ နယ္စပ္ၿမိဳ႕ေတြမွာလည္း ဆႏၵျပတာေတြ ရွိေနတုန္းပါပဲ။ ဆႏၵျပမူေတြဟာ ႀကိဳတင္ခြင့္ျပဳခ်က္တင္စရာမလိုတဲ့ ဆႏၵျပပဲြေတြအျဖစ္လည္းေတြ႔ရွိေနရပါတယ္။ အခ်က္ကို ေဒါက္တာရန္မ်ိဳးသိမ္းက အခုလိုသံုးသပ္ပါတယ္။

“က်ေနာ္တို႔ ဒီျမန္မာႏိုင္ငံအတြင္းမွာ အမ်ိဳးသားေရး လွဳပ္ရွားမႈနဲ႔ ပတ္သက္ၿပီးေတာ့ ေဆာ္ၾသတိုက္တြန္းေနတဲ့ အဖြဲ႔အစည္းေတြကေတာ့ ရွိႏိုင္ပါတယ္။ ဒါေပမယ့္ ဘယ္ႏိုင္ငံမွာပဲ ျဖစ္ျဖစ္ေတာ့ ထိုင္းႏိုင္ငံမွာပဲျဖစ္ျဖစ္၊ ျမန္မာႏိုင္ငံမွာပဲျဖစ္ျဖစ္ ၊ အေမရိကန္ႏိုင္ငံမွာပဲျဖစ္ျဖစ္ အဲဒီႏိုင္ငံရဲ႕အမ်ိဳးသားေရး၊ အမ်ိဳးသားလံုၿခံဳေရးဟာ အဓိကက်တဲ့ အေနအထားမွာ ရွိတဲ့အခါက်ေတာ့ အဲဒီလို တိုက္တြန္းေျပာၾကားမႈေတြကို အသံုးခ်ၿပီးေတာ့ အတိုင္းအတာတခုအေနနဲ႔ လံွဳ႕ေဆာ္တာေတြ၊ အေျခအေနဆိုး သြားေအာင္ တြန္းပို႔တာမ်ိဳးေတြ လည္းရွိေကာင္းရွိႏိုင္ပါတယ္။”

ျမန္မာလူငယ္၂ ဦးကိုေသဒဏ္ေပးလိုက္တဲ့ကိစၥနဲ႔ ပတ္သက္လုိ႔ ထုိင္းအာဏာပိုင္ေတြဘက္ကေတာ့ သက္ေသ အေထာက္အထားခိုင္မာစြာ ရွိတယ္ဆိုၿပီး သတင္းစာ ရွင္းလင္းခဲ့တာပါ။ ဒါေပမဲ့ တရားခံေတြရဲ႕ အက်ိဳးေဆာင္ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔ကေတာ့ တရားလိုျပသက္ေသေတြရဲ႕ စြပ္စဲြခ်က္ေတြ ခိုင္မာမူမရွိဘူးဆိုတာကို တရားရံုးမွာထြက္ဆုိထားတယ္ဆိုၿပီး အခုလိုေျပာပါတယ္။

“ဥပေဒနားလည္တဲ့ တရားစီရင္ေရးအဖြဲ႔က စြဲဆိုထားတဲ့ အခ်က္က ၂ ခ်က္ရွိပါတယ္။ ၁ ခ်က္ကေတာ့ ၀န္ခံခ်က္ေပးတယ္ ဆိုတဲ့အခ်က္၊ ေနာက္ ဒုတိယအခ်က္ကေတာ့ DNA တူတယ္ ဆိုတဲ့အခ်က္ ။ ဒါေတြနဲ႔ေပါင္းၿပီးေတာ့ သူက CCTV က ပံုေတြနဲ႔ တရားခံေတြကို တရားစြဲခဲ့တာပါ။ အဲဒီေတာ့ ဒီအခ်က္ေတြနဲ႔ ပတ္သက္လို႔လည္း အမႈတြဲ ေတာက္ေလွ်ာက္မွာ ၿပီးခဲ့တဲ့ ေနာက္ဆံုး တရားခံျပခ်က္ေတြနဲ႔ စစ္ေဆးတဲ့အခါမွာ DNA တူတဲ့ ကိစၥေတြက ပညာရွင္ေတြ ထြက္ဆိုသြားတာနဲ႔ကို လံုေလာက္ေနပါၿပီ။ လူသတ္မႈလည္းျဖစ္တယ္၊ ေပါင္ ဒူးရိုးေပၚမွာ DNAေတြ႕တယ္၊ သို႔ေသာ္ တရားခံေတြရဲ႕ DNA မဟုတ္ဘူးဆိုတာေၾကာင့္ ဒီDNA နဲ႔ ပတ္သက္လို႔ေတာ့ ရွင္းသြားပါၿပီ။ CCTVနဲ႔ ပတ္သက္လို႔ေတာ့ ျဖစ္ေနတဲ့ပံုဟာ တရားလိုဘက္က ေ၀ၿဖိဳး(၀င္းေဇာ္ထြန္း)ပံုပါလို႔ ေျပာခ်င္တယ္။ ဒါေပမယ့္ ဒီ CCTV ရဲ႕မိတၱဴကို အဂၤလန္ႏိုင္ငံက ပညာရွင္ Technician ေတြနဲ႔ စစ္ေဆးၾကည့္တဲ့အခါမွာ ေ၀ၿဖိဳး မဟုတ္ဘူးဆိုတဲ့ ၁၅ ရက္ ၉ လ ၂၀၁၅ ထြက္ဆိုခ်က္မွာ ၾကည့္မယ္ ဆိုရင္ ဒီအခ်က္ကလည္း ရွင္းသြားပါၿပီ။ ဒီေတာ့ ၀န္ခံခ်က္နဲ႔ ပတ္သက္လို႔လည္း ၈ ရက္ ၁၀ လ ၂၀၁၄ မွာ အက်ဥ္းဦးစီးထဲကို ကေလးေတြစေရာက္တာပါ။ အဲဒီေတာ့ ရဲစခန္းထဲမွာ ညွင္းပမ္းႏိွပ္စက္ထားတဲ့ အဲ့ဒီ ဒဏ္ေၾကာင့္ ေၾကာက္လန္႔ေနတယ္ဆိုတာ မသိေသးပါဘူး။ ဒါေၾကာင့္ သူတို႔က ဒီစကားကို ဆက္ေျပာတယ္လို႔ အန္ကယ္ေျပာထားပါတယ္။”

ေသဒဏ္စီရင္ခ်က္ ခ်ၿပီးတဲ့ေနာက္ပိုင္း ျမန္မာလူထုရဲ႕ မေက်မနပ္ ကန္႔ကြက္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာၿပီးတဲ့ ေနာက္ သမၼတရဲ႕ၫႊန္ၾကားခ်က္နဲ႔ ထုိင္းႏုိင္ငံဆိုင္ရာ ျမန္မာသံအမတ္က ထိုင္း၀န္ႀကီးခ်ဳပ္႐ံုး၀န္ႀကီးနဲ႔ သြားေတြ႔ၿပီး ေျပာဆို တာ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ထိုင္းအဆင့္ျမင့္တာ၀န္ရွိသူေတြကို သ၀ဏ္လႊာေပးပို႔ တာေတြအျပင္ ေရြးေကာက္ပြဲအႏုိင္ရ NLD ပါတီဘက္က ေျပာဆိုတာေတြ၊ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းရဲ႕ ထုတ္ျပန္ခ်က္၊ ညီၫြတ္ေသာတုိင္းရင္းသားလူမ်ဳိးမ်ားဖက္ဒရယ္ေကာင္စီ UNFC ရဲ႕ ထုတ္ျပန္ခ်က္ စတာေတြ ထြက္ထားၿပီးတဲ့ ေနာက္ ဒီကေန႔မွာ ထုိင္းရဲတပ္ဖြဲ႔က သတင္းစာရွင္းလင္းပြဲလုပၿ္ပီး တုန္႔ျပန္ ေျပာဆိုလာတာပါ။ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာလူငယ္ႏွစ္ဦးကိုေတာ့ လံုျခံဳေရးပိုၿပီးအဆင့္ျမင့္တဲ့ နခြန္စီဌာမရ အက်ဥ္းေထာင္ကို စေနေန႔က ေရႊ႕ေျပာင္းထားၿပီးပါၿပီ။

မေအးေအးမာ/ ဗီြအိုေအျမန္မာပိုင္း
http://burmese.voanews.com
.....................
 ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့ ဆန္ဒထုတ်ဖော်မှု

မြန်မာလူငယ်နှစ်ဦးအပေါ် သေဒဏ်ချတဲ့ကိစ္စ မြန်မာနိုင်ငံသားတွေ ကန့်ကွက်ဆန္ဒပြတာဟာ နိုင်ငံရေးအရ အသုံး ချခံရတာဆိုတဲ့သဘော ထိုင်းရဲတပ်ဖွဲ့ အဆင့်မြင့် တာဝန်ရှိသူတွေက ပြောပေမယ့် ဒီကိစ္စကို စောင့်ကြည့်လေ့လာနေသူတွေက တော့ အဲဒီလိုမမြင်ပါဘူး။ လူငယ်နှစ်ဦးအပေါ် စွပ်စွဲချက်တွေ မခိုင်လုံဘူးဆိုတာကို တရားရုံး စစ်ဆေးမှုတွေမှာ အခိုင်အမာ ထွက်ဆိုခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက ပြောပြပါမယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို ့မြန်မာလူငယ်၂ ဦး သေဒဏ်ချခံရပြီးတဲ့နောက်မှာတော့ ခွင်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ရင် ပုဒ်မ ၁၈နဲ့ အရေးယူ ခံနေရတဲ့မြန်မာနိုင်ငံမှာ ဆန္ဒပြမူတွေက နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာပါ။ လိပ်ကျွန်း အရေး ဆန္ဒပြပွဲတွေဟာ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေပြောသလို နိုင်ငံရေးအရ အသုံးချခံနေရတာလားဆိုတာကိုတော့ မြန်မာနိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိန်းက အခုလိုသုံးသပ်ပါတယ်။

“နိုင်ငံရေးအရ အသုံးချခံနေရတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့တော့ပြောဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိနိုင်ငံရဲ့ အင်အားစုတွေရော၊ နိုင်ငံရေး အသိုင်းအဝိုင်းကော ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကော၊ အရပ်ဖက် အဖွဲ့အစည်းတွေရောက ဒီထိုင်းနိုင်ငံအစိုးရရဲ့ တရားရုံးကနေ ဆုံးဖြတ်ချက် အပေါ်မှာ အပြည့်အဝ သံသယရှိနေတဲ့ သဘောရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ ထိုင်းနိုင်ငံတရားစီရင်ရေး ယန္တရားရဲ့ ချို့ယွင်းချက်၊ အားနည်းချက်ကိုလည်းပဲ ထောက်ပြပြီး ဝေဖန်နေတဲ့ သဘောမျိုးလည်းရှိပါတယ်။”

ထိုင်းနိုင်ငံသံရုံးရှေ့ ဆန္ဒပြပွဲတွေကိုတော့ ၄ ရက်မြောက်နေ့ အဖြစ် မြန်မာ အာဏာပိုင်တွေက ဆက်လက်ခွင့်ပြုထားပါတယ်။ အလားတူ နယ်စပ်မြို့တွေမှာလည်း ဆန္ဒပြတာတွေ ရှိနေတုန်းပါပဲ။ ဆန္ဒပြမူတွေဟာ ကြိုတင်ခွင့်ပြုချက်တင်စရာမလိုတဲ့ ဆန္ဒပြပွဲတွေအဖြစ်လည်းတွေ့ရှိနေရပါတယ်။ အချက်ကို ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ ဒီမြန်မာနိုင်ငံအတွင်းမှာ အမျိုးသားရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ဆော်သြတိုက်တွန်းနေတဲ့ အဖွဲ့အစည်းတွေကတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ်တော့ ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် ၊ အမေရိကန်နိုင်ငံမှာပဲဖြစ်ဖြစ် အဲဒီနိုင်ငံရဲ့အမျိုးသားရေး၊ အမျိုးသားလုံခြုံရေးဟာ အဓိကကျတဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ အဲဒီလို တိုက်တွန်းပြောကြားမှုတွေကို အသုံးချပြီးတော့ အတိုင်းအတာတခုအနေနဲ့ လှုံ့ဆော်တာတွေ၊ အခြေအနေဆိုး သွားအောင် တွန်းပို့တာမျိုးတွေ လည်းရှိကောင်းရှိနိုင်ပါတယ်။”

မြန်မာလူငယ်၂ ဦးကိုသေဒဏ်ပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေဘက်ကတော့ သက်သေ အထောက်အထားခိုင်မာစွာ ရှိတယ်ဆိုပြီး သတင်းစာ ရှင်းလင်းခဲ့တာပါ။ ဒါပေမဲ့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ တရားလိုပြသက်သေတွေရဲ့ စွပ်စွဲချက်တွေ ခိုင်မာမူမရှိဘူးဆိုတာကို တရားရုံးမှာထွက်ဆိုထားတယ်ဆိုပြီး အခုလိုပြောပါတယ်။

“ဥပဒေနားလည်တဲ့ တရားစီရင်ရေးအဖွဲ့က စွဲဆိုထားတဲ့ အချက်က ၂ ချက်ရှိပါတယ်။ ၁ ချက်ကတော့ ၀န်ခံချက်ပေးတယ် ဆိုတဲ့အချက်၊ နောက် ဒုတိယအချက်ကတော့ DNA တူတယ် ဆိုတဲ့အချက် ။ ဒါတွေနဲ့ပေါင်းပြီးတော့ သူက CCTV က ပုံတွေနဲ့ တရားခံတွေကို တရားစွဲခဲ့တာပါ။ အဲဒီတော့ ဒီအချက်တွေနဲ့ ပတ်သက်လို့လည်း အမှုတွဲ တောက်လျှောက်မှာ ပြီးခဲ့တဲ့ နောက်ဆုံး တရားခံပြချက်တွေနဲ့ စစ်ဆေးတဲ့အခါမှာ DNA တူတဲ့ ကိစ္စတွေက ပညာရှင်တွေ ထွက်ဆိုသွားတာနဲ့ကို လုံလောက်နေပါပြီ။ လူသတ်မှုလည်းဖြစ်တယ်၊ ပေါင် ဒူးရိုးပေါ်မှာ DNAတွေ့တယ်၊ သို့သော် တရားခံတွေရဲ့ DNA မဟုတ်ဘူးဆိုတာကြောင့် ဒီDNA နဲ့ ပတ်သက်လို့တော့ ရှင်းသွားပါပြီ။ CCTVနဲ့ ပတ်သက်လို့တော့ ဖြစ်နေတဲ့ပုံဟာ တရားလိုဘက်က ဝေဖြိုး(၀င်းဇော်ထွန်း)ပုံပါလို့ ပြောချင်တယ်။ ဒါပေမယ့် ဒီ CCTV ရဲ့မိတ္တူကို အင်္ဂလန်နိုင်ငံက ပညာရှင် Technician တွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဝေဖြိုး မဟုတ်ဘူးဆိုတဲ့ ၁၅ ရက် ၉ လ ၂၀၁၅ ထွက်ဆိုချက်မှာ ကြည့်မယ် ဆိုရင် ဒီအချက်ကလည်း ရှင်းသွားပါပြီ။ ဒီတော့ ၀န်ခံချက်နဲ့ ပတ်သက်လို့လည်း ၈ ရက် ၁၀ လ ၂၀၁၄ မှာ အကျဉ်းဦးစီးထဲကို ကလေးတွေစရောက်တာပါ။ အဲဒီတော့ ရဲစခန်းထဲမှာ ညှင်းပမ်းနှိပ်စက်ထားတဲ့ အဲ့ဒီ ဒဏ်ကြောင့် ကြောက်လန့်နေတယ်ဆိုတာ မသိသေးပါဘူး။ ဒါကြောင့် သူတို့က ဒီစကားကို ဆက်ပြောတယ်လို့ အန်ကယ်ပြောထားပါတယ်။”

သေဒဏ်စီရင်ချက် ချပြီးတဲ့နောက်ပိုင်း မြန်မာလူထုရဲ့ မကျေမနပ် ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပြီးတဲ့ နောက် သမ္မတရဲ့ညွှန်ကြားချက်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ထိုင်းဝန်ကြီးချုပ်ရုံးဝန်ကြီးနဲ့ သွားတွေ့ပြီး ပြောဆို တာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းအဆင့်မြင့်တာဝန်ရှိသူတွေကို သဝဏ်လွှာပေးပို့ တာတွေအပြင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဘက်က ပြောဆိုတာတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ ထုတ်ပြန်ချက် စတာတွေ ထွက်ထားပြီးတဲ့ နောက် ဒီကနေ့မှာ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပြ်ပီး တုန့်ပြန် ပြောဆိုလာတာပါ။ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကိုတော့ လုံခြံုရေးပိုပြီးအဆင့်မြင့်တဲ့ နခွန်စီဌာမရ အကျဉ်းထောင်ကို စနေနေ့က ရွှေ့ပြောင်းထားပြီးပါပြီ။

မအေးအေးမာ/ ဗွီအိုအေမြန်မာပိုင်း
http://burmese.voanews.com

No comments:

Post a Comment