Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

ဗီဒီယို အႀကိဳခံစားျခင္း(ကံထူး မထူး)



On  Mon, 2015-12-21 06:30Issue No.No.954 Monday, December 21, 2015

- ဒီေန႔ရဲ႕ ဗီဒီယုိအၫႊန္းက႑မွာ ေတာ့ ေက်းလက္ဟာသ ဇာတ္ ကားေလးတစ္ကားကို ၫႊန္းေပးလုိက္ပါတယ္။

ကံထူးက လူပ်ဳိႀကီးပါ။ လူ ပ်ဳိႀကီးကံထူးကို သူ႔အေမက မိန္းမ ေပးစားခ်င္ေနပါတယ္။ ဒါေပမဲ့ ကံထူးမွာ ခ်စ္သူလည္း မရွိတာေၾကာင့္ သူ႔အေမ သေဘာတူတဲ့ မိန္းမနဲ႔ ယူမယ္လုိ႔ ေျပာခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ကံထူးအေမက သူ႔သားကို မိန္းမေပးစားဖုိ႔ ရြာထဲမွာရွိတဲ့ သမီးရွင္ေတြကို လုိက္ၿပီးဆက္ပါတယ္။

ကံထူးတုိ႔က လယ္ပိုင္ယာ ပုိင္နဲ႔ ခ်မ္းသာတဲ့မိသားစုျဖစ္တာ ေၾကာင့္ ကံထူးကုိ သမီးရွင္ေတြက လည္း လုိလားၾကပါတယ္။ဒါေပမဲ့ ကံထူးရဲ႕အေမက သူ႕စိတ္ႀကိဳက္ရဖို႔ သြားတိုင္းအျပစ္တစ္ခုမဟုတ္တစ္ခုေတြ႕ေနတာေၾကာင့္ အဆင္မေျပ ျဖစ္ေနခဲ့ပါတယ္။ ဒါေပမဲ့ တစ္ရက္မွာေတာ့ သူ႔သားကံထူးအတြက္ သူ႕အေမသေဘာက်တဲ့ ေကာင္မေလးတစ္ေယာက္ ေတြ႕ခဲ့ပါတယ္။ ေကာင္မေလးဘက္ကလည္း ကံထူးကိုလိုလိုလားလားရွိတာေၾကာင့္ အဆင္ေျပခဲ့ပါတယ္။

ဒါေပမဲ့လည္း လက္ထပ္ပြဲက်င္းပတဲ့ေန႔မွာေတာ့ ထင္မထားတဲ့ကိစၥ ႀကံဳခဲ့ပါတယ္။အဲဒါကေတာ့ ကံထူးနဲ႔ သေဘာတူထားတဲ့ေကာင္မေလးက ကိုယ္သူသတ္ေသသြားတာပါ။ ေကာင္မေလးက သူ႕အိ္မ္က စာရင္းငွားနဲ႔ ခ်စ္ႀကိဳက္ေနတာကို သူ႕မိဘေတြက သေဘာမတူဘဲ ကံထူးနဲ႔ေပးစားခဲ့တာေၾကာင့္ သတ္ေသသြားတာပါ။ အဲဒါေၾကာင့္ ကံထူးမိန္းမမယူရေသးဘဲ မုဆိုးဖိုျဖစ္ခဲ့ရပါတယ္။အဲဒီေနာက္မွာလည္းကံထူးအေမကေတာ့ သူ႕သားကို မိန္းမေပးစားဖို႔ ဇြဲမေလွ်ာ့ေသးပါဘူး။ ျမရြက္က ကံထူးတို႔ ရြာသူတစ္ေယာက္ပါ။ ေနာက္ၿပီးရြာေက်ာင္းမွာလည္း ဆရာမအလုပ္ လုပ္ပါတယ္။ ကံထူးကိုလည္း စိတ္ဝင္စားေနတာပါ။ အဲဒါေၾကာင့္ကံထူးနဲ႔ ျမရြက္ကို ကံထူးအေမက ေပးစားဖို႔လူႀကီးခ်င္းသေဘာတူခဲ့ၾကပါတယ္။ ဒီတစ္ခါမွာေတာ့ကံထူးက ျမရြက္ကိုေတြ႕ၿပီးအက်ိဳးအေၾကာင္းေမးခဲ့ပါတယ္။ အဲဒီအခ်ိန္မွာလည္း အဆင္ေျပေနတာေၾကာင့္ ျမရြက္နဲ႔ကံထူးတို႔ မဂၤလာေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲဒီ့မဂၤလာေဆာင္တဲ့ေန႔ မဂၤလာပြဲမွာပဲ  ျမရြက္ ႏွလံုးေရာဂါနဲ႔ဆံုးသြားခဲ့ပါတယ္။

အဲဒီ့အခ်ိန္ကစၿပီး ကံထူးအေမကို ရြာကသမိီးရွင္ေတြ ေၾကာက္သြားၾကပါတယ္။ အဲဒီ့အခ်ိန္မွာပဲ ျမရြက္ရဲ႕ ေနရာကို ၿမိဳ႕ကဆရာမေလး ထူးထူး ေရာက္လာခဲ့ပါတယ္။ မဂၤလာေဆာင္လုပ္တိုင္း သတို႔သမီး ေသသြားေပမယ့္ကံထူးရဲ႕အေမကေတာ့ ဇြဲမေလွ်ာ့ေသးပါဘူး။ေျပာင္းလာတဲ့ဆရာမေလးကို သူ႔သားအတြက္ စကား ေတြ ေခၚေနပါတယ္။ ဒီတစ္ခါေကာ ကံထူး တကယ္မိန္းမရမလားဆုိတာကိုေတာ့ ေအာင္တိုင္းေက်ာ္ထုတ္လုပ္ေရးက ျဖန္႔ခ်ိေပးထားတဲ့ ကံထူးမထူး ဆိုတဲ့ဇာတ္ကားမွာဆက္လက္႐ႈစားေပးပါ။

ဒီဇာတ္ကားမွာ ကံထူးအျဖစ္ လူမင္း၊ ထူးထူးအျဖစ္ ယုသႏၲာတင္နဲ႔ ျမရြက္အျဖစ္ ထားထက္ထက္တုိ႔က ပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။ ညီညီလႈိင္ရဲ႕ဇာတ္လမ္းကို ေရႊမိုးသက္ ဇာတ္ၫႊန္းေရးေပးၿပီး ဒါ႐ိုက္တာ ညီညီဘေမာင္က ႐ိုက္ကူးထားပါတယ္။
7Daydaily
................
ဗီဒီယို အကြိုခံစားခြင်း

ကံထူး မထူး

On  Mon, 2015-12-21 06:30Issue No.No.954 Monday, December 21, 2015

- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ ကျေးလက်ဟာသ ဇာတ် ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

ကံထူးက လူပျိုကြီးပါ။ လူ ပျိုကြီးကံထူးကို သူ့အမေက မိန်းမ ပေးစားချင်နေပါတယ်။ ဒါပေမဲ့ ကံထူးမှာ ချစ်သူလည်း မရှိတာကြောင့် သူ့အမေ သဘောတူတဲ့ မိန်းမနဲ့ ယူမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကံထူးအမေက သူ့သားကို မိန်းမပေးစားဖို့ ရွာထဲမှာရှိတဲ့ သမီးရှင်တွေကို လိုက်ပြီးဆက်ပါတယ်။

ကံထူးတို့က လယ်ပိုင်ယာ ပိုင်နဲ့ ချမ်းသာတဲ့မိသားစုဖြစ်တာ ကြောင့် ကံထူးကို သမီးရှင်တွေက လည်း လိုလားကြပါတယ်။ဒါပေမဲ့ ကံထူးရဲ့အမေက သူ့စိတ်ကြိုက်ရဖို့ သွားတိုင်းအပြစ်တစ်ခုမဟုတ်တစ်ခုတွေ့နေတာကြောင့် အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူ့သားကံထူးအတွက် သူ့အမေသဘောကျတဲ့ ကောင်မလေးတစ်ယောက် တွေ့ခဲ့ပါတယ်။ ကောင်မလေးဘက်ကလည်း ကံထူးကိုလိုလိုလားလားရှိတာကြောင့် အဆင်ပြေခဲ့ပါတယ်။

ဒါပေမဲ့လည်း လက်ထပ်ပွဲကျင်းပတဲ့နေ့မှာတော့ ထင်မထားတဲ့ကိစ္စ ကြုံခဲ့ပါတယ်။အဲဒါကတော့ ကံထူးနဲ့ သဘောတူထားတဲ့ကောင်မလေးက ကိုယ်သူသတ်သေသွားတာပါ။ ကောင်မလေးက သူ့အိ်မ်က စာရင်းငှားနဲ့ ချစ်ကြိုက်နေတာကို သူ့မိဘတွေက သဘောမတူဘဲ ကံထူးနဲ့ပေးစားခဲ့တာကြောင့် သတ်သေသွားတာပါ။ အဲဒါကြောင့် ကံထူးမိန်းမမယူရသေးဘဲ မုဆိုးဖိုဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာလည်းကံထူးအမေကတော့ သူ့သားကို မိန်းမပေးစားဖို့ ဇွဲမလျှော့သေးပါဘူး။ မြရွက်က ကံထူးတို့ ရွာသူတစ်ယောက်ပါ။ နောက်ပြီးရွာကျောင်းမှာလည်း ဆရာမအလုပ် လုပ်ပါတယ်။ ကံထူးကိုလည်း စိတ်ဝင်စားနေတာပါ။ အဲဒါကြောင့်ကံထူးနဲ့ မြရွက်ကို ကံထူးအမေက ပေးစားဖို့လူကြီးချင်းသဘောတူခဲ့ကြပါတယ်။ ဒီတစ်ခါမှာတော့ကံထူးက မြရွက်ကိုတွေ့ပြီးအကျိုးအကြောင်းမေးခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း အဆင်ပြေနေတာကြောင့် မြရွက်နဲ့ကံထူးတို့ မင်္ဂလာဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ့မင်္ဂလာဆောင်တဲ့နေ့ မင်္ဂလာပွဲမှာပဲ  မြရွက် နှလုံးရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။

အဲဒီ့အချိန်ကစပြီး ကံထူးအမေကို ရွာကသမိီးရှင်တွေ ကြောက်သွားကြပါတယ်။ အဲဒီ့အချိန်မှာပဲ မြရွက်ရဲ့ နေရာကို မြို့ကဆရာမလေး ထူးထူး ရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်လုပ်တိုင်း သတို့သမီး သေသွားပေမယ့်ကံထူးရဲ့အမေကတော့ ဇွဲမလျှော့သေးပါဘူး။ပြောင်းလာတဲ့ဆရာမလေးကို သူ့သားအတွက် စကား တွေ ခေါ်နေပါတယ်။ ဒီတစ်ခါကော ကံထူး တကယ်မိန်းမရမလားဆိုတာကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ ကံထူးမထူး ဆိုတဲ့ဇာတ်ကားမှာဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ကံထူးအဖြစ် လူမင်း၊ ထူးထူးအဖြစ် ယုသန္တာတင်နဲ့ မြရွက်အဖြစ် ထားထက်ထက်တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ ညီညီလှိုင်ရဲ့ဇာတ်လမ်းကို ရွှေမိုးသက် ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ ညီညီဘမောင်က ရိုက်ကူးထားပါတယ်။
7Daydaily

No comments:

Post a Comment