Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

အဂၤုလိမာလဘာေၾကာင္႔အပါယ္မက်ရသလဲ

တစ္ခါတစ္ရံ ေရာဂါ ဘယ္ေလာက္ၾကီးၾကီး ေဆးစြမ္းတစ္ခြက္နဲ႔ေတြ႔ရင္ ေရာဂါေတြ ေပ်ာက္သလို အကုသုိလ္ေတြ ဘယ္ေလာက္လုပ္ထားထား အစြမ္းထက္တဲ႔ ကုသုိလ္ကံတစ္ခုကကယ္သြားတာလဲရွိတာပဲ။
ဥပမာတစ္ခုၾကည္႔..
လူေတြေၿမာက္မ်ားစြာသတ္လာတဲ႔
လူသတ္သမားၾကီး အဂၤုလိမာလ။
အဂုၤလိမာလဟာ သာမာန္အားၿဖင္႔ ငရဲကလြတ္စရာအေၾကာင္းမရွိေတာ႔ဘူး။ သူလုပ္ထားတဲ႔အကုသုိလ္ေတြက အက်ိဳးေပးဖို႔ အခ်ိန္မက်ေသးလို႔သာ သူရဲ႕သႏၱာန္မွာေတာ႔ အင္ၿပည္႔အားၿပည္႔နဲ႔ စြမ္းရည္သတိၱေတြရွိေနၾကတယ္။အဆင္သင္႔ၿဖစ္ေနၿပီးေတာ႔ အင္အားအၿပည္႔အ၀နဲ႔ရွိေနၾကၿပီ။ ဒီဘ၀ရဲ႕ ေသဆံုးခ်ိန္ကို ေစာင္႔ေနတာ ေသတာနဲ႔တၿပိဳင္ ဒီအကုသုိလ္ဟာ ငရဲကုိ က်ေစမွာပဲ။
သုိ႔ေသာ္ ကံေကာင္းခ်င္ေတာ႔ ၿမတ္စြာဘုရားရဲ႕အဆံုးအမကုိ ရလိုက္လို႔ သူ႔ရဲ႕ဥာဏ္စြမ္းဥာဏ္စနဲ႔ လူဆုိးဗုိလ္ကေန လူေကာင္းအၿဖစ္ ကုိယ္က်င္႔သီလေတြေဆာက္တည္ၿပီးတဲ႔ေနာက္မွာ "ပါဏာတိပါတ"အမႈကို လံုး၀ေရွာင္ၾကဥ္လိုက္ၿပီးေတာ႔ အစြမ္းထက္တဲ႔ မဂၢင္ရွစ္ပါးအက်င္႔ကို က်င္႔လိုက္တာ အစြမ္းထက္တဲ႔ အရဟတၱမဂ္ဆုိတဲ႔ကုသုိလ္၊
မဂ္ဆုိတာ မဂၢင္ရွစ္ပါးနဲ႔ဖြဲ႔စည္းထားတာ။မဂၢင္ရွစ္ပါး အစုအေ၀းကို မဂ္လို႔ေခၚတာ ။အဲဒီမဂ္စြမ္းအားဟာ နံပတ္ ၄ ၿဖစ္တဲ႔ အရဟတမဂ္၊ အရဟတၱမဂ္ဆုိသည္မွာ သမၼာဒိဌိ၊ သမၼာသကၤ၊သမၼာ၀ါစာ၊သမၼာကမႏၱ၊သမၼာအာဇီ၀၊ သမၼာ၀ါယာမ၊သမၼာသတိ၊သမၼာသမာဓိ။တစ္နည္းအားၿဖင္႔ ေၿပာမယ္ဆုိလို႔ရွိရင္ သီလ၊သမာဓိ၊ပညာ ။အစြမ္းထက္တဲ႔ သီလ ၊အစြမ္းထက္တဲ႔ သမာဓိ၊အစြမ္းထက္တဲ႔ပညာကုိ ရလိုက္တာနဲ႔တၿပိဳင္နက္ သူလုပ္ထားတဲ႔ အကုသုိလ္ေတြဟာ အကုန္လံုးအရႈံးေပးသြားရတယ္။
ဘယ္လိုေၾကာင္႔ အရွဳံးေပးရတာလဲဆုိေတာ႔ သူတုိ႔ရဲ႕ အေဖာ္ၿဖစ္တဲ႔ ကိေလသာ ေတြကို အရဟတၱမဂ္က ဖယ္ရွားပစ္လုိက္သည္႔အတြက္ေၾကာင္႔ ကံေတြဟာ အက်ိဳးေပးခ်င္ေသာ္လည္းေပးလို႔မရေတာ႔ဘူး။ဒီလိုဆုိလိုတာေနာ္။
အဲဒါကို ၿမတ္စြာဘုရားက ဘယ္လိုေဟာလိုက္သလဲဆုိေတာ႔
" ယႆ      ပါပံ ကတံ ကမၼံ၊ ကုသေလန
ပိဓီယတိ ယႆ      ပါပံ ကတံ ကမၼံ၊
ကုသေလန ပိဓီယတိ။
ေသာမံ ေလာကံ ပဘာေသတိ၊
အဗၻာ မုေတၱာ၀ စႏၵိမာ"
" မိမိျပဳခဲ့ေသာမေကာင္းမႈ အကုသိုလ္ကံကို အရဟတၱမဂ္ကုသိုလ္ျဖင့္ ဖံုးအုပ္သူသည္ တိမ္တိုက္မွလြတ္ေသာ လကဲ့သို႔ ဤေလာကကို အရဟတၱဉာဏ္ေရာင္ျဖင့္ ထြန္းလင္းေတာက္ပေစ၏"လို႔ ဒီလိုေဟာတယ္။
သူလုပ္ထားတဲ႔ အကုသုိလ္ေတြအားလံုးကုိ ကုသုိလ္နဲ႔ ဆုိ႔ပိတ္ဖ်က္ဆီးပစ္လိုက္တယ္လို႔ ေၿပာတယ္။ ဘယ္ကုသုိလ္လဲလို႔ ေၿပာရင္ မဂၢင္ရွစ္ပါးနဲ႔ စုစည္းထားတဲ႔ အရဟတၱမဂ္ ဆုိတဲ႔ကုသုိလ္။အဲဒီကုသုိလ္ရဲ႕စြမ္းအားနဲ႔ အကုသိုလ္မွန္သမွ်ဟာ ဖ်က္ဆီးၿခင္းခံလိုက္ရေတာ႔ ဒီအကုသုိလ္ကံေတြက ဘ၀သံသရာမွာလိုက္ေပးဖို႔ အခြင္႔အေရးမရေတာ႔ဘူး။ သုိ႔ေသာ္ လံုး၀အက်ိဳးမေပးတာလား ဆုိေတာ႔မဟုတ္ဘူး။
သူလုပ္ခဲ႔တဲ႔ အကုသုိလ္ကံေတြေၾကာင္႔ ရွင္အဂုၤလိမာလမေထရ္ဟာ ဘယ္သူကပဲ ခဲနဲ႔ေပါက္ေပါက္သူ႔ေခါင္းလာက်တယ္။သူ႔ေပါက္တာ မဟုတ္လဲ သူ႔ေခါင္းလာက်တယ္။ ကံဆုိတာေလ ကုိယ္႔လုပ္တာမဟုတ္ေပမယ္လို႔ လာထိတက္တယ္။ ဆြမ္းခံသြားတယ္ဆုိရင္ သပိတ္ကြဲ၊သကၤန္းေတြစုတ္ၿပတ္၊ဆြမ္းမရဘဲ ေသြးသံရဲရဲနဲ႔ ၿပန္လာရတာခ်ည္းပဲ။အဲလိုဒုကၡေတြေတာ႔ သူခံရတယ္။
သုိ႔ေသာ္ ေနာင္ဘ၀ကုိ ဆက္စပ္ေပးႏုိင္တဲ႔ တဏွာဆုိတဲ႔ ကိေလသာေတြ သူ႔မွာမရွိေတာ႔ဘူးဆုိတဲ႔အခါက်ေတာ႔ အပင္ေပါက္စရာ ေၿမနဲ႔ေရေတြ မရွိေတာ႔သည္႔အတြက္ေၾကာင္႔ လုပ္လာတဲ႔ အကုသုိလ္မ်ိဳးေစ႔ေတြဟာ ဒီအတုိင္းပဲ ခမ္းေၿခာက္သြားရတယ္။ဒီအဓိပၸါယ္ကို ေၿပာတာေနာ္။
ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာ အရွင္နႏၵမာလာဘိ၀ံသ
ေဟာၾကားေတာ္မူေသာ
"ဒုစရိုက္အက်ိဳး အဆုိးပံုရိပ္"
တရားေတာ္မွ နာယူေကာက္ႏုတ္
ေဖာ္ၿပအပ္ပါသည္။
ေက်းဇူးေတာ္ရွင္
ဆရာေတာ္ၾကီးမ်ား၏ ဓမၼစာစုမ်ား။
_______________________
Ref: ဘုရားတရားသံဃာအဆုံးမမ်ား
ျမန္မာ့သတင္းထူးသတင္းဦးမ်ား
..................................
"အင်္ဂုလိမာလဘာကြောင့်အပါယ်မကျရသလဲ"

တစ်ခါတစ်ရံ ရောဂါ ဘယ်လောက်ကြီးကြီး ဆေးစွမ်းတစ်ခွက်နဲ့တွေ့ရင် ရောဂါတွေ ပျောက်သလို အကုသိုလ်တွေ ဘယ်လောက်လုပ်ထားထား အစွမ်းထက်တဲ့ ကုသိုလ်ကံတစ်ခုကကယ်သွားတာလဲရှိတာပဲ။
ဥပမာတစ်ခုကြည့်..
လူတွေမြောက်များစွာသတ်လာတဲ့
လူသတ်သမားကြီး အင်္ဂုလိမာလ။
အဂုင်္လိမာလဟာ သာမာန်အားဖြင့် ငရဲကလွတ်စရာအကြောင်းမရှိတော့ဘူး။ သူလုပ်ထားတဲ့အကုသိုလ်တွေက အကျိုးပေးဖို့ အချိန်မကျသေးလို့သာ သူရဲ့သန္တာန်မှာတော့ အင်ပြည့်အားပြည့်နဲ့ စွမ်းရည်သတ္တိတွေရှိနေကြတယ်။အဆင်သင့်ဖြစ်နေပြီးတော့ အင်အားအပြည့်အဝနဲ့ရှိနေကြပြီ။ ဒီဘဝရဲ့ သေဆုံးချိန်ကို စောင့်နေတာ သေတာနဲ့တပြိုင် ဒီအကုသိုလ်ဟာ ငရဲကို ကျစေမှာပဲ။
သို့သော် ကံကောင်းချင်တော့ မြတ်စွာဘုရားရဲ့အဆုံးအမကို ရလိုက်လို့ သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စနဲ့ လူဆိုးဗိုလ်ကနေ လူကောင်းအဖြစ် ကိုယ်ကျင့်သီလတွေဆောက်တည်ပြီးတဲ့နောက်မှာ "ပါဏာတိပါတ"အမှုကို လုံးဝရှောင်ကြဉ်လိုက်ပြီးတော့ အစွမ်းထက်တဲ့ မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်လိုက်တာ အစွမ်းထက်တဲ့ အရဟတ္တမဂ်ဆိုတဲ့ကုသိုလ်၊
မဂ်ဆိုတာ မဂ္ဂင်ရှစ်ပါးနဲ့ဖွဲ့စည်းထားတာ။မဂ္ဂင်ရှစ်ပါး အစုအဝေးကို မဂ်လို့ခေါ်တာ ။အဲဒီမဂ်စွမ်းအားဟာ နံပတ် ၄ ဖြစ်တဲ့ အရဟတမဂ်၊ အရဟတ္တမဂ်ဆိုသည်မှာ သမ္မာဒိဌိ၊ သမ္မာသင်္က၊သမ္မာဝါစာ၊သမ္မာကမန္တ၊သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိ။တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် သီလ၊သမာဓိ၊ပညာ ။အစွမ်းထက်တဲ့ သီလ ၊အစွမ်းထက်တဲ့ သမာဓိ၊အစွမ်းထက်တဲ့ပညာကို ရလိုက်တာနဲ့တပြိုင်နက် သူလုပ်ထားတဲ့ အကုသိုလ်တွေဟာ အကုန်လုံးအရှုံးပေးသွားရတယ်။
ဘယ်လိုကြောင့် အရှုံးပေးရတာလဲဆိုတော့ သူတို့ရဲ့ အဖော်ဖြစ်တဲ့ ကိလေသာ တွေကို အရဟတ္တမဂ်က ဖယ်ရှားပစ်လိုက်သည့်အတွက်ကြောင့် ကံတွေဟာ အကျိုးပေးချင်သော်လည်းပေးလို့မရတော့ဘူး။ဒီလိုဆိုလိုတာနော်။ 
အဲဒါကို မြတ်စွာဘုရားက ဘယ်လိုဟောလိုက်သလဲဆိုတော့ 
" ယဿ      ပါပံ ကတံ ကမ္မံ၊ ကုသလေန 
ပိဓီယတိ ယဿ      ပါပံ ကတံ ကမ္မံ၊ 
ကုသလေန ပိဓီယတိ။
သောမံ လောကံ ပဘာသေတိ၊ 
အဗ္ဘာ မုတ္တောဝ စန္ဒိမာ" 
" မိမိပြုခဲ့သောမကောင်းမှု အကုသိုလ်ကံကို အရဟတ္တမဂ်ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို အရဟတ္တဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏"လို့ ဒီလိုဟောတယ်။
သူလုပ်ထားတဲ့ အကုသိုလ်တွေအားလုံးကို ကုသိုလ်နဲ့ ဆို့ပိတ်ဖျက်ဆီးပစ်လိုက်တယ်လို့ ပြောတယ်။ ဘယ်ကုသိုလ်လဲလို့ ပြောရင် မဂ္ဂင်ရှစ်ပါးနဲ့ စုစည်းထားတဲ့ အရဟတ္တမဂ် ဆိုတဲ့ကုသိုလ်။အဲဒီကုသိုလ်ရဲ့စွမ်းအားနဲ့ အကုသိုလ်မှန်သမျှဟာ ဖျက်ဆီးခြင်းခံလိုက်ရတော့ ဒီအကုသိုလ်ကံတွေက ဘဝသံသရာမှာလိုက်ပေးဖို့ အခွင့်အရေးမရတော့ဘူး။ သို့သော် လုံးဝအကျိုးမပေးတာလား ဆိုတော့မဟုတ်ဘူး။
သူလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေကြောင့် ရှင်အဂုင်္လိမာလမထေရ်ဟာ ဘယ်သူကပဲ ခဲနဲ့ပေါက်ပေါက်သူ့ခေါင်းလာကျတယ်။သူ့ပေါက်တာ မဟုတ်လဲ သူ့ခေါင်းလာကျတယ်။ ကံဆိုတာလေ ကိုယ့်လုပ်တာမဟုတ်ပေမယ်လို့ လာထိတက်တယ်။ ဆွမ်းခံသွားတယ်ဆိုရင် သပိတ်ကွဲ၊သင်္ကန်းတွေစုတ်ပြတ်၊ဆွမ်းမရဘဲ သွေးသံရဲရဲနဲ့ ပြန်လာရတာချည်းပဲ။အဲလိုဒုက္ခတွေတော့ သူခံရတယ်။
သို့သော် နောင်ဘဝကို ဆက်စပ်ပေးနိုင်တဲ့ တဏှာဆိုတဲ့ ကိလေသာတွေ သူ့မှာမရှိတော့ဘူးဆိုတဲ့အခါကျတော့ အပင်ပေါက်စရာ မြေနဲ့ရေတွေ မရှိတော့သည့်အတွက်ကြောင့် လုပ်လာတဲ့ အကုသိုလ်မျိုးစေ့တွေဟာ ဒီအတိုင်းပဲ ခမ်းခြောက်သွားရတယ်။ဒီအဓိပ္ပါယ်ကို ပြောတာနော်။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိ၀ံသ
ဟောကြားတော်မူသော
"ဒုစရိုက်အကျိုး အဆိုးပုံရိပ်" 
တရားတော်မှ နာယူကောက်နုတ်
ဖော်ပြအပ်ပါသည်။
ကျေးဇူးတော်ရှင် 
ဆရာတော်ကြီးများ၏ ဓမ္မစာစုများ။
_______________________
Ref: ဘုရားတရားသံဃာအဆုံးမများ
မြန်မာ့သတင်းထူးသတင်းဦးများ

No comments:

Post a Comment