Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

အိုင္အက္စ္လႈပ္ရွားမႈအစ ေဆာ္ဒီ၏ ေရွးရိုးစြဲ၀ါဟာဘီ အယူအဆမွာ ျမစ္ဖ်ားခံေန

အေနာက္ကမၻာနဲ႔ ေဆာ္ဒီရဲ႕ဆက္ဆံေရးဟာတစတစေျပာင္းလဲလို႔ လာေနပါျပီ။ ေန႔စဥ္သတင္းစာမွာေတြ႔ပါလိမ့္မယ္။ နိုင္ငံေရးသမားေတြဆီကေန ၾကားပါလိမ့္မယ္။ ဒါ့အျပင္ မူ၀ါဒအေျပာင္းအလဲေတြကိုလည္း သတိထားမိပါလိမ့္မယ္။ အေနာက္တိုင္းမီဒီယာေတြမွာေဆာ္ဒီနိုင္ငံနဲ႔ပတ္သက္လို႔ အျပင္းအထန္ေ၀ဖန္ေရးသားလာတာဟာ အခုဆိုရင္ သမားရုိးက်လိုေတာင္ ျဖစ္လို႔ေနပါျပီ။

 ျပီးခဲ့တဲ့ ဒီဇင္ဘာ ၆ ရက္ေန႔ထုတ္ The Observer ရဲ႕ အယ္ဒီတာ့အာေဘာ္မွာဆိုရင္ ယူေက-ေဆာ္ဒီဆက္ဆံေရးနဲ႔ပတ္သက္လို႔ ‘ကြ်န္ုပ္တို႔၏လံုျခံဳေရးကို ျခိမ္းေျခာက္ေနေသာရတက္မေအးရသည့္ မဟာမိတ္’ဟု ႐ႈတ္ခ်ေရးသားထားသည္။ BBCကလည္းဒီအရင္၂ရက္ကေဆာ္ဒီနိုင္ငံမွာ‘ယခင္ႏွင့္မတူမ်ားျပားျမင့္တက္လာေသာကြပ္မ်က္မႈမ်ား’ ဆိုတဲ့ေခါင္းစဥ္နဲ႔ ေဆာင္းပါးတပုဒ္ ေဖာ္ျပခဲ့ပါတယ္။ ဒါေတြမတိုင္ခင္ လြန္ခဲ့တဲ့ သံုးေလးလေလာက္ကအေမရိကန္နိုင္ငံမွာ ၾသဇာလႊမ္းမိုးမႈ အၾကီးမားဆံုးလို႔ေျပာလို႔ရတဲ့ ေဆာင္းပါးရွင္ Thomas FriedmanကISISအၾကမ္းဖက္အုပ္စုဟာ‘ေဆာ္ဒီအာေရးဘီးယားမွေပါက္ဖြားလာေသာ အယူ၀ါဒ ရင္ေသြးမ်ား’လို႔ တံဆိပ္ကပ္ ေရးသားခဲ့ပါတယ္။ နိုင္ငံေရးသမားေတြလည္းဒီလိုသေဘာမ်ဳိးေတြပဲေျပာဆိုလာၾကတာေတြ႔ရပါတယ္။ အေနာက္နိုင္ငံေတြမွာျဖစ္ပြားေနတဲ့ အစၥလာမ္အစြန္းေရာက္၀ါဒရဲ႕ လက္သည္ဟာေဆာ္ဒီနိုင္ငံျဖစ္တယ္လို႔ ဂ်ာမနီနိုင္ငံရဲ႕ လက္ေထာက္အဓိပတိSigmar Gabriel က ေျပာပါတယ္။

 ‘မသိခ်င္ေယာင္ေဆာင္ေနတဲ့ကာလေတြကုန္ဆံုးသြားျပီဆုိတာေဆာ္ဒီေတြသိေအာင္ ကြ်န္ေတာ္တို႔ကရွင္းရွင္းျပတ္ျပတ္ ေျပာရေတာ့မယ္’လို႔ သူကေျပာပါတယ္။ ယူေကမွာလည္းလစ္ဘရယ္ဒီမိုကရက္ေခါင္းေဆာင္ေဟာင္း Lord Ashdownက ျဗိတိန္မွာဂ်ီဟတ္၀ါဒျပန္႔ပြားေရးေငြေၾကးေထာက္ပ့ံေပးမႈရဲ႕ ေနာက္ကြယ္မွာဘယ္သူေတြရွိသလဲဆိုတာစံုစမ္းဖို႔ တိုက္တြန္းလိုက္တဲ့အျပင္ သူကေဆာ္ဒီကိုလက္ညွိဳးထိုးပါတယ္။ အခုလိုေဆာ္ဒီနဲပပတ္သက္လို႔စိုးရိမ္မကင္းျဖစ္မႈေတြရုတ္တရက္ျမင့္တက္လာရတဲ့အေၾကာင္းရင္းတရပ္ကေတာ့ISISအဖြဲ႔ၾကီးထြားလာျခင္းေၾကာင့္ ျဖစ္ပါတယ္။ အၾကမ္းဖက္တိုက္ဖ်က္ေရးမွာလက္နက္ေတြအေရးၾကီးသေလာက္ အေတြအေခၚအယူ၀ါဒကလည္းအေရးၾကီးေၾကာင္းအေနာက္တိုင္းကမူ၀ါဒေရးဆြဲသူေတြ ေကာင္းေကာင္းသိထားပါတယ္။ ဒီပုဂၢိဳလ္ေတြက ISIS ရဲ႕ ကမၻာ့အျမင္ကိုဆန္းစစ္ျပီးေျခရာေကာက္တဲ့အခါ ေဆာ္ဒီကတကမၻာလံုးကို ျဖန္႔ခ်ိေနတဲ့ ေရွးရုိးစြဲ ၀ါဟာဘီ အယူ၀ါဒမွာ ျမစ္ဖ်ားခံေနတာကိုသြားေတြ႔တယ္။ ဒါ့အျပင္ အေနာက္အုပ္စုအေပၚ ေဆာ္ဒီရဲ႕ လႊမ္းမိုးမႈကိုက်ဆင္းလာေစတဲ့ အျခားအေၾကာင္းအရာေတြလည္းရွိေနတယ္။ အေမရိကန္နိုုင္ငံမွာShale ေက်ာက္ကေရနံထုတ္လာတာေၾကာင့္ ေဆာ္ဒီေရနံအေပၚမွီခိုရမႈအရင္ေလာက္မလိုအပ္ေတာ့ဘူး။လက္ရွိအေရွ႕အလယ္ပိုင္းမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြ ျပႆနာမီးေတြဟာေဆာ္ဒီရဲ႕ နိုင္ငံျခားေရးမူ၀ါဒအေပၚ မီးေမာင္းထိုးျပသလို ျဖစ္ေနတယ္။ အထူးသျဖင့္ယီမန္နိုင္ငံမွာေဆာ္ဒီကစစ္တပ္နဲ႔၀င္ေရာက္ေျဖရွင္းရာက ျပည္သူေတြ ေသၾကပ်က္စီးရတာေတြ၊၂၀၁၁ဘာရိန္းလူထုအံုၾကြမႈအတြင္းေဆာ္ဒီရဲ႕ အခန္းက႑တို႔နဲ႔ပတ္သက္လို႔ အေ၀ဖန္ခံေနရပါတယ္။ သို႔ေသာ္လဲပဲလက္ရွိအခ်ိန္မွာေတာ့အေနာက္အုပ္စုကေဆာ္ဒီအေပၚထားရွိတဲ့ မူ၀ါဒေရးရာ အတိုးအေလ်ာ့ကမ်ားမ်ားစားစား ျဖစ္လာဦးမွာမဟုတ္ေသးဘူး။ ေဆာ္ဒီအတြက္ကလည္းအျပင္းအထန္ကန္႔ကြက္တဲ့ၾကားကအေမရိကန္သမၼတအိုဘားမားကအီရန္နဲ႔ ႏ်ဴကလီးယားေသဘာတူညီမႈလက္မွတ္ထိုးေပခဲ့တာကစိုးရိမ္စရာအေကာင္းဆံုးေျပာင္းလဲမႈလို႔ ယူဆနိုင္ပါတယ္။
အီရန္ ႏ်ဴကလီးယားသေဘာတူညီမႈေလာက္မေျပာပေလာက္ေပမဲ့လဲေမ့ထားလို႔မရတဲ့ကိစၥရပ္ကေတာ့ေဆာ္ဒီနိုင္ငံကအက်ဥ္းေထာင္ေတြမွာသင္တန္းပို႔ခ်ခြင့္ရေရးကနဦးကမ္းလွမ္းမႈကိုလူ႕အခြင့္အေရးအေၾကာင္းျပျပီး ျဗိတိန္နိုင္ငံက ျပန္လည္ ရုပ္သိမ္းခဲ့တာပဲ ျဖစ္ပါတယ္။ ေဆာ္ဒီနဲ႔ပတ္သက္လို႔အေနာက္အုပ္စု ေ၀ဖန္ေရးသမားေတြက ေရႊျပည္ေအးတရားတိုက္ေၾကြးတာထက္ပိုျပီးၾကမ္းၾကမ္းတမ္းတမ္းကိုင္တြယ္ေစခ်င္ေနၾကတယ္။ ယူေကအစိုးရနဲ႔ အေမရိကန္အစိုးရတို႔ဟာေဆာ္ဒီရဲ႕ အခစားေတြ၊ ေဆာ္ဒီရဲ႕ ေငြမ်က္ႏွာၾကည့္ေရရသူေတြလို႔ေတာင္ သူတို႔က ေ၀ဖန္ေျပာဆိုၾကပါတယ္။ ျဗိတိန္နိုင္ငံေရးမွာပင္လယ္ေကြ႔ေဒသကသူၾကြယ္ၾကီးေတြရဲ႕ ခ်ယ္လွယ္လႊမ္းမိုးနိုင္စြမ္းကို Lord Ashdown က ေထာက္ျပပါတယ္။ အေနာက္ကလက္နက္ထုတ္လုပ္သူေတြအတြက္ ေဆာ္ဒီအာေရးဘီးယားကအဓီကေဖာက္သည္အျဖစ္ ဆက္လက္ တည္ရွိေနပါေသးတယ္။ ျပီးခဲ့တဲ့ ၁၈ လအတြင္းေဆာ္ဒီကိုေဒၚလာ ၂၄ ဘီလီယံဖိုးလက္နက္ေရာင္းခ်ဖို႔ အေမရိကန္အစိုးရကခြင့္ျပဳေပးခဲ့တယ္။ သို႔ေပမယ့္အေနာက္အုပ္စုအေနနဲ႔ ေဆာိဒီနဲ႔ဆက္ဆံေရးမွာစီးပြားေရးနဲ႔မသက္ဆိုင္တဲ့ အေၾကာင္းခ်င္းရာေတြ အခိုင္အမာရွိပါတယ္။ လြန္ခဲ့တဲ့ ငါးႏွစ္အတြင္းအေရွ႕အလယ္ပိုင္းမွာအစိုးရေတြ တက္လာလိုက္ ျပဳက်လိုက္နဲ႔ျဖစ္ခဲ့ျပီးေနာက္လာတဲ့ ေမာင္ပုလဲ ဒိုင္း၀န္ထက္ကဲဆိုတာေတြခ်ည္း ျဖစ္ခဲ့ပါတယ္။

လက္ရွိေဆာ္ဒီဘုရင္နဲ႔ မိသားစုကိုအျပင္းထန္ဆံုး ေ၀ဖန္ေနသူေတြဟာ လစ္ဘရယ္ဒီမိုကေရစီသမားေတြမဟုတ္ဘဲသေဘာထားတင္းမာတဲ့ အစၥလာမ္၀ါဒီေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဆာ္ဒီမွာအာဏာဖီဆန္မႈျဖစ္လို႔ အေျပာင္းအလဲတခုျဖစ္လာရင္အျခားနိုင္ငံေတြလိုပဲပဋိပကၡမီးေတာက္ေလာင္သြားမွာကိုေတာ့ အေနာက္အုပ္စုကစိုးရိမ္ေနပါတယ္။ ‘ေဆာ့ဒ္နန္းဆက္ကိုထီနန္းခ်ၾကည့္လိုက္။ ေနာက္ ၆ လေလာက္ေနရင္ သူတို႔ပဲ ျပန္လာအုပ္ခ်ဳပ္ေအးပါလို႔ ေအာ္ေနရလိမ့္မယ္’လို႔ ယူေကနိုင္ငံကအဆင့္ျမင့္ သံတမန္တဦးကေျပာပါတယ္။ ေဆာ္ဒီနဲ႔ဂ်ီဟတ္၀ါဒီေတြရဲ႕ဆက္သြယ္မႈကလည္းရႈပ္ေထြးပါတယ္။ ေဆာ္ဒီမွာရွိတဲ့ အစၥလာမစ္ေတြက ကမၻာနဲ႔အ၀န္းက ဂ်ီဟတ္၀ါဒီေတြအတြက္ ေငြေၾကးေရာ အယူ၀ါဒပိုင္းဆိုင္ရာေရာ အားေပးေထာက္ခံမႈေတြ ျပဳလုပ္ေနတယ္ဆိုတာမွန္တယ္။ သို႔ေသာ္ တခ်ိန္ထဲမွာပဲေဆာ္ဒီ ေတာ္၀င္မိသားစုဟာလည္း အယ္လ္ကိုင္းဒါးေရာအိုင္စစ္ေရာရဲ႕ ပစ္မွတ္ ျဖစ္လို႔ေနပါတယ္။ ဒီလိုျဖစ္ေနခ်ိန္မွာအေနာက္နုိင္ငံမွာ က်ဳးလြန္မယ့္ အခ်ဳိ႕အၾကမ္းဖက္လုပ္ရပ္ေတြကို ေဆာ္ဒီဘက္က ေပးတဲ့ အခ်ဳိ႕သတင္းေတြေၾကာင့္ တားဆီးဟန္႔တားနိုင္ခဲ့တာလဲရွိတယ္။ ‘ေဆာ္ဒီဟာ(အၾကမ္းဖက္) ျပႆနာရဲ႕ရင္းျမစ္ျဖစ္သလိုအေကာင္းဆံုးေျဖေဆးလည္း ျဖစ္တယ္’လို႔အၾကမ္းဖက္တိုက္ဖ်က္ေရးအရာရွိတဦးကေျပာပါတယ္။အခ်ဳိ႕ကလည္းေဆာ္ဒီကိုဖယ္က်ဥ္ျပီးအီရန္နဲ႔အဆင္ေျပေအာင္ ေပါင္းသင္းဆက္ဆံဖို႔ စိတ္ကူးယဥ္ပါတယ္။ကမၻာ့နိုင္ငံေရးဟာစစ္တုရင္ပြဲတပြဲသာျဖစ္မယ္ဆိုရင္ ဒါဟာသိပ္ေကာင္းတဲ့ ေရႊ႕ကြက္တခုျဖစ္ပါလိမ့္မယ္။ တကယ္လက္ေတြ႔မွာေတာ့ အေနာက္အုပ္စုနဲ႔ အီရန္ နီးစပ္ဖို႔ဆိုတာ ေ၀းပါေသးတယ္။တီဟီရန္မွာလည္းမတင္းလြန္းမေပ်ာ့လြန္းတဲ့ သေဘာထားရွိသူေတြ အာဏာရလာဖို႔ ဘယ္သူမွ အာမမခံနိုင္တဲ့အျပင္ ဟစ္ဇ္ဘိုလာလိုအၾကမ္းဖက္အုပ္စုေတြကိုေထာက္ပံ့ေပးျပီး ပတ္၀န္းက်င္နိုင္ငံေတြ မတည္မျငိမ္ျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္။
ရွီယာမြတ္စလင္နိုင္ငံၾကီးနဲ႔ မဟာမိတ္လုပ္လိုက္ရင္ စြန္နီမြတ္စလင္ေတြနဲ႔ ေ၀းကြာသြားမွာျဖစ္ျပီး ISIS လိုအၾကမ္းဖက္အဖြဲ႔ေတြကိုမီးထိုးေပးသလို ျဖစ္သြားမွာကလည္းရွိေသးတယ္။လူ႔အခြင့္အေရးသမားေတြအေနနဲ႔သတိထားရမွာကအက်ဥ္းသားကြပ္မ်က္မႈမွာအီရန္ဟာေဆာ္ဒီထက္ပိုတယ္ဆိုတာပါ။ အေနာက္အုပ္စုအေနနဲ႔ ေဆာ္ဒီနဲ႔ဆက္လက္ဆက္ဆံစရာအေၾကာင္းေတြရွိေနတယ္ဆိုေပမယ့္ အရင္လိုပဲမေျပာင္းမလဲဆက္ဆံရမယ္ မဟုတ္။ ဘာသာေရးလြတ္လပ္ခြင့္ ေျဖေလ်ာ့ေပးေရးသည္ ေဆာ္ဒီကိုတြန္းအားေပးဖို႔ အေၾကာင္းေကာင္းတရပ္ျဖစ္တယ္။ ေဆာ္ဒီေတာ္၀င္မိသားစုနဲ႔ပတ္သက္လို႔အေနာက္အုပ္စုရဲ႕ခ်ဥ္းကပ္ပံုနဲ႔ပတ္သက္လို႔ ေ၀ဖန္ေနၾကတာၾကာလွျပီျဖစ္တယ္။ ေဆာ္ဒီနိုင္ငံမွာအစၥလာမ္ကလြဲလို႔ အျခားဘာသာယံုၾကည္ကိုးကြယ္မႈကိုတားျမစ္ျခင္းအေပၚ အေမရိကန္နဲ႔ ဥေရာပနိုင္ငံေတြကေပၚေပၚတင္တင္ၾကီး ႏွစ္မူႏွစ္စည္းထားေပးထားတာကို ေ၀ဖန္ေနခဲ့ၾကတာပါ။ အခုအခ်ိန္မွာေတာ့ ေဆာ္ဒီေတြအတြက္ ႏွစ္လမ္းတလမ္းေရြးခိုင္းရေတာ့မလားပဲ။ ေဆာ္ဒီနိုင္ငံမွာခ်ာ့ခ်္ဘုရားေက်ာင္းေတြ၊ ဟိႏၵဴဘုရားေက်ာင္းေတြ၊ ဂ်ဳးဘုရားေက်ာင္းေတြ ဖြင့္ခြင့္ေပးမလား။ ဒါမွမဟုတ္အေနာက္နိုင္ငံကဗလီေတြကိုေငြေၾကးေထာက္ပံ့ေပးေနတာေတြကိုရပ္တန္းကရပ္မလား။ ဒီႏွစ္လမ္းထဲက ၾကိဳက္ရာတလမ္းေပးေရြးရေတာ့မွာပါ။
ဥကၠာဦး (Why the west’s view of the Saudis is shifting by Gideon Rachmanကိုဆီေလ်ာ္ေအာင္
 ျပန္ဆိုသည္။)
Ref; Financial Times
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
19 December at 00:05
..................
·
အိုင်အက်စ်လှုပ်ရှားမှုအစ ဆော်ဒီ၏ ရှေးရိုးစွဲဝါဟာဘီ အယူအဆမှာ မြစ်ဖျားခံနေ အနောက်ကမ္ဘာနဲ့ ဆော်ဒီရဲ့ဆက်ဆံရေးဟာတစတစပြောင်းလဲလို့ လာနေပါပြီ။ နေ့စဉ်သတင်းစာမှာတွေ့ပါလိမ့်မယ်။ နိုင်ငံရေးသမားတွေဆီကနေ ကြားပါလိမ့်မယ်။ ဒါ့အပြင် မူဝါဒအပြောင်းအလဲတွေကိုလည်း သတိထားမိပါလိမ့်မယ်။ အနောက်တိုင်းမီဒီယာတွေမှာဆော်ဒီနိုင်ငံနဲ့ပတ်သက်လို့ အပြင်းအထန်ဝေဖန်ရေးသားလာတာဟာ အခုဆိုရင် သမားရိုးကျလိုတောင် ဖြစ်လို့နေပါပြီ။

 ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Observer ရဲ့ အယ်ဒီတာ့အာဘော်မှာဆိုရင် ယူကေ-ဆော်ဒီဆက်ဆံရေးနဲ့ပတ်သက်လို့ ‘ကျွန်ုပ်တို့၏လုံခြုံရေးကို ခြိမ်းခြောက်နေသောရတက်မအေးရသည့် မဟာမိတ်’ဟု ရှုတ်ချရေးသားထားသည်။ BBCကလည်းဒီအရင်၂ရက်ကဆော်ဒီနိုင်ငံမှာ‘ယခင်နှင့်မတူများပြားမြင့်တက်လာသောကွပ်မျက်မှုများ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။ ဒါတွေမတိုင်ခင် လွန်ခဲ့တဲ့ သုံးလေးလလောက်ကအမေရိကန်နိုင်ငံမှာ သြဇာလွှမ်းမိုးမှု အကြီးမားဆုံးလို့ပြောလို့ရတဲ့ ဆောင်းပါးရှင် Thomas FriedmanကISISအကြမ်းဖက်အုပ်စုဟာ‘ဆော်ဒီအာရေးဘီးယားမှပေါက်ဖွားလာသော အယူဝါဒ ရင်သွေးများ’လို့ တံဆိပ်ကပ် ရေးသားခဲ့ပါတယ်။ နိုင်ငံရေးသမားတွေလည်းဒီလိုသဘောမျိုးတွေပဲပြောဆိုလာကြတာတွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ အစ္စလာမ်အစွန်းရောက်ဝါဒရဲ့ လက်သည်ဟာဆော်ဒီနိုင်ငံဖြစ်တယ်လို့ ဂျာမနီနိုင်ငံရဲ့ လက်ထောက်အဓိပတိSigmar Gabriel က ပြောပါတယ်။

 ‘မသိချင်ယောင်ဆောင်နေတဲ့ကာလတွေကုန်ဆုံးသွားပြီဆိုတာဆော်ဒီတွေသိအောင် ကျွန်တော်တို့ကရှင်းရှင်းပြတ်ပြတ် ပြောရတော့မယ်’လို့ သူကပြောပါတယ်။ ယူကေမှာလည်းလစ်ဘရယ်ဒီမိုကရက်ခေါင်းဆောင်ဟောင်း Lord Ashdownက ဗြိတိန်မှာဂျီဟတ်ဝါဒပြန့်ပွားရေးငွေကြေးထောက်ပ့ံပေးမှုရဲ့ နောက်ကွယ်မှာဘယ်သူတွေရှိသလဲဆိုတာစုံစမ်းဖို့ တိုက်တွန်းလိုက်တဲ့အပြင် သူကဆော်ဒီကိုလက်ညှိုးထိုးပါတယ်။ အခုလိုဆော်ဒီနဲပပတ်သက်လို့စိုးရိမ်မကင်းဖြစ်မှုတွေရုတ်တရက်မြင့်တက်လာရတဲ့အကြောင်းရင်းတရပ်ကတော့ISISအဖွဲ့ကြီးထွားလာခြင်းကြောင့် ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးမှာလက်နက်တွေအရေးကြီးသလောက် အတွေအခေါ်အယူဝါဒကလည်းအရေးကြီးကြောင်းအနောက်တိုင်းကမူဝါဒရေးဆွဲသူတွေ ကောင်းကောင်းသိထားပါတယ်။ ဒီပုဂ္ဂိုလ်တွေက ISIS ရဲ့ ကမ္ဘာ့အမြင်ကိုဆန်းစစ်ပြီးခြေရာကောက်တဲ့အခါ ဆော်ဒီကတကမ္ဘာလုံးကို ဖြန့်ချိနေတဲ့ ရှေးရိုးစွဲ ၀ါဟာဘီ အယူဝါဒမှာ မြစ်ဖျားခံနေတာကိုသွားတွေ့တယ်။ ဒါ့အပြင် အနောက်အုပ်စုအပေါ် ဆော်ဒီရဲ့ လွှမ်းမိုးမှုကိုကျဆင်းလာစေတဲ့ အခြားအကြောင်းအရာတွေလည်းရှိနေတယ်။ အမေရိကန်နိုုင်ငံမှာShale ကျောက်ကရေနံထုတ်လာတာကြောင့် ဆော်ဒီရေနံအပေါ်မှီခိုရမှုအရင်လောက်မလိုအပ်တော့ဘူး။လက်ရှိအရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြဿနာမီးတွေဟာဆော်ဒီရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် မီးမောင်းထိုးပြသလို ဖြစ်နေတယ်။ အထူးသဖြင့်ယီမန်နိုင်ငံမှာဆော်ဒီကစစ်တပ်နဲ့ဝင်ရောက်ဖြေရှင်းရာက ပြည်သူတွေ သေကြပျက်စီးရတာတွေ၊၂၀၁၁ဘာရိန်းလူထုအုံကြွမှုအတွင်းဆော်ဒီရဲ့ အခန်းကဏ္ဍတို့နဲ့ပတ်သက်လို့ အဝေဖန်ခံနေရပါတယ်။ သို့သော်လဲပဲလက်ရှိအချိန်မှာတော့အနောက်အုပ်စုကဆော်ဒီအပေါ်ထားရှိတဲ့ မူဝါဒရေးရာ အတိုးအလျော့ကများများစားစား ဖြစ်လာဦးမှာမဟုတ်သေးဘူး။ ဆော်ဒီအတွက်ကလည်းအပြင်းအထန်ကန့်ကွက်တဲ့ကြားကအမေရိကန်သမ္မတအိုဘားမားကအီရန်နဲ့ နျူကလီးယားသေဘာတူညီမှုလက်မှတ်ထိုးပေခဲ့တာကစိုးရိမ်စရာအကောင်းဆုံးပြောင်းလဲမှုလို့ ယူဆနိုင်ပါတယ်။
အီရန် နျူကလီးယားသဘောတူညီမှုလောက်မပြောပလောက်ပေမဲ့လဲမေ့ထားလို့မရတဲ့ကိစ္စရပ်ကတော့ဆော်ဒီနိုင်ငံကအကျဉ်းထောင်တွေမှာသင်တန်းပို့ချခွင့်ရရေးကနဦးကမ်းလှမ်းမှုကိုလူ့အခွင့်အရေးအကြောင်းပြပြီး ဗြိတိန်နိုင်ငံက ပြန်လည် ရုပ်သိမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဆော်ဒီနဲ့ပတ်သက်လို့အနောက်အုပ်စု ဝေဖန်ရေးသမားတွေက ရွှေပြည်အေးတရားတိုက်ကြွေးတာထက်ပိုပြီးကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်စေချင်နေကြတယ်။ ယူကေအစိုးရနဲ့ အမေရိကန်အစိုးရတို့ဟာဆော်ဒီရဲ့ အခစားတွေ၊ ဆော်ဒီရဲ့ ငွေမျက်နှာကြည့်ရေရသူတွေလို့တောင် သူတို့က ဝေဖန်ပြောဆိုကြပါတယ်။ ဗြိတိန်နိုင်ငံရေးမှာပင်လယ်ကွေ့ဒေသကသူကြွယ်ကြီးတွေရဲ့ ချယ်လှယ်လွှမ်းမိုးနိုင်စွမ်းကို Lord Ashdown က ထောက်ပြပါတယ်။ အနောက်ကလက်နက်ထုတ်လုပ်သူတွေအတွက် ဆော်ဒီအာရေးဘီးယားကအဓီကဖောက်သည်အဖြစ် ဆက်လက် တည်ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်းဆော်ဒီကိုဒေါ်လာ ၂၄ ဘီလီယံဖိုးလက်နက်ရောင်းချဖို့ အမေရိကန်အစိုးရကခွင့်ပြုပေးခဲ့တယ်။ သို့ပေမယ့်အနောက်အုပ်စုအနေနဲ့ ဆောိဒီနဲ့ဆက်ဆံရေးမှာစီးပွားရေးနဲ့မသက်ဆိုင်တဲ့ အကြောင်းချင်းရာတွေ အခိုင်အမာရှိပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းအရှေ့အလယ်ပိုင်းမှာအစိုးရတွေ တက်လာလိုက် ပြုကျလိုက်နဲ့ဖြစ်ခဲ့ပြီးနောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲဆိုတာတွေချည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိဆော်ဒီဘုရင်နဲ့ မိသားစုကိုအပြင်းထန်ဆုံး ဝေဖန်နေသူတွေဟာ လစ်ဘရယ်ဒီမိုကရေစီသမားတွေမဟုတ်ဘဲသဘောထားတင်းမာတဲ့ အစ္စလာမ်ဝါဒီတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆော်ဒီမှာအာဏာဖီဆန်မှုဖြစ်လို့ အပြောင်းအလဲတခုဖြစ်လာရင်အခြားနိုင်ငံတွေလိုပဲပဋိပက္ခမီးတောက်လောင်သွားမှာကိုတော့ အနောက်အုပ်စုကစိုးရိမ်နေပါတယ်။ ‘ဆော့ဒ်နန်းဆက်ကိုထီနန်းချကြည့်လိုက်။ နောက် ၆ လလောက်နေရင် သူတို့ပဲ ပြန်လာအုပ်ချုပ်အေးပါလို့ အော်နေရလိမ့်မယ်’လို့ ယူကေနိုင်ငံကအဆင့်မြင့် သံတမန်တဦးကပြောပါတယ်။ ဆော်ဒီနဲ့ဂျီဟတ်ဝါဒီတွေရဲ့ဆက်သွယ်မှုကလည်းရှုပ်ထွေးပါတယ်။ ဆော်ဒီမှာရှိတဲ့ အစ္စလာမစ်တွေက ကမ္ဘာနဲ့အဝန်းက ဂျီဟတ်ဝါဒီတွေအတွက် ငွေကြေးရော အယူဝါဒပိုင်းဆိုင်ရာရော အားပေးထောက်ခံမှုတွေ ပြုလုပ်နေတယ်ဆိုတာမှန်တယ်။ သို့သော် တချိန်ထဲမှာပဲဆော်ဒီ တော်ဝင်မိသားစုဟာလည်း အယ်လ်ကိုင်းဒါးရောအိုင်စစ်ရောရဲ့ ပစ်မှတ် ဖြစ်လို့နေပါတယ်။ ဒီလိုဖြစ်နေချိန်မှာအနောက်နိုင်ငံမှာ ကျုးလွန်မယ့် အချို့အကြမ်းဖက်လုပ်ရပ်တွေကို ဆော်ဒီဘက်က ပေးတဲ့ အချို့သတင်းတွေကြောင့် တားဆီးဟန့်တားနိုင်ခဲ့တာလဲရှိတယ်။ ‘ဆော်ဒီဟာ(အကြမ်းဖက်) ပြဿနာရဲ့ရင်းမြစ်ဖြစ်သလိုအကောင်းဆုံးဖြေဆေးလည်း ဖြစ်တယ်’လို့အကြမ်းဖက်တိုက်ဖျက်ရေးအရာရှိတဦးကပြောပါတယ်။အချို့ကလည်းဆော်ဒီကိုဖယ်ကျဉ်ပြီးအီရန်နဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံဖို့ စိတ်ကူးယဉ်ပါတယ်။ကမ္ဘာ့နိုင်ငံရေးဟာစစ်တုရင်ပွဲတပွဲသာဖြစ်မယ်ဆိုရင် ဒါဟာသိပ်ကောင်းတဲ့ ရွှေ့ကွက်တခုဖြစ်ပါလိမ့်မယ်။ တကယ်လက်တွေ့မှာတော့ အနောက်အုပ်စုနဲ့ အီရန် နီးစပ်ဖို့ဆိုတာ ဝေးပါသေးတယ်။တီဟီရန်မှာလည်းမတင်းလွန်းမပျော့လွန်းတဲ့ သဘောထားရှိသူတွေ အာဏာရလာဖို့ ဘယ်သူမှ အာမမခံနိုင်တဲ့အပြင် ဟစ်ဇ်ဘိုလာလိုအကြမ်းဖက်အုပ်စုတွေကိုထောက်ပံ့ပေးပြီး ပတ်ဝန်းကျင်နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။
ရှီယာမွတ်စလင်နိုင်ငံကြီးနဲ့ မဟာမိတ်လုပ်လိုက်ရင် စွန်နီမွတ်စလင်တွေနဲ့ ဝေးကွာသွားမှာဖြစ်ပြီး ISIS လိုအကြမ်းဖက်အဖွဲ့တွေကိုမီးထိုးပေးသလို ဖြစ်သွားမှာကလည်းရှိသေးတယ်။လူ့အခွင့်အရေးသမားတွေအနေနဲ့သတိထားရမှာကအကျဉ်းသားကွပ်မျက်မှုမှာအီရန်ဟာဆော်ဒီထက်ပိုတယ်ဆိုတာပါ။ အနောက်အုပ်စုအနေနဲ့ ဆော်ဒီနဲ့ဆက်လက်ဆက်ဆံစရာအကြောင်းတွေရှိနေတယ်ဆိုပေမယ့် အရင်လိုပဲမပြောင်းမလဲဆက်ဆံရမယ် မဟုတ်။ ဘာသာရေးလွတ်လပ်ခွင့် ဖြေလျော့ပေးရေးသည် ဆော်ဒီကိုတွန်းအားပေးဖို့ အကြောင်းကောင်းတရပ်ဖြစ်တယ်။ ဆော်ဒီတော်ဝင်မိသားစုနဲ့ပတ်သက်လို့အနောက်အုပ်စုရဲ့ချဉ်းကပ်ပုံနဲ့ပတ်သက်လို့ ဝေဖန်နေကြတာကြာလှပြီဖြစ်တယ်။ ဆော်ဒီနိုင်ငံမှာအစ္စလာမ်ကလွဲလို့ အခြားဘာသာယုံကြည်ကိုးကွယ်မှုကိုတားမြစ်ခြင်းအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကပေါ်ပေါ်တင်တင်ကြီး နှစ်မူနှစ်စည်းထားပေးထားတာကို ဝေဖန်နေခဲ့ကြတာပါ။ အခုအချိန်မှာတော့ ဆော်ဒီတွေအတွက် နှစ်လမ်းတလမ်းရွေးခိုင်းရတော့မလားပဲ။ ဆော်ဒီနိုင်ငံမှာချာ့ချ်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ၊ ဂျုးဘုရားကျောင်းတွေ ဖွင့်ခွင့်ပေးမလား။ ဒါမှမဟုတ်အနောက်နိုင်ငံကဗလီတွေကိုငွေကြေးထောက်ပံ့ပေးနေတာတွေကိုရပ်တန်းကရပ်မလား။ ဒီနှစ်လမ်းထဲက ကြိုက်ရာတလမ်းပေးရွေးရတော့မှာပါ။
ဥက္ကာဦး (Why the west’s view of the Saudis is shifting by Gideon Rachmanကိုဆီလျော်အောင်
 ပြန်ဆိုသည်။)
Ref; Financial Times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
19 December at 00:05

No comments:

Post a Comment