Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

အေမရိကန္ႏုိင္ငံသားေတြအႏွစ္သက္ဆုံးပုဂၢိဳလ္စာရင္းထဲ ေဒၚစုပါ၀င္

ေဒၚေအာင္ဆန္းစုၾကည္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠဌက အေမရိကန္လႊတ္ေတာ္ရဲ႕ Congressional Gold Medal ဆုကိုခ်ီးျမွင့္ေပးအပ္ေနစဥ္ (၂၀၁၂ခုနွစ္)

၂၀၁၅ခုႏွစ္အတြက္ ကမၻာေပၚမွာ အႏွစ္သက္ဆံုးအမ်ဳိးသမီးနဲ႔အမ်ဳိးသားေတြစာရင္းကို Gallup Poll စစ္တမ္းက ေကာက္ခံရာမွာ အေမရိကန္သမၼတ Barack Obama နဲ႕ ဒီမိုကရက္တစ္ သမၼတေလာင္းအျဖစ္ ေရြးခ်ယ္ခံရႏိုင္ဖို႔ ေမွ်ာ္လင့္ထားတဲ့ Hillary Clinton တို႔ဟာ ထိပ္ဆံုးေနရာေတြမွာ ရွိေနပါတယ္။ အေမရိကန္ႏိုင္ငံသား ၁၇% က အိုဘားမားကို အႏွစ္သက္ဆံုး အမ်ိဳးသားအျဖစ္ ေရြးခ်ယ္ခဲ့ၾကၿပီး ၁၃% က ဟယ္လာရီ ကလင္တန္ကို ေရြးခ်ယ္ခဲ့ၾကပါတယ္။ ဟယ္လာရီကလင္တန္ဟာ ထိပ္ဆံုးမွာ အႀကိမ္၂၀ ေျမာက္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး သမၼတ Obama ကေတာ့ ခုတၾကိမ္ဟာ ၈ ႀကိမ္ေျမာက္ အေရြးခံရတာျဖစ္ပါတယ္။

အႏွစ္သက္ဆံုး အမ်ိဳးသမီးေတြစာရင္း၀င္ (၁၂)ေယာက္ထဲမွာ ျမန္မာႏိုင္ငံက ေဒၚေအာင္ဆန္းစုၾကည္ဟာ နံပတ္ ၈ ေနရာမွာရွိပါတယ္။ ပါကစၥတန္ႏိုင္ငံသူ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုရွင္ Malala Yousafzai က နံပတ္ ၂၊ Oprah Winfrey က နံပတ္ ၃၊ သမၼတကေတာ္ Michelle Obama က နံပတ္ ၄ ျဖစ္ပါတယ္။ စာရင္းမွာပါတဲ့ တျခားထင္ရွားတဲ့သူေတြထဲမွာ Queen Elizabeth II, ဂ်ာမနီ၀န္ႀကီးခ်ဳပ္ Angela Merkel တို႔လည္း ပါ၀င္ပါတယ္။

အႏွစ္သက္ဆံုး အမ်ိဳးသားစာရင္း၀င္ (၁၀) ေယာက္အနက္ သမၼတ အိုဘားမားအၿပီး ေနာက္ထပ္အမ်ိဳးသားေတြထဲမွာ Pope Francis နဲ႔ ရီပါဘလစ္ကင္ပါတီကေန သမၼတေလာင္း အျဖစ္၀င္ေရာက္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနတဲ့ Donald Trump တို႔ပါ၀င္ပါတယ္။  တျခားထင္ရွားတဲ့ပုဂၢိဳလ္ေတြထဲမွာ Microsoft ကုေဋၾကြယ္သူေဌးႀကီး Bill Gates, တိဘက္ဘုန္းေတာ္ႀကီး Dalai Lama, သမၼတေဟာင္းေတြျဖစ္တဲ့ George W Bush နဲ႔ Bill Clinton တို႔ ပါ၀င္ၾကပါတယ္။

ဒီ Gallup Poll စစ္တမ္းေကာက္ခံခ်က္ဟာ ၂၀၁၅ ဒီဇင္ဘာ (၂)ရက္ကေန (၆)ရက္အထိ အေမရိကန္ျပည္နယ္ (၅၀)အျပင္ ၀ါရွင္တန္ဒီစီမွာေနထိုင္တဲ့ အသက္ (၁၈)ႏွစ္အထက္ လူ (၈၂၄)ေယာက္ကို တယ္လီဖုန္းနဲ႔ဆက္သြယ္ေမးျမန္းၿပီး ေကာက္ခံခဲ့တာျဖစ္ပါတယ္။  အႏွစ္သက္ဆံုးပုဂၢိဳလ္အျဖစ္ (၁၂)ႀကိမ္ေျမာက္ အမ်ားဆံုးအေရြးခံခဲ့ရသူကေတာ့ ၁၉၅၃ခုႏွစ္ကေန ၁၉၆၁ခုနွစ္ထိ အေမရိကန္သမၼတအျဖစ္ထမ္းေဆာင္ခဲ့တဲ့ Dwight D. Eisenhower ျဖစ္ပါတယ္။

VOA Burmese
http://burmese.voanews.com
.........................
 ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌက အမေရိကန်လွှတ်တော်ရဲ့ Congressional Gold Medal ဆုကိုချီးမြှင့်ပေးအပ်နေစဉ် (၂၀၁၂ခုနှစ်)

၂၀၁၅ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အနှစ်သက်ဆုံးအမျိုးသမီးနဲ့အမျိုးသားတွေစာရင်းကို Gallup Poll စစ်တမ်းက ကောက်ခံရာမှာ အမေရိကန်သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရနိုင်ဖို့ မျှော်လင့်ထားတဲ့ Hillary Clinton တို့ဟာ ထိပ်ဆုံးနေရာတွေမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံသား ၁၇% က အိုဘားမားကို အနှစ်သက်ဆုံး အမျိုးသားအဖြစ် ရွေးချယ်ခဲ့ကြပြီး ၁၃% က ဟယ်လာရီ ကလင်တန်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဟယ်လာရီကလင်တန်ဟာ ထိပ်ဆုံးမှာ အကြိမ်၂၀ မြောက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သမ္မတ Obama ကတော့ ခုတကြိမ်ဟာ ၈ ကြိမ်မြောက် အရွေးခံရတာဖြစ်ပါတယ်။

အနှစ်သက်ဆုံး အမျိုးသမီးတွေစာရင်းဝင် (၁၂)ယောက်ထဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဟာ နံပတ် ၈ နေရာမှာရှိပါတယ်။ ပါကစ္စတန်နိုင်ငံသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Malala Yousafzai က နံပတ် ၂၊ Oprah Winfrey က နံပတ် ၃၊ သမ္မတကတော် Michelle Obama က နံပတ် ၄ ဖြစ်ပါတယ်။ စာရင်းမှာပါတဲ့ တခြားထင်ရှားတဲ့သူတွေထဲမှာ Queen Elizabeth II, ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့လည်း ပါ၀င်ပါတယ်။

အနှစ်သက်ဆုံး အမျိုးသားစာရင်းဝင် (၁၀) ယောက်အနက် သမ္မတ အိုဘားမားအပြီး နောက်ထပ်အမျိုးသားတွေထဲမှာ Pope Francis နဲ့ ရီပါဘလစ်ကင်ပါတီကနေ သမ္မတလောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ Donald Trump တို့ပါ၀င်ပါတယ်။  တခြားထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ Microsoft ကုဋေကြွယ်သူဌေးကြီး Bill Gates, တိဘက်ဘုန်းတော်ကြီး Dalai Lama, သမ္မတဟောင်းတွေဖြစ်တဲ့ George W Bush နဲ့ Bill Clinton တို့ ပါ၀င်ကြပါတယ်။

ဒီ Gallup Poll စစ်တမ်းကောက်ခံချက်ဟာ ၂၀၁၅ ဒီဇင်ဘာ (၂)ရက်ကနေ (၆)ရက်အထိ အမေရိကန်ပြည်နယ် (၅၀)အပြင် ၀ါရှင်တန်ဒီစီမှာနေထိုင်တဲ့ အသက် (၁၈)နှစ်အထက် လူ (၈၂၄)ယောက်ကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီး ကောက်ခံခဲ့တာဖြစ်ပါတယ်။  အနှစ်သက်ဆုံးပုဂ္ဂိုလ်အဖြစ် (၁၂)ကြိမ်မြောက် အများဆုံးအရွေးခံခဲ့ရသူကတော့ ၁၉၅၃ခုနှစ်ကနေ ၁၉၆၁ခုနှစ်ထိ အမေရိကန်သမ္မတအဖြစ်ထမ်းဆောင်ခဲ့တဲ့ Dwight D. Eisenhower ဖြစ်ပါတယ်။

VOA Burmese
http://burmese.voanews.com

No comments:

Post a Comment