Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 27, 2015

ဟိုက္ပါစခန္းမွာ ဒုကၡသည္ေတြ ေသာင္တင္ဆဲ

စစ္ေျပးေရွာင္ ဒုကၡသည္ ေတြ ေနရပ္ရင္း ျပန္ေရး ၾကန္႔ၾကာ ေႏွာင့္ေႏွး ေန။
  
အစိုးရ စစ္တပ္နဲ႔ ရွမ္းျပည္ ေဒသခံ လက္နက္ကိုင္ တပ္ေတြ အၾကား ၿပီးခဲ့တဲ့ ေအာက္တိုဘာ လဆန္း က စလို႔ တိုက္ပြဲေတြ ျပင္းထန္ ခဲ့စဥ္ တုန္းက မိမိတို႔ အိုးအိမ္ေတြ ကို စြန္႔ခြာ ထြက္ေျပး ခဲ့ရတဲ့ ေဒသခံ ေက်းရြာ တခ်ိဳ႕က ဒုကၡသည္ ေတြ ဟာ ဟိုက္ပါ စခန္း မွာ ဆက္လက္ ေသာင္တင္ ေနၾက ရပါတယ္။

ေဒသခံ ပေလာင္ နဲ႔ ရွမ္းရြာေတြက လူေတြဟာ သူတို႔ ရဲ့ လယ္ေျမေတြ ကၽြဲ၊ ႏြားေတြ ကို ခ်န္ထား ခဲ့ရၿပီး ဟိုက္ပါ စခန္းမွာ စုေဝး ခိုလွုံ ေနရ တာ ျဖစ္ပါတယ္။

တိုက္ပြဲ ျဖစ္ခဲ့တဲ့ အရွိန္ ေၾကာင့္ အခုထက္ထိ မိမိတို႔ ေနရပ္ ကို မျပန္ရဲေသးပဲ ေၾကာက္ရြံ့ ေနဆဲ ရြာသားေတြ ရွိေန ၾကသလို၊ အရဲစြန္႔ ျပန္သြား သူေတြ ထဲမွာလည္း အစိုးရ စစ္တပ္က ဟိုက္ပါ မွာပဲ ေနဦး ဆိုၿပီးျပန္လႊတ္ ခံရသူေတြ ရွိတယ္ ဆိုၿပီး ဒုကၡသည္ အေရး ကူညီ ေဆာင္ရြက္ ေပးေနသူ ေတြက ဘီဘီစီ ကို ေျပာပါတယ္။

အခုဆိုရင္ ဟိုက္ပါ စခန္းမွာ တာဆန္ဖူး ဆိုတဲ့ ရွမ္းရြာ ကသူေတြ၊ ကြမ္းနိမ္ နဲ႔ နမ့္ပန္မူး ဆိုတဲ့ ပေလာင္ရြာက သူေတြ ဆက္လက္ ရွိေနဆဲ ျဖစ္ပါတယ္။

ေလာေလာဆယ္ တိုက္ပြဲေတြ မရွိေသး ေပမယ့္ အစိုးရနဲ႔ ေဒသခံ ရွမ္း လက္နက္ကိုင္ ေတြနဲ႔ ၾကား ႏွစ္ဘက္တပ္ ေနရာခ် ေရး အပါအဝင္ေရရွည္ ၿငိမ္းခ်မ္းေရး အတြက္ အၿပီးသတ္ သေဘာတူမွု ေတြ ထြက္ေပၚ မလာေသးတဲ့ အတြက္ လုံျခဳံေရး အတြက္ အာမခံခ်က္ မရွိေသး သလို၊ စစ္ေျပးေရွာင္ ဒုကၡသည္ ေတြ ေနရပ္ရင္း ျပန္ေရး မွာလည္း ၾကန္႔ၾကာ ေႏွာင့္ေႏွး ေနရတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
...........
 စစ်ပြေးရှောင် ဒုက္ခသည် တွေ နေရပ်ရင်း ပြန်ရေး ကြန့်ကြာ နှောင့်နှေး နေ။
 
အစိုးရ စစ်တပ်နဲ့ ရှမ်းပြည် ဒေသခံ လက်နက်ကိုင် တပ်တွေ အကြား ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်း က စလို့ တိုက်ပွဲတွေ ပြင်းထန် ခဲ့စဉ် တုန်းက မိမိတို့ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့ ဒေသခံ ကျေးရွာ တချို့က ဒုက္ခသည် တွေ ဟာ ဟိုက်ပါ စခန်း မှာ ဆက်လက် သောင်တင် နေကြ ရပါတယ်။

ဒေသခံ ပလောင် နဲ့ ရှမ်းရွာတွေက လူတွေဟာ သူတို့ ရဲ့ လယ်မြေတွေ ကျွဲ၊ နွားတွေ ကို ချန်ထား ခဲ့ရပြီး ဟိုက်ပါ စခန်းမှာ စုဝေး ခိုလှုံ နေရ တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ခဲ့တဲ့ အရှိန် ကြောင့် အခုထက်ထိ မိမိတို့ နေရပ် ကို မပြန်ရဲသေးပဲ ကြောက်ရွံ့ နေဆဲ ရွာသားတွေ ရှိနေ ကြသလို၊ အရဲစွန့် ပြန်သွား သူတွေ ထဲမှာလည်း အစိုးရ စစ်တပ်က ဟိုက်ပါ မှာပဲ နေဦး ဆိုပြီးပြန်လွှတ် ခံရသူတွေ ရှိတယ် ဆိုပြီး ဒုက္ခသည် အရေး ကူညီ ဆောင်ရွက် ပေးနေသူ တွေက ဘီဘီစီ ကို ပြောပါတယ်။

အခုဆိုရင် ဟိုက်ပါ စခန်းမှာ တာဆန်ဖူး ဆိုတဲ့ ရှမ်းရွာ ကသူတွေ၊ ကွမ်းနိမ် နဲ့ နမ့်ပန်မူး ဆိုတဲ့ ပလောင်ရွာက သူတွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

လောလောဆယ် တိုက်ပွဲတွေ မရှိသေး ပေမယ့် အစိုးရနဲ့ ဒေသခံ ရှမ်း လက်နက်ကိုင် တွေနဲ့ ကြား နှစ်ဘက်တပ် နေရာချ ရေး အပါအဝင်ရေရှည် ငြိမ်းချမ်းရေး အတွက် အပြီးသတ် သဘောတူမှု တွေ ထွက်ပေါ် မလာသေးတဲ့ အတွက် လုံခြုံရေး အတွက် အာမခံချက် မရှိသေး သလို၊ စစ်ပြေးရှောင် ဒုက္ခသည် တွေ နေရပ်ရင်း ပြန်ရေး မှာလည်း ကြန့်ကြာ နှောင့်နှေး နေရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment