Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 27, 2015

အစိုးရ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္တို႕ႏွစ္ရက္ဆက္တိုက္ တိုက္ပဲြျဖစ္


ရခိုင္ျပည္နယ္၊ေက်ာက္ေတာ္ၿမိဳ႕ မဟာမုနိဘုရားအေရွ႕ေျမာက္ဖက္၊ ရန္ကုန္-စစ္ေတြ ကားလမ္းမ ႏွင့္ ေလးမိုင္ခန္႕အကြာတြင္ ဒီဇင္ ဘာ ၂၇ ရက္နံနက္ပိုင္းက ျမန္မာ့တပ္မေတာ္ စကခ(၉) လက္ေအာက္ခံ၊ ေျမာက္ဦးအေျခစိုက္တပ္ရင္းမ်ားႏွင့္ AA ရကၡိဳင့္တပ္မေတာ္တို႕ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး၊ ဒီဇင္ဘာ ၂၈ နံနက္ ၈ နာရီမွ စ၍ တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားလ်က္ရွိေၾကာင္း ရကၡိဳင့္တပ္မေတာ္ သတင္းႏွင့္ျပန္ၾကားေရးမွ သတင္းထုတ္ျပန္သည္။

ႏွစ္ဘက္အထိအခိုက္အက်ဆံုးနွင့္ ပတ္သက္၍မူ သတင္းထုတ္ျပန္ျခင္းမရိွပဲ အစိုးရစစ္တပ္နွင့္ ရခိုင့္ တပ္မေတာ္တို႔အၾကား လေပါင္းအတန္ၾကာ တိုက္ပြဲမ်ား ျငိမ္သက္ေနရာမွ ျပန္လည္ ျဖစ္ပြားလာခဲ့ျခင္း ျဖစ္သည္။

ရခိုင့္တပ္မေတာ္ ေအေအမွာ အစိုးရက ေဆြးေႏြးဘက္အျဖစ္ သတ္မွတ္ျခင္း မခံရသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ျဖစ္ျပီး ဌာနခ်ဳပ္မွာ ေကအိုင္ေအ ဌာနခ်ဳပ္ လိုင္ဇာတြင္ တည္ရိွကာ ျပီးခဲ့သည့္ ၂၀၁၄ ခုနစ္မွ စတင္ကာ ရခိုင္ျပည္နယ္အတြင္းအေျခခ်ႏိုင္ရန္ ၾကိဳးစားလာခဲ့သည္။
လာမည့္ ဇန္န၀ါရီတြင္ က်င္းပမည့္ ႏိုင္ငံေရးေဆြးေႏြးပြဲတြင္လည္း ေအေအ ရခိုင့္တပ္မေတာ္မွာ ကိုးကန္႔ MNDAA အဖြဲ႔နည္းတူ ေဆြးေႏြးပြဲတက္ေရာက္ခြင့္ရမည္ မဟုတ္ေပ။

ေဇာ္မင္း

The Ladies News
Credit- Arakan Armya

The Ladies News Journal
...............
အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ မဟာမုနိဘုရားအရှေ့မြောက်ဖက်၊ ရန်ကုန်-စစ်တွေ ကားလမ်းမ နှင့် လေးမိုင်ခန့်အကွာတွင် ဒီဇင် ဘာ ၂၇ ရက်နံနက်ပိုင်းက မြန်မာ့တပ်မတော် စကခ(၉) လက်အောက်ခံ၊ မြောက်ဦးအခြေစိုက်တပ်ရင်းများနှင့် AA ရက္ခိုင့်တပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဒီဇင်ဘာ ၂၈ နံနက် ၈ နာရီမှ စ၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားလျက်ရှိကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

နှစ်ဘက်အထိအခိုက်အကျဆုံးနှင့် ပတ်သက်၍မူ သတင်းထုတ်ပြန်ခြင်းမရှိပဲ အစိုးရစစ်တပ်နှင့် ရခိုင့် တပ်မတော်တို့အကြား လပေါင်းအတန်ကြာ တိုက်ပွဲများ ငြိမ်သက်နေရာမှ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ရခိုင့်တပ်မတော် အေအေမှာ အစိုးရက ဆွေးနွေးဘက်အဖြစ် သတ်မှတ်ခြင်း မခံရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဌာနချုပ်မှာ ကေအိုင်အေ ဌာနချုပ် လိုင်ဇာတွင် တည်ရှိကာ ပြီးခဲ့သည့် ၂၀၁၄ ခုနစ်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းအခြေချနိုင်ရန် ကြိုးစားလာခဲ့သည်။
လာမည့် ဇန်နဝါရီတွင် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း အေအေ ရခိုင့်တပ်မတော်မှာ ကိုးကန့် MNDAA အဖွဲ့နည်းတူ ဆွေးနွေးပွဲတက်ရောက်ခွင့်ရမည် မဟုတ်ပေ။

ဇော်မင်း

The Ladies News
Credit- Arakan Armya


The Ladies News Journal






No comments:

Post a Comment