CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ကြောင်း ဦးဝင်းထိန်ဆို
BY HOTNEWS
...................
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် ၅ နှစ်သက်တမ်းအတွင်း သမ်္မတဖြစ်လာနိုင်သည်ဟု အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကRFA နှင့် တွေ့ဆုံမှုတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD သည် သမ္မတလောင်းလေးဦးမှ ဆယ်ဦးအထိ လျာထားကြောင်းနှင့် သမ်္မတဖြစ်မည့်သူသည် ယခင်နှင့်ယခု အခါ စစ်ရေးအတွေ့အကြုံမရှိဘဲ ပါတီ ၀င်ဖြစ်ရမည်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဂျပန်ခရီးမီဒီ ယာတစ်ခုသို့ ပြောကြားခဲ့ကြောင်းလည်း သိရသည်။ ““အချိန်ကြာလာတာနဲ့အမျှ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်နိုင်မယ်လို့ ကျွန် တော်တို့ ယုံကြည်တယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေမှာ သော့ချက်က နှစ်ခုရှိတယ်။ ပုဒ်မ ၅၉(စ)က ဒေါ်အောင်ဆန်းစုကြည် ကို သမ်္မတမဖြစ်လာအောင် လုပ်ထား တယ်။ ပုဒ်မ ၄၃၆ ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်အောင်လုပ် ထားတယ်။ အဲဒီနှစ်ခုကို ကိုင်တွယ်နိုင် မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ငါး နှစ်သက်တမ်းမှာ သမ်္မတဖြစ်မယ်လို့ ကျွန် တော်မျှော်မှန်းတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကလည်း ကျန်းမာရေးကောင်း တယ်။ အသိလည်း သတိလည်းကောင်း တဲ့ အခါကျတော့ ငါးနှစ်အတွင်းမှာ သူ သမ်္မတဖြစ်မယ်လို့ ကျွန်တော်ယုံကြည် တယ်”” ဟု ဦးဝင်းထိန်ကRFA နှင့်တွေ့ ဆုံခန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အစိုးရသစ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားများကို အမျိုးသားရင်ကြား စေ့ရေးအတွက် ထည့်သွင်းဖွဲ့စည်းသွား မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကRFA သို့ ပြောကြားထားသည်။ HN-0017
BY HOTNEWS
ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ကြောင်း ဦးဝင်းထိန်ဆို
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2015
Rating:
5
No comments:
Post a Comment