၅ ရက် ဒီဇင်ဘာ ၂၀၁၅
ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ ယမန်နေ့ သောကြာနေ့ နေ့လယ် ၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော် စစ်ဦးစီး ဌာနချုပ် ရုံးမှာ တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မည်သည့် သတင်းဌာန ကမှ အတည်ပြုနိုင်ခြင်းမရှိပါဘူး ။
Myanmar Journal
..................
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသန်းရွှေ တွေ.ဆုံမှု ဟုတ်မှန်ကြောင်း ဦးတင်ဦးမှ အတည်ပြုပြောကြား
၅ ရက် ဒီဇင်ဘာ ၂၀၁၅
ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ ယမန်နေ့ သောကြာနေ့ နေ့လယ် ၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော် စစ်ဦးစီး ဌာနချုပ် ရုံးမှာ တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မည်သည့် သတင်းဌာန ကမှ အတည်ပြုနို်င်ခြင်းမရှိပါဘူး ။
ဒါကြောင့် Myanmar Journal မှ ဦးတင်ဦးအား ယနေ့ ဆက်သွယ်မေးမြန်းခဲ့ရာ ဦးတင်ဦးမှ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ် ။
"" ဟုတ်ပါတယ် ။ ဒေါ်စုနဲ့ ဦးသန်းရွှေတို့ တွေ.ဆုံမှုဟာ တကယ်ပါ ။ ပြီးခဲ့တဲ့ အပတ်က နေရွှေသွေးအောင်က ဒေါ်စုဆီလာပြီး သူ့ကို NLD အစိိုးရအဖွဲ.မှာ နေရာတနေရာပေးဖို့ တောင်းခဲ့တယ် ။ ရှင်းရှင်းပြောရရင် သူက အားကစား ဝန်ကြီးနေရာကို သူ.ကိုပေးဖို့ တောင်းခံတယ် ။ ဒေါ်စုက လူကြီးဆိုတော့ ပေးမယ်လို့ ကတိ မပေးဘဲ အန်တီအနေနဲ့ တယောက်ထဲ မပြီးဘူး CEC အဖွဲ.နဲ့ တိုင်ပင်ရအုန်းမှာလို့ မယုတ်မလွန်ပြောလိုက်တယ် ။ ဒါကို ကောင်လေးက သူ့အဖိုးကို အပူကပ်လို့ ဦးသန်းရွှေက ဒေါ်စုကို ခေါ်တွေ.ခဲ့တာ ။
ဒေါ်စုက အန်ကယ့်ကို ပြောတာကတော့ နေရွှေသွေးအောင်ကို အားကစား ဝန်ကြီးနေရာပေးလိုက်ရင် ၅၉ (စ) ပြင်ဖို့လမ်းစ ပွင့်သွားနိုင်လို့ သူမ အနေနဲ့ ဦးသန်းရွှေကို နေရွှေသွေးအောင်ကို အားကစား ဝန်ကြီး နေရာပေးဖို့ ကတိပေးလိုက်တယ်လို့ ပြောတယ် ။
ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ အန်ကယ်မြင်တယ် ။ ကောင်လေးက လက်ရှိလည်း တက္ကသို်လ်များ ချံပီယံ လိဂ် UCL ရဲ့ ဥက္ကဋ္ဌ လည်းတာဝန် နိုင်နိုင်နင်းနင်း ယူနေတာ တွေ.ရတော့ ဒေါ်စုအနေနဲ့ ဆုံးဖြတ်လိုက်တယ်လို့ ပြောတယ် ။ ""
ထို့နောက် မြန်မာဂျာနယ်မှ ဒေါ်စုနဲ့ ဦးသန်းရွှေ ဘာတွေ ဆက်ပြောကြသေးလဲလို့ မေးမြန်းရာ ဦးတင်ဦးမှ
"" ဦးသန်းရွှေက အစိုးရသစ်ကို ဘယ်သူတွေကို ရွှေးချယ်ထားလဲလို့ မေးတယ်တဲ့ ။ ဒါနဲ့ ဒေါ်စု အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် သူရဦးရွှေမန်းကို သမ္မတနေရာနဲ့ ဦးရဲထွဋ်ကို မူလ ပြန်ကြားရေးဝန်ကြီး ဌာနတွေမှာ ခန့်အပ်မယ် ။ နေရွှေသွေးအောင်ကို အားကစားဝန်ကြီးနေရာပေးမယ် ။အတွေ.အကြုံရင့် ရန်ကုန်တက္ကသိုလ်ပါချုပ်ဟောင်း ဒေါက်တာအောင်သူကို ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်မယ် ။ ဖြစ်ပေါ်နေတဲ့ ဘာသာရေး ပြသနာတွေ ပြေလည်စွာ ဖြေရှင်းနို်င်ဖို့ ဥပဒေ အတွေ.အကြုံ ကောင်းကောင်းရှိတဲ့ ဦးကိုနီကို သာသနာရေး ဝန်ကြီး အဖြစ်ခန့်မယ်လို့ ပြောခဲ့တယ် တဲ့ ။""
ထို့နောက် မိသားစု ကျမ်းမာရေး အခြေအနေများ စကားစမြည်ပြောကြားကြပြီး တနာကြာ တွေ.ဆုံခဲ့ကြောင်း သတင်းရရှိပါသည် ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် ရက်ပိုင်းအတွင်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ တွေ့ဆုံခဲ့တယ်လို့လည်း သတင်း ထွက်ပေါ်ပါတယ်။
သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာတော့ ဒီဇင်ဘာ ၂ရက် ၃ ရက် ၄ ရက် တွေ့ဆုံမှုတွေ အရ ဒီနေ့ အချိန်ဟာ ကိုယ့်ပါတီ အကျိုးထက် အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီး လုပ်ရမယ့် အချိန်တွေ ဖြစ်နေပြီလို့ ရေးသား ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ တွေ့ဆုံမှုဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွက် အဓိကကျတဲ့ လိုအပ်ချက် တခု ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ အများက ရှုမြင်နေကြပါတယ်။
Myanmar Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 4, 2015
By
သတင်းစုံပျော်ဝင်အိုးကြီး
December 04, 2015
Daily Popular, DASSK, Politic, သန်းရွှေ, ဒေါ်အောင်ဆန်းစုကြည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment