Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 29, 2015

ေအးခ်မ္းျမတ္မုိးကုိ သတ္သည့္ တရားခံ အလုပ္ႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္ခ်ခံရမႈ တရားလို မေက်နပ္



By သူဇာ | December 29, 2015 


ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕နယ္၊ ဦး၀ိစာရ အိမ္ရာတြင္ ေနထုိုင္သည့္ အသက္ ၂၀ အရြယ္ ေမာ္ဒယ္လ္ သရုပ္ေဆာင္ ေအးခ်မ္း ျမတ္မုိး အသတ္ခံရမႈတြင္ တရားခံ အံ့ၿဖိဳးပုိင္ကုိ လူသတ္မႈ က်ဴးလြန္ေၾကာင္း ျပစ္မႈ ထင္ရွားသည့္အတြက္ အလုပ္ႏွင့္ ေထာင္ ဒဏ္ ၁၀ ႏွစ္ တရားရုံးက ယေန႔ အမိန္႔ခ်မွတ္လုိက္ရာ တရားလိုက ျပစ္ဒဏ္ျပင္ဆင္ေပးရန္ ေလွ်ာက္ထား မည္ျဖစ္ေၾကာင္း သိရွိရသည္။

၂၀၁၄ ခုႏွစ္ ၾသဂုတ္လ ၂၆ ရက္ေန႔ညပုိင္းတြင္ ေမာ္ဒယ္ေအးခ်မ္းျမတ္မုိးအသတ္ခံလုိက္ရျခင္းျဖစ္ၿပီး တႏွစ္ေက်ာ္ အၾကာ မွ အမိန္႔ခ်မွတ္ႏုိင္ျခင္းျဖစ္ေၾကာင္း၊ မူလက တရားစြဲဆုိစဥ္က ႀကိဳတင္ႀကံစည္ လူသတ္သည့္ ျပစ္မႈ ပုဒ္မ ၃၀၂(၁) (ခ) ျဖင့္ အေနာက္ပိုင္းခရုိင္ တရားရံုးက စြဲခ်က္တင္ စစ္ေဆးခဲ့ေသာ္လည္း ယေန႔ အမိန္႔ခ်ရာတြင္ ခရိုင္ တရား သူႀကီး က ပုဒ္မ ၃၀၂(၂) ျဖင့္ ေျပာင္းလဲ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း ေအးခ်မ္းျမတ္မိုး ဖခင္ ဗိုလ္မွဴး ၀ဏၰ က အမိန္႔ ခ်မွတ္ အၿပီး ခရုိင္တရားရံုးအေရွ႕တြင္  မီဒီယာမ်ားကို ေျပာၾကားခဲ့သည္။

“ႀကိဳတင္ ႀကံစည္ လူသတ္မႈကို ေျပာင္းလဲၿပီး သာမန္ လူသတ္မႈနဲ႔ ေထာင္က်လိုက္တာကို ေတြ႔ရတယ္။ ေနာက္ၿပီး ေထာင္ ဒဏ္ ကလည္း ခ်သင့္တာထက္ နည္းတယ္။ အဲဒီအေပၚ က်ေနာ္တုိ႔ တရားလိုဘက္က မေက်နပ္ဘူး။ ခရိုင္ကေန တုိင္း တရားရံုး အထိ ဆက္တက္ပါမယ္” ဟု  ဖခင္ျဖစ္သူ ဗိုလ္မွဴး၀ဏၰ က ေျပာဆုိသည္။

အမိန္႔ခ်မွတ္သည့္ေန႔ ျပစ္ဒဏ္မခ်မွတ္မီ လူသတ္မႈျဖစ္စဥ္ကုိ ဖတ္ၾကားရာတြင္ တရားခံ အံ့ၿဖိဳးပိုင္ကို ဖမ္းဆီးစဥ္ႏွင့္ ရဲ၀န္ထမ္း မ်ား စစ္ေဆးစဥ္က အံ့ၿဖိဳးပိုင္ ၀န္ခံထြက္ဆုိခဲ့သည့္ အခ်က္မ်ားျဖင့္ ကြဲလြဲေနေၾကာင္း  သိရွိရသည္။

“အသတ္မခံရခင္ အိမ္ကို ဖုန္းဆက္တယ္။ သမီးနဲ႔ အၿမဲလိုက္ေနတဲ့ မိခင္က ဖုန္းလာကိုင္ေတာ့ ဒီေန႔ မိခင္မပါေၾကာင္း သူက သိတယ္။ ဒါေၾကာင့္ အိမ္ေအာက္မွာ လာေစာင့္ေနၿပီး သမီးလာေတာ့ ဓားနဲ႔ ေျပးထုိးတယ္။ အဲဒီမွာ ဗိုက္ကို ဓားနဲ႔ ထုိး လိုက္တဲ့အခ်ိန္ ဓားက ေထာက္သြားၿပီး သမီးရဲ႕ လက္ကို ရွသြားတယ္။ ေနာက္ဆံုး သမီးလုပ္တဲ့သူက ေအာ္တဲ့ အတြက္ ေၾကာင့္ လည္ပင္းကို ဓားနဲ႔ ထုိးလိုက္ပါတယ္လို႔ သူ(အံ့ၿဖိဳးပိုင္) ကိုယ္တုိင္ ထြက္ဆိုထားပါတယ္။ တရားရံုးမွာ တကယ္ တမ္း ေျဖာင့္ခ်က္ေပးေတာ့ သမီးက ကိုယ့္ကိုကုိယ္ သတ္ေသပါမယ္လုပ္လို႔ သူစြဲလိုက္ရင္း ထုိးမိပါတယ္လို႔ လုပ္လိုက္ တယ္။ အခု တရားသူႀကီး အမိန္႔မခ်ခင္ ဖတ္တဲ့ အထဲမွာ အဲဒီဓားခ်က္ရွတဲ့ ကိစၥ မပါဘူး”ဟု ဖခင္ျဖစ္သူက ေျပာသည္။

ရန္ကုန္ၿမိဳ႕၊ ဒဂံုၿမိဳ႕နယ္၊ ဦး၀ိစာရ အိမ္ရာရွိ ေမာ္ဒယ္ ေအးခ်မ္းျမတ္မိုး ေနထုိင္းသည့္ ေနအိမ္သို႔ ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၆ ရက္ေန႔ ည ၇ နာရီခြဲအခ်ိန္ခန္႔က ျပန္လာစဥ္တြင္ လည္ပင္းကို ဓားျဖင့္ ထုိးခံရၿပီး ယင္းထိုးသြင္းဒဏ္ရာျဖင့္ပင္ ေမာ္ဒယ္ ေအးခ်မ္းျမတ္မိုး ေသဆံုးခဲ့ရျခင္း ျဖစ္သည္။

ေမာ္ဒယ္ ေအးခ်မ္းျမတ္မိုး ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး တရားခံ အံ့ၿဖိဳးပိုင္ကို တနာရီအတြင္းမွာပင္ ဦး၀ိစာရ အိမ္ရာ၀င္း အတြင္း ရပ္ကြက္ေနျပည္သူမ်ား၏ အကူအညီျဖင့္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ၿပီး ၄င္းကို ဖမ္းမိစဥ္တြင္ သတ္ေသခံ ဓားပါ တပါတည္း သိမ္းဆည္း ရမိခဲ့ျခင္း ျဖစ္ေၾကာင္း ေသဆံုးသူ ေအးခ်မ္းျမတ္မိုး ဖခင္က ဆုိသည္။

သို႔ေသာ္ ယေန႔ အမိန္႔ခ်မွတ္သည့္အခါ တရားသူႀကီးမွ သတ္ေသခံ ဓားႏွင့္ ပတ္သက္ၿပီး မည္သူ၏ ဓား ျဖစ္ေၾကာင္းကို ရွင္းရွင္း လင္းလင္း ထည့္သြင္းေျပာၾကားသြားျခင္း မရွိဘဲ ႀကိဳတင္ႀကံစည္ လူသတ္မႈ ပုဒ္မ ၃၀၂(၁)(ခ) အမႈမွ သာမန္ လူသတ္မႈ ၃၀၂(၂) ကို ေျပာင္းလဲၿပီး အမိန္႔ခ်မွတ္လိုက္ျခင္း ျဖစ္ေၾကာင္း ဖခင္ ဗိုလ္မွဴး ၀ဏၰ ဆုိသည္။

ေမာ္ဒယ္ ေအးခ်မ္းျမတ္မိုး အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး တရားလိုဘက္မွ သက္ေသ ၁၅ ဦးႏွင့္ တရားခံဘက္မွ သက္ေသ ၁၃ ဦးကို စစ္ေဆးခဲ့ေၾကာင္း၊ အံ့ၿဖိဳးပိုင္ အေနႏွင့္ ရဲကို ထြက္ခ်က္ေပးစဥ္တုန္းက ယင္းဓားသည္ သူ၏ ဓား ဟုတ္၊ မဟုတ္ ဆုိသည္ကို ထြက္ဆုိခဲ့ျခင္း မဟုတ္ဘဲ သူ သတ္မိသည္ ဆုိသည္ကိုသာ ထြက္ဆုိခဲ့ျခင္း ျဖစ္ေၾကာင္း တရားခံ ေရွ႕ေန ဦးစိန္ ျမင့္ ေျပာသည္။

“ပထမတုန္းကေတာ့ သူ ၀န္ခံတယ္၊ ေနာက္က်ေတာ့္ သူ ျငင္းတယ္။ ရဲေရွ႕မွာ ဘယ္ေလာက္ပဲ ၀န္ခံ၊ ၀န္ခံ ရဲေရွ႕မွာ ထြက္ တဲ့ သက္ေသက ဥပေဒအရ သက္ေသခံ မ၀င္ပါဘူး။ ရဲမွာ ေျပာတာေတြကို အၿပီးသတ္ ယံုၾကည္လုိ႔ မရတဲ့အတြက္ တရား ရံုး ဆုိတာ ထားတယ္။ တရားရံုး အေရွ႕ေရာက္ေတာ့မွ ႏွစ္ဘက္ ထြက္ဆုိခ်က္နဲ႔ တရားမွ်တစြာ အျပန္အလွန္ ေျပာခြင့္ ေခ်ပခြင့္ ရွိတာပါ” ဟု ေရွ႕ေန ဦးစိန္ျမင့္က ဆုိသည္။


http://mobile.irrawaddy.com/

http://www.ayechanmon-news.com/2015/12/blog-post_62.html

............................................................

အေးချမ်းမြတ်မိုးကို သတ်သည့် တရားခံ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချခံရမှု တရားလို မကျေနပ်

By သူဇာ | December 29, 2015 


ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာတွင် နေထိုုင်သည့် အသက် ၂၀ အရွယ် မော်ဒယ်လ် သရုပ်ဆောင် အေးချမ်း မြတ်မိုး အသတ်ခံရမှုတွင် တရားခံ အံ့ဖြိုးပိုင်ကို လူသတ်မှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားသည့်အတွက် အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ် တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်ရာ တရားလိုက ပြစ်ဒဏ်ပြင်ဆင်ပေးရန် လျှောက်ထား မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ညပိုင်းတွင် မော်ဒယ်အေးချမ်းမြတ်မိုးအသတ်ခံလိုက်ရခြင်းဖြစ်ပြီး တနှစ်ကျော် အကြာ မှ အမိန့်ချမှတ်နိုင်ခြင်းဖြစ်ကြောင်း၊ မူလက တရားစွဲဆိုစဉ်က ကြိုတင်ကြံစည် လူသတ်သည့် ပြစ်မှု ပုဒ်မ ၃၀၂(၁) (ခ) ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင် စစ်ဆေးခဲ့သော်လည်း ယနေ့ အမိန့်ချရာတွင် ခရိုင် တရား သူကြီး က ပုဒ်မ ၃၀၂(၂) ဖြင့် ပြောင်းလဲ အမိန့်ချမှတ်ခဲ့ကြောင်း အေးချမ်းမြတ်မိုး ဖခင် ဗိုလ်မှူး ၀ဏ္ဏ က အမိန့် ချမှတ် အပြီး ခရိုင်တရားရုံးအရှေ့တွင်  မီဒီယာများကို ပြောကြားခဲ့သည်။

“ကြိုတင် ကြံစည် လူသတ်မှုကို ပြောင်းလဲပြီး သာမန် လူသတ်မှုနဲ့ ထောင်ကျလိုက်တာကို တွေ့ရတယ်။ နောက်ပြီး ထောင် ဒဏ် ကလည်း ချသင့်တာထက် နည်းတယ်။ အဲဒီအပေါ် ကျနော်တို့ တရားလိုဘက်က မကျေနပ်ဘူး။ ခရိုင်ကနေ တိုင်း တရားရုံး အထိ ဆက်တက်ပါမယ်” ဟု  ဖခင်ဖြစ်သူ ဗိုလ်မှူးဝဏ္ဏ က ပြောဆိုသည်။

အမိန့်ချမှတ်သည့်နေ့ ပြစ်ဒဏ်မချမှတ်မီ လူသတ်မှုဖြစ်စဉ်ကို ဖတ်ကြားရာတွင် တရားခံ အံ့ဖြိုးပိုင်ကို ဖမ်းဆီးစဉ်နှင့် ရဲဝန်ထမ်း များ စစ်ဆေးစဉ်က အံ့ဖြိုးပိုင် ၀န်ခံထွက်ဆိုခဲ့သည့် အချက်များဖြင့် ကွဲလွဲနေကြောင်း  သိရှိရသည်။

“အသတ်မခံရခင် အိမ်ကို ဖုန်းဆက်တယ်။ သမီးနဲ့ အမြဲလိုက်နေတဲ့ မိခင်က ဖုန်းလာကိုင်တော့ ဒီနေ့ မိခင်မပါကြောင်း သူက သိတယ်။ ဒါကြောင့် အိမ်အောက်မှာ လာစောင့်နေပြီး သမီးလာတော့ ဓားနဲ့ ပြေးထိုးတယ်။ အဲဒီမှာ ဗိုက်ကို ဓားနဲ့ ထိုး လိုက်တဲ့အချိန် ဓားက ထောက်သွားပြီး သမီးရဲ့ လက်ကို ရှသွားတယ်။ နောက်ဆုံး သမီးလုပ်တဲ့သူက အော်တဲ့ အတွက် ကြောင့် လည်ပင်းကို ဓားနဲ့ ထိုးလိုက်ပါတယ်လို့ သူ(အံ့ဖြိုးပိုင်) ကိုယ်တိုင် ထွက်ဆိုထားပါတယ်။ တရားရုံးမှာ တကယ် တမ်း ဖြောင့်ချက်ပေးတော့ သမီးက ကိုယ့်ကိုကိုယ် သတ်သေပါမယ်လုပ်လို့ သူစွဲလိုက်ရင်း ထိုးမိပါတယ်လို့ လုပ်လိုက် တယ်။ အခု တရားသူကြီး အမိန့်မချခင် ဖတ်တဲ့ အထဲမှာ အဲဒီဓားချက်ရှတဲ့ ကိစ္စ မပါဘူး”ဟု ဖခင်ဖြစ်သူက ပြောသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာရှိ မော်ဒယ် အေးချမ်းမြတ်မိုး နေထိုင်းသည့် နေအိမ်သို့ ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ ည ရ နာရီခွဲအချိန်ခန့်က ပြန်လာစဉ်တွင် လည်ပင်းကို ဓားဖြင့် ထိုးခံရပြီး ယင်းထိုးသွင်းဒဏ်ရာဖြင့်ပင် မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

မော်ဒယ် အေးချမ်းမြတ်မိုး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံ အံ့ဖြိုးပိုင်ကို တနာရီအတွင်းမှာပင် ဦးဝိစာရ အိမ်ရာဝင်း အတွင်း ရပ်ကွက်နေပြည်သူများ၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ၄င်းကို ဖမ်းမိစဉ်တွင် သတ်သေခံ ဓားပါ တပါတည်း သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ အေးချမ်းမြတ်မိုး ဖခင်က ဆိုသည်။

သို့သော် ယနေ့ အမိန့်ချမှတ်သည့်အခါ တရားသူကြီးမှ သတ်သေခံ ဓားနှင့် ပတ်သက်ပြီး မည်သူ၏ ဓား ဖြစ်ကြောင်းကို ရှင်းရှင်း လင်းလင်း ထည့်သွင်းပြောကြားသွားခြင်း မရှိဘဲ ကြိုတင်ကြံစည် လူသတ်မှု ပုဒ်မ ၃၀၂(၁)(ခ) အမှုမှ သာမန် လူသတ်မှု ၃၀၂(၂) ကို ပြောင်းလဲပြီး အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဖခင် ဗိုလ်မှူး ၀ဏ္ဏ ဆိုသည်။

မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သက်ပြီး တရားလိုဘက်မှ သက်သေ ၁၅ ဦးနှင့် တရားခံဘက်မှ သက်သေ ၁၃ ဦးကို စစ်ဆေးခဲ့ကြောင်း၊ အံ့ဖြိုးပိုင် အနေနှင့် ရဲကို ထွက်ချက်ပေးစဉ်တုန်းက ယင်းဓားသည် သူ၏ ဓား ဟုတ်၊ မဟုတ် ဆိုသည်ကို ထွက်ဆိုခဲ့ခြင်း မဟုတ်ဘဲ သူ သတ်မိသည် ဆိုသည်ကိုသာ ထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း တရားခံ ရှေ့နေ ဦးစိန် မြင့် ပြောသည်။

“ပထမတုန်းကတော့ သူ ၀န်ခံတယ်၊ နောက်ကျတော့် သူ ငြင်းတယ်။ ရဲရှေ့မှာ ဘယ်လောက်ပဲ ၀န်ခံ၊ ၀န်ခံ ရဲရှေ့မှာ ထွက် တဲ့ သက်သေက ဥပဒေအရ သက်သေခံ မဝင်ပါဘူး။ ရဲမှာ ပြောတာတွေကို အပြီးသတ် ယုံကြည်လို့ မရတဲ့အတွက် တရား ရုံး ဆိုတာ ထားတယ်။ တရားရုံး အရှေ့ရောက်တော့မှ နှစ်ဘက် ထွက်ဆိုချက်နဲ့ တရားမျှတစွာ အပြန်အလှန် ပြောခွင့် ချေပခွင့် ရှိတာပါ” ဟု ရှေ့နေ ဦးစိန်မြင့်က ဆိုသည်။


http://mobile.irrawaddy.com/

http://www.ayechanmon-news.com/2015/12/blog-post_62.html

No comments:

Post a Comment