Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 29, 2015

ေအးခ်မ္းျမတ္မိုးအမႈ အမိန္႔ခ်ျပီးေနာက္ ႏွစ္ဘက္လိုက္ပါလာသူမ်ား တရား႐ုံးအျပင္၌ ခိုက္ရန္ျဖစ္ပြား






ေမာ္ဒယ္ ေအးခ်မ္းျမတ္မိုး အသတ္ခံရသည့္အမႈအား ရန္ကုန္ အေနာက္ပိုင္းခ႐ုိင္တရား႐ုံးမွ အမိန္႔ခ်မွတ္ျပီးခ်ိန္၌ တရား႐ုံးအျပင္ဘက္တြင္ ႏွစ္ဘက္ လိုက္ပါလာသူမ်ားအၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဳးလြန္သူ အံ့ျဖိဳးပိုင္အား ရန္ကုန္ အေနာက္ပိုင္းခ႐ုိင္တရား႐ုံးက ဒီဇင္ဘာ ၂၉ ရက္ မနက္ ၁၁ နာရီခန္႔က ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၀၂/၂ အရ အလုပ္ႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္တိတိ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။ အဆိုပါ အမိန္႔ႏွင့္ပတ္သက္၍ ျပစ္မႈႏွင့္ျပစ္ဒဏ္ မမွ်တေၾကာင္းႏွင့္ တိုင္းအဆင့္သို႔ ထပ္မံတက္ေရာက္သြားမည္ျဖစ္ေၾကာင္း တရားလိုျဖစ္သူ ေအးခ်မ္းျမတ္မိုး၏ဖခင္ ဦး၀ဏၰက ေျပာၾကားခဲ့သည္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

.........................................................

အေးချမ်းမြတ်မိုးအမှု အမိန့်ချပြီးနောက် နှစ်ဘက်လိုက်ပါလာသူများ တရားရုံးအပြင်၌ ခိုက်ရန်ဖြစ်ပွား

မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရသည့်အမှုအား ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ပြီးချိန်၌ တရားရုံးအပြင်ဘက်တွင် နှစ်ဘက် လိုက်ပါလာသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျုးလွန်သူ အံ့ဖြိုးပိုင်အား ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၂၉ ရက် မနက် ၁၁ နာရီခန့်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၂ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမိန့်နှင့်ပတ်သက်၍ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတကြောင်းနှင့် တိုင်းအဆင့်သို့ ထပ်မံတက်ရောက်သွားမည်ဖြစ်ကြောင်း တရားလိုဖြစ်သူ အေးချမ်းမြတ်မိုး၏ဖခင် ဦးဝဏ္ဏက ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment