Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 29, 2015

လိပ္ကြၽန္းလူသတ္မႈႏွင့္ ေရြ႕ေျပာင္း အလုပ္သမားမ်ားကိစၥ ဦးေဇာ္ေဇာ္ အတတ္ႏိုင္ဆံုး ကူညီမည္


ရန္ကုန္၊ ဒီဇင္ဘာ ၂၉ ။ ။ ဧရာဝတီေဖာင္ေဒးရွင္း ဥကၠ႒ ဦးေဇာ္ေဇာ္ႏွင့္ ထိုင္းႏိုင္ငံအေျခစိုက္ ပညာေရးႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ ေရး ေဖာင္ေဒးရွင္း FED အမႈေဆာင္ဒါ႐ိုက္တာ ဦးထူးခ်စ္တို႔ ဒီဇင္ဘာ ၂၉ ရက္ ေန႔လယ္ ၁၂ နာရီအ ခ်ိန္က ျပည္လမ္း ႏိုဗိုတယ္ဟိုတယ္၌ ေတြဆံုေဆြးေႏြးခဲ့ၾကၿပီး ဦးေဇာ္ေဇာ္က လိပ္ကြၽန္းလူသတ္မႈႏွင့္ ေရြ႕ေျပာင္း အလုပ္သမားမ်ားကိစၥ အတတ္ႏိုင္ဆံုး ကူညီမည္ဟု ေျပာၾကားခဲ့သည္။

ေဆြးေႏြးမႈႏွင့္ ပတ္သက္၍ ဦးထူးခ်စ္က လိုအပ္တာေတြ အတတ္ႏိုင္ဆံုး ကူညီေပးပါမယ္ဟု ဦးေဇာ္ေဇာ္က ေျပာၿပီး ၎၏ ကူညီေပးမႈကို ယံုၾကည္ေၾကာင္း မဇၥ်ိမသို႔ ေျပာၾကားသည္။

''လိပ္ကြၽန္း ကိစၥတင္မကဘဲ အျခားလူသတ္မႈေတြ၊ မုဒိမ္းမႈေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံ ရမႈေတြ၊ ေရြ႕ေျပာင္း အလုပ္သမားေတြရဲ႕ ပညာေရးကိစၥေတြ အားလံုး ေဆြးေႏြးပါတယ္။ သူကိုယ္တိုင္ က ေရြ႕ေျပာင္း အလုပ္သမား ျဖစ္ခဲ့ဖူးေတာ့ ေရြ႕ေျပာင္း အလုပ္သမားေတြကိစၥ သူတတ္ႏိုင္သေလာက္ ကူညီေဆာင္ရြက္ေပးမယ္ဆိုတာ ယံုၾကည္ပါတယ္။ ေနာက္ၿပီး ရေႏွာင္းလူသတ္မႈတြင္ မတရား ဖမ္းဆီးခံရသူမ်ားအတြက္ တတ္ႏိုင္သေလာက္ ကူညီေပးမယ္လို႔ ေျပာပါတယ္'' ဟု ၎က ဆိုသည္။

ေဆြးေႏြးပြဲတြင္ ပါဝင္ခဲ့သူ ဧရာဝတီေဖာင္ေဒးရွင္းမွ ဦးရဲမ်ိဳးဟိန္းက ''လိပ္ကြၽန္းလူသတ္မႈတင္ မကပါဘူး၊ ရေႏွာင္းလူသတ္မႈနဲ႔ ပတ္သက္တဲ့ကိစၥ၊ ေရြ႕ေျပာင္းအလုပ္သမား ကိစၥေတြပါ ေဆြးေႏြးျဖစ္ခဲ့ ပါတယ္။ ဦးထူးခ်စ္တို႔ဘက္က အေနအထားကို ရွင္းျပတယ္။ ကြၽန္ေတာ္တို႔ ဘက္ကတတ္ႏိုင္ သေလာက္ ကူညီေပးဖို႔ ခုမွ စတင္ ေဆြးေႏြးတာပါ။ သူတို႔ဘက္က ဘာေတြလိုအပ္သလဲ၊ ဘယ္လို ဆက္သြားမလဲ၊ ဝင္းနဲ႔ေဇာ္ တို႔ရဲ႕ မိသားစုေတြကို ကူညီဖို႔၊ ရေႏွာင္းကိစၥကိုလဲ ကူညီဖို႔ ေဆြးေႏြးခဲ့ၾက ပါတယ္'' ဟု ဆိုသည္။

၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္က ထုိင္းႏုိင္ငံေတာင္ပုိင္း၊ ရေနာင္းၿမိဳ႕တြင္ အသက္ ၁၈ ႏွစ္အ႐ြယ္၊ ထုိင္းေက်ာင္းသူတစ္ဦးကုိ ဓါးျဖင့္ ၁၇ ခ်က္ျဖင့္ ထုိးသတ္ခဲ့သည္ဟုဆုိကာ ျမန္မာႏိုင္ငံ သားမ်ားျဖစ္သည့္ မုိးဇင္ေအာင္္၊ ေမာ္ေဝလင္း၊ စိန္ကတံုးႏွင့္ ေက်ာ္စုိးဝင္းတို႔ကို ထုိင္းရဲတပ္ဖြဲ႔က ေအာက္တုိဘာလအတြင္း ဖမ္းဆီးခဲ့သည္။

ဦးထူးခ်စ္ ဦးေဆာင္ေသာ FED အဖြဲ႔သည္ လိပ္ကြၽန္းလူသတ္မႈအျပင္၊ ရေႏွာင္းလူသတ္မႈႏွင့္ ထိုင္းႏိုင္ငံရွိ ျမန္မာေရြ႕ေျပာင္း အလုပ္သမားမ်ား၏ ပညာေရး၊ ဖြံ႔ၿဖိဳးတိုးတက္ေရးတို႔ကို ေဆာင္႐ြက္ ေနေသာ အဖြဲ႔ျဖစ္သည္။

http://mizzimaburmese.com/

.................................................................

လိပ်ကျွန်းလူသတ်မှုနှင့် ရွေ့ပြောင်း အလုပ်သမားများကိစ္စ ဦးဇော်ဇော် အတတ်နိုင်ဆုံး ကူညီမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။ ။ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်တို့ ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီအ ချိန်က ပြည်လမ်း နိုဗိုတယ်ဟိုတယ်၌ တွေဆုံဆွေးနွေးခဲ့ကြပြီး ဦးဇော်ဇော်က လိပ်ကျွန်းလူသတ်မှုနှင့် ရွေ့ပြောင်း အလုပ်သမားများကိစ္စ အတတ်နိုင်ဆုံး ကူညီမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးမှုနှင့် ပတ်သက်၍ ဦးထူးချစ်က လိုအပ်တာတွေ အတတ်နိုင်ဆုံး ကူညီပေးပါမယ်ဟု ဦးဇော်ဇော်က ပြောပြီး ၎င်း၏ ကူညီပေးမှုကို ယုံကြည်ကြောင်း မဇ္စျိမသို့ ပြောကြားသည်။

''လိပ်ကျွန်း ကိစ္စတင်မကဘဲ အခြားလူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေ၊ ရွေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးကိစ္စတွေ အားလုံး ဆွေးနွေးပါတယ်။ သူကိုယ်တိုင် က ရွေ့ပြောင်း အလုပ်သမား ဖြစ်ခဲ့ဖူးတော့ ရွေ့ပြောင်း အလုပ်သမားတွေကိစ္စ သူတတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ နောက်ပြီး ရနှောင်းလူသတ်မှုတွင် မတရား ဖမ်းဆီးခံရသူများအတွက် တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြောပါတယ်'' ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဧရာဝတီဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက ''လိပ်ကျွန်းလူသတ်မှုတင် မကပါဘူး၊ ရနှောင်းလူသတ်မှုနဲ့ ပတ်သက်တဲ့ကိစ္စ၊ ရွေ့ပြောင်းအလုပ်သမား ကိစ္စတွေပါ ဆွေးနွေးဖြစ်ခဲ့ ပါတယ်။ ဦးထူးချစ်တို့ဘက်က အနေအထားကို ရှင်းပြတယ်။ ကျွန်တော်တို့ ဘက်ကတတ်နိုင် သလောက် ကူညီပေးဖို့ ခုမှ စတင် ဆွေးနွေးတာပါ။ သူတို့ဘက်က ဘာတွေလိုအပ်သလဲ၊ ဘယ်လို ဆက်သွားမလဲ၊ ဝင်းနဲ့ဇော် တို့ရဲ့ မိသားစုတွေကို ကူညီဖို့၊ ရနှောင်းကိစ္စကိုလဲ ကူညီဖို့ ဆွေးနွေးခဲ့ကြ ပါတယ်'' ဟု ဆိုသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့တွင် အသက် ၁၈ နှစ်အရွယ်၊ ထိုင်းကျောင်းသူတစ်ဦးကို ဓါးဖြင့် ၁၇ ချက်ဖြင့် ထိုးသတ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံ သားများဖြစ်သည့် မိုးဇင်အောင််၊ မော်ဝေလင်း၊ စိန်ကတုံးနှင့် ကျော်စိုးဝင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလအတွင်း ဖမ်းဆီးခဲ့သည်။

ဦးထူးချစ် ဦးဆောင်သော FED အဖွဲ့သည် လိပ်ကျွန်းလူသတ်မှုအပြင်၊ ရနှောင်းလူသတ်မှုနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် နေသော အဖွဲ့ဖြစ်သည်။

http://mizzimaburmese.com/

No comments:

Post a Comment