CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 9, 2015
ဘာလီကၽြန္း ေတာနက္ထဲက တေစၦနန္းေတာ္ဟိုတယ္
ကမၻာ့သတင္း
The Mirror
ဘာလီ၊ ဒီဇင္ဘာ-၈ ။ ။ ခရီးသြား၀ါသနာအိုး ဂ်က္ေကာ့ လာကိုင္တစ္ဆိုသူက ဘာလီေတာအုပ္အလယ္တြင္ စြန္႔ပစ္ထားသည့္ ဟိုတယ္တစ္ခုကို ေတြ႕ရွိခဲ့သည္။
ဟိုတယ္၀င္းအတြင္း နာရီေပါင္းမ်ားစြာၾကာေအာင္ စူးစမ္းေလ့လာၿပီးေနာက္ သူ၏ ဆန္းၾကယ္ေသာ ေတြ႕ရွိမႈကို ကမၻာႀကီးႏွင့္ မွ်ေ၀ရန္ ဗြီဒီယိုရိုက္ထားဖို႔ ဆံုးျဖတ္လိုက္သည္။
ဗြီဒီယိုထဲတြင္ ေရခ်ိဳးခန္းတြဲလွ်က္ အျပည့္အစံုႏွင့္ ဟိုတယ္ခန္းမ်ားမွာ အိုမင္း ေဆြးေျမ႕ေနၿပီျဖစ္ၿပီး ၀င္ေပါက္တစ္ေပါက္တြင္မူ ထူးဆန္းထိတ္လန္႔ဖြယ္ရာ ညွပ္ဖိနပ္တစ္ရံ ရွိေနသည္။
အျပင္ဘက္ကြက္လပ္ထဲတြင္မူ ျမက္ၿခံဳမ်ား ဖံုးလႊမ္းေနၿပီး ပုံမွန္ထက္ႀကီးမားသည့္ ရုပ္တုႀကီးမ်ားမွာလည္း ပ်က္စီးၿပိဳက်ေနသည္။
၁၉၉၀ခုႏွစ္မ်ားက တည္ေဆာက္စဥ္ကမူ ကၽြန္းသို႔ လာေရာက္လည္ပတ္သည့္ လူခ်မ္းသာဧည့္သည္ မ်ားအတြက္ ရည္ရြယ္၍ ခမ္းခမ္းနားနား တည္ေဆာက္ခဲ့ပံုရသည္။
အခ်ိဳ႕က ဟိုတယ္မွာ လုပ္ငန္းမစမီကပင္ ေဒ၀ါလီခံသြားသည္ဟု ေျပာၾကၿပီး ေစ်းခ်၍ ကၽြန္းေပၚရွိ အျခားဟိုတယ္မ်ားကို ယွဥ္ၿပိဳင္ႏိုင္ရန္ႀကိဳးစားခဲ့သည့္ မသမာေသာ ဟိုတယ္ေဆာက္သူက က်ိန္စာတို္က္ခဲ့သည္ဟု ယုံၾကည္ေနၾကသည္။
အျခားလူအေတာ္မ်ားမ်ားကလည္း ဟိုတယ္ေဆာက္လုပ္ေနစဥ္အတြင္း အႏၱရာယ္မကင္းသည့္ လုပ္ငန္းခြင္တြင္ အဓမၼခိုင္းေစခံရေသာ အလုပ္သမားမ်ား၏ ၀ိဥာဥ္မ်ားက ေျခာက္လွန္႔ေနသည္ဟုလည္း အယံုအၾကည္ရွိၾကသည္။
ဂ်က္ေကာ့က ၄င္း၏ ဗီြဒီယိုကို ဒီဇင္ဘာ ၁ ရက္ေန႔တြင္ YouTube တြင္ လႊင့္တင္ခဲ့ရာ ၾကည့္ရႈသူ ၁၂၈၀၀ေက်ာ္အထိ ရွိခဲ့သည္။
ဗြီဒီယိုႏွင့္အတူ ဘာလီကၽြန္းထဲမွာ စြန္႔ပစ္ထားတဲ့ ဟိုတယ္ႀကီးတစ္ခုကို ေတြ႕ခဲ့ၿပီး နာရီေပါင္းမ်ားစြာၾကာေအာင္ ေလ့လာခဲ့တယ္ဟု ပံုစာထိုးထားသည္။ ေဒသခံမ်ားကမူ ထိုနန္းေတာ္ကို တေစၦနန္းေတာ္ ဟိုတယ္ဟု ေခၚၾကသည္ဟု ဆိုသည္။
- See more at: http://mizzimaburmese.com/article/8361#sthash.jZbKsbWp.RyrYQiAm.dpuf
.............................
ဘာလီကျွန်း တောနက်ထဲက တစ္ဆေနန်းတော်ဟိုတယ်
ကမ္ဘာ့သတင်း
The Mirror
ဘာလီ၊ ဒီဇင်ဘာ-၈ ။ ။ ခရီးသွားဝါသနာအိုး ဂျက်ကော့ လာကိုင်တစ်ဆိုသူက ဘာလီတောအုပ်အလယ်တွင် စွန့်ပစ်ထားသည့် ဟိုတယ်တစ်ခုကို တွေ့ရှိခဲ့သည်။
ဟိုတယ်ဝင်းအတွင်း နာရီပေါင်းများစွာကြာအောင် စူးစမ်းလေ့လာပြီးနောက် သူ၏ ဆန်းကြယ်သော တွေ့ရှိမှုကို ကမ္ဘာကြီးနှင့် မျှဝေရန် ဗွီဒီယိုရိုက်ထားဖို့ ဆုံးဖြတ်လိုက်သည်။
ဗွီဒီယိုထဲတွင် ရေချိုးခန်းတွဲလျှက် အပြည့်အစုံနှင့် ဟိုတယ်ခန်းများမှာ အိုမင်း ဆွေးမြေ့နေပြီဖြစ်ပြီး ၀င်ပေါက်တစ်ပေါက်တွင်မူ ထူးဆန်းထိတ်လန့်ဖွယ်ရာ ညှပ်ဖိနပ်တစ်ရံ ရှိနေသည်။
အပြင်ဘက်ကွက်လပ်ထဲတွင်မူ မြက်ခြုံများ ဖုံးလွှမ်းနေပြီး ပုံမှန်ထက်ကြီးမားသည့် ရုပ်တုကြီးများမှာလည်း ပျက်စီးပြိုကျနေသည်။
၁၉၉၀ခုနှစ်များက တည်ဆောက်စဉ်ကမူ ကျွန်းသို့ လာရောက်လည်ပတ်သည့် လူချမ်းသာဧည့်သည် များအတွက် ရည်ရွယ်၍ ခမ်းခမ်းနားနား တည်ဆောက်ခဲ့ပုံရသည်။
အချို့က ဟိုတယ်မှာ လုပ်ငန်းမစမီကပင် ဒေဝါလီခံသွားသည်ဟု ပြောကြပြီး စျေးချ၍ ကျွန်းပေါ်ရှိ အခြားဟိုတယ်များကို ယှဉ်ပြိုင်နိုင်ရန်ကြိုးစားခဲ့သည့် မသမာသော ဟိုတယ်ဆောက်သူက ကျိန်စာတို်က်ခဲ့သည်ဟု ယုံကြည်နေကြသည်။
အခြားလူအတော်များများကလည်း ဟိုတယ်ဆောက်လုပ်နေစဉ်အတွင်း အန္တရာယ်မကင်းသည့် လုပ်ငန်းခွင်တွင် အဓမ္မခိုင်းစေခံရသော အလုပ်သမားများ၏ ၀ိဉာဉ်များက ခြောက်လှန့်နေသည်ဟုလည်း အယုံအကြည်ရှိကြသည်။
ဂျက်ကော့က ၄င်း၏ ဗွီဒီယိုကို ဒီဇင်ဘာ ၁ ရက်နေ့တွင် YouTube တွင် လွှင့်တင်ခဲ့ရာ ကြည့်ရှုသူ ၁၂၈၀၀ကျော်အထိ ရှိခဲ့သည်။
ဗွီဒီယိုနှင့်အတူ ဘာလီကျွန်းထဲမှာ စွန့်ပစ်ထားတဲ့ ဟိုတယ်ကြီးတစ်ခုကို တွေ့ခဲ့ပြီး နာရီပေါင်းများစွာကြာအောင် လေ့လာခဲ့တယ်ဟု ပုံစာထိုးထားသည်။ ဒေသခံများကမူ ထိုနန်းတော်ကို တစ္ဆေနန်းတော် ဟိုတယ်ဟု ခေါ်ကြသည်ဟု ဆိုသည်။
- See more at: http://mizzimaburmese.com/article/8361#sthash.jZbKsbWp.RyrYQiAm.dpuf
ဘာလီကၽြန္း ေတာနက္ထဲက တေစၦနန္းေတာ္ဟိုတယ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment