Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 26, 2015

ေကာင္းကင္ဘံုရဲ့ အေမွာင္ျခမ္း (သို႔) ေကာ့ေတာင္ကၽြန္း မာဖီးယား

ထိုင္းႏိုင္ငံရဲ့ ကမၻာလွည့္ခရီးသြားလုပ္ငန္းဟာ အာရွတိုက္မွာ နာမည္အႀကီးဆံုးလို႔ ေျပာလို႔ရမယ္ ထင္ပါတယ္။ သာယာလွပတဲ့ ကမ္းေျခေတြ၊ အေရွ႕ေတာင္အာရွကို ကိုယ္စားျပဳႏိုင္တဲ့ ရသာေကာင္းမြန္လွတဲ့ စားေသာက္ဖြယ္ရာေတြ၊ လြတ္လပ္ပြင့္လင္းတဲ့ လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းေတြ၊ လြယ္လင့္တကူ ၀ယ္ယူႏိုင္တဲ့ မူးယစ္ေဆး၀ါးေတြ၊ တျခားႏိုင္ငံေတြထက္စာရင္ အစစအရာရာ ေစ်းႏႈန္းသက္သာမႈ စတဲ့အခ်က္ေတြဟာ ထိုင္းႏိုင္ငံကို ႏွစ္စဥ္ႀကိတ္ႀကိတ္တိုး ၀င္လာေနတဲ့ တိုးရစ္ေတြအတြက္ အဓိကဆြဲေဆာင္မႈ ျဖစ္ေနပါတယ္။ အေနာက္ႏိုင္ငံသား အျဖဴေတြအေပၚ တျခားလူမ်ိဳးေတြထက္ ပိုၿပီး ေဖာ္ေရြရင္းႏွီးလိုတဲ့ ထိုင္းလူမ်ိဳးေတြရဲ့ စရိုက္ေၾကာင့္လည္း ထိုင္းႏိုင္ငံဟာ အေနာက္ႏိုင္ငံသားေတြအတြက္ Paradise တစ္ခုလို ျဖစ္ေနခဲ့ပါတယ္။ ထိုင္းႏိုင္ငံအေၾကာင္း ထဲထဲ၀င္၀င္ မသိေသးသေရြ႕ကေတာ့ လူေတာ္ေတာ္မ်ားမ်ားရဲ့ စိတ္ထဲမွာ ထိုင္းႏိုင္ငံဟာ တိုးရစ္ေတြအတြက္ အိပ္မက္ထဲက ေကာင္းကင္ဘံုတစ္ခုအျဖစ္ တည္ရွိေနအုန္းမွာပါပဲ။ ဒီေဆာင္းပါးမွာ လူအမ်ားစု ေကာင္းကင္ဘံုလို႔ ထင္မွတ္တဲ့ ေနရာထဲက အေမွာင္ျခမ္း သို႔မဟုတ္ လူအမ်ားစု မသိေသးတဲ့ ထိုင္းႏိုင္ငံရဲ့ ဒုစရိုက္ေလာကအေၾကာင္းကို တင္ျပသြားမွာျဖစ္ပါတယ္။
အားလံုးသိၾကတဲ့အတိုင္း ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ထိုင္းႏိုင္ငံ ေကာ့ေတာင္ကၽြန္းမွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမားေလးႏွစ္ဦးဟာ ျဗိတိန္ႏိုင္ငံသား တိုးရစ္ႏွစ္ဦးကို မုဒိန္းက်င့္သတ္ျဖတ္မႈနဲ႔ ေသဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ လူစားထိုးဖမ္းဆီးျခင္းလို႔ သံသယျဖစ္စရာ အခ်က္အလက္ေပါင္းမ်ားစြာနဲ႔ စီရင္ခ်က္ခ်ဖို႔ရာ တစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့တဲ့ ဒီလူသတ္မႈဟာ စီရင္ခ်က္ခ်ၿပီးတဲ့အခ်ိန္ထိ ထိုင္းႏိုင္ငံရဲ့ တရားစီရင္ေရးမ႑ိဳင္ကို ေမးခြန္းထုတ္စရာ တပံုႀကီးက်န္ရွိေစခဲ့ပါတယ္။ ဘာေၾကာင့္ပါလဲ။
ထိုင္းႏိုင္ငံအေၾကာင္းကို ေျပာၾကတဲ့အခါ လူေတာ္ေတာ္မ်ားမ်ား မသိေသးလို႔ မေျပာျဖစ္တဲ့ အခ်က္တစ္ခုကေတာ့ ထိုင္းလို Chao Pho “เจ้าพ่อ”လို႔ေခၚတဲ့ ေကာ့ေတာင္ကၽြန္းအပါအ၀င္ ထိုင္းပင္လယ္ေကြ႕ထဲက ကမ္းေျခေတြမွာ က်က္စားေနတဲ့ မာဖီးယားေတြ အေၾကာင္းပဲျဖစ္ပါတယ္။ Chao Pho (သို႔) Jao Poh ေတြဟာ ဟန္တရုတ္အႏြယ္ေတြျဖစ္ၿပီး အဲဒီေဒသမွာ စီးပြားေရးလုပ္ငန္းေတြကို တရား၀င္ေရာ၊ တရားမ၀င္ပါ ဂိုဏ္းဖြဲ႕လုပ္ကိုင္ေနသူေတြ ျဖစ္ၾကပါတယ္။ သူတို႔မွာ ကိုယ္စီကိုယ္ငွ အသိုင္းအ၀ိုင္းနဲ႔ ေနာက္လိုက္ေနာက္ပါေတြ ရွိၾကပါတယ္။ အစိုးရပိုင္းက အာဏာရွိတဲ့လူေတြ၊ ရဲအရာရွိေတြအပါအ၀င္ ဌာနဆိုင္ရာေတြကို ခါးပိုက္ထဲ ထည့္ထားသူေတြ ျဖစ္ၿပီး ေဒသတြင္း အုပ္ခ်ဳပ္ေရးကို ၀င္ေရာက္စြက္ဖက္ႏိုင္စြမ္း ရွိသူေတြျဖစ္ၾကပါတယ္။ ဒါ့အျပင္ ထိုင္းႏိုင္ငံလႊတ္ေတာ္ ေရြးေကာက္ပြဲေတြမွာပါ ေငြထုတ္ပစ္ၿပီး ထိုးေဖာက္ျခယ္လွယ္ႏိုင္သူေတြ ျဖစ္ပါတယ္။ အဲဒီ Chao Pho ဂိုဏ္းေတြဟာ ထိုင္းႏိုင္ငံတြင္းမွာ စုစုေပါင္း ၃၉ ဂိုဏ္းရွိတယ္လို႔ သိရပါတယ္။ သူတို႔ဟာ တရား၀င္စီးပြားေရးလုပ္ငန္းေတြကေန ၀င္ေငြအမ်ားအျပား ရရွိေနသလို ျပည့္တန္ဆာ၊ မူးယစ္ေဆး၀ါး၊ လူကုန္ကူးျခင္းနဲ႔ တရားမ၀င္ ေလာင္းကစားလုပ္ငန္းေတြကေန ၀င္ေငြအမ်ားအျပား ရရွိေနပါတယ္။ သူတို႔ဟာ ျမန္မာျပည္အေျခစိုက္ United Wa State Army (၀ျပည္ေသြးစည္းညီညြတ္ေရး တပ္မေတာ္)ရဲ့ အဖြဲ႕၀င္ျဖစ္တဲ့ Red Wa ေတြနဲ႔ တရားမ၀င္ မူးယစ္ေဆး၀ါး ကုန္သြယ္မႈေတြကို ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
ေကာ့ေတာင္ကၽြန္းရဲ့ သမိုင္းအက်ဥ္း
တခ်ိန္က လိပ္ကၽြန္း(၀ါ) ေကာ့ေတာင္ကၽြန္းဟာ ခုေခတ္ျမင္ေနရတာနဲ႔ တျခားစီျဖစ္ပါတယ္။ အဲဒီကၽြန္းဟာ မေလးလူမ်ိဳး တံငါသည္ေတြအတြက္ ပင္လယ္ထဲ တေထာက္နားစရာ ေနရာတစ္ခုအျဖစ္ ရာစုႏွစ္ေပါင္းမ်ားစြာ တည္ရွိေနခဲ့ပါတယ္။ ခရစ္သကၠရာဇ္ ၁၈၀၀ ခုႏွစ္၀န္းက်င္ေလာက္ထိ ကၽြန္းေပၚမွာ လူေနအိမ္ အနည္းငယ္ပဲ ရွိခဲ့ပါတယ္။ ၁၈၉၀ခုႏွစ္ေလာက္မွာေတာ့ ထိုင္းႏိုင္ငံရဲ့ အထင္ရွားဆံုးဘုရင္ ခ်ဴလာေလာင္ကြန္ဟာ ေကာ့ေတာင္ကၽြန္းကို တိုင္းခန္းလွည့္လည္ခဲ့လို႔ သူလာေရာက္ခဲ့တဲ့ အထိမ္းအမွတ္ေနရာကို လူသတ္မႈျဖစ္ပြားရာ AC Bar တည္ရွိတဲ့ Sairee ကမ္းေျခမွာ တည္ေဆာက္ထားတာကို ေတြ႕ႏိုင္ပါတယ္။ ခ်ဴလာေလာင္ကြန္လာေရာက္လည္ပတ္ၿပီး ေနာက္ပိုင္းမွာလည္း ၁၉၃၂ခုႏွစ္အထိ ေကာ့ေတာင္ကၽြန္းဟာ သာမန္တံငါရြာေလးတစ္ရြာအျဖစ္ ဆက္လက္တည္ရွိေနခဲ့ပါတယ္။ ၁၉၃၂ခုႏွစ္ ေနာက္ပိုင္းမွာ ထိုင္းႏိုင္ငံေရး အေျပာင္းအလဲေတြ ျဖစ္ၿပီး ေကာ့ေတာင္ကၽြန္းဟာ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို တကၽြန္းပို႔တဲ့ ေနရာတစ္ခုအျဖစ္ ၁၉၄၇ခုႏွစ္အထိ တည္ရွိေနခဲ့ပါတယ္။ ဒီကာလေတြဟာ ေကာ့ေတာင္ကၽြန္းကို ထိုင္းျပည္မႀကီးကလူေတြ ပထမဆံုးလာေရာက္ေနထိုင္တဲ့ အခ်ိန္ကာလ ျဖစ္ခဲ့ပါတယ္။ ၁၉၄၇ခုႏွစ္မွာေတာ့ ေကာ့ေတာင္ကၽြန္းက တကၽြန္းစံ ႏိုင္ငံေရးအက်ဥ္းသားေတြကို လြတ္ျငိမ္းခ်မ္းသာခြင့္ေပးလိုက္လို႔ အလွ်ိဳလွ်ိဳ ျပန္ထြက္သြားၾကရင္း ေကာ့ေတာင္ကၽြန္းဟာ နဂိုမူလအတိုင္း တိတ္ဆိတ္တဲ့ တံငါရြာေလး ျပန္ျဖစ္သြားခဲ့ရပါတယ္။
ဗီယက္နမ္စစ္ပြဲျဖစ္ပြားတဲ့အခ်ိန္မွာေတာ့ အေရွ႕ေတာင္အာရွကို ေရာက္လာတဲ့ အေမရိကန္စစ္သားေတြေၾကာင့္ ၁၉၆၀နဲ႔ ၁၉၇၀ ခုႏွစ္အတြင္းမွာ ထိုင္းႏိုင္ငံရဲ့ ခရီးသြားလုပ္ငန္းဟာ တဟုန္ထိုး တိုးတက္လာခဲ့ပါတယ္။ နယ္ေျမသစ္ ရွာေဖြတဲ့ ခရီးသြားေတြဟာ ေ၀းလံသီေခါင္လွတဲ့ ထိုင္းပင္လယ္ေကြ႕ထဲက ေကာ့စမြီ၊ ေကာ့ပငန္းနဲ႔ ေကာ့ေတာင္ကၽြန္းေတြဆီကို ၁၉၈၀ခုႏွစ္ေလာက္မွာ ဆိုက္ေရာက္လာခဲ့ၿပီး Scuba Diving လုပ္ဖို႔ အေကာင္းဆံုးေနရာေတြကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ အဲဒီကေန ေကာ့ေတာင္ကၽြန္းဟာ သာမန္တံငါရြာေလးဘ၀ကေန ကမၻာေက်ာ္အပန္းေျဖစခန္းတစ္ခုျဖစ္လာၿပီး ေျပာင္းေရြ႕အေျခခ်သူေတြ တစတစ မ်ားျပားလာခဲ့ပါတယ္။ စားေသာက္ဆိုင္ေတြ၊ ဘားေတြ၊ ႏိုက္ကလပ္ေတြ၊ Scuba Diving Boat စခန္းေတြ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမ်ားလာၿပီး တခ်ိန္က နယ္ခံလူေတြ အေျခခ်ေနထိုင္ခဲ့တဲ့ ကၽြန္းေပၚက ေရခ်ိဳထြက္ရာ ေနရာအမ်ားဆံုးရွိတဲ့ Chalok Ban Kao ဟာ ခုခ်ိန္မွာ အလုပ္သမားလူတန္းစားေတြ အမ်ားဆံုးေနထိုင္ရာ ရပ္ကြက္တစ္ခုျဖစ္လာၿပီး ကၽြန္းပတ္ပတ္လည္ ကမ္းေျခေတြမွာေတာ့ အပန္းေျဖစခန္းေတြ အေျမာက္အျမားနဲ႔ စည္ကားလာခဲ့ပါတယ္။ (Chalok Ban Kao ဟာ ထိုင္းႏိုင္ငံမွာ စာေရးသူ အၾကာျမင့္ဆံုး ေနထိုင္ခဲ့တဲ့ ေနရာတစ္ခုျဖစ္ပါတယ္)။
ေကာ့ေတာင္ကၽြန္းကို ပိုင္စိုးသူမ်ား
ထိုင္းႏိုင္ငံရဲ့ ဥပေဒဟာ စာရြက္ေပၚမွာေတာ့ Lèse majesté လို ထိုင္းဘုရင္မိသားစုနဲ႔ သက္ဆိုင္တဲ့ ဥပေဒမ်ိဳးကလြဲရင္ ႏိုင္ငံတကာအဆင့္အတန္းနဲ႔ ကိုက္ညီေကာင္းကိုက္ညီပါလိမ့္မယ္။ ဒါေပမယ့္ တရားဥပေဒစိုးမိုးေရးကို လုပ္ေဆာင္တဲ့ေနရာမွာေတာ့ ကိုယ့္ဖက္ကိုယ္ အလြန္ယက္တဲ့ အလြန္႔အလြန္မမွ်တတဲ့ လုပ္ေဆာင္ခ်က္မ်ိဳးေတြကို ႏိုင္ငံအႏွံ႔မွာ ေတြ႔ရပါလိမ့္မယ္။ အဲဒီလိုစနစ္မ်ိဳးေအာက္မွာ ထိုင္းႏိုင္ငံတြင္း Chao Pao မာဖီးယားဂိုဏ္းေတြ ေခါင္းေထာင္ႏိုင္တာဟာ မထူးဆန္းဘူးလို႔ ေျပာလို႔ရမယ္ထင္ပါတယ္။ Chao Pho မာဖီးယားဂိုဏ္းေတြထဲက ေကာ့ေတာင္ကၽြန္းမွာ ဗိုလ္က်စိုးမိုးေနတဲ့ မိသားစုငါးခုရွိပါတယ္။ အဲဒီကၽြန္းနဲ႔ပတ္သက္ၿပီး တစ္ခုခုလုပ္ခ်င္ရင္ အဲဒီမာဖီးယားမိသားစု ငါးခုနဲ႔ မပတ္သက္ပဲ ေနလို႔ကို မရပါဘူး။ ေကာ့ေတာင္ကၽြန္းမွာ အရွည္လ်ားဆံုး ကမ္းေျချဖစ္တဲ့ ခု လူသတ္မႈျဖစ္ပြားရာ Sairee ကမ္းေျခကို မိသားစု ငါးခုထဲက သံုးခုက ထိန္းခ်ဳပ္ထားပါတယ္။ က်န္တဲ့ႏွစ္စုကေတာ့ Chalok Ban Kao အပါအ၀င္ တျခားေနရာေတြကို ထိန္းခ်ဳပ္ထားပါတယ္။ Sairee ကမ္းေျခကို ထိန္းခ်ဳပ္ထားတဲ့ မိသားစုသံုးစုထဲမွာ AC ဘားပိုင္ရွင္ မိသားစုဟာ ပါ၀ါအႀကီးဆံုးပါပဲ။ အဲဒီဘားပိုင္ရွင္ကို ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြက ကၽြန္းသူႀကီးလို႔ ေခၚၾကပါတယ္။ ဒီမိသားစုေတြဟာ ေကာ့ေတာင္ကၽြန္းရဲ့ ခရီးသြားလုပ္ငန္း အစပိုင္းကာလေတြမွာ ကၽြန္းကို ပထမဆံုး ေျပာင္းေရြ႕အေျခခ်လာခဲ့တဲ့လူေတြရဲ့ မ်ိဳးဆက္ေတြျဖစ္ၾကပါတယ္။ ဥပေဒအရကေတာ့ သူတို႔ဟာ ေျမပိုင္ရွင္ေတြမဟုတ္ၾကပါဘူး။ ထိုင္းႏိုင္ငံရဲ့ ေရေျမေတာေတာင္အကုန္လံုးကို ထိုင္းဘုရင္မင္းျမတ္ကပဲ ပိုင္ဆိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ အင္မတန္နည္းပါးလွတဲ့ ေျမငွားခနဲ႔ ကၽြန္းေပၚက ေနရာအားလံုးနီးပါးကို ငွားရမ္းပိုင္ဆိုင္ခြင့္ ရရွိထားသူေတြ ျဖစ္ၾကပါတယ္။ ေနာက္မွေရာက္လာတဲ့ လုပ္ငန္းရွင္ေတြဟာ သူတို႔ထံကေန တဆင့္ ျပန္လည္ငွားရမ္းလုပ္ကိုင္ရလို႔ ဘယ္သူမွ သူတို႔ကို ျပန္မလွန္ရဲၾကပါဘူး။ တရား၀င္ေျမငွားရမ္းခအျပင္ လုပ္ငန္းအဆင္ေျပေခ်ာေမြ႕ဖို႔ရာ သူတို႔ကို တံစိုးလက္ေဆာင္ေတြ အလ်ဥ္းသင့္သလို ေပးကမ္းၾကရပါတယ္။ ဒါေပမယ့္ ထိုင္းရဲခ်ဳပ္ Somyot ကေတာ့ ဒီကၽြန္းေပၚမွာ မာဖီးယားေတြ မရွိဘူး၊ တကယ္လို႔ ရွိခဲ့ရင္ ေဒသခံေတြနဲ႔ ရဲေတြက ခုေလာက္ဆို သူ႔ကိုသတင္းပို႔ၿပီးေနေလာက္ၿပီလို႔ ေျဗာင္ျငင္းသြားပါတယ္။
အဲဒီမိသားစုေတြဟာ အကုန္လံုးအမ်ိဳးေတြ ပတ္ေတာ္ေနေပမယ့္ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ မတည့္ၾကပါဘူး။ အျမဲလိုလို ၿပိဳင္ဆိုင္မႈေတြ ရွိခဲ့ၿပီး ျပႆနာေတြလည္း အမ်ားႀကီးတက္ခဲ့ဖူးပါတယ္။ ဒီမာဖီးယားမိသားစုေတြအျပင္ ေကာ့ေတာင္ကၽြန္းမွာ ပါ၀ါရွိတဲ့ ဒုစရိုက္အုပ္စုတစ္ခု ရွိေနပါေသးတယ္။ အဲဒါကေတာ့ ေကာ့ေတာင္ကၽြန္းအေျခစိုက္ ထိုင္းရဲတပ္ဖြဲ႕ပဲျဖစ္ပါတယ္။ ကၽြန္းေပၚမွာ ျဖစ္ပ်က္ေနတဲ့ ဒုစရိုက္မႈမွန္သမွ် လစဥ္ေၾကးယူၿပီး ဘာမွအေရးမယူပဲ ထိုင္ၾကည့္ေနတဲ့ ထိုင္းရဲဌာနဟာ မာဖီးယားမိသားစုေတြနဲ႔ အေပးအယူမွ်သေလာက္ တျခားလူေတြအေပၚမွာ အျမဲလိုလို ဗိုလ္က်အႏိုင္က်င့္တတ္ပါတယ္။ အထူးသျဖင့္ ႏိုင္ငံျခားသားတိုးရစ္ေတြနဲ႔ ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြအေပၚ အျမဲတမ္းၿခိမ္းေျခာက္ေငြညွစ္ေလ့ ရွိပါတယ္။ အဲဒီလုပ္ရပ္မ်ိဳးေတြေၾကာင့္ ၂၀၀၇ခုႏွစ္ Global Corruption Barometer မွာ ထိုင္းရဲေတြဟာ ငါးေယာက္မွာ ေလးေယာက္က အလြန္အကၽြံ အက်င့္ပ်က္ျခစားတယ္လို႔ ေဖာ္ျပခံခဲ့ရပါတယ္။
ေကာ့ေတာင္ကၽြန္းေပၚက မူးယစ္ေဆး ေရာင္း၀ယ္ေဖာက္ကားမႈ
ေကာ့ေတာင္ကၽြန္းမွာ ေနရာတိုင္းလိုလို အလြယ္တကူ ၀ယ္ယူလို႔ ရႏိုင္တာက မူးယစ္ေဆး၀ါးပဲ ျဖစ္ပါတယ္။ ဘားေတာ္ေတာ္မ်ားမ်ားမွာ ေဆးေျခာက္ရွဴလို႔ရၿပီး ေဆးေျခာက္ကို ဟင္းခတ္အေမႊးအႀကိဳင္အေနနဲ႔ ထည့္သြင္းခ်က္ျပဳတ္ထားတဲ့ ဟင္းလ်ာေတြကို မီႏူးဆိုင္းဘုတ္ေပၚမွာ ေပၚတင္ေၾကာ္ျငာၿပီး ေရာင္းတဲ့ စားေသာက္ဆိုင္ေတြလည္း အမ်ားအျပားရွိေနပါတယ္။ Ice လို႔ေခၚတဲ့ မူးယစ္ေဆးနဲ႔ ယာဘားစိတ္ၾကြေဆးေတြအျပင္ အေနာက္ႏိုင္ငံသားေတြ အသံုးမ်ားတဲ့ ကိုကင္းကိုပါ ေကာ့ေတာင္ကၽြန္းက ဘားဆိုင္ေတြမွာ အလြယ္တကူ ၀ယ္ယူရရွိႏိုင္ပါတယ္။ အဲဒါေၾကာင့္ မူးယစ္ေဆး၀ါးေရာင္းခ်လို႔ရရွိတဲ့ ေငြေတြဟာ ေကာ့ေတာင္ကၽြန္းရဲ့ ၀င္ေငြထဲမွာ အဓိကအစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ရွိေနၿပီး မာဖီးယားေတြအတြက္ေရာ ရဲေတြအတြက္ပါ ေငြရေပါက္တစ္ခု ျဖစ္ေနခဲ့ပါတယ္။ လြတ္လြတ္လပ္လပ္ စိတ္ထင္တိုင္း ကဲေနတဲ့ တိုးရစ္ေတြကို ေရွာင္တခင္ေခၚစစ္ၿပီး မူးယစ္ေဆးပါလာတာ ဒါမွမဟုတ္ သံုးစြဲထားတာ ေတြ႕ရင္ ရဲေတြက ေငြညွစ္တတ္ပါတယ္။ ဒါဟာ ေကာ့ေတာင္ကၽြန္းမွာ ခရီးသြားလုပ္ငန္း စတင္ခ်ိန္ကတည္းက ခုခ်ိန္ထိ မေျပာင္းလဲေသးတဲ့ အေနအထားတစ္ခု ျဖစ္ပါတယ္။
အေပ်ာ္စီး ဆိုင္ကယ္ငွားရမ္းမႈလုပ္ငန္း
အေပ်ာ္စီးဆိုင္ကယ္ငွားရမ္းေရး လုပ္ငန္းေတြဟာ ကၽြန္းေပၚမွာ ျပႆနာအမ်ားဆံုး လုပ္ငန္းေတြျဖစ္ပါတယ္။ ဒီလုပ္ငန္းေတြကို မာဖီးယားေတြရဲ့ လက္ေ၀ခံလုပ္ငန္းရွင္ေတြ တည္ေထာင္ထားတာျဖစ္ၿပီး ျပႆနာတက္တိုင္း မာဖီးယားေတြက ၀င္ရွင္းေလ့ရွိပါတယ္။ ဆိုင္ကယ္ငွားရမ္းတဲ့ တိုးရစ္ေတြဟာ သူတို႔ရဲ့ ပတ္စပို႔စာအုပ္ကို အေပါင္ထားၿပီး ငွားရမ္းၾကရပါတယ္။ အဲဒါေၾကာင့္ ဆိုင္ကယ္ငွားရမ္းသူေတြ မတရားလုပ္ဖို႔ အကြက္ဆိုက္ေနပါတယ္။ ဆိုင္ကယ္ျပန္အပ္တဲ့အခ်ိန္ ဆိုင္ကယ္မွာ မငွားခင္ကတည္းက ပါလာတဲ့ ပြန္းရာပဲ့ရာေလးကအစ၊ ငွားရမ္းသူေၾကာင့္ တစ္ခုခုျဖစ္လာတာပဲျဖစ္ျဖစ္ ေလ်ာ္ေၾကးကို နင့္ေနေအာင္ ေတာင္းတတ္ပါတယ္။ မေပးရင္ ပတ္စပို႔စာအုပ္နဲ႔ အၾကပ္ကိုင္ပါတယ္။ အဲဒါမွ ဆက္ေခါင္းမာေနရင္ ရဲနဲ႔မာဖီးယား ေရာက္လာၿပီး အဲဒီတိုးရစ္ကို ျပႆနာရွာပါလိမ့္မယ္။ အဲဒီလို ျပႆနာမ်ိဳးေတြေၾကာင့္ www.tripadvisor.com လို ကမၻာေက်ာ္ ခရီးသြားလုပ္ငန္း၀က္ဆိုက္ေတြမွာ ေ၀ဖန္ခ်က္ေတြ အမ်ားႀကီး တက္လာခဲ့ပါတယ္။ ေနာက္တစ္ခ်က္က ကၽြန္းေပၚမွာ အရမ္းေပၚျပဴလာျဖစ္တဲ့ ေလးဘီးဆိုင္ကယ္ ငွားစီးတာဟာလည္း အရမ္းအႏၱရာယ္မ်ားလွပါတယ္။ ေတာင္တက္ေတာင္ဆင္း လမ္းၾကမ္းေတြေပၚမွာ ယာဥ္အာမခံ၊ အသက္အာမခံ၊ ယာဥ္ေမာင္းလိုင္စင္ ဘာတစ္ခုမွမပါပဲ ႀကိဳက္သလို စီးခြင့္ျပဳထားလို႔ မေတာ္တဆ ထိခိုက္ၿပီး ေသဆံုး ဒဏ္ရာရခဲ့တဲ့ တိုးရစ္ေတြ အမ်ားႀကီးပါပဲ။ ယာဥ္တစ္ခုခု ျဖစ္တာပဲျဖစ္ျဖစ္၊ လူတစ္ခုခုျဖစ္တာပဲျဖစ္ျဖစ္ တိုးရစ္ေတြဖက္ကပဲ ကုန္က်ခံရပါတယ္။
ကၽြန္းေပၚက အႀကမ္းဖက္ရာဇ၀တ္မႈမ်ား
၁။ ဘားပိုင္ရွင္တစ္ေယာက္ဟာ စီးပြားေရးကိစၥ ျပႆနာတစ္ခုေၾကာင့္ ညဖက္ လူျမင္ကြင္းမွာ ပစ္သတ္ခံခဲ့ရပါတယ္။ မ်က္ျမင္သက္ေသ အမ်ားအျပားရွိေပမယ့္ ဒီအမႈဟာ ခုခ်ိန္ထိ မေပၚေသးပါဘူး။ ေသဆံုးသူပိုင္ဆိုင္ခဲ့တဲ့ ဘားဟာလည္း ခုခ်ိန္မွာ အရင္ပိုင္ရွင္နဲ႔ မသက္ဆိုင္တဲ့ တျခားတစ္ေယာက္က ဦးစီးလုပ္ကိုင္ေနတာကို ေတြ႕ရပါတယ္။ လူသတ္သမားဟာ ခုခ်ိန္ထိ ကၽြန္းေပၚမွာပဲ ရွိေနၿပီး ဘားပိုင္ရွင္တစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။
၂။ ၂၀၀၂ခုႏွစ္တုန္းက ကၽြန္းေပၚမွာ အခ်မ္းသာဆံုး လုပ္ငန္းရွင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ Ban’s Diving School ပိုင္ရွင္ျဖစ္သူ ကၽြန္းသူႀကီး Virat Asavachin (ဥကၠဌ Tambon Koh Tao Administrative Association ) ဟာ Sairee ကမ္းေျခမွာ ပစ္သတ္ခံခဲ့ရပါတယ္။ သူ႔ရဲ့ Diving School ဟာ ဘတ္သန္းတစ္ရာခန္႔ တန္ဖိုးရွိၿပီး တျခားလုပ္ငန္းေတြလည္း အမ်ားအျပားပိုင္ဆိုင္ခဲ့ပါတယ္။ ဒီလူသတ္မႈဟာ မာဖီးယားမိသားစုေတြၾကားမွာ အာဏာသိမ္းမႈတစ္ခုလို႔ ေျပာလို႔ရမယ္ ထင္ပါတယ္။ ခုခ်ိန္ထိ အဲဒီအမႈဟာလည္း လက္သည္မေပၚႏိုင္ေသးပါဘူး။ အဲဒီအမႈဟာ ဗန္ေကာက္ပို႔စ္သတင္းစာမွာ ေဖာ္ျပခံရတဲ့အထိ နာမည္ႀကီးခဲ့ပါတယ္။ သူ႔ရဲ့အေလာင္းကို ခုခ်ိန္ထိ မီးမသၿဂႋဳလ္ပဲ အေအးခန္းနဲ႔ထားတယ္လို႔ ကၽြန္းေပၚကလူေတြ ေျပာၾကပါတယ္။
၃။ Mae Haad ကမ္းေျခမွာ တကၠစီသမားတစ္ေယာက္က တျခားတကၠစီသမားတစ္ေယာက္ကို ခရီးသည္လုရင္း စကားမ်ားလို႔ လူျမင္ကြင္းမွာ ဓားနဲ႔ထိုးခဲ့ပါတယ္။ ဒါေပမယ့္ အဖမ္းမခံခဲ့ရပါဘူး။ ကၽြန္းေပၚက တကၠစီေတြအကုန္လံုးကို မာဖီးယားမိသားစုႏွစ္ခုက ပိုင္ဆိုင္ၿပီး တျခားလုပ္ငန္းရွင္ေတြကို လုပ္ကိုင္ခြင့္မေပးပဲ မတန္တဆေစ်းနဲ႔ ေျပးဆြဲလွ်က္ ရွိေနပါတယ္။
၄။ မာဖီးယားေတြနဲ႔ အဆင္မေျပတဲ့ ျပင္ပကလာေရာက္လုပ္ကိုင္တဲ့ လုပ္ငန္းရွင္ေတြဟာ ေသနတ္နဲ႔ၿခိမ္းေျခာက္ ႏွင္ထုတ္ခံရတာစတဲ့ ျဖစ္ရပ္ေတြကို ႀကံဳေတြ႕ခဲ့ရပါတယ္။
၅။ ကေနဒါႏိုင္ငံသား ဘားမန္ေနဂ်ာတစ္ေယာက္ရဲ့ ဇနီးဟာ မုဒိန္းက်င့္ၿပီး လည္လွီးသတ္ျဖတ္ခံခဲ့ရပါတယ္။ အဲဒီအမႈဟာလည္း တိုင္ၾကားတဲ့အဆင့္ထိ မေရာက္လိုက္ပဲ လက္စေဖ်ာက္ခံခဲ့ရပါတယ္။
Ban’s Diving School ပိုင္ရွင္အမႈ အပါအ၀င္ ထိုင္းႏိုင္ငံမွာ လက္စေဖ်ာက္ ဒါမွမဟုတ္ လူစားထိုးခံရတဲ့ အမႈတခ်ိဳ႕နဲ႔ ပတ္သက္ၿပီး ဗန္ေကာက္ပို႔စ္သတင္းစာေဆာင္းပါးကို http://www.bangkokpost.com/print/43... မွာ ဖတ္ရႈႏိုင္ပါတယ္။
မွီျငမ္း - Mikee: The Dark Side of Thailand’s Island Paradise
ဘြရွင္
.......................
ကောင်းကင်ဘုံရဲ့ အမှောင်ခြမ်း (သို့)
ကော့တောင်ကျွန်း မာဖီးယား
ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အာရှတိုက်မှာ နာမည်အကြီးဆုံးလို့ ပြောလို့ရမယ် ထင်ပါတယ်။ သာယာလှပတဲ့ ကမ်းခြေတွေ၊ အရှေ့တောင်အာရှကို ကိုယ်စားပြုနိုင်တဲ့ ရသာကောင်းမွန်လှတဲ့ စားသောက်ဖွယ်ရာတွေ၊ လွတ်လပ်ပွင့်လင်းတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ၊ လွယ်လင့်တကူ ၀ယ်ယူနိုင်တဲ့ မူးယစ်ဆေးဝါးတွေ၊ တခြားနိုင်ငံတွေထက်စာရင် အစစအရာရာ စျေးနှုန်းသက်သာမှု စတဲ့အချက်တွေဟာ ထိုင်းနိုင်ငံကို နှစ်စဉ်ကြိတ်ကြိတ်တိုး ၀င်လာနေတဲ့ တိုးရစ်တွေအတွက် အဓိကဆွဲဆောင်မှု ဖြစ်နေပါတယ်။ အနောက်နိုင်ငံသား အဖြူတွေအပေါ် တခြားလူမျိုးတွေထက် ပိုပြီး ဖော်ရွေရင်းနှီးလိုတဲ့ ထိုင်းလူမျိုးတွေရဲ့ စရိုက်ကြောင့်လည်း ထိုင်းနိုင်ငံဟာ အနောက်နိုင်ငံသားတွေအတွက် Paradise တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံအကြောင်း ထဲထဲဝင်ဝင် မသိသေးသရွေ့ကတော့ လူတော်တော်များများရဲ့ စိတ်ထဲမှာ ထိုင်းနိုင်ငံဟာ တိုးရစ်တွေအတွက် အိပ်မက်ထဲက ကောင်းကင်ဘုံတစ်ခုအဖြစ် တည်ရှိနေအုန်းမှာပါပဲ။ ဒီဆောင်းပါးမှာ လူအများစု ကောင်းကင်ဘုံလို့ ထင်မှတ်တဲ့ နေရာထဲက အမှောင်ခြမ်း သို့မဟုတ် လူအများစု မသိသေးတဲ့ ထိုင်းနိုင်ငံရဲ့ ဒုစရိုက်လောကအကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားလေးနှစ်ဦးဟာ ဗြိတိန်နိုင်ငံသား တိုးရစ်နှစ်ဦးကို မုဒိန်းကျင့်သတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ လူစားထိုးဖမ်းဆီးခြင်းလို့ သံသယဖြစ်စရာ အချက်အလက်ပေါင်းများစွာနဲ့ စီရင်ချက်ချဖို့ရာ တစ်နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ဒီလူသတ်မှုဟာ စီရင်ချက်ချပြီးတဲ့အချိန်ထိ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို မေးခွန်းထုတ်စရာ တပုံကြီးကျန်ရှိစေခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။
ထိုင်းနိုင်ငံအကြောင်းကို ပြောကြတဲ့အခါ လူတော်တော်များများ မသိသေးလို့ မပြောဖြစ်တဲ့ အချက်တစ်ခုကတော့ ထိုင်းလို Chao Pho “เจ้าพ่อ”လို့ခေါ်တဲ့ ကော့တောင်ကျွန်းအပါအဝင် ထိုင်းပင်လယ်ကွေ့ထဲက ကမ်းခြေတွေမှာ ကျက်စားနေတဲ့ မာဖီးယားတွေ အကြောင်းပဲဖြစ်ပါတယ်။ Chao Pho (သို့) Jao Poh တွေဟာ ဟန်တရုတ်အနွယ်တွေဖြစ်ပြီး အဲဒီဒေသမှာ စီးပွားရေးလုပ်ငန်းတွေကို တရားဝင်ရော၊ တရားမဝင်ပါ ဂိုဏ်းဖွဲ့လုပ်ကိုင်နေသူတွေ ဖြစ်ကြပါတယ်။ သူတို့မှာ ကိုယ်စီကိုယ်ငှ အသိုင်းအဝိုင်းနဲ့ နောက်လိုက်နောက်ပါတွေ ရှိကြပါတယ်။ အစိုးရပိုင်းက အာဏာရှိတဲ့လူတွေ၊ ရဲအရာရှိတွေအပါအဝင် ဌာနဆိုင်ရာတွေကို ခါးပိုက်ထဲ ထည့်ထားသူတွေ ဖြစ်ပြီး ဒေသတွင်း အုပ်ချုပ်ရေးကို ၀င်ရောက်စွက်ဖက်နိုင်စွမ်း ရှိသူတွေဖြစ်ကြပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံလွှတ်တော် ရွေးကောက်ပွဲတွေမှာပါ ငွေထုတ်ပစ်ပြီး ထိုးဖောက်ခြယ်လှယ်နိုင်သူတွေ ဖြစ်ပါတယ်။ အဲဒီ Chao Pho ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံတွင်းမှာ စုစုပေါင်း ၃၉ ဂိုဏ်းရှိတယ်လို့ သိရပါတယ်။ သူတို့ဟာ တရားဝင်စီးပွားရေးလုပ်ငန်းတွေကနေ ၀င်ငွေအများအပြား ရရှိနေသလို ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးခြင်းနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေကနေ ၀င်ငွေအများအပြား ရရှိနေပါတယ်။ သူတို့ဟာ မြန်မာပြည်အခြေစိုက် United Wa State Army (၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်)ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Red Wa တွေနဲ့ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကို ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကော့တောင်ကျွန်းရဲ့ သမိုင်းအကျဉ်း
တချိန်က လိပ်ကျွန်း(၀ါ) ကော့တောင်ကျွန်းဟာ ခုခေတ်မြင်နေရတာနဲ့ တခြားစီဖြစ်ပါတယ်။ အဲဒီကျွန်းဟာ မလေးလူမျိုး တံငါသည်တွေအတွက် ပင်လယ်ထဲ တထောက်နားစရာ နေရာတစ်ခုအဖြစ် ရာစုနှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ ခရစ်သက္ကရာဇ် ၁၈၀၀ ခုနှစ်ဝန်းကျင်လောက်ထိ ကျွန်းပေါ်မှာ လူနေအိမ် အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ၁၈၉၀ခုနှစ်လောက်မှာတော့ ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံးဘုရင် ချူလာလောင်ကွန်ဟာ ကော့တောင်ကျွန်းကို တိုင်းခန်းလှည့်လည်ခဲ့လို့ သူလာရောက်ခဲ့တဲ့ အထိမ်းအမှတ်နေရာကို လူသတ်မှုဖြစ်ပွားရာ AC Bar တည်ရှိတဲ့ Sairee ကမ်းခြေမှာ တည်ဆောက်ထားတာကို တွေ့နိုင်ပါတယ်။ ချူလာလောင်ကွန်လာရောက်လည်ပတ်ပြီး နောက်ပိုင်းမှာလည်း ၁၉၃၂ခုနှစ်အထိ ကော့တောင်ကျွန်းဟာ သာမန်တံငါရွာလေးတစ်ရွာအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ၁၉၃၂ခုနှစ် နောက်ပိုင်းမှာ ထိုင်းနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပြီး ကော့တောင်ကျွန်းဟာ နိုင်ငံရေးအကျဉ်းသားများကို တကျွန်းပို့တဲ့ နေရာတစ်ခုအဖြစ် ၁၉၄၇ခုနှစ်အထိ တည်ရှိနေခဲ့ပါတယ်။ ဒီကာလတွေဟာ ကော့တောင်ကျွန်းကို ထိုင်းပြည်မကြီးကလူတွေ ပထမဆုံးလာရောက်နေထိုင်တဲ့ အချိန်ကာလ ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ခုနှစ်မှာတော့ ကော့တောင်ကျွန်းက တကျွန်းစံ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်လို့ အလျှိုလျှို ပြန်ထွက်သွားကြရင်း ကော့တောင်ကျွန်းဟာ နဂိုမူလအတိုင်း တိတ်ဆိတ်တဲ့ တံငါရွာလေး ပြန်ဖြစ်သွားခဲ့ရပါတယ်။
ဗီယက်နမ်စစ်ပွဲဖြစ်ပွားတဲ့အချိန်မှာတော့ အရှေ့တောင်အာရှကို ရောက်လာတဲ့ အမေရိကန်စစ်သားတွေကြောင့် ၁၉၆၀နဲ့ ၁၉၇၀ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ နယ်မြေသစ် ရှာဖွေတဲ့ ခရီးသွားတွေဟာ ဝေးလံသီခေါင်လှတဲ့ ထိုင်းပင်လယ်ကွေ့ထဲက ကော့စမွီ၊ ကော့ပငန်းနဲ့ ကော့တောင်ကျွန်းတွေဆီကို ၁၉၈၀ခုနှစ်လောက်မှာ ဆိုက်ရောက်လာခဲ့ပြီး Scuba Diving လုပ်ဖို့ အကောင်းဆုံးနေရာတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲဒီကနေ ကော့တောင်ကျွန်းဟာ သာမန်တံငါရွာလေးဘဝကနေ ကမ္ဘာကျော်အပန်းဖြေစခန်းတစ်ခုဖြစ်လာပြီး ပြောင်းရွေ့အခြေချသူတွေ တစတစ များပြားလာခဲ့ပါတယ်။ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ နိုက်ကလပ်တွေ၊ Scuba Diving Boat စခန်းတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး တချိန်က နယ်ခံလူတွေ အခြေချနေထိုင်ခဲ့တဲ့ ကျွန်းပေါ်က ရေချိုထွက်ရာ နေရာအများဆုံးရှိတဲ့ Chalok Ban Kao ဟာ ခုချိန်မှာ အလုပ်သမားလူတန်းစားတွေ အများဆုံးနေထိုင်ရာ ရပ်ကွက်တစ်ခုဖြစ်လာပြီး ကျွန်းပတ်ပတ်လည် ကမ်းခြေတွေမှာတော့ အပန်းဖြေစခန်းတွေ အမြောက်အမြားနဲ့ စည်ကားလာခဲ့ပါတယ်။ (Chalok Ban Kao ဟာ ထိုင်းနိုင်ငံမှာ စာရေးသူ အကြာမြင့်ဆုံး နေထိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်)။
ကော့တောင်ကျွန်းကို ပိုင်စိုးသူများ
ထိုင်းနိုင်ငံရဲ့ ဥပဒေဟာ စာရွက်ပေါ်မှာတော့ Lèse majesté လို ထိုင်းဘုရင်မိသားစုနဲ့ သက်ဆိုင်တဲ့ ဥပဒေမျိုးကလွဲရင် နိုင်ငံတကာအဆင့်အတန်းနဲ့ ကိုက်ညီကောင်းကိုက်ညီပါလိမ့်မယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်တဲ့နေရာမှာတော့ ကိုယ့်ဖက်ကိုယ် အလွန်ယက်တဲ့ အလွန့်အလွန်မမျှတတဲ့ လုပ်ဆောင်ချက်မျိုးတွေကို နိုင်ငံအနှံ့မှာ တွေ့ရပါလိမ့်မယ်။ အဲဒီလိုစနစ်မျိုးအောက်မှာ ထိုင်းနိုင်ငံတွင်း Chao Pao မာဖီးယားဂိုဏ်းတွေ ခေါင်းထောင်နိုင်တာဟာ မထူးဆန်းဘူးလို့ ပြောလို့ရမယ်ထင်ပါတယ်။ Chao Pho မာဖီးယားဂိုဏ်းတွေထဲက ကော့တောင်ကျွန်းမှာ ဗိုလ်ကျစိုးမိုးနေတဲ့ မိသားစုငါးခုရှိပါတယ်။ အဲဒီကျွန်းနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင် အဲဒီမာဖီးယားမိသားစု ငါးခုနဲ့ မပတ်သက်ပဲ နေလို့ကို မရပါဘူး။ ကော့တောင်ကျွန်းမှာ အရှည်လျားဆုံး ကမ်းခြေဖြစ်တဲ့ ခု လူသတ်မှုဖြစ်ပွားရာ Sairee ကမ်းခြေကို မိသားစု ငါးခုထဲက သုံးခုက ထိန်းချုပ်ထားပါတယ်။ ကျန်တဲ့နှစ်စုကတော့ Chalok Ban Kao အပါအဝင် တခြားနေရာတွေကို ထိန်းချုပ်ထားပါတယ်။ Sairee ကမ်းခြေကို ထိန်းချုပ်ထားတဲ့ မိသားစုသုံးစုထဲမှာ AC ဘားပိုင်ရှင် မိသားစုဟာ ပါ၀ါအကြီးဆုံးပါပဲ။ အဲဒီဘားပိုင်ရှင်ကို မြန်မာရွေ့ပြောင်းအလုပ်သမားတွေက ကျွန်းသူကြီးလို့ ခေါ်ကြပါတယ်။ ဒီမိသားစုတွေဟာ ကော့တောင်ကျွန်းရဲ့ ခရီးသွားလုပ်ငန်း အစပိုင်းကာလတွေမှာ ကျွန်းကို ပထမဆုံး ပြောင်းရွေ့အခြေချလာခဲ့တဲ့လူတွေရဲ့ မျိုးဆက်တွေဖြစ်ကြပါတယ်။ ဥပဒေအရကတော့ သူတို့ဟာ မြေပိုင်ရှင်တွေမဟုတ်ကြပါဘူး။ ထိုင်းနိုင်ငံရဲ့ ရေမြေတောတောင်အကုန်လုံးကို ထိုင်းဘုရင်မင်းမြတ်ကပဲ ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အင်မတန်နည်းပါးလှတဲ့ မြေငှားခနဲ့ ကျွန်းပေါ်က နေရာအားလုံးနီးပါးကို ငှားရမ်းပိုင်ဆိုင်ခွင့် ရရှိထားသူတွေ ဖြစ်ကြပါတယ်။ နောက်မှရောက်လာတဲ့ လုပ်ငန်းရှင်တွေဟာ သူတို့ထံကနေ တဆင့် ပြန်လည်ငှားရမ်းလုပ်ကိုင်ရလို့ ဘယ်သူမှ သူတို့ကို ပြန်မလှန်ရဲကြပါဘူး။ တရားဝင်မြေငှားရမ်းခအပြင် လုပ်ငန်းအဆင်ပြေချောမွေ့ဖို့ရာ သူတို့ကို တံစိုးလက်ဆောင်တွေ အလျဉ်းသင့်သလို ပေးကမ်းကြရပါတယ်။ ဒါပေမယ့် ထိုင်းရဲချုပ် Somyot ကတော့ ဒီကျွန်းပေါ်မှာ မာဖီးယားတွေ မရှိဘူး၊ တကယ်လို့ ရှိခဲ့ရင် ဒေသခံတွေနဲ့ ရဲတွေက ခုလောက်ဆို သူ့ကိုသတင်းပို့ပြီးနေလောက်ပြီလို့ ဗြောင်ငြင်းသွားပါတယ်။
အဲဒီမိသားစုတွေဟာ အကုန်လုံးအမျိုးတွေ ပတ်တော်နေပေမယ့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ကြပါဘူး။ အမြဲလိုလို ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပြီး ပြဿနာတွေလည်း အများကြီးတက်ခဲ့ဖူးပါတယ်။ ဒီမာဖီးယားမိသားစုတွေအပြင် ကော့တောင်ကျွန်းမှာ ပါ၀ါရှိတဲ့ ဒုစရိုက်အုပ်စုတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကော့တောင်ကျွန်းအခြေစိုက် ထိုင်းရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။ ကျွန်းပေါ်မှာ ဖြစ်ပျက်နေတဲ့ ဒုစရိုက်မှုမှန်သမျှ လစဉ်ကြေးယူပြီး ဘာမှအရေးမယူပဲ ထိုင်ကြည့်နေတဲ့ ထိုင်းရဲဌာနဟာ မာဖီးယားမိသားစုတွေနဲ့ အပေးအယူမျှသလောက် တခြားလူတွေအပေါ်မှာ အမြဲလိုလို ဗိုလ်ကျအနိုင်ကျင့်တတ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတိုးရစ်တွေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအပေါ် အမြဲတမ်းခြိမ်းခြောက်ငွေညှစ်လေ့ ရှိပါတယ်။ အဲဒီလုပ်ရပ်မျိုးတွေကြောင့် ၂၀၀၇ခုနှစ် Global Corruption Barometer မှာ ထိုင်းရဲတွေဟာ ငါးယောက်မှာ လေးယောက်က အလွန်အကျွံ အကျင့်ပျက်ခြစားတယ်လို့ ဖော်ပြခံခဲ့ရပါတယ်။
ကော့တောင်ကျွန်းပေါ်က မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု
ကော့တောင်ကျွန်းမှာ နေရာတိုင်းလိုလို အလွယ်တကူ ၀ယ်ယူလို့ ရနိုင်တာက မူးယစ်ဆေးဝါးပဲ ဖြစ်ပါတယ်။ ဘားတော်တော်များများမှာ ဆေးခြောက်ရှူလို့ရပြီး ဆေးခြောက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်းချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို မီနူးဆိုင်းဘုတ်ပေါ်မှာ ပေါ်တင်ကြော်ငြာပြီး ရောင်းတဲ့ စားသောက်ဆိုင်တွေလည်း အများအပြားရှိနေပါတယ်။ Ice လို့ခေါ်တဲ့ မူးယစ်ဆေးနဲ့ ယာဘားစိတ်ကြွဆေးတွေအပြင် အနောက်နိုင်ငံသားတွေ အသုံးများတဲ့ ကိုကင်းကိုပါ ကော့တောင်ကျွန်းက ဘားဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ အဲဒါကြောင့် မူးယစ်ဆေးဝါးရောင်းချလို့ရရှိတဲ့ ငွေတွေဟာ ကော့တောင်ကျွန်းရဲ့ ၀င်ငွေထဲမှာ အဓိကအစိတ်အပိုင်း တစ်ရပ်အနေနဲ့ ရှိနေပြီး မာဖီးယားတွေအတွက်ရော ရဲတွေအတွက်ပါ ငွေရပေါက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် စိတ်ထင်တိုင်း ကဲနေတဲ့ တိုးရစ်တွေကို ရှောင်တခင်ခေါ်စစ်ပြီး မူးယစ်ဆေးပါလာတာ ဒါမှမဟုတ် သုံးစွဲထားတာ တွေ့ရင် ရဲတွေက ငွေညှစ်တတ်ပါတယ်။ ဒါဟာ ကော့တောင်ကျွန်းမှာ ခရီးသွားလုပ်ငန်း စတင်ချိန်ကတည်းက ခုချိန်ထိ မပြောင်းလဲသေးတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။
အပျော်စီး ဆိုင်ကယ်ငှားရမ်းမှုလုပ်ငန်း
အပျော်စီးဆိုင်ကယ်ငှားရမ်းရေး လုပ်ငန်းတွေဟာ ကျွန်းပေါ်မှာ ပြဿနာအများဆုံး လုပ်ငန်းတွေဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို မာဖီးယားတွေရဲ့ လက်ဝေခံလုပ်ငန်းရှင်တွေ တည်ထောင်ထားတာဖြစ်ပြီး ပြဿနာတက်တိုင်း မာဖီးယားတွေက ၀င်ရှင်းလေ့ရှိပါတယ်။ ဆိုင်ကယ်ငှားရမ်းတဲ့ တိုးရစ်တွေဟာ သူတို့ရဲ့ ပတ်စပို့စာအုပ်ကို အပေါင်ထားပြီး ငှားရမ်းကြရပါတယ်။ အဲဒါကြောင့် ဆိုင်ကယ်ငှားရမ်းသူတွေ မတရားလုပ်ဖို့ အကွက်ဆိုက်နေပါတယ်။ ဆိုင်ကယ်ပြန်အပ်တဲ့အချိန် ဆိုင်ကယ်မှာ မငှားခင်ကတည်းက ပါလာတဲ့ ပွန်းရာပဲ့ရာလေးကအစ၊ ငှားရမ်းသူကြောင့် တစ်ခုခုဖြစ်လာတာပဲဖြစ်ဖြစ် လျော်ကြေးကို နင့်နေအောင် တောင်းတတ်ပါတယ်။ မပေးရင် ပတ်စပို့စာအုပ်နဲ့ အကြပ်ကိုင်ပါတယ်။ အဲဒါမှ ဆက်ခေါင်းမာနေရင် ရဲနဲ့မာဖီးယား ရောက်လာပြီး အဲဒီတိုးရစ်ကို ပြဿနာရှာပါလိမ့်မယ်။ အဲဒီလို ပြဿနာမျိုးတွေကြောင့် www.tripadvisor.com လို ကမ္ဘာကျော် ခရီးသွားလုပ်ငန်းဝက်ဆိုက်တွေမှာ ဝေဖန်ချက်တွေ အများကြီး တက်လာခဲ့ပါတယ်။ နောက်တစ်ချက်က ကျွန်းပေါ်မှာ အရမ်းပေါ်ပြူလာဖြစ်တဲ့ လေးဘီးဆိုင်ကယ် ငှားစီးတာဟာလည်း အရမ်းအန္တရာယ်များလှပါတယ်။ တောင်တက်တောင်ဆင်း လမ်းကြမ်းတွေပေါ်မှာ ယာဉ်အာမခံ၊ အသက်အာမခံ၊ ယာဉ်မောင်းလိုင်စင် ဘာတစ်ခုမှမပါပဲ ကြိုက်သလို စီးခွင့်ပြုထားလို့ မတော်တဆ ထိခိုက်ပြီး သေဆုံး ဒဏ်ရာရခဲ့တဲ့ တိုးရစ်တွေ အများကြီးပါပဲ။ ယာဉ်တစ်ခုခု ဖြစ်တာပဲဖြစ်ဖြစ်၊ လူတစ်ခုခုဖြစ်တာပဲဖြစ်ဖြစ် တိုးရစ်တွေဖက်ကပဲ ကုန်ကျခံရပါတယ်။
ကျွန်းပေါ်က အကြမ်းဖက်ရာဇဝတ်မှုများ
၁။ ဘားပိုင်ရှင်တစ်ယောက်ဟာ စီးပွားရေးကိစ္စ ပြဿနာတစ်ခုကြောင့် ညဖက် လူမြင်ကွင်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။ မျက်မြင်သက်သေ အများအပြားရှိပေမယ့် ဒီအမှုဟာ ခုချိန်ထိ မပေါ်သေးပါဘူး။ သေဆုံးသူပိုင်ဆိုင်ခဲ့တဲ့ ဘားဟာလည်း ခုချိန်မှာ အရင်ပိုင်ရှင်နဲ့ မသက်ဆိုင်တဲ့ တခြားတစ်ယောက်က ဦးစီးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ လူသတ်သမားဟာ ခုချိန်ထိ ကျွန်းပေါ်မှာပဲ ရှိနေပြီး ဘားပိုင်ရှင်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
၂။ ၂၀၀၂ခုနှစ်တုန်းက ကျွန်းပေါ်မှာ အချမ်းသာဆုံး လုပ်ငန်းရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Ban’s Diving School ပိုင်ရှင်ဖြစ်သူ ကျွန်းသူကြီး Virat Asavachin (ဥက္ကဌ Tambon Koh Tao Administrative Association ) ဟာ Sairee ကမ်းခြေမှာ ပစ်သတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ Diving School ဟာ ဘတ်သန်းတစ်ရာခန့် တန်ဖိုးရှိပြီး တခြားလုပ်ငန်းတွေလည်း အများအပြားပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလူသတ်မှုဟာ မာဖီးယားမိသားစုတွေကြားမှာ အာဏာသိမ်းမှုတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ်။ ခုချိန်ထိ အဲဒီအမှုဟာလည်း လက်သည်မပေါ်နိုင်သေးပါဘူး။ အဲဒီအမှုဟာ ဗန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြခံရတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။ သူ့ရဲ့အလောင်းကို ခုချိန်ထိ မီးမသင်္ဂြိုလ်ပဲ အအေးခန်းနဲ့ထားတယ်လို့ ကျွန်းပေါ်ကလူတွေ ပြောကြပါတယ်။
၃။ Mae Haad ကမ်းခြေမှာ တက္ကစီသမားတစ်ယောက်က တခြားတက္ကစီသမားတစ်ယောက်ကို ခရီးသည်လုရင်း စကားများလို့ လူမြင်ကွင်းမှာ ဓားနဲ့ထိုးခဲ့ပါတယ်။ ဒါပေမယ့် အဖမ်းမခံခဲ့ရပါဘူး။ ကျွန်းပေါ်က တက္ကစီတွေအကုန်လုံးကို မာဖီးယားမိသားစုနှစ်ခုက ပိုင်ဆိုင်ပြီး တခြားလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်မပေးပဲ မတန်တဆစျေးနဲ့ ပြေးဆွဲလျှက် ရှိနေပါတယ်။
၄။ မာဖီးယားတွေနဲ့ အဆင်မပြေတဲ့ ပြင်ပကလာရောက်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေဟာ သေနတ်နဲ့ခြိမ်းခြောက် နှင်ထုတ်ခံရတာစတဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရပါတယ်။
၅။ ကနေဒါနိုင်ငံသား ဘားမန်နေဂျာတစ်ယောက်ရဲ့ ဇနီးဟာ မုဒိန်းကျင့်ပြီး လည်လှီးသတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီအမှုဟာလည်း တိုင်ကြားတဲ့အဆင့်ထိ မရောက်လိုက်ပဲ လက်စဖျောက်ခံခဲ့ရပါတယ်။
Ban’s Diving School ပိုင်ရှင်အမှု အပါအဝင် ထိုင်းနိုင်ငံမှာ လက်စဖျောက် ဒါမှမဟုတ် လူစားထိုးခံရတဲ့ အမှုတချို့နဲ့ ပတ်သက်ပြီး ဗန်ကောက်ပို့စ်သတင်းစာဆောင်းပါးကို http://www.bangkokpost.com/print/43... မှာ ဖတ်ရှုနိုင်ပါတယ်။
မှီငြမ်း - Mikee: The Dark Side of Thailand’s Island Paradise
ဘွရှင်

No comments:

Post a Comment